NLDမဲအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးနှင့်အဖွဲ့ စည်းရုံးရေးခရီးစဉ်

မကွေးတိုင်းဒေသကြီး NLDမဲအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးနှင့်အဖွဲ့ ပခုက္ကူ၊ မြိုင်၊နှင့် ရေစကြို မြို့နယ်များသို့ သွားရောက်ခါ ကူညီမဲဆွယ်စည်းရုံးပေးခဲ့

15.3.12 နေ့က ဒေါ်ခင်စောဌေး(ရေနံချောင်း)၊ ဦးတင့်လွင်(ရေနံချောင်း)၊ ဦးဇော်မိုးအောင်(သရက်)နှင့် ဒေါ်ဌေးကြည်၊ဒေါ်အေးအေးမိုး တို့ပါသောအဖွဲ့သည် ပခုက္ကူမြို့နယ်သို့ သွားရောက်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပိုက်ကို၊အောင်နိုင်ရေးကော်မတီဥက္ကဌ ဦးလှိုင်အေး၊ ဒေါက်တာကြည်မင်း တို့နှင့်အတူ..ကံမ၊ ကံလှ၊ မြစ်ချေ၊ မြင်းချိုင့် စသည့်ကျေးရွာများသို့ ဟောပြောစည်းရုံးပေး ခဲ့ကြသည်ဟုသိရသည်။

ထိုမှ နောက်နေ့တွင်မြိုင်မြို့နယ်သို့ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
မြိုင်မြို့နယ်တွင်…
၁၆.၃.၁၂ နေ့ကရောက်ရှိခဲ့ပြီး မြိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်၊ အောင်နိုင်ရေးကော်မတီဥက္ကဌ ဦးအောင်ခင်ဝင်းနှင့်လူငယ်များလိုက်ပါလျက် မင်းကန်၊ အိုင်းမ၊ မြို့တင့်၊ မြေနု၊ လေးတန်းကျေးရွာများသို့လှည့်လည်ဟောပြောပေးခဲ့ကြပါသည်။

၁၇.၃.၁၂  နေ့တွင်လည်း ချောင်းဆုံကြီး၊ သံပိုကြီး၊ နှမ်းစားကျင်း၊ မြို့ခင်းသာ၊ မင်းသားကျ ကျေးရွာများသို့၎င်း။
၁၈.၃.၁၂  နေ့တွင် မြို့စိုး၊ ကျွန်လပ်၊ ဗောဓုံ၊ တောင်ရိုး၊ဆင်စိမ် စသည့်ကျေးရွာ ၅ ရွာသို့၎င်း။
၁၉.၃.၁၂  နေ့တွင် ရွာသစ်ဖျ၊ ရွာရှည်၊ လယ်သာ၊ ထန်းတောမ၊ ပြင်သာ၊ စသည့်ကျေးရွာ ၅ ရွာသို့ နေ့စဉ်ဆက်တိုက် လှည့်လည်ဟောပြောပေးခဲ့ကြသည်။သူတို့ရောက်ရှိခဲ့ရာကျေးရွာတိုင်းမှာ ဒေသခံ ကျေးရွာသူ ကျေးရွာသား များက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပြီး နံနက် ၇နာရီမှစတင်ခဲ့သည့် ခရီးစဉ်သည် ည ၉နာရီခွဲလောက်မှပင် တည်းခိုရာသို့ပြန်ရောက်၊နားခဲ့ကြရသည်ဟုလည်းသိရပေသည်။

ရေစကြိုမြို့နယ်သို့…
၂၀၁၂ခု၊မတ်လ၂၀ ရက်နေ့တွင် ဒေါ်ခင်စောဌေးနှင့်အဖွဲ့သည် ရေစကြိုသို့ရောက်ရှိလာခဲ့ပြီး မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင်များ၏စီစဉ်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဌေးအောင်၊ အောင်နိုင်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာကျော်ငွေ၊ ဦးရှုမောင်နှင့်လူငယ်များလိုက်ပါလျှက် မြို့နယ်အနောက်မြောက်ပိုင်းရှိ ဂွေးဂုဏ်ကျေးရွာသို့သွားရောက်ပြီး နေ့ခင်းနေပူပူတွင် ဟောပြောပွဲ ကျင်းပခဲ့ရာ အနီးပတ်ဝန်း ကျင်ရှိ ၀က်ခုတ်၊ ကိုင်းလယ်၊ သံပို စသည့်ကျေးရွာများမှလူ၁၀၀၀ခန့် တက်ရောက် အားပေးခဲ့ကြပါသည်။ဂွေးဂုဏ်မှ လူငယ်လူလတ်များကလည်းအောင်နိုင်ရေးအဖွဲ့ဝင်များကို ပန်းစည်းများကမ်းခြင်း၊ ပန်းကုံးများစွပ်ခြင်း တက်ရောက်လာခဲ့ကြသော ဧည့်သည်များအတွက် ဖျော်ရေမှအစ လိုအပ်ရာရာတို့ဖြင့်ကူညီအားပေးခဲ့ကြပါသည်။ထိုမှညနေပိုင်းတွင် ဗြိဘ နှစ်ရွာသို့ ဆက်သွားကာ ဟောပြောပွဲပြုလုပ်ပေးခဲ့ပါသည်။

ယင်းနောက် ဇီးတောကျေးရွာသို့ဝင်ပြီး ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကိုတက်ရောက်အားပေးခဲ့ပြီး ည ၈ နာရီခန့်တွင် ရေစကြိုသို့ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
မတ်လ ၂၁ ရက်နေ့တွင် ရေစကြိုမြို့နယ်ရှင်မတောင်ခြေရှိဘောင်ပဲ့တန်း ကျေးရွာသို့ဦးရှုမောင်နှင့်အတူသွားကာ ရုံးခန်းဖွင့်ဆိုင်းဘုတ်တင်အခမ်းအနားတွင် ဟောပြောပေးခဲ့ကြပြီး ညနေပိုင်းတွင် ရှင်မတောင်အနောက်ဘက်ရှိ ကြံစိန့်ကြီး ကျေးရွာသို့သွားရောက်ခါ မြိုင်နယ်မှ ဒေါက်တာမောင်မောင်ညို(သမိုင်း)၊နှင့်ဒေါက်တာ သိန်းနိုင်(တိမွေးကု)တို့နှင့်အတူကျေးရွာလူထု ၁၀၀၀ကျော်တို့ကို အောင်နိုင်ရေးတရားများဟောကြားပေးခဲ့ကြသည်။

ဒေါ်ခင်စောဌေးနှင့်အဖွဲ့သည် မတ်လ ၂၂ ရက်တွင်လည်းရာသီဥတုပူပူမှာ ပခန်းငယ်တဘက်ကမ်း နန်းဦးကျေးရွာသို့သွားရောက်ခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်မဲဆွယ်စည်းရုံးရေးတရားများဟောပြောပေးခဲ့ကြကာညနေပိုင်းတွင်နေရပ် ရေနံချောင်းသို့ပြန်သွားခဲ့ကြသည်ဟုသိရပေသည်။







NLDမဲအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးနှင့်အဖွဲ့ စည်းရုံးရေးခရီးစဉ် NLDမဲအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးနှင့်အဖွဲ့  စည်းရုံးရေးခရီးစဉ် Reviewed by သစ်ထူးလွင် on 20:55 Rating: 5

1 comment:

ဇာမဏီ said...

Bravo !.... PKU .....

Powered by Blogger.