မြန်မာ့ရုပ်ရှင်အစည်းအရုံးကို NGO အဖြစ်ပြောင်းလဲရန် စီစဉ်
 မြန်မာ့ရုပ်ရှင်အစည်းအရုံးကိုNGOအဖြစ်ပြောင်းလဲမည်ဖြစ်သော်လည်း မြန်မာ့ရုပ်ရှင်အစည်းအရုံး အမည်ဖြင့်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ နာ.ယ.က များကိုလည်း ပြန်လည်ရွေးကောက်တင်မြှောက်ကြမည် ဖြစ်ကြောင်း  သိရှိရသည်။
“ ကျွန်တော်တို့ NGO ပြောင်းပေမဲ့ ရုပ်ရှင်အစည်းအရုံးအမည်နဲ့ပဲ ဆက်ပြီး အလုပ်ဆက်လုပ်သွားမှာပါ အဲ့အတွက်လဲ နာ.ယ.က တင်မြောက်မှာပါ ၊ အဲ့အဆင့်ကလဲ လိုပါသေးတယ် ဘာလို့လဲဆိုတော့ အကိုတို့ ရုပ်ရှင်အစည်းအရုံးမှာ မဲပေးပိုင်ခွင့်ရှိတဲ့လူကို စိစစ်နေလို့ပါ ရှေ့ဆက်ပြီးတော့ ကျဆင်းမှုတွေကို ပပျောက်သွားအောင် ရုပ်ရှင်လောကကို အောင်မြင်အောင် ဆောင်ရွက်သွားမှာပါ” ဟု ဒါရိုက်တာ ၀ိုင်းက ပြောဆိုသည်။
ယခုလက်ရှိ ရုပ်ရှင်အစည်းအရုံးတွင် နာ.ယ.က ကြီး၈ဦးဖြင့်ဖွဲ့စည်းထားသောအဖွဲ့ရှိပြီးအဆိုပါအဖွဲ့မှ ရွေးချယ်တင်မြောက်ထားသော နာ.ယ.ကအသစ်ဖြင့်NGOအဖွဲ့အစည်းကိုဆက်လက်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“နာ.ယ.ကကြီး ၈ဦးက နာ.ယ.ကအသစ်တွေကို ရွေးချယ်ရမယ် နာ.ယ.က ကြီး၈ဦးမှာ ဦးမင်းအောင် ၊ ဘိုကလေး ဦးတင်အောင် ၊ ဦးစိန်တင် ၊ ဦးကြည်စိုးထွန်း ၊ ဦးအောင်မြင့်ကြည် ၊ ဦးအောင်လွင် ၊ ဦးမင်းမိုး ၊ ပန်ချီ ဦးစိုးမိုး ပေါ့ သူတို့ကနေပြီးတော့ ဦးဆောင်ပြီးတော့မှ နာ.ယ.က အသစ်ရွေးချယ်မှာပါ အဲ့ဒီနာ.ယ.က အသစ်ကနေ NGO အဖြစ် လုပ်ဆောင်တဲ့အခါ ဦးဆောင်ရမယ့် သူတွေပါ” ဟု ရုပ်ရှင် သရုပ်ဆောင် ၊ ဒါရိုက်တာ ဇင်ဝိုင်းက ပြောသည်။
မြန်မာရုပ်ရှင်အစည်းအရုံးနာ.ယ.ကမည်သူဖြစ်မည်ကို ရွေးကောက်တင်မြှောက်ခြင်းပြုလုပ်နေပြီး ၊ အနုပညာလောကသားများ ရှေ့ရေးအတွက် တရားမျှတမှုရှိရန် အနုပညာရှင်အချို့ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်းတွင် ရုပ်ရှင်အစည်းအရုံးကို NGO အဖြစ် ပြောင်းလဲရန်အတွက်အနုပညာရှင်လောကသားများမှ တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ယခုအခါတွင် နာ.ယ.က အသစ်ဖွဲ့စည်းရန်အတွက်မဲပေးနိုင်မည့်လူစာရင်း စိစဉ်နေကြောင်း သိရှိရသည်။
 “ရုပ်ရှင်ဈေးကွက်ကျလာပြီဆိုရင် producer ကမရိုက်တော့ဘူး ဗွီဒီယိုအပိုင်းလဲ ဈေးကွက်က တော်တော်လေးကျဆင်းလာတယ် ပြသဖို့က အခက်တွေ့သွားပြီလေ ရုပ်ရှင်လောက ပျက်ဆီးတော့မှာ အဲ့ဒါကြောင့် NGO အဖြစ် ပြောင်းတာပါ” ဟု ဒါရိုက်တာ ၀ိုင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ယခင်ရုပ်ရှင်ရုံ ၄၀၀ ခန့်ရှိရာမှ ယခု ၇၀ ကျော်ခန့်သာ ရှိတော့ပြီး ဗွီဒီယိုဈေးကွက်သည် ရန်ကုန်တွင်သာမက နယ်များတွင်ပါ ကျဆင်းလျက်ရှိကြောင်း ၊ ထိုသို့ကျဆင်းခြင်းသည် အနုပညာလောကကို ပျက်ဆီးနိုင်ခြင်းကြောင့် NGO အဖြစ်ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့ရုပ်ရှင်အစည်းအရုံးကို NGO အဖြစ်ပြောင်းလဲရန် စီစဉ် မြန်မာ့ရုပ်ရှင်အစည်းအရုံးကို NGO အဖြစ်ပြောင်းလဲရန် စီစဉ် Reviewed by သစ်ထူးလွင် on 07:03 Rating: 5
3 comments:
Thurein said...
Sound little confusing! That would be great if Wint Thinzar Kyaw could eleborate more how transforming into NGO can improve that particular challenging situation. What are the next steps of Film organization?
သက်မောင် said...
ဘယ်သူတွေပဲလုပ်လုပ် လုပ်ကြပါဗျာ..
တစ်ခုပဲတောင်းဆိုချင်ပါတယ်...
မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားရေးဦးတည်မယ်ဆိုပြီး သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေကိုတော့ သတိပြုဖို့လိုပါမယ်...
တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှုတွေပေးနိုင်တဲ့ အနုပညာရှင်များအနေဖြင့်လည်း မိမိကြောင့် လူမျိုးတစ်ခုလုံးရဲ့ ယဉ်ကျေးမှုတွေ ပျောက်ပျက်သွားနိုင်တယ်ဆိုတာ သတိမူ သင့်တယ်ထင်ပါတယ်....
စံနမူနာပြ ၀တ်ဆင်ပြသူတွေဖြစ်နေတော့လည်း ပြည်သူအတုခိုးမယ်ဆိုလည်း အတုခိုးနိုင်အောင် မြန်မာ ဂုဏ်ပုဒ်နှင့် လျော်ညီသော ဆင်ယင်ထုံးဖွဲ့မှုမျိုးဖြင့်သာ ပြည်သူကို ဖျော်ဖြေတင်ဆက် ပေးစေလိုပါတယ်....
မိမိကိုယ်တိုင်ကိုယ်က ၀တ်ချင်လှပါတယ်ဆိုရင်လည်း အိမ်မှာပဲဖြစ်ဖြစ်... ကိုယ်မြင်စေချင်သူရှေ့မှာပဲဖြစ်ဖြစ်၊ အဲဒီလိုဝတ်ပေးဖို့ တောင်းဆိုသူရှေ့မှာပဲ ၀တ်ဆင်ပေးရန်ဖြစ်ပါတယ်ခင်ဗျား......
Chit San Maung said...
စာပေစိစစ်ရေးကိုလည်း အမှန်တကယ် တတ်သိကျွမ်းကျင်သူ ပညာရှင်များဖြင့် NGO ပုံစံပြောင်းလဲဖွဲ့စည်းသင့်ပါတယ်..။
အများပြည်သူရဲ့ အကျိုးစီးပွားနဲ့သာသက်ဆိုင်ပြီး အစိုးရများရဲ့ လက်ကိုင်တုတ် မဖြစ်သင့်ပါ...။
Powered by Blogger.