မန္တလေးသင်္ကြန် ရေစုပ်စက်ဖြင့် ရေကစားလျှင် ငါးသောင်းပေးရမည်

မန္တလေး၊ ဧပြီ ၈၊ ၂၀၁၂၊ ကျော်သူရမျိုး (YPI)

မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်တွင် အစည်ကားဆုံးမြို့ တမြို့ဖြစ်သည့်  မန္တလေးမြို့  သင်္ကြန်ပွဲတော်ကာလအတွင်း ရေစုပ်စက်အသုံးပြု၍ ရေကစားပါက မြို့တော် စည်ပင်သာယာသို့ ငွေကျပ်ငါးသောင်းကို ပေးသွင်းရမည်ဟု သတ်မှတ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်ရေနှင့်သန့်ရှင်းရေးဋ္ဌာနမှ ပြောသည်။

ရေနှင့်သန့်ရှင်းရေးဌာနတာဝန်ရှိသူတစ်ဦးက “ကျုံးဘေးပတ်လည်နှင့် မြို့ထဲတွေမှာ ရေစုပ်စက်နဲ့ ကျုံးရေကိုသုံးပြီး ရေပက်မဲ့အဖွဲ့တစ်ဖွဲ့စီအနေနဲ့ ငါးသောင်း ပေးသွင်းပြီး ရေသုံးခွင့်လျှောက်ထားရမယ်။ သုံးစွဲခွင့်မရှိဘဲ ရေကစားမယ်ဆိုရင် စည်ပင်ဥပဒေအရအရေးယူမှာပါ” ဟု YPI သို့ပြောသည်။
စစ်ဋ္ဌာနချုပ်မဏ္ဍပ်ရှိသည်ကျုံးတောင်ဘက်ဝင်ပေါက်

မန္တလေးသင်္ကြန်တွင် ကျုံးအနောက်ဘက်၌ မဏ္ဍပ်တည်ဆောက်မှုနည်းပါပြီး ရေစုပ်စက်အသုံးပြု၍ မိသားစုတစ်နိုင်တစ်ပိုင် ရေပက်ကစားကြသူအများအပြား ရှိသည်။

“ဒီနှစ်မန္တလေးမှာ မဏ္ဍပ်တွေက မနှစ်ကထက်ပိုနည်းတယ်။ ကျုံးအနောက်ဘက်မှာဆိုရင် မဏ္ဍပ်သုံးလေးခု လောက်ဘဲရှိတယ်။ အဲဒီဘက်က ရေစုပ်စက်တွေနဲ့ သုံးပြီး ရေကစားတဲ့အတွက် ရေပက်ခံချင်တဲ့သူတွေက အဲဒီဘက်ကို အဓိကထားသွားတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့၏ သင်္ကြန်ပွဲတော်ကာလတွင် Alpine အစရှိသော နံမည်ကြီးမဏ္ဍပ်များတည်ရှိရာ ကျုံးတောင်ဘက်ပိုင်း၌  နှစ်စဉ် လမ်းများပိတ်လျှက်ရှိခြင်းကြောင့် မန်းသင်္ကြန်လည်ပတ်သူများသည်  ရေစုပ်စက်ငယ်များဖြင့် ရေကစားသည့် ကျုံးအနောက် ဘက်သို့ အဓိကထားလည်ပတ်ရကြောင်း မြို့ခံများကပြောပြသည်။

 “Alpine မဏ္ဍပ်ဘက်က နှစ်တိုင်းလမ်းပိတ်နေကျဘဲ။ အဲဒီတော့ ရေပက်ခံထွက်တဲ့ ကားနှင့်ဆိုင်ကယ်တွေက ကျုံးအနောက်ဘက်ကို အဓိကထားသွားတယ်။ အဲဒီဘက်မှာ ရေစုပ်စက်နဲ့ရေကစားတဲ့ သူတွေတော်တော်များတယ်”ဟု အခြားမြို့ခံ တစ်ဦး ကဆိုသည်။

မန္တလေးသင်္ကြန်တွင် ကျုံးဘေးပတ်လည်၌ ပေ(၂၀၀)ခန့်ကျယ်ဝန်းသော မဏ္ဍပ်တစ်ခုတည်ဆောက်ပါက (၅)သိန်းကျပ်သာ သတ်မှတ်ထားပြီး ရေစုပ်စက်ငယ်အသုံးပြု၍ ရေကစားသူများကို ငါးသောင်းကျပ်ပေးသွင်းရန် သတ်မှတ် ထားမှုကြောင့် ရေကစားမည့် မြို့ခံများမှာ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

“ပေ(၂၀၀)လောက်ကျယ်တဲ့ မဏ္ဍပ်ဆောက်တာ (၅)သိန်းဘဲပေးရတယ်။ ရေစုပ်စက်သေးသေးလေးနဲ့ ရေကစား တာကို ငါးသောင်းကောက်မယ်ဆိုတော့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ အဲဒီငွေနဲ့ဆိုရင် ရေကစားမယ့် လူငယ်အများစု တတ်နိုင်မှာမဟုတ်ဘူး” ဟု မြို့ခံများ ကဆိုသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ရေစုပ်စက်ဖြင့် ကျုံးရေသုံးစွဲ၍ ရေပက်ကစားသည့်အဖွဲ့ တစ်ဖွဲ့လျှင် စည်ပင်သို့ ငါးသောင်းကျပ်ပေးသွင်းပြီး လျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားမှုမရှိဘဲ ရေစုပ်စက် အသုံးပြု၍ ကျုံးရေသုံးစွဲပြီး ရေကစားသည်ကို တွေ့ရှိပါက စည်ပင်ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို ဧပြီ ၅ ရက်နေ့က မန္တလေးနေ့စဉ်သတင်းစာတွင် ကြေငြာထားသည်။

 
Alpine ကဲ့သို့ မဏ္ဍပ်ကြီးများ ကျုံးတောင်ဘက်တွင် တည်ရှိသဖြင့်လမ်းပိတ်ဆို့သည့်အတွက် ရေကစားသူများ ကျုံး အနောက်ဘက်သို့ အဓိကထား လည်ပတ်ကြရသည်။
  Yangon Press International
မန္တလေးသင်္ကြန် ရေစုပ်စက်ဖြင့် ရေကစားလျှင် ငါးသောင်းပေးရမည် မန္တလေးသင်္ကြန် ရေစုပ်စက်ဖြင့် ရေကစားလျှင် ငါးသောင်းပေးရမည် Reviewed by သစ်ထူးလွင် on 05:28 Rating: 5

4 comments:

mmtmyo said...

သင်္ကြန်ရက်အတွင်းရေပက်ခံကားများကျုံးပတ်လည် လမ်းပိတ်ဆို့မှုမဖြစ်စေရန်အ၀င်လမ်းအထွက်လမ်း စနစ်တကျ (စနစ်တကျ)သတ်မှတ်စီစဉ်ပေးသင့်ပါသည် မြို့တော်ဝန်ကြီးခင်ဗျား။

boyaing said...

၅၀၀၀၀ဆိုရင် တန်ပါတယ်

Unknown said...

စည်ပင်ကလဲ ငွေရဘို့လောက်ဘဲ ဂွင်လိုက်ဖန်နေတာ.....။
တပိုင်တနိုင် တဦးချင်းတယောက်ချင်းရေကစားတာဘဲဟာ..။
အခုမှမဟုတ်ဘူးကျုံးရေကလဲ ရေကစားလို့ ခမ်းခြောက်မသွားပါဘူး
။ေ၇ကစားတဲ့စက်တွေများလာလို့ ငွေရပေါက်ကိုမြင်လာပြီနဲ့တူတယ်။။
.ဒီလိုမြင်တတ်ရင် မြန်မာနိုင်ငံကြီးတိုးတက်ဖွံ့ဖြိုးဘို့ လမ်းလေးဘာလေးကြည့်ပါအုံး..။ပိုက်ဆံရပေါက်ဘဲမြင်တတ်
တယ်။ဆီလိုအပေါက်ရှာတယ်ဆိုတဲ့စကားပုံကို စည်ပင်လိုငွေရပေါက်ရှာတယ်လို့စကားပုံပြောင်းရင်ပိုပြီးခေတ်မှီမယ်
စည်ပင်လူကြီးတွေငွေရှာတော်ပါပေတယ်။ပြည်တွင်းဝင်ငွေတင်မက
နိုင်ငံခြားဝင်ငွေပါရှာပေးပါလာဗျာ..နိုင်ငံတော်အတွက်........။

mgmin said...

မများပါဘူး သင်္ကြန်မှာ 50000 တောင်းတယ် ဟုတ်ပါပြီ
သူက limit မပေးထားဘူး ကြိုက်သလိုသုံး
ဒါက ဈေးကွက်စီးပွားရေးစနစ်မှာ ကောင်းတယ်
တစ်အိမ်ထဲသုံးရင်ဘယ်လောက် အများကြီးသုံးရင်ဘယ်လောက်
အဲ့လိုဆိုတော့လည်း လူတွေက လိုက်နာမှာလား
အမျာစုက ဈေးသက်သာတာကိုယူပြီး အများကြီးလုပ်တယ်
မမျှမတလုပ်တာမဟုတ်ဘူးလေ အားလုံးကိုတန်းတူပဲ
အဲ့မှာပြောစရာရှိတာ မဏ္ဍပ်ကြီးဆိုတန်တယ်ပေါ့
မှန်ပါတယ် ကမ္ဘာ့နိုင်ငံတိုင်းမှာလည်း အခါအားလျှော်စွာ သတ်မှတ်တဲ့ ကြေးဆိုတာရှိတာပဲ ဗိုလ်ချုပ်ပြောတဲ့မိန့်ခွန်းတွေကိုနားထောင်ကြည့် တိုင်းပြည်ထူထောင်ဖို့ ငွေလိုတယ် ဟိုအရင် ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ချွေတာသင့်တာချွေတာရတောမယ်
အမျိုးသားရေးစိတ်ဓါတ်နဲ့ အဆိုးမြင်ဝါဒီတွဲမထားပါဘူး
ဝန်ကြီးငှာနမှာ ရှိတဲ့လူကလည်း ပြည်သူပါပဲ ။ လူတစ်ယောက်ရဲ့လစာကို လုံလောက်အောင်ရရင် ဘယ်သူမှ မခိုးချင်ပါဘူး အဂတိလိုက်စားတယ်ဆိုတာ ပြောသာပြောသာ
အောက်ခြေ၀န်ထမ်း သိပ်မျက်နှာငယ်ရတာ သူတောင်းစားလိုပဲ
နောက်တစ်ခုက ၀န်ကြီးဌာန အခွန်ငွေဆိုတာ သတ်မှတ်ကြေးရှိတယ် အဲ့ဒါကို ပြည့်အောင်ဖြည့်ပေးရတယ်
တစ်ခုခုဖြစ်ရင် အပြစ်ပဲပြောတာတော့ မကောင်းဘူးထင်တယ်
အမျိုးသားရေးစိတ်ဓါတ်ဆိုတာ ခွင့်လွှတ်ခြင်းလည်းရှိရမယ်
အပ်ကျတာကအစ ဘယ်အစိုးရမှ လိုက်မရှင်းပေးနိုင်ဘူး

Powered by Blogger.