NLD
အတွက် မကွေးတိုင်းမှာ မဲဆွယ်ဟောပြောနေတဲ့ သရုပ်ဆောင် ရဲထိုက် (ဓါတ်ပုံ-
အဂ္ဂမဟာ
ဒီမိုဖက်တီး Facebook )
|
မကွေးတိုင်းမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အောင်နိုင်ရေးစည်းရုံးရေးခရီးစဉ်အဖြစ် NLDမှ ဦးမောင်မောင်ဦး
ခေါင်းဆောင်ပြီး NLDပါတီဝင်ရုပ်ရှင်သရုပ်ဆောင်မင်းသားရဲတိုက် နဲ့ အဖွဲ့ ဝင်
၁၁ ဦး ပခုက္ကူခရိုင်မှာ
မတ်လ ၂၀ ရက်နေ့ ကစတင်ကာ စည်းရုံးရေးဆင်းနေကြောင်းသိရပါတယ်။
အဆိုပါခရီးစဉ်မှာ
ပခုက္ကူ ၊ မြစ်ခြေ၊ မြိုင် နှင့် ရေစကြိုမြို့ နယ်တွေကို သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများ
ကလှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။
မြိုင်မြို
့နယ်ခရီးစဉ်မှာ ဗဟင်းကျေးရွာက ရွာလုံးကျွတ်ထွက်ကြိုတာတွေ့ ရကြောင်း ဒေသခံများက
Myamar
News Now ကိုပြောပါတယ်။
ရေစကြိုသို့ ရုပ်ရှင်မင်းသား ရဲတိုက် လာပြီး စည်းရုံးရေးဆင်းပြီ
၂၂.၃.၁၂ နေ့နံနက် ၉နာရီတွင် ပခုက္ကူမှထွက်လာခဲ့သော ရုပ်ရှင်မင်းသာ
ရဲတိုက်သည် ရေစကြိုသို့ ၁၀နာရီခွဲခန့်တွင်ရောက်ရှိခဲ့ပြီး
အဖွဲ့ချုပ်ရုံးရှေ့တွင် စည်းရုံးရေးတရားများကိုဟောပြောပေးခဲ့ပါသည်။
မင်းသားရဲတိုက်သည်
စူပါကပ်စတန်ကားပေါ်မှ မတ်တပ်ရပ်လျှက်လိုက်ပါခဲ့ပြီး အဖွဲ့ချုပ်အလံကို ကိုင်ဆောင်ကာ
လမ်းတလျှောက်တွင် စောင့်ကြိုနေကြသော လူထုပရိတ်သပ်ကြီးအား လက်ဝှေ့ရမ်းပြကာ နှုတ်ဆက်လာခဲ့သည်။ပခန်းကြိး၊
တမာတန်း၊ ရေစကြိုဈေး၊ အမှတ်တစ်ထင်းတန်းရပ်ကွက် စသည်ဖြင့် လှည့်လည်ကာ အဖွဲ့ချုပ်ရုံးသို့
ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
နေ့လည်စာ
စားပြီးသော် မင်းသားရဲတိုက်သည် မြို့နယ်အနောက်ပိုင်းရှိ ကုက္ကိုစု၊ ရွာထောင်၊ ကျက်ဆူကျင်း၊
မြေဖြူကျင်း၊ဖူလုံ၊ စသည့်ကျေးရွာများသို့ဆက်လက်ထွက်ခွာကာ ကားပေါ်မှပင် အောင်နိုင်ရေးတရားများကို
ဟောပြောပေးခဲ့သည်ဟုသိရသည်။
ACj(NYS)
NLD အတွက် မကွေးတိုင်းမှာ မဲဆွယ်ဟောပြောနေတဲ့ သရုပ်ဆောင် ရဲထိုက်
Reviewed by သစ်ထူးလွင်
on
19:36
Rating:
26 comments:
ကိုရဲတိုက် ... ဂုဏ်ယူပါတယ် ........
လေးစားပါတယ် ညီလေး
ရဲတိုက်ဆိုတဲ့ကောင်က ဘယ်ကနေဘယ်လို NLD ပါတီဝင်သွားပြီး..ဘာနားလည်လို့ မဲဆွယ်နေရတာလဲ..NLD ကလက်ခံတာပဲလား..
၇ဲတိုက်ရဲ့လုပ်ဆောင်ချက်တွေအားလုံးဟာ
လေးစားအတုယူဖို့ကောင်းပါတယ်
ကိုရဲတိုက်ရဲ့သတ္တိရှိတဲ့လုပ်ဆောင်ချက်၊ စေ့ဆော်မှုများ ကြောင့် လောကပါလတရား နဲ့ ဗြဟ္မစိုရ်တရားတွေ ဖြည့်ဆည်းပေးမည့် ဒီမိုကရေစနစ်ကို တည်ဆောက်နိုင်ပါစေ၊
မင်းထက်တော့နားလည်မယ်ထင်တာဘဲကွ .. င (soo) ရ
၇ဲတိုက်ေ၇း မင်း လိုလူမျိုး တို့တိုင်းပြည်မှာ၈၀%လောက် ရှိရင် ဒို့တိုင်းပြည် ၁၀နှစ်အတွင်း အရှေ့တောင်အာရှမှာ အဆင့်၎လောက် ရ လိမ့်မယ်ကွ ကြိုးစားထား ဒီမိုကရေဆီေ၇း
soo ..မင်းတောင်ရဲတိုက်လိုသတ္တိရှိရှိမလုပ်နိုင်ပဲနဲ့ မဝေဖန်ပါနဲ့..ငါတောင် ငါမလုပ်နိုင်နဲ့အရာကို ရဲတိုက်လို လူငယ်တွေကလုပ်နေလို့ ဂုဏ်ယူနေတာပါ..မင်းဂုဏ်ယူလိုက်ပါ သယ်ရင်းရာ...
ညီလေးရဲတိုက်ရေ မြိုင်မြို့နယ်ထဲကလက်ယက်မရွာကိုရော ရောက်အောင်မသွားတော့ဘူးလား အဲဒီရွာဘက်ကလဲအမေစုလာမယ်ဆိုပြီးမျှော်နေကြတယ်လို့ကြားတယ်။ညီလေးအဆင်ပြေရင်တော့ အဲဒီရွာဘက်ကိုရောက်အောင်သွားစေချင်ပါတယ်။ နီးနေပြီမို့ပါ။
အဲဒီလိုသူများကောင်းရာကောင်းကျိုးလုပ်တာကို အားမပေးပဲ ပေါက်ကရလိုက်ပြောတဲ့ ကောင်တွေ တွေ့ ရင်ပါးရိုက်ချင်တယ်(soo)ဆိုတဲ့ခွေမသားမင်းသတိထား..
ညီလေး ရဲတိုက် ရေ အကိုတို့ ကညီလေး ကိုဂုဏ်ယူပါတယ်ကွာ....
အခြားသော အနုပညာရှင်တွေလဲ ညီလေး ရဲတိုက်လို သတ္တိရှိရှိ နဲ့  မဲဆွယ်ပေး ကျမယ်ဆိုရင် အကိုတို့  တစ်တိုင်းပြည်လုံး လိုချင်နေတဲ့  (စစ်မှန်တဲ့  ဒီမိုကရေစီ ဆိုတာ အနီးလေးမှာ ရှိပါတယ်...)
ရဲတိုက်က မျိုးဆက်သစ် အနုပညာရှင်ထဲမှာ အင်န်အယ်ဒီပါတီဝင်ဖို့ အစောဆုံး တရားဝင် လျှောက်ထားခဲ့သူပါ။ ဒီလို သူ့ခံယူချက်အပေါ် ပြတ်သားရဲတဲ့ လူကို ပါတီအစွဲကင်းစွာ လေးစားရမယ့်အစား soo ဆိုတဲ့လူ ဘာတွေဖြစ်နေတာလဲ။
ညီလေး ရဲတိုက် ရေ ညီလေး ကို အကိုတို့ က ဂုဏ်ယူပါတယ်...
အခြားသော အနုပညာရှင်တွေလည်း ညီလေး ရဲတိုက် လို သတ္တိ ရှိရှိ နဲ့ မဲဆွယ် ပေးကျမယ်ဆိုရင်...အကို တို့  တစ်တိုင်းပြည်လုံး လိုချင်နေတဲ့  စစ်မှန်တဲ့  ဒီမိုကရေစီ ဆိုတာ...အနီးလေးမှာ ရှိပါတယ်....
soo မင်းငါနဲ့ယှဉ်မလား ငါ့နာမည်အောင်နက်
ဟားဟား အပြောခံရတာ နည်းတောင် နည်းသေးတယ် soo ရေ
ဟဲ့ ခွေးsoo အဲဒီလို လူတော်လူကောင်းတွေကိုဟောင်ခဲ့ လို့  ခွေး ဖြစ်နေတာကိုမမှတ်သေးဘူး။
အခုထိဟောင်တုန်း.........
နိုင်ငံရေးဆိုတာ မွေးကတည်းက ဘယ်သူမှ နားမလည်ပါဘူး အရွယ်ရောက်လာလို့နားလည်အောင်ကျိုးစားတဲ့သူတွေသာ နားလည်ပါလိမ့်မယ်
အခုမင်းသားရဲတိုက်ကနားလည်အောင်ကျိုးစားပြီး လက်တွေ့လုပ်ဆောင်နေတာတွေကိုအသိမှတ်ပြုရပါတယ် သူများက နားလည်သလောက်လုပ်တာကို လည်းအသိအမှတ်မပြုကိုယ်တိုင်လဲ နားလည်အောင်မကျိုးစား ၀င်လုပ်တဲ့သူကိုလဲအကောင်းအမမြင် အဲလိုစိတ်ထားကို စွန့်လွတ်ရမဲ့အချိန်တန်ပါပြီ မင်းသားရဲတိုက်ကိုတော့ ပြည်သူက ကြိုဆိုတယ်အားပေးတယ် လွင်မိုးတို့လုပ်ခဲ့တော့ ပြည်သူက အကောင်းမမြင်ဘူး အဲဒါဘာကြောင့်လဲဆိုတာကိုတော့ လက်ရှိအမြင်က အဖြေပေးနေပါပြီ
ရဲတိုက်ရေ …..
အခြေအနေတခုခုသာ တိမ်းစောင်းသွားရင် Risk အရမ်းများတယ်ဆိုတာသိလျက်နဲ့
လူတိုင်းမလုပ်နိုင်တဲ့၊ မလုပ်ရဲတဲ့ အလုပ်ကို လုပ်လို့လေးစားပါတယ်။ ဒီထက် အများအကျိုးသယ်ပိုးနိုင်ပါစေ လို့ဆုတောင်းပေးပါတယ်။
လူမှုရေးကို စိတ်ဝင်စားသူတိုင်းဟာ နိုင်ငံရေးကိုလည်း အလိုလို ဝါသနာပါလာကြပါတယ်။ လူအများ ဒုက္ခရောက်နေတာ၊ အခက်အခဲတွေ့နေတာကို ဘယ်လို ကူညီ ဖြေရှင်းရမလဲဆိုတာ စဉ်းစားရင်းဝ ကူညီဖြေရှင်းရင်းနဲ့ လမ်းစရှာတွေ့ပြီး နိုင်ငံရေးကို အလိုလို လုပ်ဖြစ်သွားပါတယ်။ Soo နားလည်နိုင်ပါစေ။
မဆဲမဆိုပဲနဲ့ မှတ်ချက်ပေးနိုင်ကြပါစေ။
soo ဆိုတဲ့ကောင် မင်းကရော ဘာနားလည်လို့ ၀င်ဝေဖန်တာလဲ၊ နားမလည်ရင်လည်း ပါးစပ်ပိတ်ပြီး တိတ်တိတ်နေ၊ အပြောမတော်ရင် ချီးစိမ်းအံလိမ့်မယ်
ဂုဏ်ယူပါတယ်...လေးစားတယ်ဗျာ...
အရမ်းကိုလေးစားဂုဏ်ယူပါတယ် ကိုရဲတိုက်..။
ချစ်တဲ့ပရိသာတ်က ဒီ့ထက်ပိုအားပေးနေမှာပါ။
အောင်မြင်မှုတွေလည်းအဆမတန်ရှိလာမှာပါ..။
soo ဆိုတဲ့ကောင်ကတော့ ချီးစိမ်းပန်းဦးမယ်။
မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့ ။
ဟေ့ကောင် င{SOO}{...... မင်းထမိန်ဝတ်လာပြီးမှ ဒ်ီစကားကိုပြောကွ။
ကိုရဲတိုက်ကတော့သမိုင်းမော်ကွန်းမှာကောင်းသောမှတ်တမ်းဝင်သွားပါပြီ။ပြည်သူတွေကိုကယ်တင်ပေးပါကိုရဲတိုက်၊
သူ့ယုံကြည်ချက်နဲ့သူပေါ့လေ...
ံHe is a CASTLE of brick wall.defending for democracy in Burma.Cheers Ye Deight.
Post a Comment