မြောင်းမြတွင်လည်း မဲစာရင်းများ မှားယွင်းနေဟု NLD ပြော

ချင်းမိုင် (မဇ္ဈိမ) ။      ။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ခရိုင်ကော်မရှင်မှ ထုတ်ပြန်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွင် မှားယွင်းမှု ဖြစ်ပေါ်နေသည်ဟု မြောင်းမြမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းရွှေ က မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် မပြည့်သေး၍ မဲပေးပိုင်ခွင့်စာရင်းတွင် မပါဝင်ခဲ့သော်လည်း ၂ဝ၁၂ ခုနှစ် တွင် အသက်ပြည့်ပြီးသူများ မဲပေးပိုင်ခွင့် စာရင်းတွင် မပါခြင်း၊ မှတ်ပုံတင် အမှတ်များ မှားယွင်းခြင်း၊ မိဘအမည်များ မှားယွင်းခြင်း၊ မဲဆန္ဒနယ်အတွင်း နေထိုင်ခြင်းမရှိသည့် လူအမည်များ ပါဝင်နေခြင်းတို့မှာ လူ ၁ဝဝ တွင် ၂၅ ယောက် ခန့် ဖြစ်ပေါ်နေသည်ဟုလည်း NLD ရပ်/ကျေးအဖွဲ့ဝင်များ၏ စာရင်းပေးပို့ချက်ကို ကိုးကား၍ ဦးဝင်းရွှေက ခန့်မှန်း
ပြောဆိုသည်။

"ရွာတိုင်း ဖြစ်နေတာပါခင်ဗျာ။ မလွတ်ပါဘူး။ မြို့ပေါ်မှာလည်း ဖြစ်နေပါတယ်။ တရပ်ကွက်မှ မလွတ်ပါဘူးခင်ဗျာ။ ကျနော့်ဆီကို နေ့စဉ်နေ့စဉ် ရပ်ကွက်တွေ ရွာတွေက စာရင်းတွေ တက်လာနေတာ အဲဒီကိစ္စတွေ တက်လာနေပါတယ်။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်လို့ အထိတွေ့ရဆုံးပါပဲ" ဟု ပြောသည်။

မြောင်းမြမြို့ပေါ်တွင် မဲပေးနိုင်သည့် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိပြီး မြို့နယ်တွင်း ကျေးရွာအုပ်စုပေါင်း ၁၁၄ အုပ်စုမှ ရွာပေါင်း ၆ဝဝ ခန့်တွင် ထိုအခြေအနေမျိုး ဖြစ်ပေါ်နေသည်ဟု ဦးဝင်းရွှေက ဆိုခြင်းဖြစ်သည်။

"မဲစာရင်းမှာ သေပြီးသားလူတွေ ပါတယ်။ ရှင်တဲ့လူတွေ မပါဘူး။ မြောင်းမြမြို့က ဦးစံပြုံးဆိုတဲ့ မိသားစုမှာ လွန် ခဲ့တဲ့ ၇ နှစ်လောက်က ဆုံးသွားတဲ့ ဦးစံပြုံး ပါပြီးတော့ သက်ရှိထင်ရှားရှိနေတဲ့ သူ့သမီးတယောက် မပါဘူး။ အဲဒီလိုမျိုးတွေ ဗျာ တမြို့နယ်လုံး ဖြစ်နေတယ်" ဟု ဦးဝင်းရွှေက ပြောသည်။

မဲဆန္ဒရှင်များ၏ စာရင်းများကို NLD လူငယ်များက လက်ရေးဖြင့် ကူးယူ၍ စစ်ဆေးနိုင်ရန် ကြိုးပမ်းမှုကိုလည်း တနင်္လာနေ့က မြောင်းမြမြို့ အမှတ် ၈ ရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌမှ တားမြစ်ခဲ့သည်ဟုလည်း သိရသည်။

မှားယွင်းမှုများနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ စာရေးသား တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲ
ကော်မရှင်မှ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများအတိုင်း ဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့သည်ဟု သိရသည်။

နည်းဥပဒေအရ သတ်မှတ်ပုံစံစာရွက်များတွင် ဖြည့်စွက်ကာ ကော်မရှင်သို့ တင်ပြတောင်းဆိုနိုင်သည်ဟု ပါရှိသည်။

မြောင်းမြမဲဆန္ဒနယ်တွင် NLD ပါတီမှ မန်းဂျော်နီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ဖြိုးကိုကို တင့်ဆန်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးအောင်မျိုးလှိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

NLD ၏ အဓိက ပြိုင်ဘက်ဟု အများက ယူဆသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။ ဖေဖေါ်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ စည်းရုံးရေး ခရီးစဉ် များအတွင်း ဘောလုံးကွင်း အသုံးပြုမှုကို ဦးတင့်ဆန်း က ပိတ်ပင်ခဲ့ဖူးသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း ကြံ့ခိုင်ရေးပါတီမှ ဦးတင့်ဆန်း အနိုင်ရကာ ပြည်ထောင်စု ဝန်ကြီး ဖြစ်လာခဲ့သည်။

မြောင်းမြမဲဆန္ဒနယ်တွင် ဖြစ်ပေါ်နေသည့် အထက်ပါဖြစ်ရပ်မျိုး ဖျာပုံ မဲဆန္ဒနယ်တွင်လည်း ဖြစ်ပေါ်နေသည်။ မဲဆန္ဒရှင်များ စာရင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲကာလအတွင်းက ကောက်ယူထားသည့် စာရင်းများတိုင်း ယခု ထပ်မံ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဖျာပုံ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက မဇ္ဈိမကို ပြောသည်။

ဦးသိန်းဆွေက အဆိုးရွားဆုံး ဖြစ်ရပ်အဖြစ် မဲဆန္ဒရှင် ၇ဝဝ ခန့်ရှိမည့် ဖျာပုံမြို့ အမှတ် ၁၆ ရပ်ကွက်တွင် မှတ်ပုံတင်နံပါတ် ၁၄/ဖပန (နိုင်) ၁၄၄၂၆၇ တခုတည်း ကို လူ ၂၆ ယောက် ဖြစ်နေသည့် ဖြစ်ရပ်ကို ညွှန်းဆို၍ မဇ္ဈိမနှင့် အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။

မြောင်းမြတွင်လည်း မဲစာရင်းများ မှားယွင်းနေဟု NLD ပြော မြောင်းမြတွင်လည်း မဲစာရင်းများ မှားယွင်းနေဟု NLD ပြော Reviewed by သစ်ထူးလွင် on 19:31 Rating: 5

16 comments:

sabai said...

တော်တော် ရီရတယ်နော် သေတဲ့သူနာမည် ကပါပြီး ရှင်တဲ့ သူနာမည်ကမပါဘူး ၊ ဒီလို လိမ်နေတာတွေကလည်းရိုးနေပါပြီလေ မဆန်းတော့ပါဘူး

ဘုတလင်သားလေး said...

သန့်ရှင်းပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် EU ကလဲစီးပွားရေးပိတ်ဆို့မှုကိုရုပ်သိမ်းပေးမယ်လို့ကြေငြာထားတယ် နောက်ပြီး နိုင်ငံတကာကလဲ အကူညီတွေအများကြီးပေးဦးမယ် ဒါဆို ဒို့မြန်မာနိုင်ငံပြည်သူတွေ နိုင်ငံတကာအလယ်မှာခေါင်းငုံနေစရာမလိုတော့ဘူး...အင်း ဒါပေမဲ့ ခုလို ညစ်ပတ်တဲ့နည်းတွေသုံးနေရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးပေါ့...တွက်ကြည့်လိုက်တော့ ကြံ့ဖွတ် ကိုတစ်ခုပဲမေးစရာရှိတယ် ပြည်သူတွေကို ချစ်တာလား တိုင်းပြည့်ရဲ့ သယံဇာတ တွေကို ချစ်တာလားလို့....ပြည်သူတွေကို ချစ်တာဆိုရင်တော့....အောက်တန်းကျတဲ့စိတ်ဓါတ်တွေကိုရပ်တန်းကရပ်ပါတော့....ကျနော်တို့နိုင်ငံသားတွေ နိုင်ငံတကာမှာ ကျွန်ခံနေရတဲ့ဘ၀တွေလွတ်မြောက်ပါစေတော့ဗျာ.....

lynnyaungsin said...

that's how they cheat the vote! only in Myanmar, 26 peoples share same ic number:) amazing! proud to be Myanmar, yeah!

kokomg said...

ဗျောင်လိမ်ဗျောင်စား ဖွတ်များလို့အမည်တပ်ရင်ကောင်းမယ်။

yenai said...

ရွေးကောက်ပွဲမတိုင်ခင်ကြိုတင်ပြီး ဒီမတရားမှုတွေ (တခြားဒေသတွေအားလုံး)ကိုနိုင်ငံတကာသိအောင် မီဒီယာ တွေက အမြန်ကြိုးစားပေးကြပါ..ဂင်းနစ်စံချိန်ဝင် ကလိမ်အကျဆုံး နိုင်ငံ ဖြစ်နေပြီလား.....

Show said...

ဇာတ်လမ်းကတော့စပြီ လိမ်တော့မယ်
အရမ်းစိတ်ပျက်ဖို့ကောင်းတယ်ဗျာ
ရှူံးမှာတော်တော်ကြောက်နေလား
ဒါဆိုလဲဘာလို့ဝင်ပြိုင်နေလဲဗျာ
ဝန်ကြီးသားဆိုတော့နိုင်မယ်လို့ယူဆလို့လားမသိဘူး
သူတို့သားအဖနာမည်တော်တော်ကြီးလာပြီနော်
မကောင်းတဲ့နေရာမှာ
မင်းတို့နိုင်အောင်လုပ်နော် ရှုံးလို့ကတော့သေပြီသာမှတ်

datha said...

ကိုသစ်ရေ
ခုနေရာရပြီး လူကြီးတွေလေ
မဲရုံကော်မရှင်အဖွဲ့တွေ၊ ဗိုလ်ချုပ်တွေ။ ၀န်ကြီးတွေနဲ့ သမ္မတကအစ
အားလုံး လူလိမ်တွေချည်းဘဲလေ
မတရား ဂုတ်သွေးစုပ်တဲ့ကောင်တွေလေ.........
အားလုံးဟာ သန်းရွေ တပည့်တွေဘဲလေ
သိန်းစိန်ဆိုတာက သန်းရွေကငှားထားတဲ့ လက်ကိုင်တုပ်လေ
သိန်းစိန်ကို ဘယ်ပြည်သူကလေးစားလဲ ဘယ်သူကကြိုဆိုတာ မြင်ဘူးလဲ
သနားစရာတော်တော်ကောင်းနေပြီနော်
အမေစု ကြတော့ ...........
ဘယ်လို ကြိုဆိုကြလဲ
တကမ္ဘာလုံး သိကုန်ပြီ ရွေးကောက်ပွဲမှာ မနိုင်လဲ
ဝမ်းမနဲပါဘူး
အမေစုက မြန်မာနိုင်ငံက သမ္မတ လုပ်ခိုင်းလဲ အမေကမလုပ်လောက်
ပါဘူး
အမေနဲ့ မတန်ဘူးလေ
အမေက ကုလသမဂ္ဂ ဥက္ကဌ လုပ်ရမှာလေ
အိုဘားမားကိုတောင် သူ့တိုင်းပြည်က ဒီလိုကြိုဆိုတာမြင်ဘူးလို့လား
အမေက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လေ
အိုဘားမား ထက် ပိုတယ်လေ
ဘဘ ဦးသန့်တောင် အတွင်းရေမှူးဖြစ်သေးတာလေ
အမေစု အောင်နိုင်မှာပါ
တကမ္ဘာလုံးက အသိအမှတ်ပြုနေပါပြီ

အမေ
လုံခြုံရေးကို အထူးဂရုစိုက်ပါ
အမေ့ကို
ချစ်တဲ့

datha

right man said...

That is all arrange by Tint San and His son Phyo Ko Ko Tint San. Also they arrange to blast time bomb at Hinthada. Because of they want to change people attraction to bomb blast . so they can do twist action at 1st April Election.

iban said...

ရိုးသားဖြောင့်မတ်ခြင်းဟာ လူ့တန်ဖိုးဆိုတာကို နားမလည်နိုင်လောက်အောင်ထိ လူတွေရဲ့ အသိဥာဏ်တွေ နိမ့်ပါးသွားပြီလား။ တိုင်းပြည်ဆင်းရဲတာထက် အသိဥာဏ်တွေ၊ အမှန်တရားတွေ ခေါင်းပါးကုန်တာ အရမ်းကိုနစ်နာတယ်ဗျာ။

Unknown said...

မြန်မာ နိုင်ငံမှာ ရှိကြတဲ့ ညီငယ် ညီမငယ် လေးတွေ၊အစ်ကို အစ်မတွေ မိမိ ရဲ့ အားလပ်ချိန် တွေထဲကနေ နာရီပိုင်းစီ ဖယ်ထုတ်ပြီး ဒီ မဲလိမ်နိုင်တဲ့  အနေ အထားတွေကနေ ကင်းဝေးအောင် ကူညီပေးကြပါ။မိမိ ရဲ့ ဖခင်(သို့ )အစ်ကို အစ်မ တွေက တစ်ခြားပါတီဝင်တွေမို့ လို မိမိကို NLD ကို မဲမပေးဖို့ တင်းကျပ်ရင်တောင် တစ်ကယ် မဲထည့်ရမဲ့ အချိန်မှာ မိမိဟာ 18 နှစ် ပြည့်ပြီးတာနဲ့  ကိုသဘောကျတဲ့ ပါတီကို မဲပေးပိုင်ခွင့်ရှိတာ မမေ့ ကြပါနဲ့ ။

ဧနဒီ said...

အဲဒီလို ယုတ်မာကောက်ကျစ်မှုတွေ တစ်ခုမှမလုပ်နိုင်အောင် မီဒီယာကနေ တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီကြပါဦးဗျာ။

naing than shwe said...

Now everybody can see what they doing and how to win 2010 election! 26 persons have same NIRC number,14/pha pa na (naing)144267.

kk said...

ကလိမ်ကကျစ် လိမ်နည်းတွေကလဲ အသစ်တွေကြီးပဲ...အရှက်ကိုမရှိကြဘူး..

unknown said...

ဟုတ်ပါ့ဗျာ။ကျနော်ကတော့အမေစုလုံခြုံရေးကိုဂရုစိုက်ပါ၊ကျန်းမာရေးကိုလည်း
ဂရုစိုက်ပါ

right man said...

what are doing KO HTAY OO ?
you are a shameless person in the world.
your party also shameless party in the world.
Everybody understand what your party shameless done in this case at PHER-PONE,MYAUNG-MYA and some other place around MYANMAR.

su said...

မင်းတို့လုပ်နေပုံတွေက ကြံ့ နဲ့ ဖွတ် တောင် သိက္ခာကျတယ်ကွာ။ မတော်လို့ တိရစ္ဆာန်ဖြစ်ရင်တောင် အဲဒီ ၂ ကောင်တော့ မဖြစ်ပါရစေနဲ့။ မင်းတို့ကြောင့် ကြားထဲကနေ သိက္ခာကျမှာ စိုးလို့။

Powered by Blogger.