ဦးအောင်သောင်းပေးထားသည့် ကတိအတိုင်းမလုပ်သေးဟု SSPP/SSA ဝေဖန်

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် SSPP/SSA နှင့် မြန်မာအစိုးရတို့ တောင်ကြီးမြို့၌ ပဏာမအဆင့် ရောပြည်ထောင်စု အဆင့်ပါ သဘောတူညီချက်လက်မှတ်ရေးထိုးစဉ် ဦးအောင်သောင်း က ‘လက်မှတ် ရေးထိုးပြီး ၅ ရက်ထက်မလွန် စေဘဲ တပ်များ ရုပ်သိမ်းပေးမည်ဟု’ ပြောဆိုမှုအပေါ် ယနေ့တိုင် လက်တွေ့မလုပ်ရသေး ကြောင်း ပြောပါသည်။
“တောင်ကြီးမှာ ကျနော်တို့ သဘာတူလက်မှတ်ရေးထိုးတာ မပြုလုပ်ခင်  ဦးအောင်သောင်းက ပြောတယ်။ အပစ်ရပ်တာ သဘောတူ လက်မှတ်ထိုးပြီးလို့ ၅ ရက်ထက်မလွန်စေဘဲ ခင်ဗျားတို့နယ်မြေထဲ တိုးချဲ့ အခြေချ၊ လှုပ်ရှားနေတဲ့ အစိုးရစစ်တပ်တွေ ရုပ်သိမ်းပေး ပါ့မယ်လို့ပြောတယ်။ ဒါပေမယ့် အခုချိန်ထိ ကတိအတိုင်းမလုပ် သေးဘူး ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေ ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက် နှင့် မြောက်ဘက် တလွှားရှိ နမ့်ပုတ်း တပ်စခန်း၊ နမ့်ကိုင်ဖိတ်၊ လွယ်ကုံ၊ လွယ်ကျိုင်း တပ်စခန်းတို့၌ တပ်မရုပ်သိမ်းသည့်အပြင် စစ်အင်အား၊ တပ်စခန်း တိုးချဲ့ မှုများပင် လုပ်ဆောင်နေကြောင်း၊ ထို့အပြင် ကျေးသီး - မိုင်းရှူး လမ်းပေါ် ရှိ ပန်ဝိုး တွင်လည်းကောင်း၊ မိုင်းနောင်၊ မိုင်းရှူးဘက်တွင် လည်း ကောင်း အစိုးရတပ်များ ရှိနေသေးကြောင်း ပြောပါသည်။

“အရင်က မိုင်းရယ်မြို့နယ် နမ့်ပုတ်းတပ်စခန်းမှာ တခွဲလောက်ပဲ ရှိတယ်။ အခုက တပ်ရင်းတရင်းမက ချထားတယ်။ ပန်ဝိုးဘက် မှာ ကောဘဲ။  အချက်အခြာမကျတဲ့ တပ်စခန်းတချို့တော့ ရုပ်ပါတယ်။ ကျနော်တို့ကို အစိုးရတပ် က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ နောက်ပိုင်း မန္တလေး - လားရှိုးကားလမ်းမြောက်ဘက်ခြမ်း တပ်မဟာသုံးခုလောက်ရောက်လာတယ်။ သီပေါ ၊ ကျောက်မဲ အပြင် မိုးမိတ်၊ နမ့်ခမ်း ၊ မူစယ် ၊ကွတ်ခိုင်ဘက် လည်းရောက်တယ်။  ရောက်တဲ့အရပ်ဒေသမှာ နေထိုင်ဖို့ ကျနော်တို့ သဘောတူထားတဲ့ ကိစ္စဘဲလေ၊ ဒါပေမယ့်အပစ်ရပ်တဲ့နောက်ပိုင်း အဲဒီဘက်မှာလဲ တိုက်ပွဲ ၃ ကြိမ်လောက်ဖြစ်ပွားသေးတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

နှစ်ဘက်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသအတွင်းနေထိုင်သည့် လူထု ၃ သောင်းခွဲကျော် သည် နေရပ်မှ အသီးသီးစွန့်ခွာ ခဲ့ သည်။ အထက်တန်းကျောင်း နှစ်ခု မူလ နှင့် အလယ်တန်း ကျောင်းပေါင်း ၁၃ ခုကလည်း ၂၀၁၁-၁၂ ပညာသင်နှစ် လုံးဝ ရပ်နားခဲ့ရ သည်။ ယခု နှစ်ဘက်အပစ်ရပ်ပြီး ဒေသအတွင်းအခြေအနေ ကောင်းလာပြီဟု ဆိုသော်ငြားလည်း ဒေသခံလူထု တဝက်ခန့်သာ မိမိနေရပ် ပြန်လည်ရောက်ရှိနေထိုင်ခဲ့သည်။ နယ်စပ်ဘက်တိမ်းရှောင်သူများ နေရပ်သို့ ပြန်လည်အခြေချခြင်းလုံးဝ မရှိသေးပေ။

“ဖေဖေါ် ဝါရီ ၇ ရက် သျှမ်းအမျိုးသားနေ့က ကျနော်တို့ လူထုကို ဖိတ်ခေါ်ပြီး အပစ်ရပ်ရတဲ့အခြေအနေကို ပြောပြတယ်။ ရှင်းပြ တယ်။ လူထု သုံးထောင်ကျော်တက်ရောက်တယ်။ စစ်ကြောင့်ထွက်ပြေးတဲ့လူထုတွေ အခုပြန်လာနေတာ ထက်ဝက်လောက်ဘဲ ရှိသေးတယ်။ တရုတ်ဘက်၊ ထိုင်းနယ်စပ်ဘက် ရောက်ရှိတဲ့သူတွေက ဝေးတာကြောင့်ရယ် ခရီးစရိတ်ကြီးတာကြောင့်ရယ်  ပြန်မလာနိုင်ကြဘူး” - ဟု ဆက်၍ ပြောပါသည်။

၂၀၀၈ နောင်းပိုင်းမှစ၍ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းရန် စစ်အုပ်စုမှ ဖိအားပေးပြီးနောက် ပိုင်း သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ နှစ်ခြမ်းကွဲသွားခဲ့သည်။ ဉက္ကဌ ဗိုလ်ချုပ် လွယ်မောဝ်း နှင့် ဗိုလ်ချုပ်ကိုင်ဖှ ဦးဆောင်သော တပ်မဟာ ၃၊ တပ်မဟာ ၇ နှင့် ဆိုင်ကျော့ဌာနချုပ် တပ်မဟာတို့ပြည်သူ့စစ် အသွင်ပြောင်းသွား၏။ ဝမ့်ဟိုင်းအခြေစိုက် ဗိုလ်ချုပ်ပန်ဖှဦးဆောင်သည့် တပ်မဟာသစ်မှာ SSPP/SSA အမည်ဆက်လက်ခံယူကာ အသွင်ပြောင်းရန်ငြင်းဆန်ခဲ့သောကြောင့် အစိုးရတပ်မှ ၂၀၁၁ မတ်ခ်ျ ၁၃ မှစ၍ ၎င်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ၆ လကျော်ကြာ နှစ်ဘက်တိုက်ခိုက်ကြပြီး ယခုနှစ် ဂျန္နဝါရီ ၂၈ ၌ ပြန်လည်အပစ် ရပ် ခဲ့သည်။
သျှမ်းသံတော်ဆင့်
ဦးအောင်သောင်းပေးထားသည့် ကတိအတိုင်းမလုပ်သေးဟု SSPP/SSA ဝေဖန် ဦးအောင်သောင်းပေးထားသည့် ကတိအတိုင်းမလုပ်သေးဟု SSPP/SSA ဝေဖန် Reviewed by သစ်ထူးလွင် on 00:45 Rating: 5

8 comments:

Show said...

ဦးအောင်းသောင်းရဲ့စကားများယုံနေသေးတယ်
ဒီလူက ကလိမ်ပဲဟာ ကျောက်ဆည်သားလေ
အမေစုကိုပြောတာများ ရစရာမရှိဘူး အံ့ရော
သူတို့ပဲတော် သူတို့ပဲတတ် တဲ့လူတွေလေ
ဘာမှစောက်ဆင့်မရှိပဲနဲ့ ရုပ်ကိုကြည့်ပါလား

supergunner said...

အဲဒီသေခါနီးလူကြီးက..စစ်တပ်ကိုဘယ်လောက်သြဇာအာဏာရှိသေးလို့ လဲ
သူခိုးတွေမှန်းသိလို့ ..ဘယ်သူမှသြဇာအာဏာမရှိဘူး..စက်မှုဝန်ကြီးဌာန
အဲသူခိုးဌာနတွေပဲ..သူခိုးအချင်းချင်းမို့ နည်းနည်းကြောက်ရင်ကြောက်မှပေါ့
ဗိုလ်မှုးစိုင်းလရ...လာရင်သတ်ပလိုက်..

Anonymous said...

အောင်တောင်း စကားကို ယုံမိရင်တော့ မှားပြီပေါ့ . . . သူ့ ပါးစပ်ကထွက်တဲ့စကားက သူပါတဲ့  မစင် နဲ့ တစ်ခါထဲ ပါသွားတာ မသိဘူးထင်တယ် . . . ကတိ တစ်လုံးရဲ့ တန်ဖိုးကို သူတို့ လို လူမျိုးတွေ ဘယ်သိမလဲ လွယ်လွယ်ပေး လွယ်လွယ်ဖျက် . ဒါဟာ ပညာမဲ့ တွေ ရဲ့ လုပ်ရပ်ပါ . . .နောင်ကို သူနဲ့ ဆက်ဆံမဲ့ သူတွေ သတိ ထားဖို့ ပါ . . .

saisai66 said...

ဟုတ်ပါ့။ ထောက်ခံတယ်

amtkhunlay said...

ပြည်တွင်းစစ် ဆိုတာ ပြည်သူတွေပဲ နစ်နာပါတယ်။
မလိုလားအပ်ဘဲ စစ်အင်အားတွေ အလွန်အကျွံသုံးတော့ စစ်အသုံးစရိတ်တွေကုန်ပါတယ်။ ဒါတွေဟာ ပြည်သူ့ဘဏ္ဍာတွေပါ။
အဲဒီတိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူ သုံးသောင်းကျော် စစ်ဒဏ်သင့်ပါတယ်။
အထက်တန်းကျောင်း ၂ကျောင်း၊ အလယ်တန်း နဲ့ မူလတန်း ပေါင်း ၁၃ ကျောင်း တစ်နှစ်ပိတ်ခဲ့ရပါတယ်။ အဲဒီပြည်သူတွေ မွေးရပ်မြေကို စွန့်ခွါနေရပါတယ်။ မကြားဝံ့ မနာသာတဲ့ ဖြစ်ရပ်တွေပါ။ ဒီလို ပညာမဲ့ မိုက်မဲမှုတွေ အဆုံးသတ်နိုင်ကြပါစေဗျာ။

အမြင်သစ် said...

ကိုသစ်ထူးလွင်ရေ ဖြစ်နိုင်ရင်ဒီကောင့်သတင်းတွေတင်ရင်
ဒီကောင့်ကို ဦးထည့်ထည့်မရေးနဲ့ဗျာ.ကျက်သရေယုတ်လို့
(အောင်သောင်းလို့ရေးရင် ရပီ) ကျော်ဆန်းတို့ တင့်ဆန်းတို့လည်း
ဒီလိုဘဲ ဦးထည့်ထည့် ဖတ်ရတာ ပါးစပ် ကျက်သရေယုတ်တယ်။

seazinyaw said...

ခင်ဗျားတို.မို.လို.သူ.စကားယုံတယ်၊ သူကစောက်ကျင့်မကောင်းတဲ့သူယုတ်မာ အတ်တသမားမို. ဒီမှာ သူ.ကိုဘယ်သူမှ မသုံးကြတော.ဘူး၊ပြည်သူအပေါ် ၁၀ပြား ဘိုးလုပ်ပြီးသူ.အတွက်၁၀၀၀ ဘိုးလောက် ယူတဲ့ နွားကြီး

saw 00 said...

ကိုစိုင်း တို့ေ၇ လူတယောက်ရဲ့ စကားကို ယုံမယ်ဆိုရင် အဲဒီလူရဲ့ ဥပဓိ ရုပ်ကို သေသေချာချာ ကြည့်ပါ ၊ ရုပ်ရှင်ထဲက ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်လိုရုပ် မျိုး ရှိတဲ့ သူရဲ့ စကား ကဘယ်လိုလုပ် ပြီး အမှန်လို့ ယူဆလို့ ရမလဲ ၊မလိမ့်တပတ် ကောင်တွေ ။

Powered by Blogger.