ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောချက် ပေါက်ကြား၍ NLD က ကန့်ကွက်စာတင်

မြန်မာ့ရုပ်မြင်သံကြားမှ  ဒေါ်အောင်ဆန်းစုကြည် က ဟောပြော ထုတ်လွှင့်မည့်    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ သဘောထား မူဝါဒများ ပေါက်ကြားမှုကြောင့် ကန့်ကွက်စာတင်ထားကြောင်း ယင်းပါတီ၏ ဗဟိုအောင်နိုင်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

မတ်လ ၁၄ ရက်နှင့် ၂၂ ရက် တို့တွင် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောချက် သည် ယနေ့မတ်လ ၁၃ ရက်နေ့က အွန်လိုင်းသတင်း စာမျက်နှာများတွင် ရုပ်သံနှင့် တစ်ကွကြိုတင် ထုတ်လွှင့်ခဲ့ သဖြင့် ယင်းကဲ့သို့ ကန့်ကွက်စာ တင်ရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

‘‘ဒီသတင်းပေါက်ကြားမှုအတွက် ရေဒီယိုနဲ့ရုပ်မြင်သံကြားမှာ တာဝန်ရှိတယ် ၊ အခုပဲ အဲဒီဌာနမှာရှိတဲ့ တာဝန်ရှိသူ တွေထံ ကျွန်တော်ကိုယ်တိုင်  လတ်မှတ်ထိုးပြီး တိုင်တန်းထားပါတယ်’’ ဟု ယင်းကပြောသည်။

ရန်ကုန်တိုင်းမ်
ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောချက် ပေါက်ကြား၍ NLD က ကန့်ကွက်စာတင် ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောချက် ပေါက်ကြား၍ NLD က ကန့်ကွက်စာတင် Reviewed by သစ်ထူးလွင် on 06:48 Rating: 5

12 comments:

Ar Ga said...

အမေစုကို ချစ်တဲ့ MRTV က ၀န်ထမ်း တစ်ယောက်က တင်ပေးလိုက်တာ နေမှာပါဗျာ ။ လူတွေကလဲ အမေစု ပြောတာမို့လို့ စိတ်ဝင် တစားနဲ့ ထပ်ဆင့် ဖြန့်နေကြတာပါ ။ အခြားသူတွေ ပြောတာ ဆို၇င်တော့ အချိန်ကုန်ခံ ပြီး ဖြန့်နေကြမယ် မထင်ပါဘူး ။ စေတနာနဲ့ တင်ပေးခဲ့တဲ့ ၀န်ထမ်းခင်ဗျာ ဘယ်လောက် စိတ်မကောင်း ဖြစ်မလဲ ။သူလဲ ဒုက်ခေ၇ာက်မှာ သိမှာပဲ ၊ အမေစု အတွက် တင်ထားပေးခဲ့တာ ဖြစ်မှာပါ ။ တစ်ခုတော့ ၇ှိတယ်၊ NLD မှာတော့ ဒီလို ပေါက်ကြားမှု အတွက် တာဝန် မ၇ှိပါ ။ ဒါပေမယ့် NLD က ဒီလို ကန့်ကွက်တာကိုတော့ သိပ်လက်မခံနိုင်ပါ ။ ကန့်ကွက်ကို ၇ုပ်သိမ်းဖို့ ပြန်စဉ်းစားပေးဖို့ တောင်းဆိုလိုပါတယ် ။။။

မြေခွေးရူး said...

ဒီသတင်းပေါက်ကြားတာဘာဖြစ်လဲဗျ ။ မဟုတ်လည်း တစ်နိုင်ငံလုံး သိရှိရမဲ့ သတင်းဘဲ။ ဘာအရူးထပြီး ကန့်ကွက်နေရတာလဲ။ ကျေးဇူးတောင် တင်ရအုံး မယ်

ရာရာ said...

ကျုပ်တော့နားကိုမလည်တော့ဘူးဗျာ...ဒါက လျို့ ၀ှက်စရာလည်းမဟုတ်၊ ထိမ်ချန်စရာလည်းမဟုတ်၊ မဖြစ်မနေထုတ်လွှင့်ဖို့ အသံသွင်းထားတာပဲမဟုတ်လား။ ဘာဖြစ်လို့ကန့်ကွက်နေရဦးမှာလဲ ။ ကျုပ်သဘောကတော့ဗျာ..စောစောတင်လိုက်ရင် စောစောကြည့်ရ၊ နားထောင်ရ တာပဲမဟုတ်လား။ ဘာကိုကန့်ကွက်စရာရှိလို့တုန်းဗျ။ မူပိုင်ခွင့်တွေဘာတွေ ကော်ပီရိုက်တွေဘာတွေရှိလို့လားဗျ။ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ သဘောထား မူဝါဒများ" ဆိုတာ လျို့ ၀ှက်ထားဖို့လား...။ ဒီသတင်း ပေါက်ကြားလို့ရော ဘာတွေဖြစ်ကုန်မှာမို့လို့တုန်းဗျ။ ကျုပ်ကိုယ်တိုင်ပဲ လက်ပ်တော့ပ် တစ်လုံးနဲ့တစ်နိုင်ငံလုံးလှည့်ပြီး ဒီမိန့်ခွန်းကို ဖွင့်ပြလိုက်ချင်တယ်...တစ်ယောက်မကျန်အကုန်သိသင့်တယ်လေ။..ဒါကိုကျေးဇူးတောင်တင်ရဦးမယ့်ဟာဗျာ။ ခင်ဗျားတို့က ထစ်ကနဲဆို ကန့်ကွက်မယ်ဆိုတာချည်းပဲ။...ကြာတော့ ချဉ်တောင်ချဉ်ချင်စိတ်ပေါက်လာပြီ။

Sandi said...

MRTV ၀န်ထမ်းတွေက၊သူတို့ဝန်ကြီး နဲ့ DG ရဲ့ညွှန်ကြားချက်နဲ့တင်လိုက်တာ
ပါ။ ကြိုပြီးကြည့်ရလို့ ကျေးဇူးတင်ပါတယ် ငိုကျော်ဆန်း နဲ့ ဂျိုသိန်းအောင်။

lin lin said...

သိပါဘူး။ကျွန်တော်က ဒီသတင်းကို NLD အဖွဲ့ကစဖြန့်တာထင်လို့
NLD အဖွဲ့ချုပ်ကိုကျေးဇူးတင်နေတာ။အခုတော့ လွဲပြီ။

lwinmin said...

ရာရာ...မင်းကဘာသိလို့လည်း.ဥပဒေအကြောင်းအရာတွေနှံနှံစပ်စပ်သိလို့လားကွ..ချဉ်ချင်တယ်ဆိုတာ NLD ကန့်ကွက်တာကိုးပြောတာလား..NLD အခု မကွန့်ကွက်ဘူးဘဲထားပါတော့ နောင်တချိန်သတင်းပေါက်ကြားမူ့နဲ့ပါတ်သတ်ပြီး သက်ဆိုင်ရာကဖြေရုင်းခိုင်းယင် မင်းတာဝန်ယူနိုင်လို့လားကွ..အင်တာနက်ပေါ်တင်ပေးတဲ့သူကိုးတော့ အရမ်းကျေးဇူးတင်ပါတင်.သူ့ကြောင့် တနိုင်ငံလုံးကြည့်လို့ရတယ်လေ..MRTV၀န်ထမ်းများကိုကျေးဇူးတင်လျွှက် ...

တနသ်ာရီသတင်း said...

မိုးထက်(မြိတ်)
ဒီသတင်းကိုကန့်ကွက်ရအောင်အဲဒီသတင်းက.....
ပြည်သူအတွက်လား(သို့)ကိုယ်ကြိုးအတွက်လား

tayza aung said...

ကြိုသိရတာ ကောင်းတယ်ဆိုပေမယ့် စည်ကမ်းနဲ့တာဝန်မဲ့တဲ့ လုပ်ရပ်လို့ ကျနော်မြင်တယ်။ အသံလွှင့်ပြီးမှ အွန်လိုင်းမှာတင်တော့ကော ပြည်သူတွေမကြားရမှာ မဟုတ်လို့လား။ တစ်ရက်လေးစောတင်လိုက်လို့ကောဘာထူးသွားလို့လဲ။ စည်းကမ်းနဲ့ စောင့်ထိန်းရမယ့်ကျင့်ဝတ်ဆိုတာ လူတိုင်းမှာရှိသင့်တယ်။ ပြီးတော့ ကျနော်တို့ ဆယ်တန်းအောင်စာရင်းကို ကြိုသိတာထက် အောင်စာရင်းထွက်တဲ့နေ့မှ သွားကြည့်ရတာ ပိုအရသာရှိတယ်ဆိုတာ လိုပေါ့။ ဒီလိုပဲ အကယ်ဒမီ ဆုကို ဆုပေးတဲ့နေ့မှ ဘယ်သူရတယ်ဆိုတာ သိရတာပို ရင်ခုန်ရပြီး အရသာရှိတယ်ဆိုတာ အားလုံးလဲသိကြပါတယ်။ ဒီလို ကြိုပြီးတင်တာကို ကျနော် ကန့်ကွတ်ပါတယ်။

minpyaesonewin said...

အမေစုရဲ့ ဟောပြောကြားတဲ့ ပါတီရဲ့ မူဝါဒ တွေကို စာစောင်အနေနဲ့ ဖြန့်ဝေ ဖော်ပြပေးရင် ပိုကောင်းမလားပဲ။
ရုပ်မြင်သံကြားကတဆင့်နားမထောင်လိုက်ရတဲ့သူတွေလဲဖတ်ရတာပေါ့။
ဒီနေ့ MWD ကနေနားထောင်ကောင်းနေတုန်း အစပိုင်းလောက်ပဲရှိသေးတယ်
လိုင်းပြောက်သွားတယ်....ပြီးခါနီးမှပဲ ပြန်လာတယ်...MRTV နဲ့ MRTV4 ကလွင့်တာကြတော့လဲ မမှီလိုက်ဘူးဖြစ်သွားတယ်...online ကနေကြည့်ပြန်တော့လဲ connection က ကျနေပြန်တယ်...

အမြင်သစ် said...

NLD ကို အထင်မလွဲစေချင်ပါ။ အနာဂါတ်မှာတိုင်းပြည်ရဲ့ခေါင်း
ဆောင်ကောင်းတစ်ယောက်ဖြစ်လာမယ်လို့အားလုံးကမျှော်လင့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တစ်နိုင်ငံလုံးကို ဟောပြောတဲ့
မိန့်ခွန်းဟာ တီဗီ ကနေ ခန့်ခန့်ညားညား ထုတ်လွှင့်ပြသပြီးမှ ဒီလိုပျံ့နှံ့နေတယ်ဆိုတာမျိုးကပိုပြီးသဘာဝကျပါတယ်။သမ္မတ ကြီးဦးသိန်းစိန်ရဲ့ မိန့်ခွန်းလိုပေါ့ဗျာ။ ဦးသိန်းစိန်ရဲ့မိန့်ခွန်းသာ ဒီလိုတီဗီကနေမထုတ်လွှင့်ခင်ပျံ့နှံ့နေမယ်ဆိုရင် ပြည်သူတွေအတွက်ပေါ့ပျက်ပျက်ဖြစ်သွားတော့တာပေါ့။ ဒေါ်စုဆိုတာ ပြည်သူတွေကနောင်တချိန်မှာ ဦးသိန်စိန်ထက်တောင် လေးစားရမဲ့ သူလေဗျာ။ ဒီသဘောပါဘဲ....ရိုးရိုးလေးတွေးမယ်ဆိုရင်တော့
ဘာဖြစ်လဲဗျာ .နောက်လည်းသိရမှာဘဲ .စောစောသိရတော့
ပိုတောင်ကောင်းသေးတယ် ဒါလေးများရေးကြီးခွင်ကျယ်လုပ်
လို့ဆိုပီးတော့ တွေးလို့ရပါတယ်။ ဒါပေမယ့် အထက်မှာကျွန်
တော်ပြောခဲ့သလိုပေါ့ဗျာ။တိုင်းပြည်ရဲ့ အနာဂါတ်ခေါင်းဆောင်
တစ်ယောက်ရဲ့မိန့်ခွန်းကို ဒီလိုမလုပ်သင့်ဘူးဆိုတဲ့အနေနဲ့
အန်အယ်ဒီက ကျောင်းမှန်းကန်မှန်းသိအောင် ကန့်ကွက်ရတာ
နေမှာပါ။သဘာဝကျပါတယ်။အင်တာနက်ပေါ်ဆိုတာကအခု
မဟုတ်လည်းနောက်ကျ ပျံ့နှံ့နေမှာဘဲ။ ကျွန်တော်တို့ စောစော
ပိုသိရတာနဲ့ နည်းနည်းလေးနောက်ကျတာဘဲကွာမှာပါ။
ဒါကို ဒေါ်စု ရော အန်အယ်ဒီရော ကောင်းကောင်းသိပါတယ်။
အဲဒါလေးကိုအားလုံးကသဘောပေါက်ကြစေချင်ပါတယ်။ အန်အယ်ဒီကို အထင်မလွဲစေချင်ပါဘူး. ။နားလည်ကြမယ်ထင်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့အတွက်ကတော့ စောစောကြည့်
ရလို့ တင်ပေးတဲ့ လူကိုကျေးဇူးတင်ပါတယ်ဗျား။

Once Myanmar said...

We appreciate the person who made it available online for all people, some of those may not have a chance to reach MRTV at that transmission time. We believed that he/she did it on the good purpose.

I hope NLD submitted an objection letter just to confirm that they were not the one who contributed it online in case of any accusation to them.

ရာရာ said...

ခင်ဗျားတို့ဟာက ခိုးပြီးကျွေးတာ ကို အရသာရှိရှိအားရပါးရစားပြီး ခိုးတာမကောင်းဘူးဟ...မင်းသူခိုးပဲလို့ပြောနေတဲ့အတိုင်းပဲ။ နောက်ပြီး အကယ်ဒမီပေးပွဲတွေရော..ဆယ်တန်းအောင်စာရင်းတွေရော...စုံနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းက အဲ့ဒါတွေနဲ့ သဘောတရားခြင်းဘယ်တူမှာတုန်းဗျ။ ကျုပ်ကတော့ ဒီဂျပု ကျော်ဆန်းချယ်လှယ်နေတဲ့ အမ်အာတီဗီ ဆိုတာကြီးကို ဖွင့်မကြည့်တာ နှစ်ပေါင်းမနဲကြာလှပေါ့။

Powered by Blogger.