တရုတ်က မြေသိမ်းတဲ့ အရာရှိတွေကို အရေးယူ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ဝုကန်ရွာသားတွေ ဆန္ဒပြခဲ့ကြ
တရုတ်နိုင်ငံမှာ ဟိုးလေး တကျော်ဖြစ်ခဲ့တဲ့ မြေသိမ်းခံရွာသားတွေ ဆန္ဒပြကြတဲ့ကိစ္စမှာ တရုတ် အာဏာပိုင်တွေက တာဝန်ရှိတဲ့ ရွာလူကြီးတွေကို အခုတော့ အရေးယူလိုက်ပါပြီ။

တရုတ်တောင်ပိုင်း ဝုကန်ရွာက ခေါင်းဆောင် ဟောင်း နှစ်ဦးကို မြေသိမ်းမှု၊ ရွေးကောက်ပွဲ မဲမသာမှုတွေနဲ့ တရုတ် ကွန်မြူနစ် ပါတီထဲကနေ ထုတ်ပယ်ပစ်လိုက်ပါတယ်။

နောက်ထပ် အစိုးရ အရာရှိ နှစ်ဦးလည်း အပြစ်ပေးခံရပါတယ်။

မြေသိမ်းခံရတဲ့ ဝုကန်ရွာသားတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စပြီး စုဝေး ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်ခဲ့ကြပါတယ်။

အဲဒီ နောက်ပိုင်း အာဏာပိုင်တွေဟာ ရွာသားတွေကို သူတို့ကြိုက်တဲ့ ခေါင်းဆောင်သစ်တွေ ရွေးကောက် တင်မြှောက် ခွင့်လည်း ပေးခဲ့ပါတယ်။


ဘီဘီစီ(မြန်မာပိုင်း)
တရုတ်က မြေသိမ်းတဲ့ အရာရှိတွေကို အရေးယူ တရုတ်က မြေသိမ်းတဲ့ အရာရှိတွေကို အရေးယူ Reviewed by သစ်ထူးလွင် on 08:15 Rating: 5

4 comments:

မိုက်ကယ် said...

မြန်မာနိုင်ငံက အာဏာပိုင်တွေလည်း အဲ့လိုလုပ်ရင်ကောင်းမှာ။ ခုတော့..အင်း..သင်ခန်းစာယူတတ်မယ်ဆိုရင်ပေါ့လေ။

pyaponthu said...

တရုတ်တွေက ချီးကျူးစရာကတော့ ဥပဒေ ကိုတော့လိုက်နာပြီးပြတ်ပြတ်သားသားအပြစ်ပေးတယ်။ဒါမျိုးကြတော့ မြန်မာခေါင်းဆောင်းတွေဘာလို့လိုက်မတုတာဘဲ

chusinmye said...

ဦးသိန်းစိန်ကြီး အတုယူစေချင်ပါတယ်....

မြန်မာပြည်သား said...

ကြည်ကျပါ...အတူယူကျပါမြန်မာနိုင်ငံမှ..သမ္မတကြီနဲ့ လွတ်တော်ရှိလူကြီးမင်များခင်ဗျာ...သူမျာနိုင်ငံကပြည်သူတွေကိုဘယ်လောက်ချစ်တယ်စိုတာ....ကြည်ကျပါ...

Powered by Blogger.