မြောင်းမြမြို့ နယ်မှာ NLD မဲဆွယ်ဗီနိုင်းပိုစတာဖျက်ဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာအုပ်စု၊ ရှမ်းရေကျော်
 ကျေးရွာတွင် ၂၉-၂-၂၀၁၂ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့သော ကျေးရွာအမျိုးသားဒီမို
ကရေစီ အဖွဲ့ချုပ်ရုံး ခြံဝန်းအတွင်း စိုက်ထူထားသော မဲဆွယ်ဗီနိုင်းပိုစတာများ
ဖျက်ဆီးခံရကြောင်းသိရပါသည်။

 မြောင်းမြမြို့နယ်မဲဆန္နနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း မန်းဂျော်နီ အတွက် မဲဆွယ်ဗီနိုင်းပိုစတာလေး(၄)ချပ်ကို
(၁၆-၃-၂၀၁၂)ရက်နေ့ညဥ့်အချိန်က ဓါးဖြင့်ဖြတ်လှီးဖျက်ဆီးခံထားရတာဖြစ်ပါသည်။

အဆိုပါ ဖျက်ဆီးမှုကို  ရှမ်းရေကျော်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်
ပွဲအောင်နိုင်ရေးအဖွဲ့မှ မြောင်းမြမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့သို့တိုင်ကြား
ထားကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်  မြောင်းမြလူထုဟောပြောပွဲ သွားရောက်ခဲ့စဉ်
 Myanmar News Now
မြောင်းမြမြို့ နယ်မှာ NLD မဲဆွယ်ဗီနိုင်းပိုစတာဖျက်ဆီးခံရ မြောင်းမြမြို့ နယ်မှာ NLD မဲဆွယ်ဗီနိုင်းပိုစတာဖျက်ဆီးခံရ Reviewed by သစ်ထူးလွင် on 06:31 Rating: 5

9 comments:

Toe Toe said...

သတင်းတွေဖတ်ရတာစိတ်မချမ်းသာဘူးဗျာ။လူတွေကဒီစစ်အုပ်ချုပ်ရေး ၂၂ နှစ်
အတွင်းမှာ အချင်းချင်းညစ်တဲ့စိတ်၊နိုင်လိုမင်းထက်လုပ်ချင်တဲ့စိတ်တွေထွန်းကား
လာတယ်။စစ်အုပ်ချုပ်ရေးရဲ့ဆိုးမွေတွေဘဲ၊ဦးနေ၀င်းခောတ်ကဒီလောက်မဆိုးဘူး။
ဦးစောမောင်ထိတော်သေးတယ်။ဒီဘက်ခောတ်ကတော့အဆိုးဆုံး၊အကျည်းအ
တန်ဆုံးပါဘဲ။တိုင်းပြည်အတွက်ရင်လေးသေးတယ်။ ခေါင်းဆောင်လုပ်တဲ့လူကြီး
အချို့က ပြောင်းလဲမှုကိုစလုပ်နေပြီ အငယ်တွေက ခုထိအိပ်ပျော်နေ တာမနိုး
သေးဘူး။ မှိန်းနေချင်တုံး။ ၀တ်လည်လိမ့်မယ်နော်သတိထားကြ။

tharzaw said...

တိုင်သော်လည်း အရေးယူခြင်းမတွေ့ရတာများပြီ။
ဘယ်လိုလဲ လွှတ်တော်ရွေးကောက်ပွဲကော်မရှင်?
စားထား ၀ါးထားတာများလို့ အိပ်များပျော်နေကြသလား?
အဲဒါ သခင်အနားမှာ အမြီးတနှံ့နှံ့နဲ့ အရိုးအရင်းကိုက်ချင်လို
့တောင်းနေတဲ့ခွေးတွေပဲလေ။
သိသိကြီးနဲ့ မမြင်ချင်ယောင် မကြားချင်ယောင်ဆောင်နေသလား?
တဖြည်းဖြည်းနဲ့ မင်းသားခေါင်းကျွတ်ပြီး ဘီးလူးရုပ်ထွက်လာပြီနော်။

myochit.mm.2012@gmail.com said...

အမေစုရေ... အမေစုကတော့ ဒီမိုကရေစီရရှိရေး အရပ်အရပ်အနယ်နယ် လှည့်လည်စည်းရုံးရေးဆင်းနေပေမယ့် အမေ့ရဲ့ ပါတီအဖွဲ့ဝင်တွေကတော့ ကျေးရွာပါတီရုံးချုပ်မှာ ဇိမ်နဲ့နှပ်နေကြတယ်.. အမေစုပါတဲ့ NLD အောင်နိုင်ရေးပိုစတာကို ရုံးထဲမှာ လာပြီး ဖျက်ဆီးသွား တာကို မသိလိုက်ဘူးတဲ့အမေစုရယ်.. အမေစု သွားမယ့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ အဲလိုပါတီဝင်တွေက အမေစုကို ဘယ်လိုများကာကွယ်ပေးမလဲ.. အမေစုအတွက် ရင်လေးလိုက်ပါဘိနှယ်..

Anonymous said...

Who did it ???

Why authorities are not investigated ???

Why SPD Party is stay quiet ???

moe said...

ဖျက်ဆီးတဲ့လူကိုစောင့်ဖမ်းသင့်တယ်။ အလုပ်မရှိအကိုင်မရှိတွေဘဲ နေမှာ။ ဘယ်လိုလုပ်ကျမလဲ။

ပေတ said...

ကိုသစ်ရေ အထက်ပါ မဲဆွယ်မှုနဲ့ ဆက်စပ်မယ်ထင်တဲ့ အကြောင်းတစ်ခုကို
share လုပ်ချင်ပါတယ်... ကျွန်တော် ဟိုတယ်/ခရီး ကို ---- ရက်နေ့က အလုပ်ကိစ္စနဲ့ရောက်ခဲ့တယ်.. အဲဒီနေ့က ၀န်ထမ်းတွေ တန်းစီနေလို့ နာရီဝက်ကျော်ကြာ စောင့်လိုက်ရတယ်... စိတ်ထဲကတော့ ချီးကျူးမိတယ်.. ဒီအလေ့အထက ကောင်းတယ်ပေါ့... ဒါပေမယ့် အတွေးနဲ့ တက်တက်စင်အောင်လွဲတဲ့ စကားတစ်ကို ကန်တင်းမှာ ကြားလိုက်ရတော့ စိတ်ပျက်သွားမိတယ်... ၀န်ထမ်းတစ်ဦးပြောသံပါ... ရုံးလူကြီးတစ်ဦးက တန်းစီမှာ တစ်ယောက်က ပြောခိုင်းလို့ (ကျွန်တော့်အထင် ဦးတင့်ဆန်းပြောခိုင်းတယ်ထင်တာပဲ) သူက မဲဆွယ်နေတဲ့အကြောင်း တို့ကို ရာထူးတွေ၊ လစာတွေ ပေးထားတာ ဘယ်သူလဲ... လွှတ်တော်မှာ လစာတိုးရေးကိစ္စ ဘယ်သူကြိုးပမ်းနေလဲ.... အဲဒီလူတွေက ဘယ်ပါတီကလဲ အဲဒီတော့ ကိုယ့်ကိုကျေးဇူးရှိတဲ့ ပါတီကို မဲပေးရမယ် .... စတဲ့စကားတွေကို နာရီဝက်ကျော်ကြာအောင် ပြောခဲ့ကြောင်း... နောက်ဝန်ထမ်းတစ်ဦးမှလည်း ကိုယ့်အရည်အချင်းနဲ့ကိုယ် ၀န်ထမ်းဖြစ်လာတာ ... ဘယ်သူ့ကျေးဇူးတင်ရမှာလဲ.... လစာကို ပြည်သူ့ချွေးနဲစာတွေကနေပေးထားတာ ဘယ်သူအိတ်စိုက်ပေးလဲ... စသဖြင့် ပြောသံကြားရပြန်ပါတယ်... နောက်တစ်ဦးကတော့ တို့တော့ သူတို့လိုမဟုတ်ဘူး သူတို့ကတော့ ဟုတ်မှာပေါ့ ရာထူးရာခံတွေရထားတာ ၊ အခွင့်အရေးရထားတာ၊ ငါတို့များအသက်ပြည့်လို့ ပင်စင်ယူရတော့မယ် ... အလုပ်ကြိုးကြိုးစားစားလုပ်ပေမယ့် ဘယ်သူနဲ့မှလည်း အမျိုးမတော်လို့၊ တပည့်ရင်းမတော်ခဲ့လို့ ဘာမှလည်းမရပါဘူး မနေ့တစ်နေ့က ၀င်လာတဲ့ ကလေးပေါက်စလေးတွေလောက်တောင် ရာထူးမရဘူးတဲ့ ရုံးတက်တာ တစ်ပတ်မပြည့်ဘူး စာရေးကြီးရာထူးတိုးပေးတယ် အဖြစ်အပျက်တွေလည်းရှိတယ်တဲ့ စသဖြင့်ပေါ့... နောက်ပြီး ၀န်ထမ်းတွေအမြင်က မပြောရဲလို့သာတဲ့ အဲဒီလူကြီးက နေ့တိုင်းတန်းစီခိုင်းပြီး ဘာမှ မဆိုင်တဲ့ ၀န်ထမ်းတွေကို ဟောက်၊ ချောက် မဆီမဆိုင်စကားတွေပြော၊ သူ့အထက်က လူကြီးတွေ မကျေနပ်ရင်လည်း တန်းစီမှာ အောက်ဝန်ထမ်းတွေပြောသလိုလို/အဲဒီလူကြီးတွေကိုပဲ မိတ္တူပေးသလိုလိုလုပ်ပြီး ပြသနာရှာတယ်တဲ့... ၀န်ထမ်းနဲ့ နိုင်ငံအတွက် ကောင်းကျိုးလည်းမရှိတဲ့စကားတွေ ပြောပြီး ခြေထောက်ညောင်း၊ တစ်ချို့မူးလဲ၊ မရပ်နိုင်လို့ ထိုင်ပြန်တော့လည်း ပြသနာရှာ စတဲ့ ဒုက္ခတွေကိုလည်း နေ့စဉ် ခံစားနေရတယ်ဆိုပဲ... ၀န်ထမ်းတွေက ပြောရှာပါတယ်.... တန်းစီတဲ့ရည်ရွယ်ချက်က ကောင်းပေမယ့် အဲဒီလူကြီးလုပ်ပုံက တော်တော် စိတ်ပျက်ဖွယ်၊ ဂေါက်တောက်တောက်လုပ်ရပ်ပါပဲတဲ့... ၀န်ထမ်းဆိုတာ ပါတီနိုင်ငံရေးကင်းရမယ်ဆိုတာ သူတို့နားလည်ကြတယ်... ဒီလိုတန်းစီပြီး မဲမဆွယ်ရဘူးဆိုတာလည်း သူတို့သိတယ်... ပြောပြောပြီး ရီဟားနေလိုက်ကြတာ ကျွန်တော်တောင် ပြုံးမိသေးတယ်... ဒါတကယ်အဖြစ်အမှန်ပါ...

noel said...

အကြောင်းအရာတွေက ရောနေတယ် ရုံးတယ်တာတစ်ပါတ်မပြည့်ဘူး စာရေးကြီးရာထူးတိုးပေးတာအရင်ဝန်ကြီးလက်ထက်ကပါ ပညာအရည်အချင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
မနက် တန်းစီတဲ့အခါရပ်ရပ်ပြီး ဟိန်းလားဟောက်လား ပြောနေတဲ့သူက အထက်ဖားအောက်ဖိ မွေးရာပါဂေါက်နေတဲ့သူပါ။
မနက်တိုင်းဆို အသက်ကြီးငယ်မရွေး အနိုင်ကျင့်မတ်တပ်ရပ်ခိုင်းတာ အင်မတန် မိုက်မဲပြီးအသိဥာဏ်ခေါင်းပါးပါတယ်။
အခြားဝန်ကြီးဌာနမှာဒီလိုတန်းစီပြီး အဟိန်းအဟောက်ခံနေရတဲ့ အစီအစဉ်မရှိတော့ပါဘူး။ ဆိုးရွားတဲ့ဝန်ကြီးဌာနအချို့မှာပဲရှိတော့တယ်။
ဝန်ကြီးက အသစ်ဆိုတော့ ခရီးသွားလုပ်ငန်းကိုတိုးတက်စေချင်ပါတယ်။ ၀န်ထမ်းတွေကို အဆင်ပြေစေချင်ပါတယ်။ သူဘာမျှမသိပါ။
တန်းစီမှာ ဟောက်နေတဲ့လူကြီးရဲ့တစ်ဆင့်ကြီးတဲ့သူဆိုရင် ရာထူးကြီးတာကိုအကြောင်းပြုပြီး ဆူပူကြိမ်းမောင်းခြိမ်းခြောက်၊ လူတွေ့ရင်အပြစ်ပြောဖို့ပဲသိတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ဘာမှ မလုပ်ပြနိုင်ပါဘူး။ အထက်လူကြီးတွေဘာမှမသိပါ။ သူကိုတင်ပေးခဲ့တဲ့လူကြီးတွေကို ကျေးဇူးကန်းတဲ့လူပါ။
အများသိရှိအောင်အသိပေးခြင်းဖြစ်ပါတယ်။

တောက်တဲ့ said...

ဖြစ်နိုင်ရင် အသံသွင်းထားသင့်ပါတယ် mp3 အလကားပေးပါမည်

ဇလက်ဖြူ said...

ဟယ်....သူ.ခင်မျာသနားပါတယ်။
တစ်နေ.ကို(၄)ခါလောက်မှမရူးရရင် မနေနိုင်လို.ပါ။
ပြောရမယ့်အချိန်၊ ပြောရမယ့်စကား၊ ပြောရမယ့်နေရာ၊ ပြောလို.ရမယ့်လူ
အတိမ်၊ အနက်၊ အလေး၊ အပေါ့၊ နားမလည်နိုင်ရှာလို.ပါ။
မကြာခင်လည်း ပင်စင်သွားတော့မှာဆိုတော့နံနက်ခင်း တေးသံသာလေးကို
ခွင့်လွှတ်လိုက်ပါ ကိုပေတရယ်။
မနက်ဖြန်ကစပြီး ၀န်ထမ်းမိန်းကလေးတွေ မကြားဝံ့၊မနာသာ၊
မဖြစ်ရအောင် တန်းမစီကြေးနော်။

Powered by Blogger.