သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို အသရေဖျက်မှုပုဒ်မဖြင့်
ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးတွင် စတင် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း
သတင်းရရှိသည်။
“သတ္တုတွင်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတွေနဲ့ ဥပဒေအကြံပေးတွေ လွန်ခဲ့တဲ့ အပတ်က တရားရုံးကို ရောက်လာပြီး The Voice ဂျာနယ်ကို အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ ဦးတိုက်လျှောက်တယ်။ ဂျာနယ်ထဲမှာ ရေးထားတဲ့သတင်းကြောင့် ၀န်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကျဆင်းလို့ အသရေဖျက်မှုပုဒ်မနဲ့ တရားစွဲတယ်” ဟု ဒဂုံမြို့နယ်တရားရုံးမှ ဥပဒေ၀န်ထမ်းတဦးက အတည်ပြု ပြောကြားသည်။
၎င်းက ဆက်လက်၍ သတ္တုတွင်းဝန်ကြီးဌာန၏ တရားရုံး ဦးတည်လျှောက်ထားမှုကြောင့် The Voice Weekly ဂျာနယ်၏ ထုတ်ဝေသူ၊ ဂျာနယ်တာဝန်ခံနှင့် သတင်းရေးသားသူ သတင်းထောက်တို့ကို တရားရုံးက ဆင့်ခေါ်ထားပြီး မတ်လ ၂၂ ရက်နေ့တွင် အမှုစတင်စစ်ဆေးမည်ဖြစ်ကြောင်း ပြောသည်။
The Voice Weekly ဂျာနယ်နည်းတူ မော်ဒန်ဂျာနယ်ကလည်း မန္တလေး သပိတ်ကျင်းလမ်း ဆိုးရွားနေသည့်အကြောင်း သတင်းရေးသားမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးအင်ဂျင်နီယာက အသရေဖျက်မှုနှင့် တရားစွဲဆိုထားပြီး ယင်းအမှုကို မန္တလေးခရိုင် တရားရုံးတွင် ယခုလ ၂၃ ရက်နေ့၌ စတင်ကြားနာမည်ဖြစ်သည်။
ပြည်တွင်း သတင်းအသိုင်းအ၀ိုင်းကမူ မော်ဒန်နှင့် The Voice Weekly အပေါ် တရားစွဲဆိုမှုသည် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သည့် လုပ်ရပ်အဖြစ် ဝေဖန်နေကြပြီး အဆိုပါ ဂျာနယ်များဘက်မှ တညီတညွတ်တည်း ရပ်တည်ကြမည်ဟု ပြောဆိုကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ ဂျာနယ်များ တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ သတင်းဂျာနယ်များကို တရားစွဲဆိုခြင်းသည် မီဒီယာကို ကန့်သတ်သည့် လုပ်ရပ်၊ နိုင်ငံတိုးတက်ရေးကို ကန့်သတ်သော လုပ်ရပ်အဖြစ်ရှုမြင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly တွင် “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုသော သတင်း၌ သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအား ဒေါ်လာသန်း ၁၀၀ ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ သို့သော် ဦးပိုင်လီမိတက်က ငွေ ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေခဲ့ကြောင်း စသည်ဖြင့် သတ္တုတွင်းဝန်ကြီးဌာနမှ အလွဲသုံးစားမှုအား ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို ကိုးကားပြီး ထုတ်ဖော်ရေးသားခဲ့သည်။
ယင်းသတင်းဖော်ပြပြီးနောက် သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly တွင် ဖော်ပြသော သတင်းများသည် မှားယွင်းနေပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဟု အစိုးရပိုင် သတင်းစာများမှတဆင့် ထုတ်ပြန်ပြောဆိုခဲ့သည်။
ဧရာဝတီ

The Voice ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာန တရားစွဲပြီ
Reviewed by သစ်ထူးလွင်
on
14:28
Rating:
23 comments:
မီဒီယာတွေလည်းကြည့်လုပ်ကြပေါ့ဗျာ ပြည်သူတွေရဲ့နားတွေမျက်စိတွေက မီဒီယာတွေပါ ပေါက်တတ်ကရတွေတော့လျှောက်မရေးကြနဲ့ပေါ့ မီဒီယာကိုတရားစွဲလို့မရဘူးဆိုတာတော့မဖြစ်သင့်ဘူး..မီဒီယာကသတင်းမှားကြီးလွင့်လိုက်တာကို ကာယကံရှင်က တရားစွဲလို့မရဘူး ငြိမ်နေရမယ်ဆိုတာတော့လုံးဝကိုမဖြစ်သင့်ဘူး......
The Voice ကရေးတဲ့သတင်းကမမှားပါဘူး ...
ွှ့ဒီသတင်းကစာရင်းစစ်ချုပ်ရုံးကတင်ပြတဲ့အစီရင်ခံစာပေါ်မှုတည်
ပြီးရေးတာပါ ... တရားစွဲခြင်းစွဲစာရင်းစစ်ချုပ်ရုံးကိုပဲတရားစွဲရမှာပါ (နိုင်ငံတော်စာရင်းစစ်အဖွဲ.ကစစ်ဆေးတွေ.ရှိချက်ကမှားနေတယ်ဆိုရင်ပေါ့) ... မီဒီယာဆိုတာကတော့သူ.အလုပ်သူလုပ်မှာပဲ ...
မီဒီယာကို တရားစွဲလို့မရဘူးဆိုတာတော့ မဖြစ်သင့်ဘူး ဆိုတာကို လက်ခံပါတယ်... ဒါပေမယ့် အဲဒီမီဒီယာက အမှန်ကိုသိလို့ အရဲစွန့်ပြီး မတင်ပြရင် ... အများပြည်သူအတွက် အကျိုးရှိစေမယ့်.... အုပ်ချုပ်သူအဖွဲ့အစည်း ... အသင်းအဖွဲ့ ... ပါတီ စတဲ့ အများအတွက် ကိုယ်စားပြုတဲ့သူတွေကို မီဒီယာက ရဲရဲဝံ့ဝံ့ ရေးသားဖော်ပြရပါမယ်... အဲဒီလိုမှ မရေးဘူးဆိုလည်း မီဒီယာသမားရဲ့ တာဝန်မကျေဘူးဖြစ်သွားမှာပေါ့...
ဒီတော့........
မီဒီယာသမားများကို ထောက်ခံအားပေးစကားဆိုချင်တာက
သတင်းကို တိတိကျကျစုစည်းပါ.....
အထောက်အထားခိုင်ခိုင်လုံလုံစုဆောင်းထားပါ......
တစ်ဦးချင်းအရေးအထက် အများကို ကိုယ်စားပြုတဲ့ သူတွေ လမ်းမှန်ကို လျှောက်နိုင်အောင်/သူတို့လမ်းကြောင်းကို ထိန်းမတ်နိုင်အောင် ဆောင်ရွက်ပေးကြပါ....
ပြောခံရတဲ့သူ မကျေနပ်လည်း တရားစွဲပေါ့... ဘာဖြစ်လဲ .. ဒါပေမယ့် ကိုယ့်ဘက်က ခိုင်လုံတဲ့ သတင်းရင်းမြစ်ကို ဖန်တီးထားဖို့ပဲလိုတာပါ....
အုပ်ချုပ်သူအစိုးရ ၊ ၀န်ကြီးဌာန ၊ ပြည်သူ့ဝန်ထမ်း စတဲ့သူတွေ မဟုတ်တာလုပ်နေတာကို မှန်ကန်တည့်မတ်မှုမရှိတာကို တရားစွဲခံရမှာကြောက်တာနဲ့တော့ ငြိမ်မနေသင့်ပါဘူး... မှန်တဲ့သတင်းဆိုရင် ပြည်သူ့အတွက်ပဲ ရဲရဲဝံ့ဝံ့ တင်ပြပေးကြပါ ခင်ဗျား...
မီဒီယာသမားဆိုတာကလည်း ပြည်သူကျွေးသော ထမင်းကို စားနေကြသူများဖြစ်သဖြင့် ပြည်သူ့အတွက် တာဝန်ကျေပေးဖို့ ကျနော် အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်ခင်ဗျား.....
ဝန်ကြီးဋ္ဌာန ၏အတွင်းရေးစာရွက်စာတန်းများ ဖုံးကွယ်လိမ်လည်ပြီးမှ တရားစွဲခြင်းဖြစ်ပါသည်၊ တရားရုံးတွင် သက်ဆိုင်ရာ စာရွက်စာတန်းများ စစ်ဆေး ခွင်းလျှောက်ထားရ်ျပြန်လည်ခြေပပါ။
မီဒီယာသမားက အလွဲသုံးစားမှု့ မှာ ကျန်ရှိတဲ့ဝန်ုကီးငှာနတွေကို တရားစွဲဆိုနိုင်မယ့် နည်းလမ်းမျိုးလည်း သိရှိလျှင်လည်း တင်ပြပေးကြပါ..
သတ္ထုတွင်းက ညောင်မြစ်တော့ တူးနေပြီ...။ ပုပ်သင်ဥတွေ ဖုံးနိုင်ပါ့မလား။ အားပေးနေပါတယ် The Voice Journal ။ "သူခိုးက လူ လူ"ဟစ်တဲ့ မြန်မာပြည်မှာ လေဥတွေဘဲ ဥလာတဲ့ အစိုး၇ ဒီတစ်ခါ တကယ် ပြောင်းလဲပါစေဗျာ။
မီဒီယာ တွေကို ပညာပေးချင် တိုက်ခိုက်ချင်နေသော အစိုးရ အမာဂိုဏ်းအဖွဲ့ က အချင်းချင်းပံ့ပိုးပေးနေသည်ဟု ထင်ပါသည် . .လာဒ်ပေးလာဒ်ယူ လုံးဝ(လုံးဝ) မရှိသော ၀န်ကြီးဌာနဟူ၍ လုံးဝ(လုံးဝ) မရှိပါ . . .ဦးစွာ ၀န်ကြီး တစ်ဦးတည်းရဲ့ ဝင်ငွေနှင့် ပိုင်ဆိုင်မှု့ ကို စစ်ဆေးကြည့်ရင်ကို သိသာပါလိမ့်မည် . . အခြားဌာန ဆိုင်ရာ ၀န်ကြီးများလဲ ၀င်ငွေ နှင့် ပိုင်ဆိုင်မှု မျှတရဲ့ လား . . . စိစစ်သင့်ပါသည် . . . ညွှန်မှူး ညွှန်ချုပ် သူ့ အဆင့်နှင့် သူ လာဒ်ယူမှု ဆိုတာရှိတာပဲ . . ဘယ်သူကပဲ မေတ္တာနဲ့ ပေးပေးအကျိုးလိုလို့ ညောင်ရေးသွန်းရင် လာဒ်ထိုးမှု့ သက်ရောက်ပါတယ် . . .
ငတိဆိုတဲ့သူရေ။ဝန်ကြီးဌာနတခုကတရားစွဲလိုက်တယ်ဆိုတာနဲ့၊အစိုးရကမှန်တယ်လို့ယူဆလိုက်သလား။အနှစ်နှစ်အလလ၀ါးချနေတာကို၊လူမိသွားတော့၊အရှက်ပြေအဖတ်ဆယ်တဲ့သဘောနဲ့တရားစွဲပြတာ။မင်းရေးထားတဲ့ပုံကမီဒီယာတွေကပဲအားအားယားယားရှောက်ရေးနေသလို...၊လွတ်လပ်တဲ့တရားစီရင်ရေးစနစ်သာရှိလို့ကတော့၊အဲဒီအစိုးရ၀န်ကြီးဌာနကလူတွေကို၊စွဲလိုက်ရမဲ့အမှုပေါင်းမရေမတွက်နိုင်ဖြစ်သွားမယ်။မြစ်ဆုံကိစ္စရပ်ပြီပြောတယ်၊အထက်ပိုင်းမှာမှိန်းပြီးဆက်လုပ်နေတယ်။သမ္မတကကချင်မှာအပစ်ရပ်ဖို့ပြောတယ်။တပ်ကတိုက်နေတုံး၊ရှမ်းပြည်တောင်ပိုင်းတပ်မတော်နဲ့ငြိမ်းချမ်းရေးစကားပြောတယ်၊ဟော..ဒီနေ့စခန်းတခုကိုသိမ်းတယ်။မင်းပဲယုံ..ငတိရေ။ငါထင်တယ်၊မင်းလဲအဲဒီအုပ်စုထဲကကောင် တကောင်ပဲဖြစ်ရမယ်၊အလံရှူးလုပ်ပြီးဒီမှာဝင်ရေးမနေနဲ့။
The Voice ဘက်က ဘယ်လိုရပ်တည်မယ်...ထောက်ခံမယ်ဆိုတာကို စဉ်းစားပြီးရေးကြ ပြောကြပါ..
ကျွန်တော် အနေနဲ့ The VOICE ကိုထောက်ခံပါတယ်... အားမငယ်ပါ The Voice မင်းနောက်မှာ ဒို့ရှိတယ်...အမှန်တရား အတွက် သိကြားမင်းကြီးစောင့်ရှောက်ပါ
I like the Voice journal...I love the Voice Journal
All we love the Voice weekly Journal..
အခု အချိန်မှာ ဒီအကြောင်းတွေ မရေးသင့်သေးဘူးလို့တော့ ထင်တယ်...
ဘာလို့လဲ ဆိုတော အနာပေါ် ဒုတ်ကျ သွားမယ်လေ...သွားမဆွ နဲ့အုံး...လွှတ်တော် ထဲမှာ အမေ မရောက်သေးဘူး.... သမ္မတ ကြီးကဘယ်လောက် နောက်ကြောင်းကို ပြန်မလည့်ဘူးအော်နေ..အခု အချိန်က ဘာမဆို ဖြစ်သွားနိုင်တယ်...အခုလဲ ကြည့် ငြိမ်းချမ်းရေး လုပ်ထားတဲ့နေရာတွေ ပြန်တိုက်နေတယ် ကြားတယ်..သူတို့တွေ မဲမနိုင်ဘူးဆိုရင် ညစ်ပတ်တော့မယ်...ခုလဲ..ညစ်ချင်နေပြီ..
ဒီတော့ မီဒီယာ များအနေ နဲ့ မဆွနဲ့ မဖွနဲ့ လို့ပြောပြစေ..
အမေစု လွှတ်တော်ထဲ ရောက်မှ တခုခြင်း..ဖော်ဗျာ....အခု စုထား လိုက်ပါအုံး....
အသရေဖျက်မှုဆိုတာက မဟုတ်ဘဲနဲ့ အစွပ်စွဲခံရလို့ ဖြစ်ပေါ်လာတာ...
ပုဒ်မ၅၀၀ သည် လူတဖက်သားထိခိုက်နစ်နာမှုဆိုရာတွင် အကျိုးအကြောင်း
ဆက်စပ်ပြီး စာနှုတ်ကိုယ်တို့ကိုသက်သေခံအထောက်အထားစုံလင်မှသာ..
ပြစ်မှုကြောင်းအရ အပြစ်ပေးလို့ရတယ်လို့ ... မှတ်သားဖူးပါတယ်..
အခုလို ၀န်ကြီးဌာနက The Voice ကိုတရားစွဲဆိုတယ်ဆိုခြင်းသည်...
ကိုယ်ပေါင် ကိုယ်လှန်ထောင်းသလိုဘဲဖြစ်ပါတယ်....
တရားရုံးမှာ ရုပ်သိမ်းတာတို့...အမှုမစွဲဆိုတာတို့ လုပ်မယ်လို့ ထင်တယ်..
အဲဒီတော့ တရားလိုသတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ....
မှားလေခြင်းလို့သာ မီဒီယာကို ကန်တော့ရမှာဖြစ်ပါကြောင်း..
တင်ပြလိုက်ပါတယ်ခင်ဗျား...
ပုတ်လို.ပေါ် ၊ဟုတ်လို.ကျော်....တဲ့ဆင်သေကိုဆိတ်သားရေနဲ.ဖုံးလို.မလုံပါဘူးကွယ်။
ကောင်းတယ်ကွာ ။ ညောင်မြစ်တူး၇င်း ပုပ်သင်ဥပေါ်လာလိမ့်မယ် ။ ဌာနဆိုင်၇ာတွေ ခိုးနေတယ်ဆိုတာ လူတိုင်းသိ ၊ လူတိုင်းမြင်နေတဲ့ကိစ်စ ။ ၀န်ကြီးတော့ ဆောက်၇ှက်ကွဲဖို့သာပြင်..
ကြောက်နေကြပြီ ကြောက်နေကြပြီ သူခိုးကြီးတွေ ဟားဟားဟား မင်းတို့ ရိုးသားပါတယ်ဆိုတာ ကို ချီးစားပြောတာတောင် ချီးကြိုက်လို့ပဲ ဖြစ်ရမယ် ငါတို့ ကတော့ မယုံ ရေးချ မယုံ ဘယ်လိုအကြံအဖန်တွေ လုပ်ပြီးထပ်လိမ်အုံးမလဲ မသိဘူး ယုတ္တိရှိအောင် လိမ်ကြ အမှုမှန် ပေါ်လို့ကတော့ လိမ်လည်မှု ရော ခိုးမှုပါ ပေါင်းပြီး ခံကြပေတော့ မင်းတို့သိထားဖို့က အခုသမ္မတကြီးက နလပိန်းတုံး မဟုတ်ဘူးကွ သေဖို့သာပြင်ထားပေတော့ ကိုယ့်အမှု ကိုယ်တိုင်သလိုတော့ဖြစ်ပြီဟေ့ အားရတယ် အားရတယ်
Good! It will creat conunter balance, so both side cannot do whatever they want without accountability. That is pretty normal at international level, for instance, BBC was sued by government too...
Congratulation media!!! The quality of governance will improve by the media. Wish you make better job to serve the citizens of Myanmar.
တင်ပြတဲ့ သတင်းမှန်ရင် ချက်ခြင်း အက်ရှင်း ယူသင့်ပါတယ်။
တင်ပြတဲ့ သတင်းမှားရင်လည်း မီဒီယာကို တရားစွဲခွင့်ရှိသင့်ပါတယ်။
ဒါပေမယ့် ၀န်ကြီးငှာနတွေ အလွဲသုံးစားလုပ်တာ ဂျာနယ်က မရေးရင်တောင် လူတိုင်းသိပါတယ်။ မြန်မာ့အလင်းသတင်းစာတိုက်က အလွဲသုံးစားမှုကလဲ တကယ်ကိုဖြစ်သွားတာပါ။
The Voice Weekly ကနိုင်ရင် သတ္တုတွင်းဝန်ကြီးဌာနက သူခိုးတွေဖြစ်မယ်
သတ္တုတွင်းဝန်ကြီးဌာနက နိုင်ရင်လဲ စာရင်းစစ်တွေကလူခိမ်ြ ဖစ်ပြီ
tha ko ka lu pyan hit nay pi :)
ကောင်းပါတယ်... သတ္တုတွင်းက အခုလိုတရားစွဲလိုက်တော့ ဖွပြီးသားဖြစ်သွားတာပေါ့.... လွှတ်တော်မှာ အဲဒီကိစ္စ ဒီအတိုင်းပြီးသွားမယ့်ဟာ မပြီးနိုင်တော့ဘူးပေါ့... ၀န်ကြီးဌာနတွေ အကုန်နိုင်င့တော်အဆင့် ခုံရုံးဖွဲ့စစ်ဆေးပြီးတော့ အရေးယူရတော့မှာပါ...
စောင့်ကြည့်ကြပါလေ...ကိုယ့်အမှီးနဲ့ကိုယ်ချည်မိတာပါ..
အသရေဖျက်မှု့နဲ့တရားစွဲမယ် ဆိုတော့ အဲ့ဒီ ဝန်ကြီးဌါန က တကယ် လဒ်မစားလို့လား။အဲ့ဒါဆို နင်တို့ရဲ့ ဝင်ငွေ အမှန်ကိုစစ်ပေါ့။မိရင် တရုတ်ပြည်လို သေဒဏ်ပေးလိုက် ဝန်ကြီးအားလုံးသေဒဏ်ထိမှာ သေချာတယ်။တရားဥပဒေ က လေးစားလောက်တဲ့တရားဥပဒေရှိခဲ့ရင်ပေါ့လေ
web walker မင်းကိုတစ်ခုတော့ပြောလိုက်မယ် မင်းအရမ်းအရမ်းကိုနားလည်နေသလား ငါရေးထားတဲ့ကွန်းမန့်ကိုလည်းသေသေချာချာဖတ်ပြီးတော့မှငါ့ကိုဝေဖန်ဟုတ်ပြီလား
ဒါဟာအခွင့်ကောင်းပါ၊ တရားစွဲတာကို counter အနေနဲ့ အခြားဝန်ကြီးဋ္ဌာန၊ လူပုဂဂိုလ် များရဲ.လဘ်စားမှူများကို သတ်သေခိုင်မာအောင်လုပ်ပြီးmedia မှာဖွင့်ချ၊တရားစွဲလာရင် counter ပြန်နိုင်အောင်လုပ်နိုင်တဲ့ အခွင့်အရေးပါ၊စိတ်မပျက်ကြပါနဲ့ သတ်သေအထောက်အထားခိုင်မာစွာနဲ့media မှာဖွင့်ချရင် သူတို.အရေးမယူဘဲ နှာစေး၊နေလို.မရတော.ပါဘူး၊
အစိုးရဌာနတွေမှာ ၀န်ကြီးကနေ အ၇ာရှိ အဆင့်ထိ ဒီစစ်တပ်ကလူတွေ ပါဝင်နေတာကို မြန်မြန်ရှင်းသင့်ပါတယ်.
သူတို့က စားမယ်.၀ါးမယ် ရေသာခိုမယ်.လာဘ်ပေးလာဘ်ယူလုပ်မယ် အဆင့်ဆင့်ဖားမယ် ဟောက်မယ် အခွင့်ရေးယူမယ်. အရပ်သားပညာရှင်ကို ဖိနှိမ်မယ် .
ဒီလိုတွေ ဆက်ရှိနေသရွေ့ကတော ချစားနေမှာပါဘဲ.
မီဒီယာတွေရဲ့ ဖော်ပြရဲ့တဲ့ လုပ်ရပ်ကို ချီးကျုးပါတယ်.
Post a Comment