မင်္ဂလာတောင်ညွန့်မြို့နယ် NLD ဈေးရောင်းပွဲ

မင်္ဂလာတောင်ညွန့်မြို့နယ် NLDက ရွေးကောက်ပွဲအောင်နိုင်ရေး
ရံပုံငွေဈေးရောင်းပွဲတော်ကို 22-3-2012နဲ့
23-3-2012နေ့တွေမှာ ကျင်းပခဲ့ပါတယ်။ ဈေးဆိုင်ခန်းတွေနဲ့
ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ကိုချစ်ကြသူတွေက အောင်နိုင်ရေးရံပုံငွေတွေ
ထည့်လှူကြပါတယ်။ အမှတ်တရပစ္စည်းတွေလည်း ရောင်းမလောက်ပါပဲ။ 

လူကြီးလူငယ်သံဃာတွေပါမကျန် အားပေးကြတာပါ။ 

24-3-2012မှာလည်းအောင်နိုင်ရေးအလှပြယာဉ်ကို 91လမ်းထိပ်
 အောင်နိုင်ရေးရုံးခန်းရှေ့ကနေ မနက် 9 နာရီမှာ စထွက်ပြီး 
မင်္ဂလာတောင်ညွန့်မြို့နယ်အနှံ့ လှည့်မယ်လို့ သိရပါတယ်။
 Myanmar News Now
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ဈေးရောင်းပွဲ မင်္ဂလာတောင်ညွန့်မြို့နယ် NLD ဈေးရောင်းပွဲ Reviewed by သစ်ထူးလွင် on 21:48 Rating: 5

3 comments:

AungpaingOo said...

NLD ဆို ပြည်သူလူထုက ဒီလို ကြိုဆိုရမယ်လေ အားပေးရမယ်လေ ကြံဖွတ်
တို့များ ကြိုဆိုမဲ့လူမပြောနဲ့စည်းရုံးတာတောင်တစ်အိမ်တက်ဆင်း လိုက်စည်း
ရုံးရတယ် *_^

myanmar news now said...

ho? very good idea

The Burma Wildlife Ranger said...

သူများတွေက တစ်အိမ်တက် တစ်အိမ်ဆင်းဆိုပါလား...
လွယ်လွယ်နဲ့တော့ အင်း မလုပ်လိုက်နဲ့နော်...
တသက်လုံး တင်းခံလာခဲ့တာ...လုံးဝ အားမနာကြနဲ့နော်...
ကျုပ်တို့လူမျိုးက အားနာတတ်လွန်းလို့...စိတ်ပူမိတယ်...
ဒီတစ်ခေါက်က ကျုပ်တို့ အာဏာသုံးခွင့်ရတဲ့နေ့နော်...
သူတို့ (ပြောင်းဖူးပြုတ်တဲ့ သူတွေ)ကို မဲထည့်လိုက်ရင်...အချိန်မရွေး နောက်ပြန်ကွေ့သွားမှာ...
ဗိုလ်ချုပ်အောင်ဆန်းက ကျုပ်တို့ကို လွတ်လပ်ရေးရအောင် လုပ်ပေးသွားတာ...ကျုပ်တို့က ဗိုလ်ချုပ်သမီးကို အသက်နဲ့လဲပြီး ကါကွယ်ရမယ်...စောင့်ရှောက်ရမယ်...NLD ပါတီသာလျှင် ကျုပ်တို့တိုင်းပြည်ရဲ့ထွက်ပေါက်...
လောကပါလတရား ထွန်းကါးဖို့ NLDကို အားပေးကြစို့...
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အောင်မြင်ဖို့... NLD ကို ၀န်းရံကြစို့...

Powered by Blogger.