ထူးကြီး NLD ရုံးဖွင့်ပွဲ

နာယကကြီးဦးတင်ဦး ဧရာဝတီတိုင်း ခရီးစဉ်အတွင်း အိမ်မဲမြို့ မှာဟောပြောနေစဉ် (ဓါတ်ပုံ-ဘားမားဗီဂျေ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကကြီး ဦးတင်ဦး နှင့် ဧရာဝတီတိုင်း NLD မဲအောင်နိုင်ရေးအဖွဲ့ဝင်များသည်၂၄.၃.၂၀၁၂ ရက်နေ့တွင် အင်္ဂပူမြို့နယ် ထူးကြီးမြို့၏
 ရုံခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲသို့ ကြွရောက်ချီးမြှင့်ခဲ့ပါသည်။

အင်္ဂပူမြို့နယ် NLD ပါတီဝင်များနှင့် ထောက်ခံအားပေးသူများသည် ဦးတင်ဦးနှင့်အဖွဲ့ကို 

ပုသိမ်-မုံရွာ အဝေးပြေးကားလမ်းမတစ်နေရာ အင်္ဂပူ-လေးမျက်နှာ နယ်စပ်တွင်
 သွားရောက်ကြိုဆိုခဲ့ကြပါသည်။

နေ့လည်ပိုင်းတွင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့တွင် NLD အားပေးသူများ၏ တောင်းဆို

ချက်အရ ၄၅ မိနစ်ခန့် နုတ်ဆက်စကားပြောကြားပြီး ထူးကြီးမြို့သို့ ဆက်လက်
ထွက်ခွာခဲ့ကြသည်။

နာယကကြီးဦးတင်ဦးအား မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ NLD ပါတီဝင်

ကားတန်းများက မဲဇလီကုန်းမြို့မှ ဆီးကြိုနေခဲ့ကြပြန်ရာ
မော်တော်ဆိုင်ကယ် အစီးတစ်ရာခန့် မော်တော်ကား အစီးနှစ်ဆယ်ခန့်ဖြင့် 

ထူးကြီးမြို့သို့ဆက်လက်ထွက်ခွာလာခဲ့ကြပါသည်။

ထူးကြီးမြို့အဝင်ဝတွင် တိုက်တိုက်ဆိုင်ဆိုင် မြန်အောင်မြို့မှပြန်လာသော

 ကြံ့ခိုင်ရေးပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ဦးဌေးဦး၏မော်တော်ယာဉ်
 လေးစီးပါယာဉ်တန်းနှင့် ဆုံတွေ့ဖြစ်ခဲ့ပါသေးသည်။

ညနေငါးနာရီတွင် ထူးကြီးမြို့သို့ နာယကကြီးဦးတင်ဦး ရောက်ရှိလာရာ 

လူထုပရိတ်သတ် ခန့်မှန်း ငါးထောင်လောက်ကကြိုဆိုနေခဲ့ကြပါသည်။

နာယကကြီးဦးတင်ဦးသည် ပါတီရုံးခန်းဖွင့်လှစ်ပေးပြီးနောက် မြန်အောင်မြို့နယ် 

အင်ပင်မြို့လေးသို့ ဆက်လက်ထွက်ခွာသွားပါသည်။

ထူးကြီးမြို့သည် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်၏ မွေးရပ် အမာခံနယ်မြေလဲဖြစ်ပါသည်။


ထူးကြီး NLD မှ သတင်းပေးပို့ ပါသည်။
Myanmar News Now
ထူးကြီး NLD ရုံးဖွင့်ပွဲ ထူးကြီး NLD ရုံးဖွင့်ပွဲ Reviewed by သစ်ထူးလွင် on 08:01 Rating: 5

5 comments:

supergunner said...

သစ်သူခိုးသိန်းအောင်က၀န်ကြီးချုပ်တွေဖြစ်လို့ ပါလား

lwinyanhtet said...

ကျေးဇူးတင်ပါသည် သတင်းတွေလျင်မြန်စွာဖတ်ရပါသည်

LAMIN KO KO said...

ဟုတ်ပါတယ်....၀န်ကြီး ဦးသိန်းအောင်ဟာ ထူးကြီးသား စစ်စစ်ပါ..ဒါပေမဲ့ သူ့ကြောင့် ထူးကြီးမှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးပါ... တချို့၇ွာတွေမှာ မီးခုအချိန်အတိ မရကြပါ...ထူးကြီးက လူများက NLD ပဲ မဲပေးကြမှာပါ..ဘာမှ ကြံ့ဖွတ်ကို ကြောက်စရာမလို့ ပါ...ဒါကြောင့် ကြံ့ဖွတ် ၀န်ကြီး အရှက်ကွဲမှာ အသေအချာပါ...

LAMIN KO KO said...

ထူးကြီးမှာ သူ့ကြောင့် ထူးထူးခြားခြားပြောင်းလဲမှု မရှိပါ..မီးတောင် မရသေးတဲ့ ရွာတွေ အများကြီးပါ.. NLD ပဲ မဲရမှာ အသေအချာပါ..ကြံ့ဖွတ် လူကြီး အရှက်ကွဲမှာ...

LAMIN KO KO said...

ဦးသိန်းအောင် မွေးရပ်မြေလဲ ကြောက်စရာမလို့ပါ... အမေစု NLD ပဲ မဲနိုင်မှာ..

Powered by Blogger.