Mobile Network Optimization ဆောင်ရွက်ရန် နိုင်ငံတကာမှ ကမ်းလှမ်း

တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ အဆင်ပြေရန် ဆောင်ရွက်ပေးသည့် Mobile Network Optimization လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတကာလုပ်ငန်းရှင်များမှ ကမ်းလှမ်းမှုများရှိနေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စိစစ်လက်ခံသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဖုန်းလိုင်းကျပ်သည့် ပြဿနာများ ဖြေရှင်းပေးနိုင်မည့် Mobile Network Optimization လုပ်ငန်းကို အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အစ္စရေးလ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့မှ လုပ်ငန်းရှင်များက လုပ်ပိုင်ခွင့်ရရှိရန် လာရောက်ကမ်းလှမ်းထားကြောင်း သိရသည်။

“တချို့ နိုင်ငံတွေက သူတို့ သတ်မှတ်ထားတဲ့ကာလတခု၊ သတ်မှတ်ထားတဲ့ အကျိုးအမြတ်အပေါ်မူတည်ပြီး လုပ်မယ်လို့ ပြောတယ်။ တချို့နိုင်ငံတွေက ဈေးလည်း တပြားမှ ပေးစရာမလိုဘူး၊ ဒီလို ဖရီးလုပ်ပေးတဲ့အတွက်ကြောင့်မလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေပြီး ဘာမှ အကျိုးအမြတ်မယူဘူး။ အပြန်အလှန်နှောင်ကြိုးမရှိတဲ့ ပုံစံမျိုးနဲ့ လာပြီးကမ်းလှမ်းတာတွေ ရှိတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပုဇွန်တောင် ဆက်သွယ်ရေးသင်တန်းကျောင်းမှ ဆရာဦးကျော်စိုးက ပြောသည်။

ကမ်းလှမ်းထားသည့် နိုင်ငံများမှ မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ကွန်ယက်ဆက်သွယ်ရေးအတွက် သုံးစွဲသူများကို အဆင်အပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်မည့် ကုမ္ပဏီကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Mobile Network Optimization ဆိုသည်မှာ ကွန်ယက်တွင်းရှိ တယ်လီဖုန်း ဆက်သွယ်သုံးစွဲသူများ ကြုံတွေ့ရတတ်သည့် လိုင်းကျပ်ခြင်း၊ လိုင်းမကြည်ခြင်း၊ ခေါ်ဆိုရန်ခက်ခဲခြင်း အစရှိသည့်အခက်အခဲများကို နည်းပညာအရဖြေရှင်းသည့် စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သန်း သုံးဆယ်စီမံကိန်းအရ ထပ်မံတိုးချဲ့မည့် ကွန်ယက်များအတွက် မလုပ်မဖြစ် လုပ်ဆောင်ရမည့်ကိစ္စဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာငွေကျပ် သုံးသိန်းထက်မပိုသည့် သရီးဂျီ ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်းများကို ယခုနှစ် မတ်လအတွင်းချထားပေးမည်ဟု သတင်းများထွက်ပေါ်နေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အဆိုတင်သွင်းသည့် ငါးထောင်ကျပ်တန် မိုဘိုင်းလ်ဖုန်းများကို လွတ်တော်တွင် အဆိုတင်သွင်းမည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။
TheMessenger NewsJournal
Mobile Network Optimization ဆောင်ရွက်ရန် နိုင်ငံတကာမှ ကမ်းလှမ်း Mobile Network Optimization ဆောင်ရွက်ရန် နိုင်ငံတကာမှ ကမ်းလှမ်း Reviewed by သစ်ထူးလွင် on 11:19 Rating: 5

13 comments:

Anonymous said...

အလကားလုပ်ပေးမယ့် Provider ကိုရွေးပြီး နိုင်ငံတော်ကို ပိုက်ဆံပေးရပါတယ်ဆိုပြီး ဘက်ဂျက်လိမ်မတင်နဲ့နော် မောင်မင်းကြီးသားများတို့...

tharzaw said...

သြော် ... ဒုက္ခ ... ဒုက္ခ ...
စိစစ်ကြဦး ... စိစစ်နေကြဦး ..
အလကားပေးတာ သွားဖြဲကြည့်နေတယ် ..
ဒုက္ခ ... ဒုက္ခ ...

My Diary said...

တစ်သောင်းရှစ်ထောင်တန်တောင်မထွက်သေးပါဘူး
သည်ရက်ပိုင်း လိုင်းတွေအရမ်းကြပ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးက
ဘာလို့ နောက်ကောက်ကြရတာလဲမသိဘူးနော်

ဆိတ်ဖွား said...

ဘာနိုင်ငံခြားသားကုမ်ပဏီမှ မလိုဘူး။
တာဝန်ရှိသူတွေကသာ ရိုးရိုးရှင်းရှင်းလုပ်ရင်
ဘာမှလိုင်းမကျပ်ဘူး။
လိုင်း တစ်သောင်းလောက်ပဲ သုံးလို့ရမှာကို
လိုင်း တစ်သိန်းလောက်သုံးနေမှတော့ ကြပ်ပီပေါ့။
ဆက်သွယ်ရေးက ဂွင်ရိုက်တာဘဲဖြစ်မှာပါ

Myanmar said...

နှောင်ကြိုးမဲ့ သနားသဖြင့် ဖ၇ီးပေးပါတယ်ဆို စဉ်းစားအုံးမယ်တဲ့။ ကလိမ်ကကျစ်နဲ့ ၇ိုက်စားဂွင်မပါလို့ စိတ်မ၀င်စားတာထင်ပါ့။ ။

atg said...

လိုင်းကျပ်တယ်ဆိုပြီး fec 20တန် ကတ်တွေကြတော့ဘာလို့ရောင်းလဲမသိဘူး....
ပါးပါးလှီးနေတာလား

Anonymous said...

A company ,that pay most under table money , will be chosen by government , like 180000 ks sim-card companies.

အောင်ဆန်းသွေး said...

လာဘ်ငွေပေးတဲ့ စရိတ်ကြီး အမြတ်စား တရုတ်ကုမဏီကို မရွေးစေတာ သေချာဖို့ ကမ်းလှမ်းတဲ့ကုမဏီတွေရဲ့ offer ပုံစံတွေကို သိမှရမယ်..။ ဆက်သွယ်ရေးက ပြည်သူကို ချစ်တဲ့ spy တစ်ယောက်လောက်လိုတယ်ဟေ့...။

nationalism said...

Anyway i don't have any confidence in china company .

san san said...

ကျေးဇူးပြုပြီး တရုတ်ကုမ္ပဏီတော့ မရွေး မိပါစေနဲ့ ။အလကားနေ အတိုးပေးနေရအုံးမယ်။အဝေးကြီးလိုက်မကြည့်နဲ့ မြန်မာ ပြည်ဖင်အောက်မှာနေတဲံ မလေးရှားမှာ ဖုံးလိုင် ကျပ်တယ်လို့တခါမှ မကြားမိပါဘူး။ကြိုက်တဲ့ဖုံးကဒ်ဝယ်ထည့်မြန်မာငွေ ၃၀၀၀ ပတ်ဝန်းကျင် ဘဲ။လူတိုင်းဖုံးရှိတယ်။

Lugyan said...

China, Korea, India, Israel and Ireland whatever, who can really do to be good MPT Network as soon as possible is necessary. Nothing is free in world, something is behind that. eg., google have Advertisement as user behavior

ပေါက်ပေါက်ဆုပ် said...

နို့ဆီခွက် ကြိုးတပ်ပြောတာကမှ မြန်မာနိုင်ငံက ဖုန်းလိုင်းတွေထက် ကြည်ကြည်လင်လင်ကြားရဦးမယ် ....
မြန်မာနိုင်ငံမှာ လိပ်ခေါင်းဝေဒနာရှင်တွေရဲ့ တ၀က်လောက်က ဖုန်းကို မကြားရလွန်းလို့ အော်ပြောရင်း ဖြစ်သွားတာနေမှာ...
စစ်တမ်းကောက်ယူသင့်တယ်....း )

ပေါက်ပေါက်ဆုပ် said...

ကျွန်တော်တို့ အစိုးရက မာနတော့ကြီးတယ်ဗျ ...အလကားပေးတိုင်းမယူဘူးဆိုပဲ ....ေxာက်ကြွေးက လည်ပင်းနစ်နေတာ...ကို...

Powered by Blogger.