ချင်းမိုင်(မဇ္စျိမ) ။ ။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်
မဲဆန္ဒနယ်မြေအတွက် ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ
တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က ပြိုင်ဘက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အား ပုတ်ခတ်ပြောဆိုခဲ့ကြောင်း NLD
ပါတီက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပြား၊ ကျုံရွာ၊ စက်ထိန်း၊ ဆုံကုန်း စသည့် ကျေးရွာများ၌ ဦးအောင်သောင်း စည်းရုံးဟောပြောစဉ်အတွင်း NLD ပါတီမှ အမတ်လောင်းများ ပုတ်ခတ် ပြောဆိုခဲ့ကြောင်း ကျောက်ပန်းတောင်း မြို့နယ် NLD အောင်နိုင်ရေးအဖွဲ့တာဝန်ခံ ဦးအေးခိုင် က ပြောသည်။
“‘ကျုပ်တို့ပါတီက ထောင်ထွက်တွေ မဟုတ်ဘူး။ ကျနော်တို့က ကျောင်းဆောက်ပေးမယ်’ တဲ့။ ‘ပြိုင်ဘက်လူက
ထောင်ထွက်၊ ထောင်ထွက်တွေကို မဲပေးမှာလား၊ မဲပေးစရာ မလိုဘူး။ ဒီမြို့နယ် သားလည်း မဟုတ်ဘူး။ သူ ဘာမှ ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး’လို့ပြောတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ဦးအောင်သောင်း သည် သောကြာနေ့တွင်လည်း ပုပ္ပါးကျေးရွာတွင် စည်းရုံး ဟောပြောနေသည်ဟု သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်နှင့် NLD ပါတီမှ ဒေါက်တာဇော်မြင့်မောင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
NLD မှ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ အရွေးချယ်ခံ အမတ်တဦး ဖြစ်ပြီး ထိုနှစ်ထဲတွင်ပင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်တွင်းမှနေ၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများကို တင်ပြခဲ့သဖြင့် ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရကာ ၂ဝ၁၁ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ် ဝက်လွတ်ချဉ် ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက မဲဆွယ်
ဟောပြောစဉ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပုတ်ခတ်ထားသည့် မေးခွန်းပေါင်း ၂၁ ခု မေးမြန်းထားသည့်စာပါ CD ခွေကို ဖွင့်ပြခဲ့သဖြင့် မြို့နယ် ကော်မရှင်ထံ ကြာသာပတေးနေ့တွင် တိုင်ကြား ခဲ့သည့်ဟု ဆိုသည်။
“ကျနော်တို့ ဝက်သချဉ်ကျေးရွာမှာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးက အဲဒီခွေကို ဖွင့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချနေတယ်။ အဲဒါ ကော်မရှင်ကို အရေးယူပေးဖို့ တိုင် ထားပါတယ်၊ အထက်ကို တင်ပြမယ်လို့ ပြောတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးတာဝန်ခံ ဦးအေးခိုင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD က မြို့နယ်၊ ခရိုင်၊ တိုင်းကော်မရှင်ထံလည်း ၎င်း CD ခွေနှင့်အတူ တိုင်ကြားထားပြီး မြို့နယ်ကော်မရှင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပေးသွားမည်ဟု ဆိုသည်။
ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆ သန်းကျော်ရှိပြီး မဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းများကို မတ်လ ၂၄ ရက်နေ့နောက်ဆုံးထား ပြင်ဆင်လိုက်ပြီး ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ကျောက်ပန်းတောင်းတွင် ကြံ့ခိုင်ရေးပါတီက ဦးအောင်သောင်း NLD အား ပုတ်ခတ် မဲဆွယ်
Reviewed by သစ်ထူးလွင်
on
19:24
Rating:
28 comments:
ကျွန်တော်တို့ပါတီက ထောင်ထွက်တွေမဟုတ်ဘူး ... ပြည်သူပိုင်ဘဏ်ဏာငွေ နဲ့ ပစ္စည်းတွေကို ကျွန်တော့်မိသားစုအသိုင်းဝိုင်းအတွက် ခိုးယူပြီး ဖြုန်းနေတဲ့ ပါတီအဖွဲ့စည်းသာဖြစ်တယ်...
သူခိုးက လူလူဟစ်နေပါလားကွ
အဲလို ပုတ်ခတ်တာတော့ မကောင်းပါဘူး.. လူကြီးလုပ်ပြီးတော့... သိက္ခာရှိရှိ ပြောသင့်ပါတယ်...
ထောင်ကျကြတယ်ဆိုတာလည်း နိုင်ငံရေးနဲ့ ကျခဲ့ကြပါတယ်ဗျာ.. ယုံကြည်ချက်ကြောင့် ကျခဲ့ကြတာ.. ခိုးဆိုးလုယက်လို့ ကျခဲ့တာမှ မဟုတ်တာ..
သိပ်တော့ မပြောချင်တော့ဘူး..
ကိုအောင်သောင်းကြီးကလည်း ကလေးကလား တအား ပြောတာနော် ခင်ဗျားရဲ့ ဝန်ထမ်းတွေကိုလည်း သေချာမေးကြည့်ပါဦးနော်။
ခင်ဗျားကြီးကို မဲပေးချင်ကြရဲ့လားဆိုတာ ကြားရတာတော့ ခင်ဗျားကြီးကို
တော်တော် မုန်းနေတယ်ကြားတယ်နော် ခင်ဗျားသိလား။
ကျွန်တော် တို့  ထောင်ထွက်တွေ မဟုတ်ဘူး
ထောင်ထဲ ၀င်မယ့်သူတွေပါ လို့  ပြောရမှာ
အောင်သောင်း မင်းအဲ့လိုပြောလိုက်တာနဲ့ဘာအဆင့်ဆိုတာ သိတယ် မင်းတို့အာဏာရူးတွေလုပ်လို့ သူတို့ အကျဉ်းခံရတာကွ မင်းအရည်းချင်းရှိတယ်ဆိုရင် အေးအေးဆေးဆေးပြိုင်ပေါ့ ... မင်းတို့ကလုပ်ပေးမှာပေါ့ စီမံပကိန်းတခုလုပ်ရင် မင်းတို့ တွေခိုးလို့ရတယ်လေ စေတနာပါတာမှတ်လို့..........
အမလေးဦးအောင်တောင်းရယ် ခင်ဗျားတို့ပြည်သူတွေအပေါ် နိုင်ငံတော်အပေါ်မှာဖောက်ပြန်ခဲ့တဲ့အမှုတွေသာဖော်ထုတ်ခဲ့မယ်ဆိုရင် ထောင်ထွက်အဆင့်မဟုတ်ဘူး ထောင်ထဲကနေပြန်ထွက်လာစရာတောင်လမ်းမမြင်ပါဘူးဗျာ ကိုယ့်ရဲ့စာရိတ္တမာန်တိုင်ကဘယ်လိုအဆင့်အတန်းလဲဆိုကိုသေသေချာချာပြန်ပြီးစီစစ်ကြည့်ပါအုံးဦးအောင်တောင်းကြီးရယ်
မျက်နှာမြင်၇တာကိုက ကျက်သရေကိုမရှိဘူး.....။
နောက်ထပ်ပြောချင်စိတ်မရှိတော့ဘူး......။
စိတ်ပျက်ဖို့ကောင်းလိုက်တာ....
ဘယ်လိုလူတွေ ဒီလို အဖွဲ့ကို ထောက်ခံ နေသလဲ သိချင်စမ်းပါဘိ....
“ကုန်အောင်တောင်း” ပြောတာမှန်တာပဲ ဟာကို၊
ဒေါက်တာဇော်မြင့်မောင်ကထောင်ထွက်(ယုံကြည်ချက်ကြောင့်)
“ကုန်အောင်တောင်း” က ထောင်ဝင်(ပုဒ်မ ၆/၁ ခိုးမှု)
ပြီးတော့ ထောင်ထဲမှာသေ၊ ငရဲကြီး ၆ ထပ်ကျ၊
သူငရဲကလွတ်တော့၊ ငရဲဆိုတာမရှိတော့ဘူး၊
သူခိုးလို့ ကုန်ရော။
အဲဒီလူတွေ ဘာ့ကြောင့်ထောင်ကျခဲ့ရတာလဲဆိုတာ ပြည်သူတစ်ရပ်လုံးသိတယ်။ ခိုး ဆိုး လုယက်လို့ ကျခဲ့တာမဟုတ်ဘူး။ မတရားတဲ့အစိုးရနဲ့ သဘောထားခြင်းမတူလို့၊ အကျင့်စရိုက်ခြင်းမတူလို့ ခံခဲ့ရတာ။ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရင်း ပေးဆပ်ခဲ့ရတာ။ အစိုးရက သူနဲ့ အကျင့်တူ၊ စရိုက်တူ လူတွေကိုတော့ ဘယ်ထိပါ့မလဲ။ မြှောက်စားချင်နေမှာပေါ့။
အင်း အောင်းတောင်းရေ မင်းတို့ကထောင်ထွက်မဟုတ်ဘူး.......
ဒီတစ်ခါပြီးရင်တော့ ထောင်ထဲကိုရောက်မှာမဟုတ်ဘူး
လမ်းပေါ်မှာ ကဒါဖီလိုမျိုး ခွေးသေ ၀က်သေ သေရမှာ
ကဒါဖီထက်ဆိုးမယ်နော် ......ထောင်ထွက်တော့ဖြစ်မှာမဟုတ်တော့ဘူး
ပြည်သူတွေက ထောင်ထဲကို ရောက်ဖို့အချိန်မပေးနိုင်တော့ဘူးလေ
တံတွေးတွေ နှပ်တွေနဲ့ ပြည်သူမေတ္တာ ခံယူဖို့ အသင့်ပြင်ထားအောင်တောင်းသူခိုးရေ
ကျုပ်တို့ကထောင်ထွက်တွေမဟုတ်ဘူး...
နိုင်ငံတော်ဘဏ္ဌာကို ခိုးနေတဲ့သူးခိုးတွေ...လို့ပြောလိုက်ပါလား
ဦးအောင်သောင်းရယ် ...
မရှက်ဘူးလား
အားနွဲ့တဲ့မိန်းမရဲ့ စိတ်ဓါတ်က စိန်ထက်မာတယ် မင်းတို့ကို ဘယ်တုန်းကပုတ်ခတ်လို့လဲ
မင်းတို့က စိန်လောက်မပြောနဲ့ မီးသွေးခဲထက်တောင် ပျော့ညံ့သေးတယ်
ဟား ဟား ဟား ငတ်အောင်တောင်း မင်းတော့ သေခါနီးနေပြီ
မှန်လိုက်တာ မန်းလေးသားနဲ့ ကိုအောင်စိုးဦးရယ် အရှက်မရှိ သူမို့လို့ ဒီလိုပြောရဲတယ် အသက်အရွယ်ကိုမှ အားမနာ အာဏာရူး ရူးလိုက်ပုံက ကျောင်းဆောက်ပေးမှာ ဘယ်သူ့ငွေနဲ့လဲ ပြည်ခိုင်ဖြိုးပါတီရန်ပုံငွေနဲ့လား၊ အဲဒီရန်ပုံငွေတွေကရော ဘယ်ကရထားတာလဲ။ ငါတို့ပြည်သူပိုင်ပစ္စည်းတွေကို နင်တို့အာဏာရတုံးက လုပ်ချင်သလို လုပ်ပြီး ရခဲ့တာမဟုတ်ဘူးလား။
သတ္တိရှိရင် စာရင်းစစ် အစစ်ခံလိုက်လေ။
ကြံ့ဖွိ့ကအခုထိတော့ထောင်ထွက်တွေမဟုတ်သေးဘူး။ ထောင်ထဲမှာနှစ်တစ်ထောင်နေသင့်တဲ့သူတွေ။
အောင်သောင်း..ဘယ်သူ.ပိုက်ဆံနဲ.ကျောင်းဆောက်ပေးမှာလဲလို.မေးပါရစေ။ဘယ်ကရတဲ့ပိုက်ဆံနဲ.လဲ။
အောင်သောင်း နံမည်နဲ့ နိမိတ်တွင်သွားအောင် မင်းကို ကဒါဖီးအောင်သောင်း လို့ ပြောင်းပေးလိုက်မယ်
ထောင်ထွက်တော့မဟုတ်
ချောင်ကပ်ပြီးအမှောင်ဘက်ပို့မဲ့
သကောင်ကြက်။(လိပ်ကကိုယ့်ဘက်ပဲကိုယ်ယက်တာ၊ကြက်ကတော့
ယက်ယုံတင်မကဘူးကောက်ပါစားတတ်တယ်)
သက်တော်ရှည်အမတ်ကြီးအောင်တောင်း
အမှန်တရားကိုချစ်တဲ့ပြည်သူတွေကို ရုပ်ဝတ္တုနဲ့ဆွဲဆောင်လို့မဘူး၊
ပြည်သူတွေရဲအဖ္ဖတ္တမှာ အမှန်တရားဘက်ကလိုက်ဖို့အဆင်သင့်ဘဲ၊
ယုံကြည်ချက်ကြောင့်အကျဉ်းကျတာ၊ ပြည်သူတွေလွပ်လပ်မှုအကျဉ်း မကျအောင်လို့ ပေးဆပ်လိုက်ရတာ။
စက်မှု(၁)တစ်ခုလုံးပြုတ်ပြုတ်ပြုန်းရတာ၊ အရှုံးပေါ်အကြွေးတင်ရတာဒင်းကြောင့်။
မရှက်ဘူးလား။ လိပ်ပြာသန့်ရဲ့လား။ သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်စမ်းပါ။
အောင်တောင်းရယ် ရှက်မိပါတယ်ကွာ၊ မင်းတို့ရဲ့ အသက်ကြီးပြီး အချိန်မစီးတဲ့ စကားတွေ။ မင်းဆောက်ပေးမဲ့ ငွေတွေက ဘယ်သူ့ငွေတွေလဲ၊ မရှက်ကြဘူးလား။
သက်တော်ရှည်အမတ်ကြီးအောင်တောင်း
အမှန်တရားကိုချစ်တဲ့ပြည်သူတွေကို ရုပ်ဝတ္တုနဲ့ဆွဲဆောင်လို့မဘူး၊
ပြည်သူတွေရဲအဖ္ဖတ္တမှာ အမှန်တရားဘက်ကလိုက်ဖို့အဆင်သင့်ဘဲ၊
ယုံကြည်ချက်ကြောင့်အကျဉ်းကျတာ၊ ပြည်သူတွေလွပ်လပ်မှုအကျဉ်း မကျအောင်လို့ ပေးဆပ်လိုက်ရတာ။
စက်မှု(၁)တစ်ခုလုံးပြုတ်ပြုတ်ပြုန်းရတာ၊ အရှုံးပေါ်အကြွေးတင်ရတာဒင်းကြောင့်။
မရှက်ဘူးလား။ လိပ်ပြာသန့်ရဲ့လား။ သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်စမ်းပါ။
အော်!"အောင်သောင်း"မင်းကအဲဒီလိုပြောတာလား၊မင်းကိုငါပြောပြမယ်၊အခုငါတို့မြန်မာနိုင်ငံကိုလက်ရှိအုပ်ချုပ်နေတာကခေါင်းမပါတဲ့လူတွေအုပ်ချုပ်နေတာ၊စဉ်းစားဥာဏ်မရှိတဲ့လူတွေအုပ်ချုပ်နေတာ၊မြန်မာနိုင်ငံရဲ့ဥပဒေကအမှန်တရားလုပ်ဆောင်တဲ့လူတွေဆိုရင်ထောင်ထဲကိုသွင်းတယ်၊အမေစုဆိုရင်စည်းရုံးရေးဆင်းတာမည်သူကိုမှမထိခိုက်စေပဲဟောပြောတာကွ၊အမေစုပြောတာတွေကလည်းငါတို့အတွက်ပညာရစေတယ်၊အမေစုကစာတတ်တယ်၊ပြီးတော့တီဗီမှာမဲဆွယ်တဲ့စကားပြောကြားရာမှာလည်းမင်းအဖေတွေလိုစာရွက်ကြီးတစ်ကားကားနဲ့ကြည့်ကြည့်ပြောတာမဟုတ်ဘူး၊အလွတ်ပြောတာ၊အမှားလုံးဝမပါဘူး၊တရစပ်ပြောကြားသွားတာ၊မင်းအဖေတွေကစာရွက်ကြည့်ပြောတာတောင်ထစ်ငေါ့ထစ်ငေါ့နဲ့၊ငါဆိုရင်မင်းအဖေတွေတီဗီကနေမဲဆွယ်တာတွေကိုကြည့်ရင်းနဲ့ရယ်ရလွန်းလို့သေးတောင်ထွက်ကြတယ်၊လုံးဝပညာမတတ်တဲ့ကောင်တွေ
ပဲလေ၊တစ်ယောက်ယောက်ကရေးပေးတဲ့စာရွက်ကိုယူလာပြီးတော့ဖတ်ပြနေတာတော်တော်ကိုအရှက်တရားနဲ့ကင်းမဲ့တဲ့လူနဲ့တူနေတယ်လေ၊အခုကောင်းတာတွေလုပ်နေတဲ့NLDကလူတွေထောင်ကျတာကိုမင်းကပြောပြီးပြီဆိုတော့
မင်းထောင်ကျတာကိုပဲစောင့်ကြည့်နေမယ်နော်၊မင်းဘာအမှုနဲ့ထောင်ကျမယ်
လို့ငါဗေဒင်ဟောပေးလိုက်မယ်၊အမျိုးသမီးသန့်စင်ခန်းထဲက(ထမိန်)ခိုးမှု့နဲ့
မင်းထောင်ကျမယ်လို့ငါအာရုံထဲမှာမြင်နေတယ်၊မင်းဘယ်နေ့ထောင်ကျမယ်ဆိုတာပြောလိုက်အုံးမယ်၊ဧပြီလ(၁)ရက်နေ့ပဲ၊စောင့်စားတော်မူပေတော့...
ကျုပ်တို့ ပါတီက ထောင်ထွက်တွေမဟုတ်ဘူး။ သူခိုးအကြီးစားတွေ၊ ဓါးမြတွေ၊ လူရုပ်မာတွေ၊ ဘုန်းကြီးတွေကိုသတ်တဲ့လူတွေ၊ တစ်ဘဝစာကောင်းစားဖို့ အတွက် ဘဝဆက်တိုင်းတိုင်း ငရဲကြီး ငရဲငယ်တွေနဲ့ လဲနေတဲ့ ရာသက်ပန်ငရဲသားပါတီတွေ။ ခင်ဗျားတို့ မဲမပေးလည်း ကျုပ်တို့ ပါတီနာမည်က မဲနေပြီးသား။
ကန်ရေသောက်၊ မြက်ခြောက်စား (တောင်သာသား) အောင်သောင်း
အရည်အချင်းမရှိ၊ အဖား အကပ်ကောင်းလို့
ဝန်ကြီးနေရာ ရခဲ့ဖူးတာ
ဝန်ကြီးဌာနမှာလည်း လက်သင့်ရာ စားတော်ခေါ်
အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေကို ချောင်ထိုး
အဖား အကပ်ကောင်းတဲ့လူ ရာထူးတက်
မင်းလက်ထက်က လုပ်ခဲ့တဲ့ စီမံကိန်းတွေ၊ စက်ရုံတွေ
ရှုံးလား မြတ်လား ပြန်စမ်းစစ်ကြည့်အုံး
တပ်ထဲမှာလည်း အထက်ဖား အောက်ဖိလုပ်ခဲ့သလို
ဘာအရည်အချင်းမှ မရှိတာ ကိုယ့်ဖာသာကိုယ်သိအုံး
ထောင်ထွက်တွေက မင်းထက်အရည်အချင်းရှိတယ်
မင်းကောင်းစားစဉ်က မင်းရဲ့အပါးတော်မြဲ ပြောပြထားလို့
မင်းဘာကြိုက်တယ်ဆိုတာကအစသိတယ်။
ကိုယ့်အသက်ကိုယ်ပြန်ကြည့် မင်းသေရင် မင်းနောက်ကိုလိုက်မှာက မင်းရဲ့မကောင်းမှု အကုသိုလ်တွေပဲနော်
ဒီအမှု ကို ကြည့်ရင် တို့ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာ အစိုးရနဲ့ တရားသူကြီးရဲ့ လက်ထဲမှာပဲ ရှိတယ် . . Fair & Square ဖြစ်မဖြစ်ဆိုတာ မိထက် အမှုက သက်သေပြလိုက်ပါပြီ . . . သူက မင်းသမီး ပိုက်ဆံရှိတော့ တရားသူကြီးကို လဒ်ထိုးပြီပေါ့ . . . ဒေါ်ထွေးထွေး ဘယ်လောက်ရလိုက်သလဲ . . . ဒါကြောင့် မိထက်က ၂ ပဲ ၆ ပြားလောက်ရတဲ့ ပိုက်ဆံလေးနဲ့ ငါ့ကို ယှဉ်နိုင်မယ်ထင်လားလို့  . . သတင်းထောက် ကောင်မလေးကို ပြောခဲ့တယ်ဆိုပဲ
ပြည်သူကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူ့ ကိုယ်စားလှယ် မီဒီယာတွေကို စောကားတဲ့ မိန်းမ . .
အကွတ်မရှိတဲ့ကြမ်း ပရမ်းပတာ ဖြစ်နေတဲ့ မိန်းမ . .
လောကကြီးမှာ ငွေရှိတိုင်း ထင်ရာစိုင်းနေတဲ့မိန်းမ . .
နင်ကံလဲကျလို့ ခေတ်လဲ ကုန်ပါပြီ မိထက်ရယ် . .
မိထက် နင်တော့ ဒီလောကမှာ ရှက်တတ်ရင် လဲသေလို့ ရပြီ . . . ဒီအမေ က မွေးတဲ့ သမီး ဘယ်လိုလာအုံးမလဲ မသိ . . သူ့ သမီးအနာဂတ် ရင်လေးတယ် . . . မိဘက တန်ဖိုးရှိအောင်နေမှ သားသမီးရဲ့  အနာဂတ်ဘ၀လဲ လူရာဝင်မှာပေါ့
လောကမှာ ငွေရှိတိုင်း လူရာမ၀င်ဘူးဆိုတာ မကြာခင်သိလာလိမ့်မယ် . .
မြန်မာပြည်ရဲ.အမတ်တွေကလည်း ယဉ်ကျေးလိုက်ကျတာဗျာ..ဘာတဲ့ .ပြီးခဲ့တစ်ပါတ်က..အမတ်တစ်ယောက်က..ဘုန်းကြီးရူးနဲ.လှေလူး..ခုဦးအောင်သောင်းက ထောင်ထွက်တဲ့.ကြမ်းတမ်းပါပေတယ်..နောက်တဲ့မဲ့မျိုးစေ့တွေကို နမူနာ သင်ပေးနေတာ..
NLD အပါအ၀င် နိုင်ငံရေးအသိအမြင်ကြွယ်ဝသော ပါတီမှ ပါတီဝင်များကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ထဲထည့်တာကိုက သူတို့တွေ လွပ်လွပ်လပ်လပ်
လုပ်ချင်ရာ လုပ်ရအောင်လို့ပါ။ငါ့မြင်း ငါစိုင်းပြီးပြီဘဲဗျာ။အသက်တွေလဲကြီး လှပါပီ။နိုင်ငံတော်၊ ငါ့အတွက် ဆိုပြီး လုပ်ချင်နေတုံးလားဗျာ။ ရှက်တတ်ကျပါအုံး။
Post a Comment