ကြံ့ဖွံ့က ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်းကို ပုတ်ခတ်ပြောဆိုပြီး မဲဆွယ်



By ဇာဏီ၊ မတ်လ ၁၉ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃)  မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊  ရေဦး၊ တန့်ဆည်) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့်  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ဦးတင်မောင်ဝင်းက ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာ ဘုရားကွင်းအတွင်းမှာ  သူ၏ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါက်တာ မြင့်နိုင်ကို ပုတ်ခတ်ပြောဆိုပြီး မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ ၁၁း၃၀ အချိန်ထိ ကျင်းပပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးဟောပြောပွဲမှာ ဦးတင်မောင်ဝင်းက ဒေါက်တာမြင့်နိုင်သည် ထောင်ထွက်တယောက်ဖြစ်သည့်အပြင် မိန်းမ ၂ ယောက် ယူထားတယ် ဆိုတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို ပြောဆိုခဲ့ပြီး သူဟာ စစ်ဦးစီးအရာရှိ (ပထမတန်း) ဖြစ်ကြောင်း၊ တပ်မတော်က နိုင်ငံအတွက် တကယ် အလုပ်လုပ်နေတာ ဖြစ်ကြောင်း ဟောပြောခဲ့တယ်လို့  အဆိုပါ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို တက်ရောက်ခဲ့သည့် ဒေသခံတဦးက ပြောပါသည်။

ဒါ့အပြင် မဲဆွယ်စည်းရုံးရေး မစခင် မတ်လ ၁၈ ရက်နေ့  မနက်ပိုင်းမှာ ထန်းတပင်ကျေးရွာ အုပ်ချုပ်ရေးမှူးက တအိမ်တယောက် မဲဆွယ်စည်းရုံးပွဲကို မလာမနေရ တက်ရောက်ရမယ်ဆိုပြီး အသံချဲ့စက်နှင့် လှည့်လည် ကြေညာခဲ့ပါသည်။ ထန်းတပင်ကျေးရွာမှာ လူနေအိမ်ခြေ ၃၀၀ ကျော် ရှိသည့်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို ဒေသခံအယောက် ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

"ရွေးကောက်ပွဲ ကော်မရှင်ကရော အစိုးရကရော ပြောနေတဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဆိုတာက အောက်ခြေမှာ ဖြစ်ပျက် နေတဲ့ပုံစံက အဲလိုမဟုတ်ဘူးဖြစ်နေတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ကြံ့ခိုင်ရေးပါတီကို အတိုင်းအတာတခုထိ ကူညီပံ့ပိုးနေတာဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်ပါ့မလားဆိုတာ သံသယဝင်စရာ ဖြစ်နေပြီ" လို့ ထန်းတပင်ကျေးရွာက ဒေသခံတဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

(ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) အမျိုးသားလွှတ်တော် အမှတ်(၃)မဲဆန္ဒနယ် နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မောင်ဝင်း နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးတိုးမြင့်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။
ဘားမားဗီဂျေ
ကြံ့ဖွံ့က ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်းကို ပုတ်ခတ်ပြောဆိုပြီး မဲဆွယ် ကြံ့ဖွံ့က ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်းကို ပုတ်ခတ်ပြောဆိုပြီး မဲဆွယ် Reviewed by သစ်ထူးလွင် on 05:48 Rating: 5

9 comments:

saw 00 said...

ကြံ့ဖွတ် ခေါင်းဆောင်တွေ က သူ့လူသူ မနိုင်တာလား ရှေ့မှာလူကြားကောင်း ပြောပြီး နောက်ကွယ်က တဖက်လှည့် နဲ့ ကောက်ကျစ် ခိုင်းနေတာလား ၊တရားမျှတ တဲ့ေ၇ွးကောက်ပွဲ ဖြစ်ရမယ် လို့တော့ ပိုက်ဆံ မပေးရတိုင်း မျက်စိမှိတ် အော်နေတာ။

kyawgyi said...

ကို သစ်ထူးလွင်ရဲ့  pages တွေကို copy ကူးပြီး facebook မှာတင်ပေးလို့ မရဘူးဗျ။ ခင်ဗျားဆိုဒ်က်ု MPT နဲ့  YTP က band ထားတော့  ပြည်တွင်းက လူတွေဖတ်နိုင်အောင် ကြံပါဦး ကိုသစ်ထူးလွင်။

ရာရာ said...

ကွန်ပျူတာရှေ့ရောက်တာနဲ့ ဒီဝက်ဘ်ဆိုက်ပဲ ကြည့်ဖြစ်နေတာ...
အခုမှ နားရောမျက်စိရော ကန်းနေသလိုဖြစ်နေပြီ။ ယုတ်မာပါပေ့ MPT နဲ့ YTP ရယ်....

အတာ said...

NLD က ကိုယ်စားလှယ်တွေ အများစုဟာ ထောင်ထွက်ဖြစ်ရတာ ပြည်သူ့အကျိုးကို လုပ်ရင်း စစ်အစိုးရရဲ့ မတရားပုဒ်မတွေနဲ့ပါ... ခု ကြံ့ဖွတ် အမတ်နဲ့ ကိုယ်စားလှယ်လောင်းတွေကို လာဘ်ပေးလာဘ်ယူမှု ပြည်သူပိုင်ပစ္စည်းကို ကိုယ်ကျိုးသုံးစွဲမှုနဲ့ ပဲ တရားစွဲ အကုန်လုံး ထောင်ထွက်ချည်းပဲ ဖြစ်နေမှာ .. ငတင်မောင်ဝင်း သောက်ရူးရဲ့ ..။

သက္ကရာဇ် said...

ဖွတ်တက်ရင် မွဲတတ်တယ်တဲ့ .....မြန်မာနိုင်ငံကြီးလဲ အဲလို ကြံဖွတ်တွေ တက်လာလို့ ချွတ်ခြုံးကျနေတာ....

သက္ကရာဇ် said...

ဖွတ်တက်ရင်မွဲတတ်တယ်တဲ့....မြန်မာပြည်ကြီးလည်းအဲလို ကြံဖွတ်တွေတက်လာလို့ ချွတ်ခြုံးကျနေတာ.....သေပဲမသေနိုင်ကြသေးဘူး....

kokomaung said...

ငါဆီက မဲတော.မရဘူး
ခဲပဲရမယ်
တန်ရာမှန်း

Eaindra Oo said...

ကြက်ဖွတ် အသင်း ရဲ့ ခေါင်းဆောင်များဆိုသူများကအစ သူတို့ လုပ်တတ်သလိုလုပ်မှာပေါ့ ၊ သူတို့ရဲ့အသိဥာဏ် ၊ သူတို့ရဲ့အဆင့်အတန်းကလည်း ဒီလောက်ပဲ ရှိလို့ပါ ။ အဲဒါကိုလည်း ပြည်သူတွေက သဘောပေါက်ပြီးသားပါ ။ ဒါကြောင့် ပြည်သူများကလည်း ၎င်း အသင်း ကို ကြက်ဖွတ် အသင်း ဟု ခေါ်ဝေါ်ကြပါသည်။ ထိုသို့ခေါ်ဝေါ်ခံရခြင်းကလည်း ၎င်းတို့၏ လုပ်ဆောင်ပြောဆိုချက်များကြောင့် ဖြစ်ပါသည်။ စကားပြောလျှင်လည်း အတင်းအဖျင်းလောက်ပဲပြောတတ်ကြပုံရပါတယ်။ စကားကိုပလောင်းပလဲ ပြောတတ်ကြဆိုတော့ လူတွေကသာ ယောကျာင်္းတွေ လုပ်ဆောင်ပုံက မိန်းမပျက် တွေလိုဖြစ်နေတော့ ဒီလောက်တော့ အပြောခံရမှာပေါ့နော်။ မဆန်းပါဘူး ။ ကိုယ့်အသင်းသမိုင်းကို ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးကြရတယ် ဆိုတာ မမေ့ကြနဲ့ ကြက်ဖွတ်အသင်း က လူတို့ရေ ။ နောက်တခု သတိပေးလိုက်အုံးမယ် ၊ ပြည်သူတွေကို တအိမ်တယောက်မတက်မနေရ ခေါ်ပြီး လူများများ စု မနေနဲ့ ။ လူများလေ ကိုယ့်သောက်ရှက် ပိုကွဲလေ ဆိုတာ သတိထားအုံး ။ ပညာမဲ့လေတော့ ရှက်စရာကိစ္စလည်း ရှက်ရကောင်းမှန်း မသိတော့ဘူး ထင်ပါရဲ့ ။ သနားစရာကောင်း လိုက်ပုံများ ။

အောင်မြင့်ကြည် said...

မင်းဟာမင်းပထမတန်းမကလို့ ကြက်ချေးတန်းဖြစ်ဖြစ်
သူများ၂ယောက်ယူတာမင်းနှမကောပါလားမဲဆွယ်တာလားရန်ဖြစ်တာလားမင်အရည်အချင်းကဒါအကုန်ဘဲလား

Powered by Blogger.