စစ်ကိုင်း NLD အောင်နိုင်ရေး ဖျော်ဖြေပွဲ (ရုပ်/သံ)


မတ်လ ၂၈ ရက်နေ့ ၂၀၁၂ နေ့ က စစ်ကိုင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့၏
အောင်နိုင်ရေး ဖျော်ဖြေရေးများပြုလုပ်လျှက်ရှိ
ရာ မြို့ခံလူထုများကလည်း
မြို့လုံးကျွတ်မျှတက်တက်ကြွကြွပါဝင် ပျော်ရွှင်ကြပါသည်။


လမ်းတိုင်းမှာအကျွေးအမွေးများဖြင့်ဧည့်ခံကြရာ တမြို့လုံး ခွပ်ဒေါင်းအလံများဖြင့် 
ရဲပဒေါင်းခတ်ကာ အမေစု သီချင်းများမိုးကောင်းကင်မှဖွင့်နေသည့်အလား
 နေရာတိုင်းတွင်ပြန့်နှံ့လျှက်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော စစ်ကိုင်းမြို့ဖြစ်နေ
ပါတော့သည်။
 
 ညနေပိုင်းတွင်လည်း ရုပ်ရှင်၊ဂီတ အနုပညာရှင်များ၏အောင်နိုင်ရေးဂီ
တဖျော်ဖြေပွဲ
ကိုဧရာဝတီမြစ်ကမ်းဘေးသဲသောင်ပြင်တွင်ပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နာယကကြီးဦးဝင်းတင် လာရောက်ချီးမြှောက်ပြီး ထောက်ခံမဲပိုင်ရှင်သိန်းနှင့်ချီသော
စစ်ကိုင်းလူထုပရိသာတ်ကြီး၏ပျော်
ရွှင်တက်ကြွသောဟစ်အော်သံများမှာ
ဧရာဝတီမြစ်ရေများပင်လှုပ်ခတ်သွ
ားသည့်အလားထင်မှတ်ရပါတော့သည်။

သားစု (စစ်ကိုင်း) Myanmar News Now



စစ်ကိုင်း NLD အောင်နိုင်ရေး ဖျော်ဖြေပွဲ (ရုပ်/သံ) စစ်ကိုင်း NLD အောင်နိုင်ရေး ဖျော်ဖြေပွဲ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 12:11 Rating: 5

15 comments:

tz said...

Happy Happy !

myochitthu said...

စစ်ကိုင်းသားတွေကိုလေးစားပါတယ်

ladyjune said...

congratulation!ပါ.စစ်ကိုင်းမြို့သူမြို့သားများ.ဧပြီ1ရက်ရောက်ရင်လဲ.ဒီလိုလေး colourful ဖြစ်အောင် လုပ်ပေးကြပါအုံး.

supergunner said...

တရားမျတမှုရှိတဲ့ဥပဒေပဲလိုချင်ပါတယ်..
အမေစုတို့ ကိုပဲမျော်လင့်ပါတယ်. . . .
ဒန်ပေါက်လည်းမစားချင်ဘူး.. မုန့် ဟင်းခါးလည်းမ၀ါးချင်ဘူး..လိုချင်တာ
စစ်မှန်တဲ့ဒီမိုကရေစီနဲ့ တရားမျတတဲ့ဥပဒေပဲလိုချင်တယ်..
၇င်ထဲကဆဒ္ဒကိုသတ္တိရှိရှိရဲရဲဝံ၀ံမပြောရဲသမျတော့.အဏာရှင်လိုလိုဝါသနာရှင်လို
လိုကောင်တွေရဲ့ ဖိနိပ်မှု ပဲရမှာ..ဟောက်ဟန်းမှုပဲရမှာ.ဒါကိုပဲရမှာ..
လူတွေသတ္တိရှိကြစမ်းပါဗျာ..ဘာမှအကြမ်းဖက်စရာမလိုဘူး..ရဲရဲသာခြစ်လိုက်စမ်းပါ..မိဘပြည်သူတို့ ..

purewhite said...

ကျေးဇူး တင်ပါတယ် အနုပညာရှင်များ ဒါဟာ ကိုယ့်ရဲ့ထမင်းရှင် ပြည်သူတွေကို ကျေးဇူးဆပ်တာပါ။

ပြည်ချစ်သား said...

ဲကြည့်လိုက်ရတာနဲ့ တင်ကြက်သီးမွေးညှင်းများတောင်ထလိုက်တာဗျာတစ်ကယ့်ကိုလေးလေးနက်နက်နဲ့ ချီးကျူးမိပါတယ်မကွေးတိုင်း
မှပြည်သူအပေါင်းတို့ ကို...ပြည်သူချစ်သောအနုပညာ၇ှင်များကို
လည်းလှိုက်လှိုက်လှည်းလှည်းကျေးဇူးတင်မိပါတယ်ဗျာ...အဲဒါကြားဖြတ်ရွေးကောက်ပွဲရဲ့ အစဘဲရှိသေးတယ်နော်....( ကြံ့ဖွတ်တွေကြည့်သာထားပေတော့...နောင် ၂၀၁၅ ကျရင်တစ်တိုင်းတစ်ပြည်လုံးအုံးအုံးကျွတ်သွားလိမ့်မယ်ဆိုတာအ
ကြွင်းမယ့်ရုံပြီးသားပါ...NLD မဲအပြတ်သတ်နဲ့ နိုင်မယ်ဆိုတာ.....

ပြည်ချစ်သား said...

အရမ်းအရမ်းကိုလေးစားတယ်...NLD နေရာတိုင်းမှာမဲအပြတ်
သတ်နဲ့ နိုင်ရမည်...တို့ တိုင်းပြည်ကြီးအစ်မေစုကြောင့်ချမ်း
သာကြွယ်ဝစေရမည်.....

AG said...

အမှန်တရား အစစ်ကို ကိုင်းညွတ်သော စစ်ကိုင်းသူ စစ်ကိုင်းသားများကို လေးစားပါတယ်။

AG said...

အမှန်တရား အစစ်အမှန်ကို ကိုင်းညွတ်သော စစ်ကိုင်းသူ စစ်ကိုင်းသားများကို လေးစားပါတယ်။

AG said...

အမှန်တရား အစစ်ကို ကိုင်းညွတ်သော စစ်ကိုင်းသူ စစ်ကိုင်းသားများကို လေးစားပါတယ်။

tharzaw said...

ပြည်သူတွေ တကယ်လိုလားနေတာ ဘာဆိုတာကို
လူကြီးမင်းများ(ထိုင်ဝါးနေကြသောပုဂ္ဂိုလ်များ)သိကြပါအံ့။

tharzaw said...

ပြည်သူတွေ တကယ်လိုလားနေတာ ဘာဆိုတာကို
လူကြီးမင်းများ(ထိုင်ဝါးနေကြသောပုဂ္ဂိုလ်များ)သိကြပါအံ့။

TT9 said...

truly appreciated all

အမြင်သစ် said...

ဗွီဒီယို သတင်းလေးတွေပြည့်ပြည့်စုံစုံတင်ပေးပါအုံး ဗျို့

ရွှေမိုးကြီး said...

စစ်ကိုင်းမှာရှိမနေလို့အားမပေးရတာကိုဝမ်းနည်မိပါတယ်

Powered by Blogger.