လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ သရုပ်ဆောင်ရဲတိုက်နှင့် ရွေ့လျားစကား ပြောစင်မြင့်

ဟဲဟိုးမြို့ကျောက်တိုင်ကွင်းတွင် ဆယ်ဘီးကားပေါ်တွင်ပြင်ဆင်ထားသော ရွေ့လျားစကားပြောစင်မြင့်ကိုတွေ့ရစဉ်။ ဓါတ်ပုံ-မွန်မွန်မြတ်

တောင်ကြီးသား ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် NLD ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ကူညီ

၂၉ ဖေဖေါ်ဝါရီ ၂၀၁၂ (YPI) ဟဲဟိုး - ရုပ်ရှင်နယ်ပယ်သားတစ်ဦး၏ ပထမဆုံးပါဝင်မှုအနေဖြင့် တောင်ကြီးသား နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ရှမ်းပြည်နယ်ခရီးစဉ်အတွင်းပါဝင်အားဖြည့်မည်ဖြစ်ကြောင်းသိရသည်။
ဇာတိမြို့သို့မရောက်ခဲ့သည်မှာ ငါးနှစ်ကျော်ကြာခဲ့ပြီဖြစ်သောရဲတိုက်သည် ရန်ကုန်အဲယားဝေးလေယာဉ်ဖြင့် ယနေ့ညနေ ၄း၃၀ ခန့်က ဟဲဟိုးမြို့သို့ရောက်ရှိခဲ့သည်။
မရောက်တာကြာပြီဖြစ်သည့်ဇာတိမြေကိုပြန်ရောက်ရသည့်အတွက် “တက်ကြွပျော်ရွှင်ချမ်းမြေ့မိပါတယ်” ဟုဆိုကာ NLD ပါတီဝင်တစ်ဦးအနေနှင့်ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ခွင့်ရသည့်အတွက် “အရမ်းကိုကျေနပ်မိပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်က YPI ကိုပြောခဲ့သည်။


“အန်တီကတစ်ချိန်လုံးရွှေ့နေရတာဆိုတော့ ဒီကွင်းမရခဲ့ဘူးဆိုရင် နောက်ထပ် Plan 2 ရှိသေးတယ်။ ရွှေ့လို့ရတယ်။ (မနက်ဖန်အတွက်) စိတ်တော့လှုပ်ရှားတာပေါ့ဗျာ ဘာလို့လဲဆိုတော့ ကိုယ့်နားကိုဒီလိုလူထုခေါင်းဆောင်တစ်ယောက် လာဖို့ဆိုတာခဲယဉ်းတယ်လေ”
ဆယ်ဘီးကားပိုင်ရှင် ဦးမျိုးသိန်း (အောင်ပန်းဇာတိ)
 YPI
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ သရုပ်ဆောင်ရဲတိုက်နှင့် ရွေ့လျားစကား ပြောစင်မြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ သရုပ်ဆောင်ရဲတိုက်နှင့် ရွေ့လျားစကား  ပြောစင်မြင့် Reviewed by သစ်ထူးလွင် on 05:50 Rating: 5

27 comments:

zay said...

Good boy ရဲတိုက်

momo said...

လေးစားပါတယ် ဦးမျိုးသိန်း

siriusblack said...

ကျေးဇူးပါ ကိုရဲတိုက်
အကို အခုထက် ပိုအောင်မြင်တိုးတက်ပါစေ

pheasant said...

လေးစားတယ် ဗျာ ဒီလို တတပ် တအား ကိုယ်စွမ်းဥာဏ်စွမ်းရှိသ ရွေ့ သူညီကြတာ အားရတယ်ဗျာ ပြည်သူတွေနိုးထလာကြပြီ

ဝေမိုးအောင် said...

ကောင်းတယ်ဗျာ...ရဲတိုက် နဲ့ အတူ အနုပညာ ရှင်တွေအားလုံးပါဝင်လာတာ ဂုဏ်ယူစရာပါ...ရွာတွေ မှာပါ လိုက်ပြီး သရုပ်ဆောင် တွေ NLD နဲ့ လိုက်ပြီး ပါဝင်နိုင်မယ် ဆိုရင် ပိုအောင်မြင်မယ်လို့ ထင်ပါတယ်...ဒေါ်စု မပါဝင်နိုင်တဲ့ နေရာတွေမှာ
သရုပ်ဆောင်တွေ ဘက်က ပါဝင်နိုင်ရင် ပိုကောင်းပါမယ်...အနုပညာ ရှင်တွေဟာ လည်း ပြည်သူ တွေချစ်တဲ့ သူတွေ ဆိုတော့ သူတို့ ရဲ့ အားဟာ လည်း နည်းမယ်လို့ မထင်ပါဘူး...

Andrew Soe Min said...

That's truly & fantastic idea !!

Thu Ta said...

ကျေးဇူးပါ ကိုရဲတိုက်, ဂုဏ်ယူပါတယ်






Thu Ta,Lanmadaw Township.

Shwe Mg said...

ကိုရဲတိုက်..ရေ...အသက်ငယ်ပေမယ့်..အကိုရသမျှဝင်ငွေလေးနဲ့..ဖောင်ဒေးရှင်းကအစပြုလို့..အခုဆို...အမေကိုအထောက်ပံပေးနေတဲ့ သားကောင်းတစ်ယောက်ဖြစ်နေတဲ့ ကိုရဲတိုက်ကို..အစဉ်အမြဲလေးစားဂုဏ်ယူပါတယ်ဗျာ..ကိုရဲတိုက်နည်းတူ..တခြားတခြားသော်...အနုပညာရှင်တွေလည်း...ပါဝင်လာရင်ဖြင့် အတိုင်းထက်အလွန်ပေါ့ဗျာ...

tharzaw said...

ွှွှ့Thanks, U Myo Thein & Ye Taik.

naypitaw thar said...

ဂုဏ်ယူတယ် ...ကိုရဲတိုက်..။ အမြဲတမ်း အားပေးနေတယ်......

အိတုတ် said...

ကျေးဇူးပါ ရဲတိုက် ရေ တို့လည်းတောင်ကြီးသူဆိုတော့ ရှေ့လျှောက်ပိုလို့အားပေးပါ့မယ်
မင်း ကိုလည်းအားကျမိပါရဲ့

nyo said...

I am proud of u

Unknown said...

ဂုဏ်ယူပါတယ် ဦးသိန်းအောင် ။ ကြုံလာရမဲ့ အခက်အခဲကို စဉ်းစားဆင်ခြင်ပြီး ဆောင်ရွက်ပေးထားလို့  ကျေးဇူးလည်းတင်ပါတယ် ။ ရဲတိုက်ကို လည်း ချီးကျူး ပါတယ် ကိုယ်နိုင်တဲ့ဝန်ကို ပြည်သူတွေဘက်ကနေရပ်တည်ပြီး လုပ်ဆောင်လို့  ။

Unknown said...

oh!!!! it;s an idea...
thnx u guys,,,!
:)

phayoung2009@gmail.com said...

ရဲတိုက်သို့..
အခုလို အမေစုအတွက် တနည်းအားဖြင့် ပြည်သူတွေအတွက် အားတခုဖြစ်စေတဲ့ ဒီလုပ်ရပ်အတွက် ပြည်သူအားလုံးကိုယ်စား
အရမ်းကို ကျေးဇူးတင်ပါတယ်..
နေပြည်တော်သူ

phyu said...

i respect u for the suppoting u deed, keep on going.

rgds/nang myint

Myit Swe said...

သရုပ်ဆောင်ရဲထိုက်လိုပြည်သူအပေါ်တာဝန်ကျေတဲ.အနူပညာရှင်တွေ
ပေါ်ထွက်နိုင်ပါစေ။
ရဲထိုက်လည်းအနူပညာခရီးလမ်းမှာအောင်မြင်မူများစွာ ရယူပိုင်ဆိုင်နိုင်ပါစေ။

sayar said...

မင်းလိုအနု့ပညာသမားတွေများများပါဝင်နိုင်ပါစေလို့ဆုတောင်ပါတယ်။လေးစားတယ်ကွာ။

ktd said...

ရန်ကုန်က လိုင်းကားတွေ၊ တက္ကစီတွေ၊ ကိုယ်ပိုင်ယာဉ်တွေမှာ ဗိုလ်ချုပ်နဲ့ ဒေါ်စု၊ NLD အလံတော်တွေ အများကြီးတွေ့ရတာ အတိုင်းမသိ ၀မ်းသာမိတယ်။ ပီတိဖြစ်မိတယ်။ အခုလဲ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကြိုတင်စီစဉ်ထားတဲ့ ယာဉ်ပိုင်ရှင် ဦးမျိုးသိန်း နဲ့ အစစအရာရာ တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်နေတဲ့ သရုပ်ဆောင် ရဲတိုက် တို့ကို အရမ်းလေးစား ဂုဏ်ယူမိတယ်။ ။ ။

tin said...

We are the Champions!!

MMT said...

လေးလဲလေးစားပါတယ်။အားလည်းကျပါတယ်မောင်လေးရဲတိုက်ရယ်။လူထုခေါင်းဆောင်အတွက်မောင်လေးရဲ့ဆောင်ရွက်ချက်တွေဟာပြည်သူတွေအတွက်မောင်လေးရဲ့ပေးဆပ်မှူ့တွေပါ။ကျန်တဲ့အနုပညာရှင်တွေလည်းပြည်သူတွေအတွက်ပေးဆပ်စေချင်ပါတယ်။ဦးမျိုးသိန်းရေကျေးဇူးအနန္တပါရှင်။

phomesatpaing said...

ရဲတိုက် နှင့် ဦးမျိုးသိန်းကို အထင်ကြီးတယ်၊

mg kyant said...

Good activites

Pan Pan said...

ပတ္တမြားဂူ ၀က်ညူစူ ၀က်မူ ညစ်ညူးလတံ့ ဆိုတဲ့ စကားလိုပါဘဲ။ They will do their own business good or bad, we also have to do our own business by taking care of our Iron Lady, Daw ASSK. Ph Ph Pan (Singapore)

tayokegyi00@gmail.com said...

အရာအားလုံးအတွက်
ကျေးဇူးပါပဲ
မေတ္တာတရားပြည့်ဝသူများ
ငြိမ်းချမ်းပါစေ ....ဗျာ

Doctor said...

ဒါနဲ့စကားမစပ်...
ကိုလေးဖြူတို့ဘာလုပ်နေကြလဲမသိဘူး။
အရင်ကတော့...ကိုလေးဖြူတို့ကတော်တော်တက်ကြွတယ်ကြားတယ်။
အခုတော့.... နှုတ်ပဲပိတ်ခိုင်းနေတယ်....
ဘယ်လိုဖြစ်တာလဲဗျ။
...နှုတ်ဖွင့်ဆိုတဲ့သီချင်းလေး...ပြန်ဆိုပေးပါလား။
ကျေးဇူးတင်ပါတယ်။

honey said...

တော်လွန်းတယ်။လူငယ်တယောက်ရဲ့အတွေးအခေါ်က
အဲ့ဒီလူရဲ့အနာဂတ်နဲ့အရည်အချင်းတွေကို
တောက်ပြောင်စေတာပဲ...
မှန်ကန်တဲ့လုပ်ဆောင်ချက်မို့
လေးစားပါတယ်မောင်ရဲတိုက်
သေနတ်ကိုင်ပြီးသတ္တိရှိတယ်ပြောနေတာသတ္တိမဟုတ်ပါဘူး။
ကိုရဲတိုက်ကတော့တကယ့်သတ္တိပြောင်တဲ့လူငယ်တဦး...
ထာဝရထွန်းတောက်ပါစေ..

Powered by Blogger.