မကွေးNLD အောင်နိုင်ရေးဆိုင်ဘုတ် ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးကဖြုတ်ချ


ဖြုတ်ချခံရတဲ့ ဆိုင်းဘုတ်
ဆိုင်းဘုတ်ဖြုတ်ချတဲ့ တရားခံ စိုးပိုင် (ကြံ့ဖွံ့ အဖွဲ့ ဝင်)
ပြီးခဲ့တဲ့ မတ်လ (၈)ရက်နေ့ က မကွေးမြို့ (NLD ပါတီ)အောင်နိုင်ရေးအဖွဲ့၏ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားလိုသော ဆိုင်းဘုတ်အားတပ်ဆင်ထားရာ အာဏာပိုင်အဖွဲ့အစည်း၏ အမိန့်မပါပဲ ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးက ဖြုတ်ချသွားပါသည်။

မကွေးမြို့ အိုးဘိုရပ် 7လမ်း အရှေ့ထိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နံနက် (၉)နာရီ 
လောက်မှာတင်ထားတဲ့ ဆိုင်းဘုတ်ကို နေ့ လည် (၁၂)နာရီလောက်မှာ ဖြုတ်ချခံရတာဖြစ်
ပါသည်။

မကွေးမြို့၊ မြို့မရပ်၊ ဘုရားလမ်းတွင် နေထိုင်သော ဦးနန်းလှိုင်(ရွှေသွေး)မော်တော်ယာဉ်ပိုင်ရှင် ကြံ့ဖွတ်ပါတီရပ်ကွက်ခေါင်းဆောင်၊ ဦးနန်းလှိုင်၏ ခိုင်းစေချက်အရ ကြံ့ဖွတ်ပါတီဝင် စိုးပိုင် ဆိုသူ
မှဖြုတ်ချသွားတာဖြစ်ကြောင်းသိရပါသည်။ စိုးပိုင် သည် အလုပ်မရှိအကိုင်မပဲ သူများခိုင်းတာ
လုပ်နေရသူဖြစ်ကြောင်းလည်း မကွေးမြို့ များက ပြောပြပါသည်။


 စိုးပိုင် သည် အများပြည်သူ၏ ချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစုကြည်၏ ဆိုင်းဘုတ်အား 
ဦးနန်းလှိုင်၏ ခိုင်းစေချက် တစ်ခုတည်းဖြင့် ဖြုတ်ချသွားပါသဖြင့် မတ်လ(၉)ရက်နေ့ တွင် မြို့နယ်
 ကော်မရှင်ရုံးသို့ တိုင်ကြားထားကြောင်း မကွေး NLD အဖွဲ့ ဝင်တဦးက Myanmar News Now
ကိုပြောပါသည်။

Myanmar News Now
မကွေးNLD အောင်နိုင်ရေးဆိုင်ဘုတ် ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးကဖြုတ်ချ မကွေးNLD အောင်နိုင်ရေးဆိုင်ဘုတ် ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးကဖြုတ်ချ Reviewed by သစ်ထူးလွင် on 15:01 Rating: 5

28 comments:

Future Generation said...

စိုးပိုင်ရော နန်းလိုင်ရော နှစ်ယောက်လုံးကို ပညာရှိနည်းနဲ့ပညာ ပေးလိုက်ကြစို့လား...........

myochit.mm.2012@gmail.com said...

လာပြန်ပြီ နောက်တစ်မျိုး... လုပ်ချလိုက်ပြန်ပီ..

Sandi said...

စိတ်ဓါတ်အလွန်ညံ့ဖျင်းတဲ့ပါတီကဆိုတော့၊
ဒီလိုယုတ်ညံ့တဲ့အလုပ်မျိုးဟာအလေ့အကျင့်ဖြစ်နေပြီ။

Shwe Mg said...

ဒီကောင်တွေလူ့အသိုင်းဝိုင်းမှာ နေလို့မရအောင် ၀ိုင်းကျဉ်ထားရမှာ..ဒါမှမှတ်သွားမှာ...လက်ကိုင်တုတ်တွေ..ဦးနှောက်နဲ..ပညာမတက်..တဲ့ လူမိုက်အဖွဲ့အစည်း အတိုင်းပဲ...ကြံ့ခိုင်ရေးဆိုတာ..

myosanoo said...

မတရားတာ၊ခိုးဖွက်တာတွေ(နိုင်ငတော်ပိုင်၊ငွေ၊ကါး၊မြေ၊နောက်ဆုံးမဲ)မကေါင်းတာအကုန်လုပ်ပြီးတိုင်းပြည်နဲ့လူမျုးအပေါ်ဖွတ်ဖြစ်အောင်လုပ်နေတာကြံ့ဖွတ်သိန်းစိန်မဲခိုးအစိုးရရဲ့ပါတီလုပ်ငန်းစဉ်တွေလားဗျာ၊ဒါကြောင့်. လွှတ်တော်မှာယောကျာင်္းတန်မဲ့မိမိဖာသာချိတ်ထမီတွေဝတ်နေကြတာဘဲနေမှာ. ဒီတခါချိတ်ထမီကိုအထပ်စဉ်ပါတပ်ဝတ်ကြတော့. လုပ်ရပ်တွေကအရမ်းအောက်တန်းကျနေပြီကြံ့ဖွတ်မဲသူခိုးသိန်းစိန်တို့ရေ

yeehlaing said...

စိတ်ဓါတ်ညံ့ဖျင်းတဲ့ပါတီ

moe said...

ဒီလို လူမျိုးကို ငါးပိ ၊ငါးချဉ် သိပ်ပစ်ဖို့ကောင်းတယ်ဗျ။
ဒီလို သိပ်ပြီးတော့ ပြည်သူတွေကိုတော့မကျွေးပါနဲ့။သူတို့လို အောက်တန်းကျတဲ့ စိတ်ဓာတ်တွေ ၀င်ကုန်မှာကြောက်လို့ ခွေးပဲကျွေးပါ။ ခွေးတောင် ခွေးလေ၊ခွေးလွင့် ကိုကျွေးရမှာနော်....

moethike............

datha said...

နန်းလှိုင်နဲ့ စိုးပိုင်
မင်းတို့က ဒုတိယ ငါးမင်းဆွေ လား
နာမည်ကြီးချင်ရင်တော့ တခြားနည်းလမ်းကို ရှာပါ

မကွေးသားတွေ ၀ိုင်းကိုင်လိုက်ကြတော့လေ
အသားထဲက လောက်ထွက်နေတဲ့ကောင်တွေကို
စိုးပိုင်ဆိုတဲ့ကောင်က
မကွေးကြက်ခြေနီအဖွဲ့က ငွေလိမ်လို့ ထုတ်
ထားတာ.....ဓါတ်ပုံရိုက်တဲ့ကောင်လေ ခု ကြံ့ဖွတ်ရဲ့ အစေအပါး
လုပ်နေတာလေ ဧရာဝတီတံတားအောက်က မင်္ဂလာလမ်းမှာနေတာလေ
အသေသတ်ပြစ်လိုက်ပါ..........မြို့သိက္ခာကျုတယ်ကွာ
နန်းလှိုင်ကကော ဘာကောင်လဲ
ကြံ့ဖွတ် အထောက်အပံ့နဲ့ ရ.ယ.က လူကြီးဖြစ်နေတာလေ
တိုင်းပြည်က ခိုးထားတဲ့ငွေတွေနဲ့ ၀ယ်ထားတဲ့ကား(EXPRESS)
3စီး ဧရာဝတီတံတားအောက်မှာ ထိုးထားတာလေ
မကွေးသားတွေ အညံ့တော့ မခံနဲ့ကွ
မြို့သိက္ခာ တော်တော်ကျနေပြီ

ဘယ်ကောင် ကိုင်မလဲ နားစွင့်နေမယ်နော်

Anonymous said...

နွားမင်းဆွေနဲ့ အပေါင်းပါ နွားစိုးပိုင် ညံ့ဖျင်းသေးသိမ်တဲ့ စိတ်ဓါတ်နဲ့ သူများကျွေးတာစား သူများနှာဖားကြိုးထိုးခံ ခိုင်းသမျှ လုပ်ပါတယ်...

tharzaw said...

ကြံ့ဖွတ်တွေကတော့ သိတဲ့အတိုင်းပဲ ....
အဆင့်မရှိ၊ စာရိတ္တညံ့ အကုန်လုံးအောက်တန်းကျတဲ့သူတွေချည်းပဲ

အီကိုမောင် said...

ဒီလိုလုပ်ရက်ကို လုပ်တဲ့သူဟာ အောက်တန်းကျလွန်းပါတယ်။ အဲဒီလုပ်ရက်ကို တားဆီးကာကွယ်ဖို့ တရားဥပဒေမရှိတာ ပိုအောက်တန်းကျလွန်းတယ်။ အဲဒီလိုမျိုး ဥပဒေမစိုးမိုးတာကို မသိမမြင်ချင်ယောင်ဆောင်တာက အောက်တန်းအကျဆုံးပဲ။

ချစ်ဖူး said...

အောက်တန်းကျတဲ့သူတွေပဲ။

pyaponthu said...

စိတ်ဓာတ်တွေက အောက်တန်းအရမ်းကျလွန်းတယ်။အများကောင်းကျိုးကို မကြည့်ဘူး ။အဝီစိသွားမယ့်အုပ်စု။မဲဆွယ်ရင် ကိုယ့်ပါနဲ့ဆိုင်တဲ့ ဆိုင်းဘုတ်ထောင်ခွင့်ရှိတယ်။အဲ့ဒါတရားဝင်ဘဲ။တခြားသူ ဖြုတ်ချပိုင်ခွင့်မရှိဘူး။မြန်မာလူမျိုးတွေ သိပ်အောက်တန်းကျနေပြီးပြင်လို့မှရပါတော့မလား

gemuk said...

ဒါကလူကိုစော်ကားတာမဟုတ်ဖူးနော် အမေကိုချစ်တဲ့လူအားလုံးကိုစော်ကားလိုက်တာ

Unknown said...

အဲဒီအပြုအမူ လုပ်ရပ်တွေကတော့ ရှေ့နွားတစ်ကောင်အဖြောင့်သွားက နောက်နွားတစ်သိုက်အဆင်လိုက်၏ ဆိုတဲ့ စကားပုံလေးနဲ့ တစ်ထပ်တည်းပဲဗျ....သူတို့ပါတီရဲ့ စံချိန် စံညွှန်း တွေနဲ့ကတော့ အံဝင်ခွင်ကျပါပဲ .....။

re haan said...

“အမေစုကိုချစ်လျှင် ဒီလိုမဲပေးစို့” တဲ့..၊ နည်းနည်းလွဲနေတယ်တူတယ်။
လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ဘယ်ရောက်သွားပီလဲ။
အဲဒီခေါင်းစဉ်လေးက ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်(ဦးမြင့်သိန်း)ရဲ့ အရည်အချင်းကော ဘယ်လဲဘယ်လဲ လို့မေးစရာရှိနိုင်ပါတယ်..။
မြန်မာစကားပုံရှိတယ်နော် “စိန်နားကပ်ရောင်နဲ့ ပါးပြောင်” ဆိုတာ ဒါကိုခေါ်တာလားမသိဘူးနော်...။ မှတ်ချက်ရေးလို့သားရေးရတယ် ဒီမိုခေတ်ကြီးမှာ လွတ်လပ်စွာရေးခွင့်မရှိတာက ခက်တယ်....။ အမှားရှိရင် အမှန်ရှိရမယ်လေ။

tayokegyi00@gmail.com said...

NLD ပါတီဝင်တွေ ဘေးကိုရှောင်နေပါ။
ငါတို့မကွေးက ပြည်သူပြည်သားတွေ ၀ိုင်းတွယ်လိုက်မယ်၊
ဒီိလိုဆန်ကုန်မြေလေးကောင်တွေကို မထားဘူး မြို့သိက္ခာကျတယ် ...
မကွေးသားများ အသားထဲကလောက်ထွက်တဲ့ကောင်ကို ၀ိုင်းဗြုန်းမယ် မင်းတို့ဗြုန်းမလား ငါတို့ဗြုန်းရမလား ...
ကြောက်တတ်ရင် ဘေးရှောင်နေလိုက်
ဒါပဲ .....

လင်းယုန် said...

ဒီနန်းလှိုင်ဆိုတဲ့ကောင်က ကြံ့ဖွတ်လေ
ဒီတော့
ဒို့ပြည်သူတွေ ညီဖို့တော့လိုမယ်နော်
ရွေသွေး ဆိုတဲ့ကားတွေကို မင်းတို့ပြည်သူတွေ ဘယ်တော့မှ မစီးပါနဲ့
တွေ့ရင် ထိုက်တန်တဲ့ အပြစ်တစ်ခု
တော့ ပေးလိုက်ပါ
အဲဒီကားတွေ
မကွေး ရန်ကုန် လမ်းပေါ်မှာ သွားနေတာလေ
တွေ့တဲ့လူက ပညာပေးလိုက်ပါ

ဒီကောင်တွေက လူလယ်လုပ်နေတာလေ
ကိုင်လိုက်ကြရအောင်လေ

ဆန်ကုန်မြေလေးနေတာ
ပြည်သူတွေအားလုံးက တတ်နေပြီလို့ ဒီကောင်တွေ

iban said...

ကျွန်တော်အနေနဲ့ကတော့ NLD ရဲ့ဆိုင်းဘုတ်ဖြုတ်ချမှ မဟုတ်ဘူး။ ဘယ်ပါတီရဲ့ ဆိုင်းဘုတ်ကိုဖြစ်ဖြစ် ပါတီနိုင်ငံရေးလုပ်နေကြသူအချင်းချင်း မနာလို မရှုစိမ့်တဲ့စိတ်နဲ့.. အောက်တန်းကျစွာပြုမူတာမျိုးကို ပြင်းပြင်းထန်ထန်ကို ရှုံ့ချတယ်။ ဒီလိုလုပ်ရပ်ကို ဆင်ခြင်တုံမဲ့စွာ ပြုလုပ်ရဲတဲ့ ရပ်ကွက်လူကြီး ဦးနန်းလှိုင်နဲ့ သူ့တပည့် စိုးပိုင်ဆိုတာ အခြေခံအသိစိတ်ဓာတ်က အလွန်တရာ နိမ့်ကျလွန်းပါတယ်။ ဒါပေမယ့် အခုလို မတရားသဖြင့် လူမိုက်ဆန်ဆန် လုပ်သွားတဲ့လုပ်ရပ်မျိုးကို လက်ပိုက်ကြည့်နေနိုင်တဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရဲ့ စိတ်အခြေအနေကို ပိုပြီးအံ့သြမိတယ်။ တစ်ရပ်ကွက်လုံး ဘုန်းကြီးတွေကိုရိုက်တဲ့ စွမ်းအားရှင်နဲ့ အပေါင်းအပါတွေဆိုရင်တော့လည်း ဘာမှ မပြောလိုတော့ဘူး။ မကွေးသားတွေ ခပ်ညံ့ညံ့လို့တော့ မထင်ပါဘူး။ အတ္တကြီးလေ အကြောက်တရားကြီးလေလို့ ကြားဖူးတယ်။ မကွေးသားတွေ အတ္တကြီးနေတာလား...
အကြောက်တရားက ရိုးတွင်းချဉ်စီ အသွေးအသားထဲထိ ပျံ့နှံသက်ရောက်နေတာလား...
သတ္တိမရှိတာလား...
ကျွန်တော်တို့သိတာက.. ဇာတိနတ်မောက်မကွေးခရိုင် သိကြများခုတိုင်တဲ့.. ကျုပ်တို့ရဲ့လေးစားကြည်ညိုရတဲ့ တယ်မတော်ရဲ့ဖခင် ဗမာ့သွေး၊ ဗမာ့သတ္တိကို မဟုတ်မခံ ကမ္ဘာသိအောင် ရဲရဲတောက်ပြခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ မကွေးခရိုင်ဇာတိပါ..

iban said...

မကွေးက အဲဒီလိုကြီးလား။ မမိုက်ပါဘူး.....

iban said...

မကွေးဆိုတာ သံဃာ့တော်တွေရဲ့ အစဉ်အလာကြီးမားတဲ့ မြို့ကြီးပါ။ ဒီလိုကြီးကတော့ မဖြစ်သင့်ပါဘူး။

iban said...

ကိုမင်းကိုနိုင် မကွေးသား​တွေကို ပြောခဲ့တာလေးပါ...
""" ဒီမိုကရေစီအတွက် အရေးအကြီးဆုံးမှာ သတ္တိရှိရှိလုပ်ခြင်း၊ ဗြောင်လုပ်ခြင်း၊ ဘောင်အတွင်းက ပြုလုပ်ခြင်းဖြစ်ကြောင်း ခေတ်အပြောင်းအလဲ ကာလတွင် ငိုက်မျဉ်းတွန့်ဆုတ် မနေဘဲ ကိုယ်ရပိုင်ခွင့် ဘာလဲ ဆိုသည်ကို စဉ်းစား၍ ညီညွတ်ရဲရင့်စွာ ပြုလုပ်ကြရန်လိုကြောင်း ပြောကြားခဲ့ . . ."""

pheasant said...

Rehaan ရေ " အမေစုကို ချစ်လျှင် ဒီလိုမဲပေးစို့" ဆိုတာ နည်းနည်းမှားနေသလား လို့ မင်းရေးထားလို့ပါ၊ ဒီမိုကရေစီမှာ ပါတီတွေမဲဆွယ်ကြတာ ပါတီရဲ့ ခံယူချက် ၊ လမ်းစဉ်သဘောထားတွေ အရေးကြီးသလို ဒါတွေကို ဖေါ်ဆောင်မဲ့ လူ ကလည်းအရးကြီးပါတယ်၊ သူက NLD ကလူဖြစ်တဲ့အတွက် NLD နံမည်နဲ့ အဖွဲ့ ခေါင်းဆောင်ရဲ့ နံမည် ကို သုံးနိုင်ပါတယ် မဲဆွယ်တယ် လို့ ဆိုတဲ့အတွက် ကိုယ့်ကို ယုံကြည်အောင်ကို့ဖက်ပါအောင် လုပ်နိုင်တဲ့ အပိုင်းထဲက နေ လူတွေကို ဆွဲဆောင်ရမှာ ပဲ ၊ ကြံ့ဖွတ် က ဆိုင်းဘုတ်ထောင် လက်ရှိအစိုးရထဲက ပြည်နယ် ၀န်ကြီးချုပ်နံမည် သုံး ဓါတ်ပုံတွေပါ ကပ်ပြီး လုပ်တာနဲ့ ယှဉ်ရင် ပြည်သူတွေငွေ နိုင်ငံတော် ငွေနဲ့ ကြံဖွတ်နံမည်တပ်လုပ်တာနဲ့ ယှဉ်ရင် ဦးမြင့်သိန်းလုပ်တာ ပါးပါးလေးပါ၊ ဒါကို မင်းက စိန်နားကပ်ရောင်နဲ့ ပါးပြောင်တယ် လို့ မပြောခင် ကြံဖွတ် လူမှုရေးအဖွဲ့ကြီးကနေ အတင်းအဓမ ပါတီလုပ် အင်အားယူ အာဏာပြ အနိုင်ကျင့်နေတာတွေကို အရင် ဝေဖန်သင့်တယ်၊ ကိုယ့်ခေါင်းပေါ်နဲ့ ကိုယ့်ပါးစပ်ထဲရှိနေတဲ့ ပေနေတဲ့ချီး တွေ အရင်မဆေးပဲ သူများမျက်စိမှာကပ်နေတဲ့ မျက်ချီးကို ဝေဖန်သလိုဖြစ်နေတယ်၊ မင်းပြောသလို ဒီမို ခောတ်ကြီးမှာ မင်းဝေဖန်ခွင့်ရှိပါတယ် အဲဒါတရားသလို ငါလည်းမင်းကို ပြန်ဝေဖန်တာ တရားတယ်လို့ပဲ မှတ်ပါ ၊ အားလုံးကိုမိတ်ဆွေဖြစ်ချင်ပါတယ်

Anonymous said...

မကွေးမှာ ဘာတွေဖြစ်နေတာလဲ
အမှန်တရားကို ချစ်တဲ့သူမရှိတော့ဘူးလား၊ နွားမင်းဆွေ ရမ်းကားတာလဲ ထိုင်ကြည့်နေကြတယ်
အခုလဲ လာပြန်ပြီ ပေါ်တင်ဆိုင်းဘုတ်ဖြုတ်ပြီး စော်ကားတာကိုလဲ ထိုင်ကြည့်နေကြတယ်
မကွေးမြို့မှာ အမှန်တရားပျောက်ဆုံးနေပြီလား . . .

ဖိုးတောက် said...

နိုင်ငံတကာက သိသွားရင် အထင်သေးတော့မှာပဲ..
ဒီဒေသရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေတော့ ဒီငပိန်းတွေကြောင့် ကုန်တော့မှာပဲ...

Moe Ye said...

ဘာတွေ ဖြစ်ကုန်ပြီလဲ ။ ။ဒီလိုတွေ မဖြစ်အောင် ထိန်းသိမ်းမဲ့ လူကြီးတွေ သေကုန်ကြသလား ။ဒါမှ မဟုတ် အပင်းစို့ပြီး မမြင်ချင်ယောင် ဆောင်နေကြသလား ။
ှု(iban ; ကျွန်တော်အနေနဲ့ကတော့ NLD ရဲ့ဆိုင်းဘုတ်ဖြုတ်ချမှ မဟုတ်ဘူး။ ဘယ်ပါတီရဲ့ ဆိုင်းဘုတ်ကိုဖြစ်ဖြစ် ပါတီနိုင်ငံရေးလုပ်နေကြသူအချင်းချင်း မနာလို မရှုစိမ့်တဲ့စိတ်နဲ့.. အောက်တန်းကျစွာပြုမူတာမျိုးကို ပြင်းပြင်းထန်ထန်ကို ရှုံ့ချတယ်။)
ကျွန်တော်လည်း သဘောတူပါတယ်ခင်ဗျာ့ ။

ရာရာ said...

ဖွတ်ကြီးတို့ဆိုင်းဘုတ်ကိုတော့ ဖြုတ်မချချင်ပါဘူး...ချီးထုပ် နဲ့ပဲ ပစ်ချင်တယ်..တန်ရာ တန်ရာပဲ ကောင်းတယ်...

marga said...

သခင်အားရကျွန်ပါးဝလုပ်နေကြတာပဲ
ဒီကောင်တွေ အေးဆေးမနေကြဘူးနော်
ဘယ်လိုလုပ်နေနေအမေစု ကို မနိုင်ပါဘူး
ဘယ်လို အရေးယူမလဲ ဆိုတာတော့ သိချင်ပါသေးတယ်
မယူရင်လဲ မယူဘူးပေါ့
ဖုန်းမော်ရွှေရဲ့ လက်ကိုင်တုတ်တွေပဲနေမှာ နန်းလှိုင်ဆိုတာက

Powered by Blogger.