NLD ကိုယ်စားလှယ်လောင်းဦးစောလှိုင် အား ကြံ့ဖွံ့ ပါတီမှ ကန့် ကွက်ထား

NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင် (ဓါတ်ပုံ-Myanmar News Now)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊ ဗန်းမောက်
အမျိုးသားလွှတ်တော် လစ်လပ်နေရာ မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့်
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်အား ပင်လည်ဘူးမြို့နယ်
ကြံဖွတ်ပါတီမှဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်မြ မှ
ကန့်ကွက်စာတင်ထားကြောင်းသိရပါသည်။


 ကန့်ကွက်ရသည့် အကြောင်းအရင်းမှာ ဦးစောလှိုင် သည်
၁၉၅၆ ခုနှစ်တွင်မွေးဖွားခဲ့ပြီး သူ့ဖခင်မှာ ၁၉၅၉ ခုနှစ်မှသာ
နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ယူရရှီခဲ့သော လူမျိုးခြားဖြစ်နေသောကြောင့်
ဟုသိရပါတယ်။


ထိုကန့်ကွက်စာကို ရွေးကောက်ပွဲကော်မရှင်မှ လက်ခံထားပါတယ်။
ယခုအချိန်ထိ ရွေးကောက်ပွဲဝင်ခွင့်မရရှိသေးပါ

  
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်သည် အင်းတော်မြို့နယ်တွင်နေထိုင်ပြီး
ဖခင်မှာ ဦးနသံသီး ဖြစ်ပါပြီး ဦးစောလှိုင်သည် ၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကိုယ်စားလှယ်လောင်းအဖြစ်
အင်းတော်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။


 သူသည် ၁၉၇၆မှိုင်းရာပြည့်ကျောင်းသား လှုပ်ရှားမှု မှစတင်ပြီး
ယခုအချိန်အထိပါဝင်လှုပ်ရှားခဲ့ပါ
တယ်။ ဒီပဲယင်းကိစ္စမှာရွှေဘိုထောင်မှာ
(၁)နှစ် အထိမ်းအသိမ်းခံရပါပြီး အဲ့ဒီနောက်တစ်ခါ ကသာထောင်မှာထောင်ချခံခဲရပါတယ်။
နောက်ဆုံးတစ်ခေါက်ကတော့ အီလက်ထရောနစ်ပုဒ်မဖြင့် (၁၄)နှစ်ထပ်မံကျခံရတာဖြစ်ပါတယ်။

 
၂၀၁၁ ခုနှစ်၊ သီတင်းကျွတ်မှာ လွတ်ငြိမ်းချမ်းသာခွင့်
ဖြင့်ပြန်လွတ်လာခဲ့ပါတယ်။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ
လွတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်
ပါတယ်။

Myanmar News Now
NLD ကိုယ်စားလှယ်လောင်းဦးစောလှိုင် အား ကြံ့ဖွံ့ ပါတီမှ ကန့် ကွက်ထား NLD ကိုယ်စားလှယ်လောင်းဦးစောလှိုင် အား ကြံ့ဖွံ့ ပါတီမှ ကန့် ကွက်ထား Reviewed by သစ်ထူးလွင် on 16:52 Rating: 5

8 comments:

soe said...

အင်းတော်တော်လေးကို..ရှက်ဖို့ကောင်းနေပြီ..ခုထိကျဉ်းမြောင်းတဲ့..အမြင်တွေရှိတုန်းပဲလား..မင်းတို့ကြံ့ဖွတ်ကကောင်တွေ..ကို့ကိုယ်ကို..ယုံကြည်တယ်ဆိုရင်..ဘယ်သူနဲ့မဆိုပြိုင်ရဲရမှာပေါ့..ပြည်သူကရွေးမှပေါ့..သူကြိုက်တဲ့လူကို..

ဗိုလ်ဖြူ said...

မင်းတို့တိုက်ခိုက်ဖို့NLDပါတီတခုထဲဘဲရှိပါသလား???တဘက်ကဖွင့်ပြီးတဘက်ကတိုက်ခိုက်သလိုဖြစ်နေပြီလုးံဝကြည့်မကောင်းပါဒါကြောင့်မို့လို့ပြည်သူအများကလက်မခံသာကိုသိပါတယ်ရိုးသားစွာယျဉ်ပြိုင်ခြင်းသည်အကောင်းဆုးံဖြစ်ပါတယ်လို့သင်ပေးလိုက်ရပါသည်။

Unknown said...

Hello!!!!!!!!!! Mr President ( Good Governor or Clean Governor )

Civilian Government must accept him as a senator in this bi-election for his township.

Why Military Government had accepted as a senator in 1990 election at his township?, why they didn't object at that time?, why it is come out for the moment?

It is not a hard reason, everyone loves and knows what he had been doing for our township before and now.

We don't know U TIN MYA ( KYANT PHOOT ), I was born in his township and his pupil as well.

Please compare with honestly.

ktd said...

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုံးက ကြံ့ဖွံ့အားသာခဲ့တယ်ဆိုတာက အဲဒီအချိန်က ပြည်သူတွေအတွက် ရွေးချယ်စရာနည်းခဲ့တယ်လေ၊ အတိုက်အခံလို့ဆိုရမဲ့ ဒီမိုကရေစီအင်အားစုတွေက ယှဉ်ပြိုင်မှုမရှိသေးဘူးလေ၊ ကြက်ကမ်း မစင်အိုးတိုးသွားတာများ ပြည်သူကအပြည့်အ၀ ထောက်ခံမှုရထားသလို မာန်တက်နေတဲ့ ကြံ့တွေ တွေ့မယ်၊ ကြားဖြတ်ရွေးကောက်ပွဲဖြစ်နေလို့သာပေါ့၊ နောင်လာမဲ့ ရွေးကောက်ပွဲကြီးကျရင် ကြည့်လိုက်လေ၊ ကြံ့တွေ၊ တောခိုမှာလား၊ ဘယ်သွားပုံးရမလဲ ကြိုတင်နေရာ ရှာထားကြ၊ ၊ ၊

Anonymous said...

He had been selected in 1990...
He had been accepted all punishments by government as well...
It is so clear...
Why Kyant Fut is blocking the ways ???

nagarman said...

ဆ၇ာ ကိုစောလှိုင် အား အဝေးမှ ၈ါဝရ ပြုလိုက်ပါတယ်ခင်ဗျာ

Toe Gyi said...

တကယ်တော့ ကြက်မြင် ဆန်ပုံပေါ် အလုအယှက်တက် နေရာ ယူသွားလို့ရတာပါ၊ ကိုယ်တိုင်ရေးသား ပါဝင်ရိုက်ကူး ခဲ့တာပါ၊ အဓမ္မဆန်ဆန်နဲ့ အဓမ္မ ယူခဲ့တာပါဗျာ....

အမြင်သစ် said...

အော်.......လူတွေ လူတွေ ကိုယ့်နိုင်ငံ ကိုယ်လူမျိုး တိုးတက်မှာကို
ဘာလို့ ဒီလောက်တောင်ကြောက်နေကြတာလဲမသိဘူး။ ဒုက္ခ ဒုက္ခ

Powered by Blogger.