Arakan Liberation Party ( ALP) |
“ ချင်းအဖွဲ့ဆိုယင် လက်ခံတယ်၊ ရခိုင်အဖွဲ့ကိုတော့ လိုလားနိုင်စရာအကြောင်း မရှိဘူး၊ သူတို့နယ် မြေလည်း မဟုတ်ဘူး ဗျ၊ ပလက်ဝမှာ ရုံးဖွင့်ဖို့ဆိုယင် ချင်းပြည်နယ်အစိုးရကိုတော့ ညှိနှိုင်းသင့်တယ်” ဟု ပလက်ဝ မြို့ပေါ်မှ ချင်းလူမျိုး အစိုးရ၀န် ထမ်း မြို့နယ်အဆင့် အရာရှိ တဦးက ပြောသည်။
ဧပြီလ ပထမပတ်အတွင်း ရခိုင်ပြည်နယ် အစိုးရနှင့် ALP တို့နှစ်ဖက် ငြိမ်းချမ်းရေး အဖွဲ့သဘောတူ ညီချက် တွင် ချင်းပြည်နယ် ပလက်ဝ နှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့များတွင် ဆက်ဆံရေးရုံးဖွင့် လှစ်ရန် သဘော တူထားကြသည်။
“ ကျတော် ALP အ၀င်အထွက်ရှိတဲ့ ကျေးရွာက အုပ်ချုပ်ရေးမှူးပါ၊ ဒီကိစ္စက ပြည်သူတွေ ဆန္ဒကို ယူသင့် တယ်၊ ရခိုင်မှ မ ဟုတ်ပါ၊ ကိုယ့်ပြည်နယ်မှာ တခြားလူမျိုးစု လက်နက်ကိုင်တွေရှိတာ မကြိုက် ဘူး၊ အနည်းဆုံး ခူမီး ပြည်သူတွေ သဘော ထား ယူသင့်တယ်” ဟု ပြော သည်။
အစိုးရနှင့် Chin National Front ( CNF) တို့ ဒုတိယ အကြိမ်တွေ့ဆုံဆွေးနွေးသည့်အခါ ပလက်ဝ တွင် ALP ဆက်သွယ် ရေးရုံးဖွင့်လှစ်ခြင်းကို အေဂျင်ဒါ တခုအဖြစ် တင်သွင်းဆွေးနွေးပြီး ပြန်လည် ရုတ်သိမ်းပေးခြင်းမရှိပါက CNF အနေဖြင့် အစိုး ရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကြိုးပမ်းမှု အားလုံး ကို ရုတ်သိမ်းရန် ပြည်တွင်းပြည်ပ ချင်းပြည်သူများက Chin Groups mail များတွင် ရေးသားဖော်ပြကြ သည်။
Chin National Party ရဲ့ အထွေထွေအတွင်းရေးမှူး Salai Ceu Bik Thawng က ယခုလို ပြောသွား ပါတယ်။
“ ဦးလှမောင်တင်က သူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူကတည်းက ချင်းပြည်နယ် အစိုးရ ကိုတောင် အသိ မပေးပဲ ပလက်ဝကို တက်ခဲ့တယ်၊ အဲဒီကတည်းက ကျတော်တို့ သံသယ ရှိခဲ့ပြီးသား ပါ။ CNP ၏ သဘောထားကို ပါတီကိုယ်စား ပြောမယ်၊ CEC မှာလည်း အကြေအလည် ဆွေးနွေးရမှာ ပါ။ ပထမ အချက်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရက ALP ကို ပလက်ဝမြို့မှာ ဆက်သွယ်ရေး ရုံးထားရှိခွင့် ပေးတယ် ဆိုကတည်းက ဒါ Something wrong ဖြစ်နေပြီ၊ ပ လက်ဝ က သူတို့ အစိုးရ အုပ်ချုပ်ရေး နယ်မြေ မဟုတ်ဘူး၊ တကယ်လို့ ALP အနေနဲ့ ဒီနေရာမှာမှ အခြေချချင်သပဆိုရင် ချင်း ပြည်နယ် အစိုးရ နဲ့ ပြည်ထောင်စု အစိုးရကို တောင်းရမှာဖြစ်တယ်။ ”
“ ဒုတိယအချက်က လူထုအတွင်းနားလည်မှုအရင်မယူပဲနဲ့ ဒီလိုလုပ်တာ မလိုလားအပ်တဲ့ လူမျိုးရေး clash ရှိမှာစိုးရိမ်မိ တယ်။ ဒါ တကယ့် Sensitive ပဲ၊ လူမျိုးရေးပါ ထိခိုက်နိင်တဲ့ကိစ္စဖြစ်လို့ ဒီမိုကရေစီ အတွက်၊ Federal အတွက် ဆိုတာ လောက်နဲ့  မပြီးဘူး”
ထို့အပြင် Chin Progressive Party ဥက္ကဌ၊ စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာ နိုးထန်ကပ်က “ ဒီ ကိစ္စသာအကောင်အထည်ဖော်လာယင် ကျတော်တို့ လိုချင်မှာ မဟုတ်ဘူး၊ သူတို့ က ဒီ ပလက်ဝနယ်ကို ကျတော်တို့ နယ်မြေလို့ ပြောနေတာ၊ ဘာပဲဖြစ်ဖြစ် ကျတော် ရခိုင်ပြည်နယ် အစိုးရနဲ့ Rakhine National Development Party ခေါင်း ဆောင်တွေကို ပြောမယ်” ဟု ပြောသည်။
ချင်းပြည်နယ်အစိုးရနှင့် စီအဲန်အက်ဖ် တို့အကြား ဇန်န၀ါရီလ ပထမပတ်အတွင်း ငြိမ်းချမ်းရေးတွေ့ ဆုံ ဆွေးနွေးချက်အရ ပလက်ဝမြို့နယ်အတွင်း ချင်းအမျိုးသားတပ်မတော်စခန်းချမည်ဟု ပြောပြောချင်း ရခိုင်ပြည်နယ် စစ်တွေ လက်အောက် ခံ အစိုးရစစ်တပ်ကစခန်းချထားသည်။
ခိုနူမ်းထုန်
ချင်းပြည်နယ်အတွင်း ALP ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ချင်းခေါင်းဆောင် များ ကန့်ကွက်
Reviewed by သစ်ထူးလွင်
on
08:54
Rating:
5 comments:
ကျွန်တော် နားမလည်တော့ဘူးဗျ။ ရခိုင်ကော ချင်းကောက မြန်မာတိုင်းရင်းသားတွေ ပဲမဟုတ်ဘူးလား ခင်ဗျာ။
မဖြစ်သင့်ဘူး... ကန့်ကွက်ပါတယ်... လူမျိုးရေး တိုက်ခိုက်မှုတွေ ဖြစ်သွားနိုင်တယ်.. ဒါကြောင့် ..ဒါ့ကြောင့်..
ပြန်စဉ်းစားပါ...
လုံးဝကန့်ကွက်ရမှာပေါ့ ရွာတစ်ရွာမှာ အိမ်ဆောက်ချင်တယ်ဆိုရင် ကျေးရွာကလူကြီးတွေနဲ့ ရွာသူရွာသားတွေကို အရင်ဆုံး တိုင်ပင်သင့်တာပေါ့ ခင်ဗျာ...သူတို့လုပ်ချင်တိုင်းလုပ်မယ်ဆိုရင် နောက်ဆက်တွဲ ပြသနာတွေ အများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။။။
လုံးဝကန့်ကွက်ရမှာပေါ့ ရွာတစ်ရွာမှာ အိမ်ဆောက်ချင်တယ် ဆိုရင်တော့ ကျေးရွာလူကြီးနှင့် ရွာသူရွာသားတွေကို အရင်ဆုံးတိုင်ပင်သင့်တာပေါ့ ခင်ဗျာ...သူတို့လုပ်ချင်တိုင်းလုပ်မယ်ဆိုရင် နောက်ဆက်တွဲ ပြသနာတွေအများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်ခင်ဗျာ။။
ဟုတ်ပါတယ် ချင်းပြည်မှာ ရခိုင်ရုံးဖွင့်တယ်ဆိုတာ မဖြစ်နိုင်တဲ့အလုပ်ပါ ဒါပေမယ့် ပလက်ဝက ချင်းပြည်မှ မဟုတ်တာ ဦးနေဝင်းအစိုးရက ၁၉၇၂ နှစ်မှာ ရခိုင်ပြည်သူတွေ ဆန္ဒမပါဘဲ ချင်းပြည်ထဲကို ပလက်ဝ ကိုဆွဲထည့်တာလေ ရခိုင်တွေအိပ်ကို ပေးလိုက်ရသလိုပဲ မဟုတ်လား ရခိုင်တွေကောကျေနပ်နိုင်ပါ့မလား ခုဟာက ရခိုင်ပြည်ကလူတွေက သူတို.ပြည်ကို နယ်နိမိတ်အ၇သတ်မှတ်ထားတာ ချင်းပြည်နယ်လို.လည်း သတ်မှတ်မထားဘူး အဲဒါကြောင့် ရခိုင်ဂေါင်းဆောင်တွေက သူတို.ပိုင်တဲ့နယ်မှာ သူတို.အိပ်ဆောက်တာ ပြသနာတက်မယ်ဆို ချင်းပြည်နယ်ထဲက နယ်မြေတွေကို စစ်ကိုင်းတိုင်ထဲပါသွားတာ သူတို.ပိုင်တဲ့နယ်မြေအစစ်ကိုမတောင်းပဲ ရခိုင်ပြည်ကိုဖဲ့ပေးသွားတဲ့ ပလက်ဝ ကိုမှ သူတို.နယ်မြေ အဖြစ်တောင်းရတယ်လို. ဦးနေဝင်းက ချင်းပြည်ကို စစ်ကိုင်းတိုင်းထဲ ထည့်သွားတာကျတော့ ချင်းတွေက ပြန်မတောင်းဘူး ဒီ ပလက်ဝ က ရခိုင်တွေပိုင်တာ ဦးနေဝင်း အစိုးရ ပေးခဲ့လို. သူတို.ပြည်နယ် ဖြစ်သွားရတာကို မက်မောနေတယ် ။ စစ်ကိုင်းတိုင်းထဲက ချင်းပြည်အစစ်ကိုတောင်းပါလား ဘာလို.သူများပိုင်တာလာတောင်းနေရတာလဲ တိုင်းရင်းသားအချင်းချင်း ကိုယ်ချင်းစာသင်ပြီ ကိုယ်ရွှေချင်းတို.ရယ် ခင်ဗျာဒို.နဲ. ဒို.တွေနဲ.က ဘဝတူတွေပါ နာစရာကို သိသိသာသာ ထင်ထင်ရှားရှားမြင်တတ်ပါစေ လေးစားလျှက်.။။။။။။
Post a Comment