မတ် ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ ရောင်းချမှု ခေတ္တရပ်ဆိုင်း

မတ်လ ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများအား ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော် မြို့များတွင်သာမက နယ်မြို့များ၌ပါ ရောင်းချပေးမှု ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း Elite Tech Service  မှ သတင်းရရှိသည်။
အဆိုပါ CDMA 800 MHz ဖုန်းအား ကျပ်နှစ်သိန်းခွဲ၊ CDMA 450 MHz ဖုန်းအား ကျပ်နှစ်သိန်းဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင်၍ ဈေးနှုန်း လျော့ချသတ်မှတ်ပေးမည်ဟု ကြေညာခဲ့ပြီး၊ ယခုအခါတွင် ကျပ်ငါးသိန်းဖြင့် ချထားပေးမှုအား ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ လျော့ဈေးဖြင့် ရောင်းချပေးနိုင်မည့် ကာလအား ထပ်မံကြေညာပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ CDMA 800 နှင့် 450 MHz ဖုန်းများမှာ တည်ဆောက်ထားသည့် လိုင်းအင်အား ပြည့်နေပြီးဖြစ်သဖြင့် လတ်တလောကာလတွင် ရောင်းချပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
EMG
မတ် ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ ရောင်းချမှု ခေတ္တရပ်ဆိုင်း မတ် ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ ရောင်းချမှု ခေတ္တရပ်ဆိုင်း Reviewed by သစ်ထူးလွင် on 09:21 Rating: 5

7 comments:

mgtokekyi said...

ပြည်သူတွေ အကျိုးအတွက် စဉ်စားပေးတဲ့ မြန်မာဆက်သွယ်ရေး ကို ကျေးဇူ့ပါနော်။ လူတိုင်းကိုင်နိုင်အောင် တန်ဖိုးနည်းဖုန်းတွေ ချပေးနိုင်ဖို့မျော်လင့်နေပါတယ်။ပြည်သူတွေကတော့ မျော်လင့်နေပေမယ် အခက်အခဲ တော့ရှိနိုင်မှာပါ။ အချိန်တော့စောင့်ရမှာပေါ့

Anonymous said...

:)p ...When Myanmar People will get the real privileges ?????????

a said...

လူလိမ်တွေကိုယ့်အမြီးကိုယ်လိမ်မိနေအုံးမယ်။သက်သာတဲ့ဈေးနဲ့လုပ်နိုင်တဲ့လူကိုအခုပေးလိုက်အခုအစဉ်ပြေသွားလိမ့်မယ်၊

meeeainge said...

ဒီလိုပဲဖြစ်လာမယ်မှန်း သိပါတယ်။
နောက်ဆုံးတော့လဲ

kiddykid said...

ဘာတွေမှန်းကို မသိတော့ဘူး..ရှုပ်နေတာပဲ...နားကိုမလည်တော့ဘူး

ုkyaw said...

ထိုင်းနိုင်ငံမှာတောင်sim ကဒ်တွေအလကားနီးပါရောင်းနေနိုင်တာ။သိရသလောက်မိနစ်တိုင်းမှာဝင်ငွေရနေတဲ့လုပ်ငန်းဘဲ။အလားတူဖြစ်လာစေချင်တယ်။ဒါကြောင့်အစိုးရကပံ့ပိုးမှုအမှန်တကယ်လိုအပ်နေပါပြီ

Myanmar said...

တော်ပါတော့ မြန်မာ့ဆက်သွယ်ေ၇း၇ာ။ တိုင်းပြည်လဲ မွဲလှပါပြီ။ ။

Powered by Blogger.