ဥတ္တရသီရိမြို့နယ် NLD ဆိုင်းဘုတ် ဖျက်ဆီးခံရပြန်

နေပြည်တော်မှာ ပထမဖျက်ဆီးခံရတဲ့ဆိုင်းဘုတ်ပုံပါ။
 နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဆိုင်းဘုတ်ကို ချွန်ထက်သည့်အရာဖြင့် ဖျက်ဆီးခံခဲ့ရသည်ဟု မြို့နယ်
အောင်နိုင်ရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဌေးဝင်းက မဇ္ဈိမကို ပြောသည်။

အလျား ၈ ပေ၊ အနံ ၄ ပေရှိ ဆိုင်းဘုတ်ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံတွင်
ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ချွန်ထက်သည့် အရာဖြင့် ဖျက်ဆီးခြင်းဟု ဦးဌေးဝင်းက ပြောသည်။

"အမေစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဆိုင်းဘုတ်ပါ။ အဲဒီမှာ အမေစု မျက်နှာကို ဓါးနဲ့ ခွဲသလိုမျိုး ဆုတ်ဖြဲသွားတယ်" ဟု မဇ္ဈိမကို ပြောသည်။

ဥတ္တရသိရီမြို့နယ်တွင် တရားရုံး မရှိသေးသည့်အတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။

ဖေဖေါ်ဝါရီလအတွင်းကလည်း ဥတ္တရသီရိမြို့နယ် ဘုရားတောင်ရွာတွင် ဖြစ်ပေါ်ခဲ့သေးပြီး ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့သော်လည်း သက်သေခိုင်လုံမှု မရှိဟုဆိုကာ တရားသူကြီးမှ အမှုကို ပလပ်ခဲ့သည်ဟု ဦးဌေးဝင်းက ပြော သည်။

မန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စာရွက်ငယ်များ တနင်္လာနေ့က ဖြန့်ဝေမှုရှိခဲ့ကြောင်း သိရသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို
ပြောသည်။

"နိုင်ငံခြားက ပေးတဲ့ အကူအညီ၊ ပိုက်ဆံတွေသုံးတယ်ပေါ့။ ဒါဟာ လိမ်တာတခုပဲ ဆိုပြီးတော့ ရေးထားတယ်" ဟု စာရွက်ပါ အကြောင်းအရာကို ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်သေရှာ ရန် ခက်ခဲနေသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

ဥတ္တရသီရိမြို့နယ်တွင် အသက် ၅ဝ အရွယ်ရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ်သား ဦးမင်းသူ NLD မှ ဝင်ရောက် အရွေးခံမည်ဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ရာထူးမှ အနားပေးခြင်းခံရသူ သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင် ၂ဝ၁ဝ ရွေးကောက်ပွဲက အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်တွင်မူ ဟစ်ဟော့အဆိုတော် ဇေယျာသော် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။
ချင်းမိုင် (မဇ္ဈိမ) ။       ။
ဥတ္တရသီရိမြို့နယ် NLD ဆိုင်းဘုတ် ဖျက်ဆီးခံရပြန် ဥတ္တရသီရိမြို့နယ် NLD ဆိုင်းဘုတ် ဖျက်ဆီးခံရပြန် Reviewed by သစ်ထူးလွင် on 09:02 Rating: 5

12 comments:

Anonymous said...

တော်တော်ပဲ့တဲ့သတင်းပဲ။ မည်သည့်အကြိမ်မြောက်အဖျက်ခံရတယ်ဆိုတာတော့ထည့်ဖို့ကောင်းတာပေါ့ဗျာ။

ဒီလိုပြောချင်လို့-ပထမအကြိမ် မသိလို့၊ဒုတိယအကြိမ် ထားတော့၊တတိယအကြိမ်မှဖျက်သူလည်းမမိ၊သက်သေလည်းရအောင်မယူနိုင်ဘူးဆိုရင် ခင်ဗျားတို့လဲသေလိုက်တော့။

Myanmar said...

ဇေယျာသော် က ပုပ္ဗ သီရိ ပါ..........

a said...

ညစ်လို့ရသမျှအကုန်ညစ်မှာပါ၊ဒီလူတွေကခိုင်းရင်သံဃာတွေကိုတောင်၇ိုက်နှက်ရဲပါတယ်။ပြည်သူအတွက်ဘာမှမပြောင်းသေးပါဘူး၊စစ်အုပ်စုထွက်ပေါက်အတွက်နိုင်ငံတကာနဲ့အစဉ်ပြေမဲ့ဟာတွေတစ်ချို့ပြောင်းလဲတာပါ၊သိန်းစိန်ရဲ့အပြောနဲ့အလုပ်ကဘာမှယုံနိုင်စရာမရှိပါဘူး။

datha said...

သမ္မတကြီးခင်ဗျား
ဒီအတိုင်းဆို မြန်မာနိုင်ငံဟာ မင်းမဲ့တိုင်းပြည်လို
ဖြစ်နေပြီ ဘာဥပဒေမှ မရှိတော့ဘူးလား
မင်းမဲ့တိုင်းပြည်ဆိုရင်လဲ သမ္မတကြီးက ဘာအဆင့်လဲ
မြန်မာနိုင်ငံ သမ္မတဆိုရင်လဲ ဥပဒေအရ အမြန်ဆုံးဆောင်ရွက်ရန်
သတင်းထုပ်ပြန်ပေးပါ
ခု ကမ္ဘာမှာ မြန်မာနိုင်ငံက တော်တော် စောက်ရှက်ကွဲနေပြီ
ကလိန်ကကျစ်လုပ်တဲ့နေရာမှာ အီရန်ပြီးရင် မြန်မာနိုင်ငံလို့
သတင်းတွေ တွေ့နေရတယ်
သမ္မတကြီးမှ မြန်မာနိုင်ငံကို ကယ်တင်ပေးပါ
အမေစုကတော့ သူ့ရဲ့ သမိုင်းပေးတာဝန်ကို ဆောင်ရွက်နေပြီ...........

Phyozawthein.electrical said...

Camera တပ်ထားရမယ်

khaingkhaing said...

ဦးသစ်ထူးလွင်ခင်ဗျား ကိုဇေယျာသော်ပြိုင်မည့် နေမြေဖော်ပြမှုဟာ လွဲနေပါတယ်

အတာ said...

ဆိုင်းဘုတ်တစ်ခုလုံး ထိုးခွဲဖျက်ဆီးခံရတာကို သက်သေမရှိဘူး ဆိုတော့ တရားသူကြီးက မျက်စိမမြင်ဘူးလားဗျာ .. သူကိုယ်တိုင်သွားကြည့်လည်း မြင်မှာပဲလေ.. ဆိုင်းဘုတ်ကောင်းနေတာကို လိမ်ပြီး တိုင်တာမှ မဟုတ်တာ .. လုံးဝ လေတယ် ..။

marga said...

ဒီကောင်တွေ သွေးရူးသွေးတန်းနဲ့ လျှောက်လုပ်နေတာပါ
ဒီကောင်တွေအတွက် နေ၀င်ချိန်ရောက်နေပြီလေ တစ်ခုပါပဲ
ဦးသစ်ထူးလွင်ရေ ကျွန်တော့် မှတ်ချက်လေး ဖတ်မိရင်ပေါ့
အမေစု ကို ဒီချိန်မှာ အိမ်မှာပဲ နေသင့်နေပါပြီလို့ ပြောပြပေးစေချင်ပါတယ်
အမေစု ကို ချစ်တဲ့ ပြည်သူ တစ်ယောက်အနေနဲ့ ခုလိုချိန်မှာ ဒီကောင်တွေကို ယုံလို့ မရဘူးလေ အထူးသဖြင့် ကြံ့ဖွံ့ပေါ့
ဒိကောင်တွေက ရှုံးမှာသေချာနေတာလေ ဒီကောင်တွေမှာ လက်ကိုင်တုတ်
တွေရှိနေတယ်ဗျ။ဗိုလ်ချုပ်လို ဖြစ်သွားမှာ စိုးရိမ်နေမိပါတယ်ဗျာ။အကြံပေးတာပါ။အမေစု အိမ်ထဲ ထိုင်နေလဲ ကျွန်တော်တို့ ပြည်သူ/ပြည်သား တွေက ချစ်ပြီးသားပါဗျာ။

htinaungkyaw88 said...

ဇေယျာသော်ပြိုင်မယ့် မြို့နယ် အမှန်က ပုဗ္မသီရိပါ

Toe Toe said...

ကိုသစ်ထူးလွင် ဟိုတစ်ခါလဲကိုဇေယျာသော်ဝင်မဲ့မြိုံနယ်ကိုမှားဖော်ပြတယ်ခုလဲ
မှားပြန်ပြီသူကပုမ္ဗသီရိမြို့ကပြိုင်မှာပါ။အရင်ကလဲဦးတင်အောင်မြင့်ဦးနယ်မြေကို
ဦးသိန်းစိန်ဆြို့ပီးဖော်ပြဘူးသေးတယ်။web Admin ကသတိထားပြီးပြင်စေချင်ပါ
တယ်။အဲဒီတင်းကိုဖတ်ပြီးအသိတစ်ယောက်သူဇမ္ဗူသီရိက၀င်ပြိုင်မဲ့သူကကိုဇေ
ယျာသော်တဲ့သူမဲပေးရမယ့်နာမည်ကိုမှတ်ထားတဲ့လို့အမှတ်မှားပြီးပြောနေတယ်
ကျွန်တော်ကမဟုတ်ဘူးအဲဒီမြို့နယ်ကနင်မဲပေးရမဲ့ကိုယ်စားလှယ်နာမည်က
မစန္ဒာမင်းလို့ပြောရတယ်။သူကNLDကိုမဲပေးချင်တာကိုး။MN0 ကသတိထားပေးပါ
ပရိတ်သတ်အမှတ်မှားသွားမှာစိုးလို့ပါ။

Bravo said...

ထိပ်ဆုံးပိုင်း ပုဂ္ဂိုလ်ကြီး၊ အရာရှိကြီးတွေနေတဲ့မြို့မှာတောင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံမှုတွေနဲ့ ပါတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်မနေဖူးလား။ အကြိမ်ကြိမ်ဖျက်စီးတာတောင် တရားခံမဖေါ်ထုတ်နိုင်ဖူးဆိုတော့ ပေါ်ပေါ်ကြီးဖြစ်နေသလားပဲ။

ရာရာ said...

အကြိမ်ကြိမ်ဖျက်စီးနေတာတောင် လက်သယ် မပေါ်ဘူးဆိုတော့ ကိုလှကျော်နေ ပြောသလို လဲသာသေလိုက်ကြတော့ ဘယ်သူ့မှအပြစ်တင်မနေနဲ့..။

Powered by Blogger.