ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ထပ် တွေ့မယ်

ဧပြီလ ၁၀ ရက် ၂၀၁၂

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့သမ္မတဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တွေ့ဆုံမှုတုန်းက တူတာတွေကို လက်တွဲ လုပ်ဆောင်ဖို့ သဘောတူ ခဲ့ကြ
ဗုဒ္ဓဟူး နေ့ မနက် ၁၁ နာရီမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်း စုကြည် နှစ်ဉီးတည်းသာ တွေ့ဆုံ ပြီးတဲ့ နောက် သမ္မတ မိသားစု၊ အစိုး ရ အဖွဲ့ဝင် ဝန်ကြီး တွေနဲ့ အတူ နေ့လည်စာ စားဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ လိုက်ပါ သွားမယ့် သူ့ ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နှစ်ဘက် အကြား ပြီးခဲ့တဲ့ တွေ့ဆုံ မှုတုန်းက နှစ်ဘက် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြဖို့ နှစ်ဘက် နားလည် ထားခဲ့ကြတာ ဖြစ်ပြီး အဲဒီ တွေ့ဆုံမှု ၇ လ ကျော် ကြာလာတဲ့ အချိန်မှာ နောက်ထပ် ဆွေးနွေး စရာ တွေ ရှိနေ တယ်လို့ ဦးခွန်သာမြင့် က ဘီဘီစီကို ပြောပါတယ်။

အခုလို ဆွေးနွေးခွင့် ရဖို့ ဒေါ်အောင်ဆန်း စုကြည် ဘက်က ကမ်းလှမ်း ခဲ့တာဖြစ်ပြီး သမ္မတ ဘက်က လက်ခံလိုက်တဲ့ အတွက် ဆွေးနွေးပွဲ ဖြစ်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

တိုင်းပြည် အတွက် ရှေ့ဆက် ပူးပေါင်း လုပ်ဆောင် စရာတွေ ကို ဘယ်လို လုပ်ဆောင် ကြမယ် ဆိုတာ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံ ကြမှာ ဖြစ်တယ် ဆိုတာက လွဲပြီး ဘာတွေ ဆွေးနွေး ကြမယ် ဆိုတာ ကိုတော့ ဦးခွန်သာမြင့်က ထုတ်ဖော် ပြောဆို ခြင်း မရှိ ပါဘူး။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ သူ့ရဲ့ လုံခြုံရေး အရာရှိ ဖြစ်သူ ဦးခွန်သာမြင့်နဲ့ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါ သွားကြမယ်လို့ လည်း သိရပါတယ်။

ဘီဘီစီ
ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ထပ် တွေ့မယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ထပ် တွေ့မယ် Reviewed by သစ်ထူးလွင် on 04:25 Rating: 5

14 comments:

Anonymous said...

အခုလို တွေ့ကြမှာကို ကြိုဆိုပါတယ်ဗျာ... နှစ်သစ်မှာ မင်္ဂလာရှိတဲ့ ကောင်းကျိုးတွေကို သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦးလုံး မြန်မာပြည်အတွက် ယူဆောင်ပေးနိုင်ကြပါစေ... နှစ်ဦးစလုံးလည်း ကျန်းမာကြပါစေဗျာ...

Anonymous said...
This comment has been removed by the author.
Anonymous said...

ဝမ်းသာပါတယ် အခုလိုခေါင်းဆောင်နှစ်ဦးဖြစ်တဲ နိုင်ငံတော်သမတကြီးနဲလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို
တွေဆုံမှုဟာတိုင်းပြည်နဲပြည်သူတွေအတွက်အများကြီးအကျိုးရှိလာမယ်ဆိုတာမြေကြီးလက်ခတ်မလွဲပါ

tkm said...

အမေစုနဲ့ သမ္မတကြီး ပြည်သူတွေအတွက်
ကြိုးစားလိုက်စမ်းပါ.....

ulh said...

တကယ်ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆိုတာဒါပေါ့ တဖက်နဲတဖက် ဘာမာနမှမထားဘဲ တိုင်းပြည်အတွက် ပြည်သူအတွက်အချိန်မဖြုံးဘဲယ္ခု
လိုမြန်မြန်ဆန်ဆန် တွေ.ဆုံဘို့ အမေစုကလည်းကမ်းလှမ်တယ် သမ္နတ
ကြီးကလည်းလက်ခံ တွေ့ဆုံတယ်...ကောင်းတဲ့တွေ့ဆုံမှု့တွေဖြစ်ပါစေ
တူညီတဲ့ ကောင်းတဲ့စနစ်ကြီးကိုအတူတကွလျှောက်လှမ်းနိုင်ပါစေ

zay said...

အမေစု နဲ့ သမ္မတကြီး နှစ်သစ်မှာ ရွှင်လန်းချန်းမြေ့ကြပါစေ ။ ။

DAWSINJAY said...

နှစ်သစ်မှာမြန်မာပြည်အတွက်ကောင်းမှုမင်္ဂလာအဖြာဖြာနဲ့ ပြည့် စုံစေ၇န်သမ္မတကြီးနှင့် အမေစုတို့ တွေ့ ဆုံပွဲမှ အောင်မြင်မှူအပေါင်းနဲ့ တိုင်းကျိုးပြည်ကျိုးရွက်သယ်ပိုးနိုင်ပါစေ။

ye naing oo said...

နှစ်သစ်အတွက်ပျော်ရွှင်စရာသတင်းကောင်း

ခန့်သူအောင် said...

မြန်မာနှစ်သစ်အတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ဆွေးနွေးမှုဖြစ်ပါစေ။

ခန့်သူအောင် said...

မြန်မာနှစ်သစ်မှာ မြန်မာပြည်သူလူထုအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဆွေးနွေးမှုဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

lwannaymie said...

သမ္မတကြီးနဲ့အမေစု....အသက်ရာကျော်ရှည်ပါစေ။
ထာဝရ...ယုံကြည်နေမယ့်သူနှစ်ဦး....ကျမ်းမာပါစေ။

pyaponthu said...

နှစ်သစ်အတွက်မင်္ဂလာသတင်းဘဲ။

Anonymous said...

အရမ်းကိုဝမ်းသာပါတယ်။
သမ္မတကြီးနဲ့ အမေစု ဘေးရန် အန္တရာယ်ကင်းဝေးပါစေ။ ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သပေးနေပါတယ်။
ဘေးရန်အန္တရာယ်တွေကင်းဝေးအောင် ဓာရဏပရိတ်ရွတ်ပြီး အမြဲမေတ္တာပို့ပေးနေပါတယ်။

Anonymous said...

အမေစုနှစ်သစ်မှာပြီးပြည့်စုံတဲ့
ကောင်းခြင်းအဖြာဖြာတွေကျရောက်ပြီး
ဘယ်သူနဲ့ပြိုင်ပြိုင်မေတ္တာဖြင့်အနိုင်ရပါစေ။
အသက်ရှည်ခြင်းဘုန်းတန်ခိုးမြင့်မားပြီး
တိုင်းပြည်ပေါ်ထားသောလေးနက်တဲ့
စေတနာမေတ္တာသစ္စာကြောင့်...
ရောင်ပြန်ဟပ်ပါစေ...






သမ္မတကြီးရှင့်...
နှစ်သစ်မှာစိတ်ဟောင်းစနစ်ဟောင်း
ကိုစွန့်ပြီးစိတ်သစ်လူသစ်နဲ့ဒီမိုကရေစီစနစ်သစ်ကို
အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေလို့
ဆန္ဒပြုလိုက်ပါတယ်။
ပြုတဲ့ဆန္ဒတည်ပါစေ...

Powered by Blogger.