စာအတုဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံး ငြင်းဆို

မြစ်ဆုံစီမံကိန်း ပြန်စဖို့ဆိုတဲ့ စာဟာအတုဖြစ်တယ်လို့ ကချင်ပြည်နယ် ၀န်ကြီးချုပ် အစိုးရအဖွဲ့ရုံးက ပြောဆိုပါတယ်။
RFA
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။
ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မတ်လ ၂၈ ရက် နေ့စွဲနဲ့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ CPI ကုမ္ပဏီ ထိန်ချုံး မြစ်ကြီးနားရုံးက ပြည်နယ်ဝန်ကြီးချုပ်ရုံးကို ပေးပို့တဲ့ စာတစ်စောင် အင်တာနက်မှာ ပျံ့နှံ့နေတာကြောင့် ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က မြစ်ကြီးနားမြို့ ၀န်ကြီးချုပ်ရုံးကို မေးမြန်းရာမှာ ၀န်ကြီးချုပ် လဂျွန်နိုင်ဆိုင်း ရဲ့ကိုယ်ရေးအရာရှိက ဒီစာဟာ CPI ရုံးက ပေးပို့တဲ့ စာတစ်စောင် အပေါ်မှာ ဖြည့်စွက်ပြီး အတုဖန်တီးထားတဲ့စာ ဖြစ်တယ်လို့ ပြောပါတယ်။
CPI ရဲ့ ပေးပို့တဲ့ စာဟာ မြစ်ကြီးနားနဲ့ ကန်ပိုက်တီ လမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ပေးပို့တဲ့ စာဖြစ်တယ်လို့ ကိုယ်ရေးအရာရှိက ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ မြစ်ဆုံစီမံကိန်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

RFA
စာအတုဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံး ငြင်းဆို စာအတုဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံး ငြင်းဆို Reviewed by သစ်ထူးလွင် on 04:23 Rating: 5

3 comments:

Violin Angle said...

စာကအတုပဲထားလိုက်ပါအုံး Eleven ကရိုက်ထားတဲ့ မြစ်ဆုံဓာတ်ပုံတွေကရောအတုပဲလား ဖန်တီးထားတဲ့ဟာပဲလား တကယ်လို့မြစ်ဆုံစီမံကိန်းရပ်သွားပြီဆိုရင် ဒေသခံရွာသားတွေကိုဘာလို့ သူတို့ရွာမှာပေးမနေတာလဲ မြစ်ဆုံဒေသကိုဝင်ထွက်နေတဲ့ တရုတ်တွေကရော ဘာတွေလဲ

Anonymous said...

ကိုသစ်ရေ မြစ်ဆုံ ကိစ္စကိုတော့ ပေါ့လို့ မရဘူးနော် ရသမျှသတင်း ကို ရသလောက်တင်ပေးပါ . . တစ်ကမ္ဘာလုံး သိမှ ဖြစ်မယ် . . အစွမ်းကုန် ကန့် ကွက်ရမယ် . . ဒီကိစ္စ မြန်မာနိုင်ငံသားအားလုံး စည်းလုံးဖို့ လိုသည် . .

ဖိုးပွကြီး said...

အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ်.
ပြန်မလုပ်ဖို့အရေးကြီးတယ်.
ဗမာတွေက စစ်အစိုးရနဲ့ တရုပ်အနှပ်ခံ၇လွန်း လို့ မယုံတာ အဆန်းမဟုတ်ဘူး.

Powered by Blogger.