တန့် ဆည်မြို့ နယ် ကြံ့ဖွံ့ အမတ်ဦးတင်မြင့် NLD လူငယ်ခေါင်းဆောင်များကို ခေါ်ယူခြိမ်းခြောက်ပြောဆို

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့  အတွင်းဗိုက်ကလေးစားသောက်ဆိုင်တွင် မတ်လ (၁၂) ရက်နေ့ ၂၀၁၂ က စီးပွားရေးနှင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးဝင်းမြင့်၏ ညီ ကြံခိုင်ရေး
ကိုယ်စားလှယ် အမတ်ဦးတင်မြင့်နှင့် မြို့မိမြို့ဖမှလူကြီးများက NLD လူငယ်ခေါင်းဆောင်များအားခေါ်ယူကာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရပါသည်။

“ နိုင်ငံရေးအကြောင်းမင်းတို့နားလည်လို့လား ၊ နိုင်ငံရေးဆိုတာဘာလဲပြောစမ်းပါအုံး၊ဒီမိုကရေစီဆိုတာဘာလဲ ၊ဒီမိုကရေစီဆိုတာသိရင်ရှင်းစမ်းပါအုံး နိုင်ငံရေးဆိုတာဘာမှ
မသိပဲလုပ်လို့မရဘူး ငါတို့ကလဲမပိုင်ရင်ခြင်တောင်မရိုက်ဘူး မင်းတို့လုပ်လဲအပိုပဲ အာဏာကတို့လက်ထဲမှာကွ  အခုမင်းတို့တောင်းနေတဲ့ဒီမိုကရေစီရနေပီလေ မင်းတို့တောင်းနေတဲ့ ဒီမိုကရေစီဆိုတာဗီဒီယိုရုံထဲမှာဖူးကားပြချင်လို့လား မင်းတို့နဲ့တန်တဲ့ဒီမိုကရေစီရမှာပဲကွ ၊ကဲမင်းတို့ကဘာတွေတောင်းဆိုချင်တာလဲငါကအမတ်ပါကွ ငါ့ကိုပြောစမ်း အခုချက်ချင်းစာနဲ့ချရေးကွာ ငါလွှတ်တော်ထဲမှာတင်ပြပေးမယ်” ဟု အမတ်ဦးတင်မြ က ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါသည်။

ထို့ အပြင် မင်းတို့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာမြင့်နိုင် ကတော့ လီးပဲကွာဟု သူ၏နောက်လိုက်ဖြစ်သူ အမတ်ဦးတင်မြင့်၏လက်စွဲ  စွယ်တော်နန်းစိုက်ပျိုးရေး
ပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင် မောင်ကျော်စိုးအောင် က အပြန်တွင်ဆဲဆိုသွားခဲ့ပါသေးသည်

မတ်လ ၁၂ ရက်နေ့ ညနေ ၃၀ တွင် ခေါ်ယူခံခြိမ်းခြောက်ခံရသူများမှာNLDလူငယ်များကို
ဦးဆောင်လှုပ်ရှားနေသောတန့်ဆည်မြို့နယ်လမ်းဆုံမှအာင်တံခွန်ကျူရှင်ဆရာ ဦးမြင့်ထွန်း နှင့် 
ဦးအုန်းမြ တို့ဖြစ်ကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။
ကြံ့ဖွံ့ အမတ်ဦးတင်မြ ခေါ်ယူခြိမ်းခြောက်ခြင်းခံရတဲ့  NLD လူငယ်များကိုဦးဆောင်လှုပ်ရှား နေသောတန့်ဆည်မြို့နယ်လမ်းဆုံမှအောင်တံခွန်ကျူရှင်ဆရာ ဦးမြင့်ထွန်း နှင့် ဦးအုန်းမြ တို့ဖြစ်ပါတယ်။
 Myanmar News Now
တန့် ဆည်မြို့ နယ် ကြံ့ဖွံ့ အမတ်ဦးတင်မြင့် NLD လူငယ်ခေါင်းဆောင်များကို ခေါ်ယူခြိမ်းခြောက်ပြောဆို တန့် ဆည်မြို့ နယ် ကြံ့ဖွံ့ အမတ်ဦးတင်မြင့် NLD လူငယ်ခေါင်းဆောင်များကို ခေါ်ယူခြိမ်းခြောက်ပြောဆို Reviewed by သစ်ထူးလွင် on 22:20 Rating: 5

25 comments:

Thu Ri Ya said...

ပိုင်မှခိုးမဲ့ကောင်ကြီး မပိုင်၇င်ခြင်တောင်မ၇ိုက်နဲ့
သခိုးတွေ ဟဟ မင်းတို့ဘာလိုချင်လို့လဲတဲ့ တော်
တော်ပိုင်မဲ့ပုံဘဲ တောင်းလိုက်ချင်တယ် သမီး၇ှိလား
၇လို့ကတော့ထိုင်စား၇ုံပဲ သူလဲစုမိဆောင်းမိနေေ၇ာ
ပေါ့ ပြောစ၇ာ၇ှားလို့ ဒီမိုကေ၇စီ၇၇င်ဖူးကားပြချင်
လို့လားတဲ့ ဒီအမတ်ကဒါကိုတော်တော်စိတ်ဝင်စား
ပုံ၇တယ် ကြံ့ဖွကလူတွေကတော့ဖွနေတာပဲအဆင့် တန်းလဲ၇ှိမဲ့သူတွေမဟုတ်ပါဘူး
ဒီမှာတာသူတို့ကခြိမ်းခြောက်၇ဲတာ သူတို့အဖေတွေ
နဲ့တွေ၇တဲ့မျက်နှာမြင်စေချင်တယ် အပိုကိုကျိုးနေ
ေ၇ာဘဲ ဟုတ်ကဲ့တွေထက်ပီး မျက်နှာချိုလေးသွေး
ခုဘဲသူ့အဖေအထုပ်ကိုပြေး မ၇တော့မလို သူတို့၇ာ
ထူးလေးမြဲဖို့ကို ဖြစ်နေကြမှာဘဲ

myosanoo said...

ကြံ့ဖွတ်တွေ ရဲ့အဆင့်အတန်းကတော့ပေါ်ပြီးရင်းပေါ်ဘဲ. NLD. တစ်နေ့နေ့အစိုးရဖွဲ့နိုင်ခဲရင်. အောက်တန်းစားကြံ့ဖွတ်တွေ. NLD. တို့nLdဆိုပြီးအတင်းဝင်ကပ်ကြအုန်းမှာမရုံစောင့်ကြည့်နေ

thethnin said...

အဆင့်တန်းရှိတဲ့ ကြံ့ဖွတ် အမတ်တဦးတွေ့ပြန်ပီ
အဲဒါ အမတ်အဆင့်နော်
သူ့အောက်ကလူတွေ ဘယ်အဆင့်ဆိုတာ မပြောလဲ သိ၏

OZI said...

Most of the USDP PMs are general standard. His brother Win Myint's doctrine is " Keeep authorities as cronies and then take business opportunity". Kyauk Tan residents say that Win Myint well treated all the authorities at Shwe Beh (Golden Duck) for his business purpose.

Win Myint he knows thyself and keep Dr. Pwint San MBA holder as vice minister due to lack of his capacity.

nationalism said...

SUCK THESE BELOW GUY FROM HIS POSITION .
စီးပွားရေးနှင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးဝင်းမြင့်၏ ညီ ကြံခိုင်ရေး
ကိုယ်စားလှယ် အမတ်ဦးတင်မြင့်

အမြင်သစ် said...

ကြံ့ဖွတ်ဆိုတဲ့ကောင်တွေ ....မင်းတို့ကိုလည်( ဘော ) ပဲကွာ ...
အဲလိုရိုင်းတဲ့ကောင်တွေက ပြန်ရိုင်းပေးမှရတာ..
ယဉ်ကျေးနေရင် ကျွဲပါးစောင်းတီးဖြစ်နေမှာ .....

မင်းမောင် said...

ozi! What do you want to mean with your comment? Mention clearly and stand on the right side. I have been trying to learn your comments but I still don't know who you stand for anyway I wish you own the rightious mind naturally.

လင်းသစ် said...

နိုင်ငံတကာက စောင့်ကြည့်နေမယ့် ဧပြီလ(၁)ရက်နေ့ ရွေးကောက်ပွဲမှာ ဒီကောင်တွေ မျက်နှာပြောင်တိုက်ပြီး ထပ်လုပ်အုံးမယ်ဆိုရင်တော့ ပွဲကကြည့်ကောင်းပြီပေါ့ဗျာ...း(

OZI said...

Rainbow! Tks. Appreciate your advice.

Anonymous said...

ဖြစ်နိုင်ရင်ပေါ့လေ... Recorder လေးတွေကို အိတ်ထဲဆောင်ထားစေချင်တယ်... ဈေးလဲသိပ်မရှိတော့ပါဘူး.. သတင်းတွေကို အတိအကျ record လုပ်ထားလို့ ရတာပေါ့... ငြင်းလို့ လဲမရတော့ဘူးပေါ့.. အသံ သက်သေရှိနေတော့...

သက်မောင် said...

၎င်းတင်မြင့်ဆိုသူသည် ၄င်း၏သမိုင်းတလျှောက်တွင် လူအများကို လိမ်လည်လှည့်ဖျားပြီး ကိုယ်ကျိုးအတွက် လုပ်ကိုင်နေသူဖြစ်သည်...
ယခုရရှိလာသော အမတ်ဟုခေါ်ဆိုသော နေရာသို့ ရောက်ရှိလာခြင်းမှာလည်း ၄င်းအစ်ကို အရှိန်အ၀ါသုံး ရလာခြင်းဖြစ်ကြောင်းနှင့် တန့်ဆည်မြို့နယ်တစ်ခုလုံးက ၄င်းအား လူလိမ်၊ လူညစ်ဟုတ် သတ်မှတ်ခံထားရသူတစ်ယောက်ဖြစ်ကြောင်းကို ကလေးအစ ခွေးအဆုံး စုံစမ်းသိရှိနိုင်ပါသည်။ ၄င်းအကို၏ အရှိန်အ၀ါသုံးပြီး တန့်ဆည်မြို့နယ်တွင်းရှိ ကျေးရွာများအား ဘာလုပ်ချင်သလဲ လုပ်ပေးမည် သူ့အတွက် ဘယ်လောက်ပေးရမည် စသည့်နည်းများသုံးပြီး လျှပ်စစ်မီးရရှိရေး၊ ကျောင်းဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ၊ ဆေးရုံဖွင့်ပွဲ၊ ကျောင်းအဆင့်တိုးမြှင့်ရေး စသည့် ကိစ္စများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူကြီးများကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးအောင်လုပ်ပေးနိုင်သည် စသဖြင့် ပွဲစားအလုပ်ကို ပိုင်ပိုင်နိုင်နိုင် လုပ်နေသူတစ်ယောက်သာလျှင်ဖြစ်သည်။ မဲပေးစဉ်က ပါတီဆိုတာ ဘာမှန်းတောင် သိပ်ကောင်းကောင်းမသိတဲ့ကျေးရွာလူထုများက ၄င်း၏စိတ်ဓာတ်/လုပ်ဆောင်မှုများအား အယုံအကြည်မရှိသဖြင့် လုံးဝမဲမပေးသော (ခွက်ခွက်လန်အောင်မဲရှုံးသော ကျေးရွာများ) ကျေးရွာများရှိကြောင်း တန့်ဆည်မြို့နယ်လူထုထံ စုံစမ်းကသိရှိနိုင်ပါသည်။ ၄င်းတို့အား မဲပေးလျှင် တန့်ဆည်လမ်းဆုံ-အင်္ကုက္ကား (၄င်းတို့ညီနောင်မွေးရပ်ရွာ)- နဘက်ကြီး လမ်းအား ကတ္တရာလမ်းခင်းပေးမည် မကြာခင်အကောင်အထည်ဖော်ပေးမည် စသဖြင့် စည်းရုံးပြီး လမ်းခင်းကျောက်များ ဟိုနားတစ်ပုံ ဒီနားတစ်ပုံ ပုံထားပြီး ယခုအခါ ၄င်းကျောက်ပုံများပင် မြေကြီးထဲရောက်နေလောက်ပြီဖြစ်ပါသည်။
၎င်းသည် ကိုယ့်အတွက် အကျိုးရှိမည်သာဆိုလျှင် ဘနဖူး သိုက်တူးမည်ဆိုသော သူအမှန်ဖြစ်ပါသည်။ လာလောလတ်လတ်ပြောရလျှင် တန့်ဆည် (လမ်းဆုံ) ရှိ သမ၀ါယမ ပိုင်ဆိုင်သော မြေကွက်ကျယ်အား သူ့အစ်ကို အရှိန်အ၀ါကိုသုံးပြီး သူဌေးတစ်ဦးအား ၀ယ်ယူခွင့်ရရှိအောင် ပွဲစားအလုပ်လုပ်ပေးခဲ့ကြောင်းသိရပါသည်။ ၀ယ်ယူခွင့်ရသူမှာ သူ့အတွက် ဘယ်လောက်ပုံပေးရသလဲတော့ မသိပါ... အမှန်တကယ် ဒေသပေါက်ဈေးထက် ၁၀ ပုံ ၁ ပုံမရှိသော ဈေးဖြင့် ၀ယ်ယူခွင့်ရရှိခဲ့ကြောင်းလည်း သိရပါသည်။ ထိုသို့ နိုင်ငံတော်ပိုင်ပစ္စည်းအပေါ်တောင် ပွဲစားအလုပ်ဖြင့် မတရားလုပ်ဆောင်သေးသည်ဆိုလျှင် ရပ်ရွာ လူထုထံမှဆိုလျှင်မူ ဆိုဖွယ်ရာ မရှိတော့ပါ...

Ko Htet said...

ပါတီနာမည်လေးကတော့ "ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး" တဲ့ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံတွေကတော့ မဲပေးချင်စိတ်ကို မပေါ်ဘူး။

aung said...

လူကြီးသူမ တွေပြောတဲ့ သေငယ်ဇော ဆိုတာ အဲဒါဘဲ
သေခါနီး ကယောင် ကတမ်း ပြောနေတာ...........

min yar zar said...

တော်တော်ရူးကြတာပဲ။ မပိုင်ရင်ခြင်တောင်မရိုက်ဘူး...ဟုတ်လား? ဒါကိုကြည့်ခြင်းအားဖြင့် ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ နင်တို့ကိုယ်နင်တို့ ဘာများးထင်နေကြသလဲ စောက်ရူးတွေရဲ့၊ မြန်မာပြည်က သန်း ၆၀ မပြောနဲ့ ကမ္ဘာ က သန်း ၆၀၀၀ ထဲက နိုင်ငံ့ ထိပ်သီးခေါင်းဆောင်တွေအားလုံး လေးစားရတဲ့ အမေစုလိုပါတီကို နင်တို့က နိုင်မယ်ဆိုတော့ နင်တို့ ကလိမ်ကကျစ်လုပ်မှပဲ နိုင်မှာလေ။ တစ်ကမ္ဘာလုံးက သိနေတယ်လေ.....အာဏာရူးတွေ၊ ရူးလို့မ၀ နိုင်သေးဘူးလား...

ုkyaw said...

ဖြစ်တတ်ပါတယ် မစားရတော့မည့် အမဲကိုသဲနဲ့ပက်နေတာပါ ဒီလူကြောက်နေပြီး ဒါကြောင့်လိုက်ရမ်းနေတာလူညီဖို့ပဲလိုတာတုတ်နဲ့မရိုက်ပဲနာအောင်လုပ်လို့ရပါတယ်..သူ့စားခွက်ကမသေချာတော့ဘူးလေ ဒါကြောင့်ပါ။

Anonymous said...

ကြံ့ဖွံ့ကောင်တွေကတော့ ထုံးစံအတိုင်းပဲ ဘယ်တိုင်း ဘယ်မြို့နယ်မှာပဲဖြစ်ဖြစ် အဲ့ဒီလိုရိုင်းနေကြတာ. .စည်းရုံးရေးဆင်းရင်လည်း..တစ်ခြားပါတီတွေကို ပုတ်ခတ်လိုခတ်..အဆင့်ကိုမရှိဘူး....

joseph said...

ဒီသတင်းကအမှန်ဆိုရင် မင်းကတော်တော်မိုက်ရိုင်း တဲ့ ကောင်တွေပဲ။
ဒီလိုတရားလက်လွတ်ပြောဆိုနေတာတွေကိုကြတော့ထိုင်ကြည်.နေတယ်။
NLD ကတစ်ခုခုလုပ်ကြည်.အကြောင်းမရှိအကြောင်းရှာပြီးဖမ်းမယ်။
ကြားဖြတ်ရွှေးကောက်ပွဲကတရားမျှတရစေပါမယ်လို.ပြောနေပေမယ့်လူတွေအားလုံး
ကတော့မယုံကြည်ပါဘူး။
မင်းတို.တွေတသက်လုံးအမတ်ဖြစ်မနေပါဘူး။မင်းတို.အာဏာရှိတဲ့အချိန်စိတ်တိုင်း
ကျလုပ်နိုင်ပေ့မယ့် တစ်နေ.ကျရင်မင်းတို.အလှည်ရောက်လာမှာပါ။
မင်းတို.လိုအမတ်အဆင်.မပြောနဲ.!!!!
မင်းတို.ဘိုးအေ "ဦးနေ၀င်း" နေ၀င်ချိန်ကို မင်းတို.အမှတ်ရသင့်တယ်။

cashewnut said...

ခင်ဗျားတို.ပြောတော.အဒီလူကအရူးဆို။

gemuk said...

မင်းအကိုက ၀န်ကြီး မင်းကအမတ် ဒါကြောင့်မို့ လူပါးဝချင်တာလား မင်းတို့ ကလူကမွေးထားတာမဟုတ်ဘူးနဲ့ တူတယ် ဒီမိုကေ၇စီကိုမင်းကောသိ၇ဲ့ လား အခုခေတ်က လူမိုက်ခေတ်မဟုတ်ဘူးနော် မင်းအမတ်ဖြစ်ပြီး တေလေဂျပိုးစကားမပြာနဲ့ 

thihathuya said...

အဲ့ဒီအမတ်ပုံလေးတင်ပေးပါလားမြင်ဖူးချင်လို့..ဒီလူတွေကတော့
သူရဲဖြစ်တာတောင်ကြံဖွတ်ဆိုတဲ့အစွဲပျောက်မှာမဟုတ်ဘူး..သူ့ရဲ့
အလိုတော်ရိကလည်းပထွေးအားရအောင်ဆဲသွားသေးတယ်နော်..
xxီးများသူတယောက်တည်းရှိတာကျလို့))))))))

Anonymous said...

Ngar Loe Ma Tin Myint..

Ko May Ko Loe Tin Myint...

Lee Kyant Foot...

Sauk Sint lone wa ma sheet Tin Myint..

Lee a mart lar... mell tha kho Tin Myint..

Democracy ka NLD naing yin ya bee....

2008 constitution lee bell

2010 election lee bell


Tin Myint ko Ball Bell

marga said...

အဲလိုကောင်တွေ လွတ်တော်ထဲရောက်နေတာ ရင်နာတယ်
မင်းတို့ ဘယ်လိုလုပ်လုပ် ဒီတစ်ခါကတော့ ရှုံးပြီကွ
မင်းတို့နေရ ၂၀၁၅ ပေါ့အာဏာရူးရာ

နွေမင်းလွင် said...

နောက်ဆုံးရ သတင်းကတော့ အမတ် တင်မြင့် နှင့် ဖဲရိုက်ဖော် လမ်းဆုံ (တန့်ဆည်) မြို့ပေါ်ရှိ အစိုးရပိုင် မြေကွက်များအား ရောင်းစားနေသောအဖွဲ့မှ NLD ပါတီရုံးသို့ လာရောက်ပြီး ရှိခိုး ဦးချ တောင်းပန်ပြီးသွားပါကြောင်း ကြားသိရပါသည်။

တန့်ဆည်သား said...

အစ်ကိုတို့ရေ အဲဒီအမတ်နောက်လိုက်တွေဖြစ်တဲ့ ပန်းတိမ်တင်မြင့်၊တိုင်းချစ်တင်ဝင်း၊ဖူးကားဆန်းရွှင်၊နောက်လိုက်ကျော်ကျော်ဦး၊ထူးတော်ဝင်ကျော်ထူး၊လိုက်သိုးကျော်စိုးအောင်၊ရောင်ခြည်ဦးမောင်လေး၊ကျောင်းအုပ်တာတေ(သန်းဆွေ)ကွမ်းပါလေးတို့ရဲ့သတင်းလေးတွေလဲတင်ပေးနိုင်အောင်ကြိုးစားကြပါအုံးခင်ဗျာ။ကုန်သွယ်ဒိုင်ကွင်းကြီးကိုခြမ်းရောင်းစားတဲ့လူတွေကိုစုံစမ်းပီးလဲတင်ပေးစေချင်ပါတယ်ခင်ဗျာ

ကောင်းကင်သစ် said...

တန့်ဆည်မြို့နယ် လူငယ်အများစုပါဝင်လူပ်၇ှားနေတဲ့NLD ပါတီရဲ့ အားကောင်းလာမူကို ချေဖျက်လို့မ၇နိင်ဘူးဆိုတာ နားလည်ထားပါ မြို့နယ်အတွက်ဟိုဟာလေးလုပ်ပြ၇ုံလေးဒီဟာလေးလုပ်ပြ၇ုံလေးနဲ့ ကံကောင်းလို့အမတ်နေ၇ာေ၇ာက်တာဘ၀င်မြင့်မနေပါနဲ့ မြို့နယ်အပေါ်ကနေစီးပွးေ၇းလုပ်အမြတ်ထုတ်နေတာအာလုံးသိတယ် တန့်ဆည်လူငယ်၇ဲ့လူပ်၇ှားမူဟာ တန့်ဆည်ကောင်းစားေ၇းလောက်စာဖွဲ့နေတာမဟုတ်ဘူး နိင်ငံ၇ဲ့အနာဂတ်အတွက်ဆိုတာနားမလည်၇င် အသာလေးဘေးဖယ်ထားပါ

Powered by Blogger.