WiMAX အင်တာနက်ကို Prepaid ကတ်စနစ်ဖြင့် စတင်အသုံးပြုနိုင်

WiMAX အင်တာနက်ကို Prepaid စနစ်ဖြင့် မတ်လအတွင်း၌ စတင်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

၂၀၁၁ ခုနှစ်ဒီဇင်ဘာလမှစတင် ၀န်ဆောင်မှုပေးခဲ့သော တိုင်ထောင်အသုံးပြုစရာမလိုသည့် WiMAX အင်တာနက်သုံးသူများသာ ယင်းကဲ့သို့ Prepaid စနစ်ကိုသုံးနိုင်မည်ဟု သိရသည်။

“ ကနဦးတပ်ဆင်ခကတော့ ကျပ် ၆၃၀၀၀၀ ပါပဲ။ ဒါပေမယ့် လစဉ်ကြေးသွင်းစရာ မလိုတော့ ဘဲ ကိုယ်သုံးချင်သလောက်ကိုပဲ Prepaid ကတ်နဲ့သုံးစွဲသွားနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ရုံးသွားပြီး ဘီလ် ဆောင်ဖို့ မလိုတော့သလို ကိုယ်သုံးသလောက်ပဲ ၀ယ်ဖြည့်ဖို့လိုပါတယ်” ဟု Red Link မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Prepaid ကတ်ကို Data Usage ဖြင့်သတ်မှတ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ 1 Gb ကတ်ကို ကျပ် ၂၇၀၀၀ နှင့် 3 Gb ကတ်မှာ ကျပ် ၃၀၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ အင်တာနက် Bandwidth မှာ 512 Kbps ရှိမည်ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့တွင် junction Squar ၌ စတင်ရောင်းချသွားမည်ဟု သိရသည်။ ကတ် သက်တမ်းမှာ စတင်အသုံးပြုသည့်နေ့မှစ၍ သုံးအတွင်းအသုံးပြုနိုင်ကြောင်း သိရှိရသည်။

ယခင်လစဉ်ကြေးဖြင့် သုံးစွဲသူများအနေဖြင့် Prepaid ကတ်စနစ်ကို ပြောင်းလဲအသုံးပြုလိုပါက ရုံးသို့သွားရောက်၍ Servicd Plan ပြောင်းလဲရန် လိုအပ်ကြောင်း သိရသည်။
Weekly Eleven News Journal - အမှတ် ၂၄၊ အတွဲ ၇
WiMAX အင်တာနက်ကို Prepaid ကတ်စနစ်ဖြင့် စတင်အသုံးပြုနိုင် WiMAX အင်တာနက်ကို Prepaid ကတ်စနစ်ဖြင့် စတင်အသုံးပြုနိုင် Reviewed by သစ်ထူးလွင် on 08:08 Rating: 5

35 comments:

Anonymous said...

စင်္ကာပူမှာ.mobile internet ကို တစ်လမှ.S$ 30လောက် ကနေ speed ပေါ်မူဈေးပိုပေးရပါတယ်.ဘာကနဦးတပ်ဆင်ခမှပေးစရာလိုပါဘူး..
အခု ကနဦးတပ်ဆင်ခကတော့ ကျပ် ၆၃၀၀၀၀ တဲ့.အဆမတန်ဈေးကြီင်္းနေ
တယ်.ဒါဟာ.သူတို့လူတစ်စုသာ.သုံးမယ်.
ကျန်တဲ့ကောင်တွေဘောပဲလို့ပြောတာနဲ့အတူတူပါပဲ..

cecil83may said...

မှန်တာပေါ့ဗျာအလကားလုပ်ပေးလို့ရတာကိုသက်သက်လူပါးဝနေကြတာ

ye lin maung said...

အင်းးး စလုံးမှာ unlimited plan 7.2 Mbs ကို တစ်လ S$ 36.90 ပဲ ၇ှိတယ် ဘာမှ ကြိုပေးစရာ မလိုဘူး
ထားပါတော့ စလုံး ၄၀ မှ ၆၅၀ ပေါက်ဈေးနဲ့ တွက်ရင် တစ်လမှ ၂ သောင်း ၆ ထောင် ပဲ ရှိတယ် စိတ်ကြိုက် ၂၄ နာ၇ီ တစ်လလုံး သုံးလို့ ရတယ်
အဲ့ လောက်ကြီး ပြည်သူတွေကို ဒုက္ခပေးဖို့ တော့ မကောင်းပါဘူး

လောကပါလ said...

ကိုရီးယားမှာ local 300 မိနစ် message အစောင် 300 နဲ့ အင်တာနက်ကြိုက်သလောက်သုံး အမုန်းသုံး တစ်လမှ ဝမ် ငါးသောင်း လေးထောင် ဘယ်ရုံး ဘယ် တယ်လီကွန်မှသွားစရာမလိုဘူး။သောက်အပိုတမ်းစကားတွေပြောစရာမလိုဘူး။ဘယ်ကောင်မ ကမှဟောက်စားလုပ်တာမခံရဘူး။ခုတော့ကြည့်ပါအုံး ကနဦးတပ်ဆင်ခ ၆၃၀၀၀၀တဲ့ ဗျာ။အဲဒါကြောင့်လဲ ငါးထောင်တန်ဖုန်းကဒ်ကိုမဖြစ်နိုင်သေးဘူးလေး ဘာလေးနဲ့။ဒင်းတို့ မြိုပေါက်ပိတ်မှာစိုးလို့

aung said...

တော်တော်အကြံပတ်စပ်တဲ့ သူတွေဗျာ
ဒီလိုလူမျိုးတွေရှိလို့လဲ ကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာ
ဟိုးအဝေးကြီးမှာ ကျန်ခဲ့တာပေါ့ဗျာ

lusoelay said...

ရမှန်းသိလေ လိုချင်လေပဲ ရေရှည်ကိုမကြည့်ဘူး တစ်ခါစား တစ်နပ်စားကြံတာ၊ သူများနိုင်ငံတွေက လူတိုင်း အိမ်တိုင်း လိုအင်တာနက်တို့ ဖုန်းတွေ သုံးနိုင်မယ် တန်ဖိုးနည်းနည်းနဲ့ လူများများ သုံးနိုင်ဖို့ လုပ်နေကြတယ်။ဒါကြောင့် လူတွေရဲ့အသိတွေ ဥာဏ်တွေ တိုးတက်ဖို့ အခွင့်အလမ်းတွေရှာနေကြတယ်။ မြန်မာပြည်မှာတော့တစ်နပ်စား ဥာဏ်နဲ့ တန်ဖိုးကြီးကြီးနဲ့ လူနည်းနည်းသုံးနိုင်အောင် ပိုက်ဆံရှိတဲ့ အထက်တန်းစားတွေသာ အသိဥာဏ် တိုးနေကြတယ် ဒါကြောင့် လူလတ်တန်းစားဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပီ ။သူများနိုင်ငံတွေက လူလတ်တန်းစားကို အဓိကဦးစားပေးပစ်မှတ်ထား ပီး ကုန်ပစ္စည်းတွေထုတ်လုပ်နေချိန်မှာ မြန်မာပြည်မှာတော့ အခွင့်ထူးခံလူတန်းစားအတွက် သာ ပစ်မှတ်ထားနေတာ ၀မ်းနည်းစရာပါ

Anonymous said...

Hack ပစ်ကွာ Hack ပစ်
ပြည်သူအများစု မသုံးနိုင်အောင်လုပ်ထားတဲ့ စနစ်ကို Hacking လုပ်ကြပါစို့
အမြတ်ကြီးစားတဲ့ red link ကို ၀ိုင်းဝန်းဆုံးမကြပါစို့

LAMIN KO KO said...

မလေး၇ှားမှလဲ (၂၄)နာ၇ီ ကြိုက်သလောက်သုံး တလကို RM (60) ခု မြန်မာငွေနဲ့ဆိုရင် 15000ကျပ်လောက်ပဲကျတယ်...မြန်မာပြည်က လူတွေအတွက် ရင်နာတယ်...ဒီလို ဘ၀မျိုးတွေက ဘယ်တော့များမှ လွတ်မြောက်နိုင်ကြပါလဲ... သြော် အလှမ်းရယ်တဲ့ ဝေး

cashewnut said...

comment တွေအားလုံးကောင်း၏။

Quote For Life said...

ဟုတ်တယ် အဲ့ဒါကို အရူးတွေ လောက်ပဲ ဝယ်သုံးကြမှာလေ ပြီးတော့ မကြာသေးခင်ကပဲ သူ့အကြောင်း post တစ်ခုဖက်ပြီးသေးတယ် 300 Mb ပဲ ရှိတာကိုေ၇ာင်းထားတဲ့လိုင်းပေါင်းက 5000 Mb ကျော်ပြီတဲ့

မေ့သမီး said...

အိုင်တီခေတ်ကို တိုးတက်အောင်လုပ်ကြ လို့ သူတို့ဘဲပြောတယ် အရှေ့ဆုံး ကနေ ပိတ်ပြီး အသေအလဲစားနေကြဒါလဲ သူတို့ဘဲ

ကြယ်ပြာ said...

ကနဦးတပ်ဆင်ခက ၆ သိန်း ၄ သောင်း၊ Band width ကျတော့ ၅၁၂ kbps ပဲရှိတယ်။ ပြီးတော့ ပရီပိတ်ကဒ်ကလဲ စားလိုက်သေးတယ်။ အံ့သြပါ့။။။

Anonymous said...

မရှိလို့သုံးနေတာအကောင်းမမှတ်နဲ့။မင်းတို့လိုကိုယ့်အကျိုးရှာမတရားစီးပွားရေးသမားတွေတစ်ချိန်ကျရင်ပြန်ပေးဆပ်ရမယ်။

252525 said...

ထိုင်ဝမ်မှာ100MBS ကို1လမှမြန်မာငွေ25000လောက်ဘဲရှိပါတယ်..

စိုးလွင်ဥိး said...

အများပြောကြတော့လည်းပြောရအုံးမယ်။
အခုအကိုမလေးရှားမှာသုံးနေတာ DIGI INTERNET ကွာ။
တစ်ရက်လုံးကြိုက်သလောက်သုံး တရက်မှမလေးငွေ တစ်ကျပ်ပဲ။
ကနဦးတပ်ဆင်ခနဲ့ အလားတူတဲ့ register အတွက် ၂၀၀ ရင်းဂစ်
တော့ပေးရတယ်။ဘယ်လောက်ကွာလိုက်သလဲ ၆၃၀၀၀၀ နဲ့ ။
နောက်ပြီး connection ချင်းယှဉ်ကြည့်အုံး။ကိုယ်နေတဲ့မြို့ နဲ့ 
ဝယ်တဲ့ လိုင်းကိုက်လို့ ကတော့ ever ok ပဲ။ဘာမှစိတ်မညစ်ရဘူး။
မြန်မာပြည်ကဆိုးကိုဆိုးလွန်းပါတယ်။

လွတ်လပ်ရေးကောင်းကင် said...

အဲလိုသူများထက်သာအောင်တွေ ကဲပြီးပြောနေကြလို့တော့ တို့လဲပြောမယ်ကွ ၊ အခု ကိုရီးယားမှာ SAMSUNG notebook တွေကို Wibro စံနစ်နဲ့တွဲရောင်းနေတယ် ၊ တစ်လကို 5 GB ထိ အလကားပေးတယ်ဗျ ၊ notebook ဈေးကလဲ အတူတူလောက်ပဲ ၊ နိုင်ငံတိုးတက်လာရင် သူ့ဖာသာ အလိုလို ဖြစ်လာမှာတွေကို ဈေးဆစ်မနေကြနဲ့ ၊ တဖြည့်းဖြည်း တိုးတက်လာဖို့ပဲ လိုတာပါ ။

မင်းမောင် said...

ကဲ့ comments တွေ အားလုံးက negative တွေချည်းပဲ မင်းသေလိုက်တော့---

MaChit said...

Redlink Company သည် Broadband Wi-Max service များကိုလိမ်လည်ရောင်းချနေပါသည်။

Redlink Company တခုလုံး ၏ စုစုပေါင်း Banwidth သည် 300 M သာရှိသော်လဲ 1M,2M,3 M service ပေါင်း ငါးထောင်ကျော်ကိုရောင်းချခဲ့ပြီးဆက်လက်၍ရောင်းချနေဆဲဖြစ်ပါသည်။Internet Connection ကောင်းကိုတောင့်တနေသော မြန်မာနိုင်ငံတွင် ပြည်သူများကို 1Mbps, 2Mbps,3Mbps ဟု လိမ်လည်ရောင်းချနေသော Redlink Company ကိုသတိပေးတားမြစ်သူမရှိဖြစ်နေပါသည်။ မသိနားမလည်သော ပြည်သူများကိုလိမ်လည်ရောင်းချသော Redlink Company မှ Wi-Max service ကိုအဝယ်မမှားစေရန်တင်ပြလိုက်ရပါသည်။

အင်တာနက်ဂျာနယ် အတွဲ(၁၃)၊အမှတ်(၆)၊ စာမျက်နှာ-၄။

တရက်တည်းရောင်ချခဲ့ရသောအင်တာနက်လိုင်း ၁၀၀၀ (တစ်ထောင်) အတွက် အမှန်တကယ် Bandwidth လိုအပ်ချက်
ပမာဏ မှာ အနိမ့်ဆုံး 512 kbps အတွက်ဆိုလျှင် 500 M လိုအပ်မည် ။ (2 Mbps အတွက်ဆိုလျှင် 2000 M လိုအပ်မည်။)
ယခု Red Link Company တွင်ရှိသည့် Bandwidth ပမာဏ မှာ 300 Mbps သာရှိသော်လည်း ရောင်းချထားပြီးသော အင်တာနက်လိုင်း ၅၀၀၀ (ငါးထောင်) ရှိနေသော်လည်းဆက်လက်ရောင်းချနေဆဲဖြစ်သည်။

tharzaw said...

ဖုန်းပြီးတော့ လာပြန်ပြီ WiMAX လွန်လွန်ကျူးကျူးဈေးနှုန်းနဲ့
Red Link ဂုတ်သွေးစုပ်နေတာဗျို့။
ဝယ်ဘူး။
ဘယ့်နယ်ဗျာ ... ထမင်းတောင် မနည်းရှာစားနေရပါတယ်ဆိုမှ။

sean said...

ဆက်တွယ် ပြီးရင်း ပြည်သူတွေကို ဆက်တွယ် နေလို့ မြန်မာ့ ဆက်တွယ်ရေး လို့ အမည် ပြောင်းလိုက်ပါပြီခင်ဗျား

လင်းနေခ said...

RedLink ကို Hack မယ်တွေ ဘာတွေ ညာတွေ ပြောမနေကြနဲ့
အဲဒီအဆင့်ထိ ဖြစ်လာရအောင် သူတို့ ဘယ်လောက်ကြေိုးပမ်းခဲ့ရလဲ မင်းတိုသိကြလား.. ရတနာပုံ နဲ့ MPT လက်အောက်မှာ အခွင့်အရေးတွေ ရအောင် နဲံနဲလှုပ် နဲနဲတိုးပြီး ရှေ့ဆက်ခဲ့ရတာ.. လုပ်ပိုင်ခွင့်တွေ အားလုံးက RedLink လက်ထဲမှာ ရှိနေတာ မဟုတ်ဘူး.. Fiber ကြိုးတွေကို ဆွဲံဖို့ အတွက်တောင် ကိုယ့်ပိုက်ဆံ နဲ့ ကိုယ်ဆွဲတာတောင် ကိုယ်ဆွဲချင်တိုင်း ဆွဲလိုရခဲ့တာ မဟုတ်ဘူး ရတနာပုံ က ကန့်သတ်ချက်တွေ ခွင့်ပြုချက်တွေနဲ့ ဆွဲခဲ့ကြရတာကွ.. အေး ရတာနာ ပုံနဲ့ MPT နဲ့ မရှိရင်တော့ မင်းတို ဖြစ်ချင်သလို ဖြစ်လာလိမ့်မယ်...သူများ နိုင်ငံနဲ့ မနှိုင်းနဲ့ ..သူများ နိုင်ငံသားတွေ စည်းကမ်းရှိတယ် မင်းတို့ ရှိလား.. သူများ နိုင်ငံမှာ ကိုယ်ပိုင်ဂျိုတု ရှိတယ် မင်းတို မြန်မာ နိုင်ငံမှာ ရှိလား .. လုပ်နိုင်တဲ့သူကိုရော ခွင့်ပြု ကြလိုလား.. မင်းတို့ Comment ရေးလိုက်ရင် ဆဲမယ် နှိမ့်ချမယ် ဒီလောက်ပဲသိကြတာ.. မရတဲ့ အခွင့်အရေးကို ရအောင် ဘယ်လို တောင်းကြမလဲ .. သတိရှိရှိ ဘယ်လို ပြောရမလဲ မင်းတို သိကြလား .. မင်းတိုလုပ်တဲ့ နိုင်ငံရေး ဆိုတာ ဒါလား... မင်းတို သိတဲ့ အသိက ဒါပဲလား..

အမြင်သစ် said...

မလေးရှားမှာတုန်းက prepaid broband ၀ယ်သုံးတာ တစ်ရက် ကို ၁ ရင်းဂစ်ပဲကျတယ်ဗျ ။ မြန်မာငွေနဲ့ တစ်ရက်ကို၂၅၀ကျပ်ပေါ. တစ်လကို ၇၅၀၀ ကျပ်ပဲကျပါတယ်။ broband ကတော့ ၀ယ်ဝယ်ချင်း ရင်းဂစ် ၁၀၀ပေးရပါတယ် ။နှစ်သောင်းခွဲပေါ့ ။ နောက်ပိုင်းကြိုက်သလောက်သုံး
တစ်ရက် ၁ ရင်းဂစ်ပဲဗျာ၊ မြန်မာပြည်မှာတော့ ဝေးလေစွ စေးလေစွ

philosophermgmyathar said...

တကယ်တော့ ပြည်တွင်းကမီဒီယာသမားတွေကလည်း နဲနဲပါးပါးဗဟုသုတလေး
ရှိအောင်ကျိုးစားသင့်တယ်ကွာ..ဥပမာ..စ လုံးမှာ ဘယ်လို.ဘယ်လောက်.
မလေးရှားမှာ ဘယ်လိုဘယ်လောက်..ထိုင်းမှာဘယ်လိုဘယ်လောက်ပေါ့.
သူတို့ပြေသမျှချည်းပဲ ကျွေးတာစားသောက်..ပြီးရင်သူတို့ပြောတာကိုသတင်း
လုပ်ရေး..ရုံလောက်နဲ့တော့ မလုံလောက်တော့ဘူးလေ..လိုအပ်ရင်သူတို့
ပြောတဲ့ဈေးနှုန်းများနေတာ..ပေးထားတဲ့ GB.တွေကနည်းတာ.အစရှိသဖြင့်
ပေါ့...နိုင်းယှဉ်ပြီးတော့ ပြန်မေးခွန်းထုတ်သင့်တယ်.. ပြည်သူတွေကိုချပြ
သင့်တယ်.သိအောင်ပြောသင့်တယ်.ဈေးကြီးတယ်..ဈေးသင့်တော်တယ်.အစရှိသဖြင့်ပေါ့...မင်းတို့ နဲ့တော့ ရင်မော သေးတယ်..

philosophermgmyathar said...

ကျနော်မိတ်ဆွေတဦးကပြောပါတယ်..သူ့အိမ်မှာ p.1 တဲ့.အင်တာနက်.
တလကို မလေးငွေ၁၂၉ ကျပ်ပေးရတယ်.တဲ့..ကွန်ပြူတာသုံးလုံး သုံးလို့ရ
တယ်..အဲဒီသုံးလုံး သုံးတဲ့အထဲက တလုံးက လိုင်းခွဲလေး.မိုဒမ်လေးအသေးနဲ့
ခွဲထားတယ်တဲ့..အဲဒီကောင်က ဘယ်နေရာကိုယူသွားသွား.ယူသွားလို့ရတယ်
တဲ့.GB.20 တဲ့ဗျား ...မိုးရွာရွာ..နေပူပူ လိုင်းကတော့ ရှယ်ပဲတဲ့.နောက် ပြီး တော့ အိမ်ဖုန်းအတွက်လည်း ပါတယ်တဲ့.အိမ်ဖုံးနံ
ပါတ်လေးပါပေးလိုက်တယ်တဲ့ဗျား..ကိုယ့်ဘာသာ ဖုံးတလုံးကိုအပြင်က၀ယ်
ဝယ်. ဘယ်က၀ယ်ဝယ်..၀ယ်ပြီးတပ်လိုက်တာနဲ့..အိမ်ဖုံးပါအဆင်သင့်ပါ
တဲ့ဗျား..စောစောကပြောတဲ့ MODEM လေးမှာဖုံးလိုင်းရော.အင်တာနက်လိုင်းရောပါတယ်တဲ့..ကောင်းလိုက်တာ ..သူများနိုင်ငံတွေများ..ဖုံးလိုင်းအတွက် တပြားမှပေးစရာမလိုပါ.
ဖုံးပြောရင်တော့ ဖုံးခ ပေး ရပါတယ်တဲ့..အဲဒီဖုံးကအ၀င်CALL သက်သက်
ကတော့ တပြားမှကို ပေးစရာမလိုပါဘူးတဲ့ဗျား..အင်တာနက်ကတော့ရှယ်
ပါပဲလို့ပြောကြောင်းပါခင်ဗျား..

KOSAICOS said...

WiMax အကြောင်း အင်တာနက်အကြောင်းပြောနေတော့ Wifi အကြောင်းလေး ကပ်ထည့်ပြီးပြောချင်ပါသေးတယ် MCwill လိုင်း ဆိုပါတော့ဗျာ ဒီလောက် ခေတ်ပြိုင်ဈေးပြိုင်စနစ်ဖြစ်နေတဲ့အချိန်မှာ MCwill ငွေဖြည့်ကဒ်ကို တော့ ခက်ခက်ခဲခဲ ၀ယ်ဖို့အတွက် လုပ်ထားခြင်းဟာ ကိုယ့်ဈေးကွက်ကို ကိုယ့်ဝင်ငွေကို Limited လုပ်ထားခြင်းဖြစ်သလို့ သုံးစွဲ သူများအတွက် လဲ MCWill ကို ၀ယ်သုံးပါလို့ အသိမိတ်ဆွေတွေ ကို သတင်းမပေးရဲ့တော့ဘူး ဒါကြောင့် MCwill ရေ မင်းတို့ Service မပြောင်းဘူးဆိုရင်တော့ လပိုင်းနှစ်ပိုင်း အတွင်းမှာတင် မင်းတို့နောက်ကျကျန်ခဲ့တော့မယ် .....

KOSAICOS said...

ကဲ ချစ်လှစွာသော ရွှေညီအစ်ကို တို့ရေ ကျနော်တို့ က မြန်မာနိုင်ငံအတွင်းနေပြီးတော့ ဒီလိုပြောင်းလဲ လာပြီးခေတ်နဲ့ အညီ သုံးခွင့်ပေးတာကိုပဲကျေးဇူးတင်ချင်လှပါပြီ အရာရာက သူတို့လက်ထဲ မှာပဲလေ ဒါကြောင့် ဘယ်လောက်တောင်းတောင်းသုံးချင်ရင်တော့ပေးသုံးမယ် မသုံးချင်ရင်တော့လဲ သူ့ဖာသာ ၆၃၀၀၀၀ မ က လို့ ၆၃၀၀၀၀၀၀ ဖြစ်ဖြစ် ဘာအရေးလဲ

myoaung said...

It's mean cheating .Really worry about our citizen for delay .Very Bad service internet.

လင်းနေခ said...

RedLink ကိုပဲ အပြစ်တင်မနေကြနဲကွ ရတာနာပုံနဲ့ MPT အောက်မှာ ဘယ်လောက် အလုပ်လုပ်ရတာ ခက်လဲ သိကြလိုလား.. အလကား ကြီးပဲ လိုချင်မနေနဲ့ သူများ နိုင်ငံနဲ့ နှိုင်းမနေနဲ့ သူများ နိုင်ငံသားတွေ စည်းကမ်းရှိတယ် မင်းတို ရှိကြလား ..။သူများ နိုင်ငံက ကိုယ်ပိုင် ဂျိုတု ရှိတယ် မြန်မာ ပြည်မှာ ရှိလား.. ရှိလာအောင်လုပ်ပေးတဲ့ အဖွဲ့အစည်းက လဲ ရတာနာပုံနဲ့ MPT အောက်မှာ လုပ်ချင်တိုင်း လုပ်လိုမရဘူုးဆိုတာ မသိကြဘူးလား. ၅ ထောင်တန် ဖုန်း မထွက်လာတာပဲကြည့်. မင်းတိုတွေ Comment ရေးလိုက်ရင် အသားလွတ် ထင်တာစွတ်ပြော နေကြတာ. မင်းတို လုပ်တဲ့ နိုင်ငံရေးဆိုတာ ဒါလားကွ.. သေသေချာချာ ထိထိရောက်ရောက်နဲ့ ဖြစ်လာနိုင်မှာကို စဉ်းစားပြီး ပြောကြစမ်းပါကွ.. မင်းတို အဓိက ပြောရမှာ ရတာနာပုံနဲ့ MPT ဆိုတာ မှတ်ထား... IGW (International Gate Way) ဆိုတာ ပြုတ်သွားအောင် အရင်ကြိုးစားပြီး တောင်းဆိုကြတာပေါ့..။

လင်းနေခ said...

RedLink ကိုပဲ အပြစ်တင်မနေကြနဲကွ ရတာနာပုံနဲ့ MPT အောက်မှာ ဘယ်လောက် အလုပ်လုပ်ရတာ ခက်လဲ သိကြလိုလား.. အလကား ကြီးပဲ လိုချင်မနေနဲ့ သူများ နိုင်ငံနဲ့ နှိုင်းမနေနဲ့ သူများ နိုင်ငံသားတွေ စည်းကမ်းရှိတယ် မင်းတို ရှိကြလား ..။သူများ နိုင်ငံက ကိုယ်ပိုင် ဂျိုတု ရှိတယ် မြန်မာ ပြည်မှာ ရှိလား.. ရှိလာအောင်လုပ်ပေးတဲ့ အဖွဲ့အစည်းက လဲ ရတာနာပုံနဲ့ MPT အောက်မှာ လုပ်ချင်တိုင်း လုပ်လိုမရဘူုးဆိုတာ မသိကြဘူးလား. ၅ ထောင်တန် ဖုန်း မထွက်လာတာပဲကြည့်. မင်းတိုတွေ Comment ရေးလိုက်ရင် အသားလွတ် ထင်တာစွတ်ပြော နေကြတာ. မင်းတို လုပ်တဲ့ နိုင်ငံရေးဆိုတာ ဒါလားကွ.. သေသေချာချာ ထိထိရောက်ရောက်နဲ့ ဖြစ်လာနိုင်မှာကို စဉ်းစားပြီး ပြောကြစမ်းပါကွ.. မင်းတို အဓိက ပြောရမှာ ရတာနာပုံနဲ့ MPT ဆိုတာ မှတ်ထား... IGW (International Gate Way) ဆိုတာ ပြုတ်သွားအောင် အရင်ကြိုးစားပြီး တောင်းဆိုကြတာပေါ့..။

Ar Ga said...

စကာင်္ပူမှာ Internet က 15 Mbps ကို တစ်လ S$46 ( မြန်မာငွေ ၃ သောင်းခွဲ ခန့်) နဲ့ Unlimited သေအောင် သုံးလို့၇တယ် ။ Promotion ၇ှိ၇င် Lap Top / Computer အလကား ပေးသေးတယ် ။ အိမ်တိုင် ၇ာေ၇ာက် လာတပ်ဆင်ပေးပြီး တစ်ပြားမှ ပေးစ၇ာမလိုဘူး ။ေ၇တိုက်၇င်တောင် သောက်မသွားဘူး ။ ကဲ ... WiMaxေ၇ .. မ၀ယ်ဘူးကွာ

MyanmarStar said...

ကို လင်းနေခဆိုတာ သခင်အားရ ကျွန်းပါဝ နေတာလားတော့မသိဘူး..
RedLink ဟာ ရတနာပုံ၊ MPT တို့နဲ့ ဘာမှ မထူးပါဘူး. အရူးက တမူးပိုသာချင်နေသလိုပဲ.. တကယ်ပဲ ရတနာပုံ၊ MPT တို့က RedLink ဘာမှ လုပ်ရအောင် ထိမ်းချုပ်ထားတယ်ဆိုရင်..RedLink လုပ်နိုင်တဲ့ ကနဦးတပ်ဆင်ခတွေ ဘာလို့ လျောမပေးလဲ.. Promotion တုန်းကတောင် ၃၆၀၀၀၀ နဲ့ ရောင်းနိုင်သေတာပဲ.ဒီထက်မက လျောချပေးနိုင်တာပဲ ဘာလို့ မလုပ်လဲ..
ကိုယ်ဝန်ဆောင်မှုနဲ့ ကိုက်ညီနဲ့ လစဉ်ကြေး ဘာလို့ မကောက်လဲ. ၁မက် ၂မက် ၃မက် ဟုတ်ပါပီ.. အဲဒီလောက် မရရင် ဘယ်လိုဖြေရှင်းပေးမလဲ. လျော်ကြေးပေးမှာလား. ဒါမှ မဟုတ်ရင် ကိုယ့်ဝန်ဆောင်မှုနဲ့ အမှန်တကယ်ကိုက်ညီတဲ့နှုန်းထားတွေ ဖြစ်အောင်လုပ်မလား. ပြည်သူအကျိုးကို ကြည့်ရင် လုပ်လို့ရပါတယ်.. ပြီတော့ ဘာမှန်မသိတဲ့ နှစ်စဉ်ကြေး ဒေါ်လာ ၆၀ ဆိုတာ ဘာအတွက်လိုတာလဲ.. ကြိုတင်ငွေပေးစနစ်ကလဲ အဆမတန်ပဲ ဈေးကြီးပါတယ်.
နိုင်ငံတကာမှာ အင်တာနက်ကို သူထက်ငါ ယှဉ်ပြိုင်ပီလုပ်နေချိန်မှာ ဒေတာလစ်မစ်လုပ်ထားကို လုံးဝ ကန့်ကွက်ပါတယ်.. တိုင်ပြည်မှာ အင်တာနက်ဖွံဖြိုးလာရမယ့်အစား မသိနာမလည်တဲ့ ပြည်သူ့တွေနဲ့ မချစ်သော်လဲ အောင့်ကာနမ်းနေရတဲ့ ပြည်သူတွေကို မတရားဂုတ်သွေးစုပ် အမြတ်ကြီးစား။ မြန်မာနိုင်ငံအင်တာနက်ဖွဲ့ဖြိုးရေးမှာ RedLinkဟာ အတားအဆီတခုဖြစ်နေပါတယ်..

Ar Ga said...

လင်းနေခရေ .. စိတ်မစိုးပါနဲ့ကွာ ။ ဈေးနှုန်း အကြောင်းပြောနေတာ နိုင်ငံေ၇း လုပ်တာ မဟုတ်သလို ၊ စည်းကမ်း ၇ှိတာ မ၇ှိတာနဲ့လဲ မဆိုင်ပါဘူး ။ စေတနာနဲ့ပဲ ဆိုင်မယ်ထင်တယ် ။ နိုင်ငံခြားမှာ အခု Comment တွေမှာေ၇းထားတဲ့ အတိုင်း ၇နေတာလဲ အမှန်ပဲလေ။ အိမ်က Internet Line ဆို၇င် Internet အပြင် အိမ်ဖုန်းက Singapore မြို့တွင်း အ၀င်/ အထွက် ကြိုက် သလောက်ခေါ် တစ်ပြားမှ ထပ်ပေးစ၇ာ မလိုဘူး။ နိုင်ငံခြား ခေါ်မှသာ ကျသင့် သလောက် Bill မှာ ပေါင်းပေး၇တာ ။ Internet + Phone အတွက် Unlimited မှ တစ်လ ၃ သောင်းခွဲကျော် လောက်ကျတဲ့အပြင် Contract လက်မှတ်ထိုးတုန်းက Promotion နဲ့တိုးလို့ Lap Top တစ်လုံး အလကား ၇ခဲ့သေးတယ် ။ ကဲ .. မြန်မာ ပြည်မှာ အဲဒီလောက် ဈေးကြီးနေတာ ဘာကြောင့်လဲ .... ????? ပြုပြင်သင့်တာတွေ ပြုပြင်ကြ၇င် မကောင်းဘူးလားဗျာ ....

sean said...

RED LINK.. သိတ်ပြီးချမ်းသာချင်၇င် .. မာဆတ် ခန်း စီးပွားရေးလုပ်ရင်တောင် မဝေဘန်ပါဘူးဗျာ.. လူနဲနဲဘဲ ထိခိုက်မှာမို့ပါ..
ဖုံး နဲ့ အင်တာနက်က လူထုသုံးဗျ (ကမ္ဘာ့ လူထုသုံး) .. လူအမြောက်အများ ဆီက ပိုက်ဆံ ကိုမတရားလိုချင် နေတယ်..
မလေးတို့ စင်္ကာပူတို့ ကို မပြောပါဘူးဗျာ လာအို ကမ္ဘောဒီးယား လောက်တောင် ကောင်းလဲမကောင်းဘဲ မတရားဈေး ကြီးဆုံးလိုချင်နေတယ်..
သတ္တိရှိရင် ဘယ်သူကို ဘယ်လောက် ပေးရတဲ့အတွက် ဈေးကြီးရပါတယ်ဆိုတာ ပြော ..နားလည်ပေးမယ်...

လင်းနေခ said...

MaChit ဆိုတဲ့ နာမည်နဲ့ ၀င်ရေးတဲ့ တစ်ယောက် မင်းဘယ်ကလဲ ဘယ်သူလဲတော့ မသိဘူး မင်းတစ်ခါကလဲ မပိုးချစ် ဆိုတဲ့နာမည် မင်း ပိုစ့် တစ်ခု ကို မင်းရေးခဲ့ဘူးတယ် ငါ Blog Creator ကို ပြန်ဖြုတ် ခိုင်းလို ပြန်ဖြုတ်သွားတာ မင်း နောက်တစ်ခါ စာရေးရင် ကိုယ်ရေးမဲ့ အကြောင်း ကို သေချာ လေ့လာ ပြီးရေး ကွာ ..ပြီးတော့ အင်တာနက်ဂျာနယ် အတွဲ(၁၃)၊အမှတ်(၆)၊ စာမျက်နှာ-၄။
ဆိုတာကို မသိရင် အဲဒီ ဂျာနယ်မှာ ပါသလိုလိုနဲ့ မင်းလုပ်ရေး ထားတာကို ပေါ်တင်ရေးကွ.. ကြောင်တောင်တောင်နဲ့

seazinyaw said...

လင်းနေခ ရေ မင်းက အမှန်ကိုမမြင်နိုင်သေးဘူးဘဲကိုး၊ သခင်အားရကျွန်ပါးဝ လုပ်နေတာလား သခင်ကိုတိုင်လား တော့ မသိဘူး၊ အခု အရင်းရှင်တွေ က နီးစပ်ရာ အာဏာပိုင်တွေ နဲ့ပေါင်ပြီး လုပ်ပိုင်ခွင့်တွေ မျက်နှာချိုသွေးယူပြီး ပြည်သူအပေါ စေတနာမထားဘဲ ရရာဒါးနဲ.၀င်လှီး နေတာတော.သေချာတယ် ဆိုတာ ၀န်ခံလိုက်စမ်ပါ၊ အပိုတွေလျှောက်ပြောမနေစမ်းပါနဲ.

Powered by Blogger.