လေးဖြူနှင့် Iron Cross ပရိသတ်များသို့ ................
ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော လေးဖြူ၏ အင်တာဗျူးမှာ အမှန်တကယ် မေးမြန်းဖြေဆိုထားခြင်း လုံးဝ(လုံးဝ) မဟုတ်ပဲ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေကြောင်းအရ အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Iron Cross (facebook)
Envoy ဂျာနယ်၏ လုပ်ကြံသတင်းနှင့် ပါတ်သတ်၍ အဆိုတော် လေးဖြူ ကြေညာချက်
Reviewed by သစ်ထူးလွင်
on
09:55
Rating:
24 comments:
ဒီလိုပဲ ဖြစ်လာလိမ့်မယ် ဆိုတာ ကြိုတွေးပြီးသားပါ ကိုလေးဖြူ။ ဂျာနယ်က မှားပါတယ် တောင်းပန် လောက်နဲ့ပဲ ပြီးသွားမယ် ဆိုတာလေ။ တကယ်တော့ IC အဖွဲ့သားအားလုံးအတွက် ကိုလေးဖြူဟာ အရမ်းအရေးကြီးတဲ့သူပါ။ ဒီသတင်းက ထွက်လာတာ နဲ့ ကိုလေးဖြူတို့ ဖြေရှင်းရမှာ။ အခုမှ ကြေငြာချက်ထုတ်တယ်ဆိုတာတော့ တမျိုးကြီးဖြစ်နေသလားလို့။ ဒီလိုသာ ဂျာနယ်တွေက လက်လွတ်စံပယ် လျောက်ရေးနေရင်တော့ ဂျာနယ်လောက သိက္ခာ ရေစုန်မျောပြီ။ ၁ ခုခုတော့ မှားနေပြီ.......
ကိုလေးဖြူရေ ထာဝရအားပေးနေတယ် လုပ်သာလုပ်ဗျာ
အဲလိုလုပ်ပါ...ကိုလေးရာ။
ကိုလေးဖြုရဲ့ဖြေရှင်းချက်ကျေနပ်ပါတယ်။အဲဒီလိုဂျာနယ်မျိုးကိုပြည်
သူတွေအားမပေးသင့်ပါဘူး။
ဂျာနယ်ဆို တာ ပြည်သူကို အမှန်အတိုင်းဘဲ တင်ပြသင့်ပါတယ်။စတုတ္ထမဏ္ဍိုင် နာမည် ပျက်အောင် မလုပ်သင့်ပါဘူး။
ကိုလေးကြီး ကွ.....
ပြတ်ပြတ်သားသား ထိေ၇ာက်စွာ အေ၇းယူပါကိုလေး
ဒီလိုဘဲဖြစ်ရမှာပေါ့။ကိုလေးဖြုအကြောင်းသိနေတာဘဲ၊ရှိုးပွဲတွေအပိတ်ခံထားရ
ပြီး နာဂစ်ရံပုံငွေပွဲဆိုပြီးမှ ပြန်ဖွင့်ပေးတာဘဲ။ဆက်လုပ်ထားအားပေးတယ်။်တေးချစ်ပရိတ်သပ်မဟုတ်ပေမဲ့မုအရအားပေးပါတယ်။
ကိုလေးဖြူေ၇၇ှင်းမနေနဲ့၇ှပ်တယ် မဟုတ်မှန်လုပ်
ကြံေ၇းတာကိုလဲလူထုသိအောင်ပြန်ကြေညာလိုက်ပါ၊
ခုဟာကနိုင်ငံအုပ်ချုပ်နေတဲ့သူတွေကသူ့အောက်ခြေ
ကလူတွေကိုမနိုင်ဖြစ်နေတာ(အ၇ပ်နဲ့ပြော၇၇င်မိမနိုင်
ဖမနိုင် မိမဆုံးမဖမဆုံးမ)တွေဖြစ်နေတာ ဥပဒေနဲ့၇ှင်း
လဲအချိန်ကုန်လူပင်ပန်းတယ်၊သိသိကြီးနဲ့လဲသူတို့က
အေ၇းယူမှာမဟုတ်ဘူး၊ဒီလိုလူတွေအတွက်နဲ့လုပ်မ
နေနဲ့ ၇ှင်းလင်းချက်နဲ့တင်လုံလောက်ပါတယ်၊ပ၇ိတ်
သတ်တွေကသိပါတယ်ကိုလေးဖြူဘာဆိုတာကို
မိုးမခ မီဒီယာ မှာလည်း အဲဒါနဲ့ ပတ်သက်လို့ ဒီဇိုင်နာ မျိုးဆွေသန်း (ကိုလေးဖြူရဲ့ သူငယ်ချင်း) ဖေ့ဘွတ်မှာ ကြိုတင် ရေးထားတာလေး မသိသေးရင်ဖတ်ကြရအောင်လို့ .. ပိုပြီး ပြည်စုံသွားအောင် ဇတ်လမ်းစဆုံးကို လေးဖြူ နဲ့ အရင်းနှီးဆုံးထဲက တစ်ယောက်ပြောတာ ကို ကြားရင် ကိုလေးဖြူ ရဲ့ အတွင်းသဘောကိုပိုပြီး မြင်နိုင်လိမ့်မယ် .. http://moemaka.blogspot.com/2012/03/envoy-facebook-envoy-journal-ic-envoy.html?spref=fb
မိုးမခ မီဒီယာ - MoeMaKa News & Media: လေးဖြူက ကြံ့ဖွံ့ပါတီကို မဲမပေးခဲ့၊ Envoy ဂျာနယ်ကို ဥပဒေကြောင်
moemaka.blogspot.com
လေးဖြူသတင်းအတွက်ကျေးဇူးပါ
ဟုတ်လို့လားလေးဖြူရ မင်းမပြောဘဲဂျာနယ်မှာဘယ်လို လုပ်ပြီး ထည့်လို့ရမှာလဲ။ ဒီသတင်းတာတဂယ်အမှန်ဆိုရင် ယနေ့မှစဘယ်တော့ မှမင်း သီချင်းတို့ ရှိုးပွဲတို့ မကြည့် ဘူး နားမထောင်တော့ဘူး
သိပ်ကြိုက်ပါတယ်.. ကိုလေးဖြူရေ...
မီဒီယာဆိုတာ ကိုယ်ရေးသားထုတ်ဝေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တာဝန်ယူ တာဝန်ခံရဲရမှာပါ..ဒါမှ မီဒီယာတွေတောင်းဆိုနေတဲ့... စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာလည်း ရလာမှာပါ..
စိတ်အေးသွားပြီဗျာ...ကျေးဇူးပါ ကိုသစ် :D
သတင်းတမန်ရေး..အများပြည်သူအတွက်သတင်းဖော်ပြတာမှန်ကန်ဖို့၊
အထောက်ထားရှိရန်လိုအပ်ပါတယ်။ယခုကိစ္စကလေးဖြူတယောက်တည်း
နစ်နာတာမဟုတ်ဘူး၊သတင်းမီဒီယာလောကနဲ့ပြည်သူတွေကိုစော်ကားတာနဲ့
အတူတူဘဲ၊ခင်းဗျာကြောက်ကျန်တဲ့မီဒီယာလောကကိုပါထိခိုက်စေတယ်
သတင်းထူးပါမှဂျာနယ်ရောင်းရမယ်ဆိုရင်၊မြန်မာပြည်မှသတင်းထူးတွေအ
များကြီးဘဲ(ရာထူး/အာဏာပြပြီးရမ်းနေတဲ့လူကြီးတွေ)
စတုတ္ထုမဏ္ဏတိုင်မှာ သူလျိုတွေပါနေတယ်ဟေ့..
သတိထား...... လက်ဆောင်ယူ.ကျွေးတာစားတဲ့ သတင်းသမား
သူများရေးခိုင်းတဲ့အတိုင်းရေးတဲ့ကောင်အလိုမရှိဘူး..ဘယ်ကောင်ရေးလဲကွ
ဖော်ထုတ်ပေးပါ..
ငါတို့တောင်ပေါ်သားတွေမဟုတ်တာမပြောဘူးကွ......ငါတို့ကိုလုပ်ကြံတဲ့ကောင်တွေနာမယ်..... နဂါးမှန်းသိအောင်အမောက်ထောင်လိုက်ပြီ..... အိပ်နေတဲ့ကျားကိုမှလာနိုးရတယ်လို့...
ဘာကြောင့်ဒီလို လိမ်လည်ပြီးဖော်ပြကြတာလဲ။သတင်းမီဒီယာဆိုတာ အခုချိန်မှာ ပြည်သူတွေနဲ. အများကြီးထိတွေ.ခွင့်ရနေတဲ့အချိန်ဖြစ်တယ်။
ဒီလို မမှန်ကန်တဲ့သတင်းက အများအတွက်ရော ကာယံကံရှင်အတွက်ပါ
အများကြီးထိခိုက်နိုင်ပါတယ်။ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ခွင့်ပြုလိုက်မယ် ဆိုရင်မီဒီယာတစ်ခုလုံးအတွက်side effect ရှိလာနိုင်တယ်။ယုံကြည်မူ.နဲလာမယ်လို.ထင်တယ်။ဒီလိုအချိန်မှာ အရေးကြီးတာ မီဒီယာ ကဏ္ဍကထိတ်ဆုံးမှာဆိုအားလုံးအသိအပဲလေ။
ကျွန်တော်ဒီအကြောင်းလေးကိုဖတ်ကြည့်ပြီးတွေးမိတာကတော့ကျွန်တော်တို့စီက ဂျာနယ်တွေဟာကိုယ့်ဂျာနယ်ရောင်းကောင်းဖို့အတွက်ကိုပြည်သူတွေသိတဲ့အနု ပညာရှင်တွေကိုခုတုံးလုပ်ပြီးလုပ်စားနေတာကိုရပ်သင့်တယ်လို့တင်ထယ်ဗျာ ကိုယ့်ဂျာနယ်မှာပါတဲ့သတင်းနဲ့ပတ်သက်ပြီးမှားသွားတဲ့အခါမှာလဲတာဝန်ယူနိုင်ရဲတဲ့စိတ်တွေလဲမရှိကြဘူးနဲ့တူပါတယ် အခုကိုလေးဖြူရဲ့အဖြစ်ကလဲသူ့ကိုမမေးဘဲ နဲ့ထဲ့လိုက်တဲ့ Envoy ဂျာနယ်ဟာ ကာယကံရှင်ကမဟုတ်ဘူးပြောပြီးသူ့ကိုပြန်ပြီး တောင်းပန်ခိုင်းတာကိုသူတို့ ဘာမှမလုပ်သလိုမသိချင်ယောင်ဆောင်တာဟာဂျာနယ်တစ်စောင်ရဲ့ကျင့်ဝတ်နဲ့ညီရဲ့လားဆိုတာကိုစဉ်းစားစေချင်တယ်ဒါမှလဲအခုဂျာနယ်လောကမှာပြောပြောနေတဲ့နိုင်ငံတော်ရဲ့စတုထမဏ္ဍိုင်ဆိုတာကိုဘယ်လိုသဘောနဲ့ပြောနေကြတာလဲမသိဘူးနော်ပြောတဲ့စကားနဲ့အညီကျင့်ကြံသင့်တယ်လို့ထင်တယ် ကိုလေးဖြူနဲ့အိုင်စီဆိုတာကကျွန်တော့်ရဲ့အကြိုက်ဆုံးတွေဆိုတော့ အခုလိုမျိုးမဟုတ်ကဟုတ်ကပြောဆိုလုပ်ကိုင်တဲ့ဂျာနယ်ကိုပညာပေးသင့်တယ်လို့ထင်တယ်ဗျာ ဒါမှလဲဂျာနယ်လောကကြီးမှာကောင်းတဲ့သူမကောင်းတဲ့သူဆိုတာကွဲပြားသွားမယ်နဲ့တူတယ် ဘယ်သူ့ကိုမှစော်ကားလိုတဲ့စိတ်တော့မရှိပါဘူးဗျာ
ဒါmedia လောကကိုသက်သက်ပျက်စီးအောင်ဖျက်ဆီးမယ့် အကြံနဲ့ လုပ်တဲ့ဂျာနယ်ကို ဂျာနယ်လစ်များအားလုံးက ဝိုင်းဝန်းကန့်ကွက်သင့်ပါတယ်
Envoy Journal ကို Black လုပ်ပြစ်ပါ
ဘာလဲ ဂျာနယ်နာမည် ကြီးအောင်လုပ်တာလား...တခြားနည်းနဲ.လုပ်ပါကွာ....မင်းတို. ဂျာနယ်က အဲလို ရေးချင်သလို ရေးလို.ရတာလား...အဲဒီ ဂျာနယ်က ဇင်ယော်မောင်မောင် ဆိုတဲ. ကြောင်ဖားကြီး ပိုင်တဲ. ဂျာနယ်ပါတဲ. ခင်ဗျ....
လေးဖြူရေ မင်းရဲ့သတင်းက တကယ်မဟုတ်မှန်ခဲ့ဘူးဆိုရင်
မင်းရဲ့ ဖြေရှင်းချက်က လိုနေသလိုခံစားရတယ်
ကိုလေးကြီးက......... ဦးနှောက်ကောင်းလို့ နိုင်ငံကျော်နေတာပါ......... ကိုလေးကြီးတို့ IC က ဟိုအရင်ကတည်းက အမေစု အတွက် တိုက်ပွဲ ဝင်ပေးခဲ့ တယ်ဆိုတာ လိပ်ပြာ စီးရီးထဲက အဖေသီချင်းနဲ့  သရုပ်ဆောင်တဲ့  အခန်းတွေက သက်သေပြနေပါတယ်........... အဲဒီသီးချင်းမှာ အဓိပ္ပါယ်တွေ အပြည့် ရှိတယ်ဆိုတာ ဦးနှောက်ရှိတဲ့  သူတိုင်း စဉ်းစားတတ်မှာပါလို့................
ကျွန်တော်ကတော့ IC crazy တစ်ယောက်ပါ ............ ဒီလိုမျိုး တဖက်သတ်ဆန် တဲ့  ဂျာနယ်ကို အမိအရကို
တရားစွဲသင့်ပါတယ်......................
Post a Comment