ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော လေးဖြူ၏ အင်တာဗျူးမှာ အမှန်တကယ်
မေးမြန်းဖြေဆိုထားခြင်း လုံးဝ(လုံးဝ) မဟုတ်ပဲ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေကြောင်းအရ အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း Iron Cross (facebook) စာမျက်နှာ
မှာရေးသားဖော်ပြထားပါတယ်။
Envoy ဂျာနယ်မှာ ဖော်ပြထားတဲ့ လေးဖြူ နှင့် အင်တာဗျူး |
နိုင်ငံကျော်အဆိုတော် လေးဖြူ သတင်း လုပ်ကြံခံရခြင်း
Reviewed by သစ်ထူးလွင်
on
12:53
Rating:
57 comments:
ဘာရည်ရွယ်ချက်နဲ့မဟုတ်ကိုဟုတ်တယ်လုပ်ရတာလဲ ဒီလိုဂျာနယ်မျိုးကြောင့်မီဒီ
ယလွတ်လပ်ခွင့်တွေဆုံးရှုံးနေတာပါ။ဒီမိုကရေစီနိုင်ငံသစ်မှာဒါတွေမလုပ်သင့်
တော့ဘူးလို့ထင်ပါတယ်။ကဲအမှန်သတငိးကိုစောင့်နားထောင်နေပါတယ်။ခုဘယ်
ဟာကိုမှမယုံသေးပါ။
ဖြေရှင်းပါ အမြန်ဆုံးဖြေရှင်းပါ။ ရှမ်းပြည်သားတွေစော်ကားခံရတာ များလာပြီ။
ထင်တော့ ထင်သားပဲ၊ လေးဖြူတို့  ဒီလောက် မတုံးပါဘူးလို့ 
ကိုလေးဖြူကို ...အဲလိုလုပ်ကြတာတော့..မကောင်းပါဘူး..ဗျာ..
ဟားဟား..ထင်တော့ထင်သား...ကိုလေး က အဲလိုလူမျိုးမဟုတ်ဘူးဆိုတာ..
လေးဖြူလို အဆိုဘုရင်တစ်ယောက်က ကြံ့ဖွတ်ကို မဲပေးခဲ့တယ်ဆိုလို့ တော်တော် အံ့သြခဲ့ရပါတယ်၊ အခုလို လုပ်ကြံဇာတ်ဖြစ်ကြောင်းလေး ဖတ်လိုက်ရလို့ စိတ်သက်သာ ရလိုက်ပါတယ် ကိုလေးဖြူရေ မိမိဂုဏ်သိက္ခာနဲ့ကိုက်ညီမဲ့သူကိုသာ မဲပေးဖို့ ဆန္ဒပြုလိုက်ပါရစေခင်ဗျာ လေးဖြူကို ထာဝရအားပေးသွားချင်လို့ပါ
thanks for this message.
အေးလေ။။ အဲလိုလုပ်ပါ။ ဒါကြောင့်တစ်မျိုးကြီးဖြစ်နေပါတယ်လို့..
ကိုလေးဖြူ ဒီကိစ္စကို သေသေချာချာ တရားဝင် ရှင်းပါ ။ ကိုလေးဖြူရဲ့ ပရိတ်သတ် တယောက်အနေနဲ့ ဒီသတင်းကို လုံးဝ မမှန်ပါစေနဲ့ လို့ ဆုတောင်းနေပါတယ် ။ ကိုလေးဖြူ အသက်ရှင်လျက်နဲ့ နာမည် မသေပါစေနဲ့ဗျာ ။ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဆော၇ီးပဲ ဗျာ..........
ယခုသတင်း သာမှန်ခဲ့လျှင် ဖေ့ဘွတ်မှာပြောသမျှကို တောင်းပန်ပါတယ် ကိုသစ်ထူးလွင်မှ တဆင့် ကိုလေးဖြူကို သိစေချင်ပါတယ်....တကယ်လို့ များ ထွက်လာတဲ့ သတင်းသာမှန်ခဲ့လျှင် ထာဝရ မာစတာခွေ အားပေးတဲ့ ပရိတ်သတ် အဖြစ်ဘယ်တော့မှ လက်ခံမည်မဟုတ်ပါ....ဘယ်လောက်ကောင်းတဲ့ သီချင်းဖြစ်ပစေ ဘယ်တော့မှ လက်ခံမည့် ပရိသတ်တယောက်လည်းမဟုတ်ပါလို့ သိစေချင်ပါတယ်ခင်ဗျား
ကိုလေးေ၇ အမြန်ဆုံးဖြေ၇ှင်းပေးလိုက်ပါ။
ကိုလေးဖြူ
အမှန်တရားကိုပိုင်းခြားသိမြင်သူဆိုရင်
အမေစုကိုနွေးထွေးစွာကြိုဆိုသင့်ပါတယ်။
အမေအရမ်းပင်ပန်းနေပြီ.
နိုင်ငံတော်အဆိုကျော်တယောက်
အနေနဲ့အမေ့အတွက်တခုခုကူညီသင့်ပါတယ်။
ဒီလိုဆိုရင်ပြည်သူတွေကiron crossကို
ဆက်လက်အားပေးသွားမယ်
လေးဖြူက ၈၈ တုံးက ကျုပ်တို့နယ်ဘက်ကို ပြေးခဲ့ရတာ။
ပါဝါ ၅၄ ဆိုတာလည်း ဘယ်သူ့ကို ရည်ရွယ်တယ်ဆိုတာ အားလုံးသိတယ်။
လိပ်ပြာစီးရီးထဲမှာဆိုထားတဲ့ အဖေမရှိတဲ့နောက်သီချင်းကို
ဘာကြောင့်ဆိုတာလည်း၊ ဘာရည်ရွယ်ချက်နဲ့ဆိုတာလည်း အားလုံးသိတယ်။
ဒီလိုလူတစ်ယောက်က ကြံ့ဖွတ်ကို စိတ်ထဲရှိလို့ မဲပေးတယ်ဆိုတာ လုံးဝပဲ။
လေးဖြူနဲ့ အိုင်စီကို ကျုပ်အကြံတစ်ခုလောက်ပေးချင်တယ် အမေစုအတွက်
ရံပုံငွေပွဲတစ်ခုလောက်လုပ်ကြပါဦး။
လုပ်ကြံခံရတယ် ဆိုလို့ သေများ သွားပြီလားလို့ ... လန့်လိုက်တာဗျာ .. ခေါင်းစဉ်ကြီး ကလဲ >.<
ဟူး..ဒီလိုလုပ်ပါ..ကိုလေး..ရာ..ထင်တော့ထင်ပါတယ်..တခုခုတော့မှားနေပြီလို့။
အင်းကိုလေးဖြူနဂိုကြားရတဲ.သတင်းသာမှန်ရင်တော.ဧရာဝတီတိုင်းဘက်တော.ခြေဦးမလှည်.ပါနဲ.လူတွေအတော်ခံပြင်းနေကြလို.အနရာယ်ရှိနိုင်ပါတယ်။လုပ်ကြံသတင်းပဲဖြစ်ပါစေလို.ဆုတောင်းနေပါတယ်ကိုလေးဖြူ။
နိုင်ငံကျော်အဆိုတော် တစ်ယောက်က အဲ့လောက်မတုံးလောက်ပါဘူးလို့တော်ထင်သား အကယ်၍ပေးခဲ့မယ်ဆိုရင်တော့ ခင်ဗျားအသက်ရှင်လျက်နဲ့ နာမည်သေသွားမယ် ကိုလေးဖြူသိပါစေ မြန်မာပြည်မှကျွှန်တော်အကြိုက်ဆုံး တီးဝိုင်းက Iron cross လေ နောက်ကိုလေးဖြူတို့ အဖွဲ့ အမေစုနဲ့ဓာတ်ပုံတောင်တွဲရိုက်ထားသေးတယ်ဟုတ် လန့်သွားတာပဲ နှစ်ဖက်ချွန်လားလို့ NLD ကိုပဲမဲထည့်စေချင်တယ်
အမာခံပရိသတ်တစ်ဦး
envoy က အယ်ဒီတာပြောတာ၊ အဲဒီသတင်းက အမှန်တဲ့ ၊ လေးဖြူပြောတာ မသေချာမှာစိုးလို့ ၃ ခါထက်မေးတယ်တဲ၊ လေးဖြူက သုံးခါလုံ အဲလိုဖြေတယ်တဲ့
ဒါတဲ့လာ သတင်းလွတ်လပ်ခွင့်...မီဒီယားသမားတစ်ချို.ကိုပြောချင်ပါတယ်..မီဒီယာလွတ်လပ်ခွင့်ဆိုတာ...ပေါက်လွတ်ပဲစားမဟုတ်ဘူး..မီဒီယာသမားကလည်း ဥပဒေကိုလိုက်နာရတယ်..
ကျုပ်ကတော့ တခြားမပြောချင်ဘူး... ဒီကိစ္စမှာ ကျုပ်တို့လူငယ်ထု ဟာ .. အမေအောင်ဆန်းစုကြည် နဲ့ ပတ်သတ်လာရင်.. ကိုယ်လေးစားအားကျအတုယူရတဲ့ သူကိုတောင်မှ မေ့ပစ်နိင်တယ်ဆိုတာ ပေါ်လွင်နေတယ်... ဒီသတင်းသာအမှန်ဖြစ်ခဲ့ရင် ကိုလေးဖြူအနေနဲ့ ၂၀၁၀ တုန်းက အမှားကြီးကိုပြင်ဆင်ပြီး ဒီတခေါက်မှာ ကျုပ်တို့ဖက်က ကမ်းတဲ့လက်ကို လှမ်းသင့်တယ်လို့ အကြံပေးချင်ပါတယ်......
ကိုလေးတို.က baganနှဲ.စာချုပ်ရှိပါတယ်။ကိုလေးသာကူးမဟုတ်ဘူးဆိုတာသူဘာလုပ်ခဲ.တယ်ဆိုတာကြည်ရင်သိနှင်ပါတယ်။
လူမှုရေးလုပ်ကြံမှုသာ အမှန်ဖြစ်ရင် ကိုလေးဖြူ အနေနဲ့ ဂျာနယ်ကို တရားစွဲသင့်တယ်..။ မဟုတ်ရင် အပေါ်က hass ရေးတဲ့ ( envoy က အယ်ဒီတာပြောတာ၊ အဲဒီသတင်းက အမှန်တဲ့၊ လေးဖြူပြောတာမသေချာမှာ
စိုးလို့၃ခါထပ်မေးတယ်တဲ့၊လေးဖြူက သုံးခါလုံးအဲလိုဖြေတယ်တဲ့)ဆိုတဲ့
စကားကို လက်ခံအတည်ပြုသလို ဖြစ်သွားလိမ့်မယ်..။
ကိုယ်လေးဖြူက အမှန်တစ်ကယ် မပြောပဲနဲ့တော့ မရေးရဲလောက်ဘူး။ အခု အိုင်စီက ပြောတာကလဲ အင်တာဗျူး မှာ ဖြေထားခြင်းမရှိလို့ပဲ ၀ါးတားတား ဖြေထားတာပါ။ ဂျာနယ်တိုက်မှာလဲ သက်သေလေးဘာလေးရှိလို့ ရေးရဲတာထင်ပါတယ်
ကိုလေးဖြူတို့အဖွဲ့ NLD မှာပါဝင်ပြီးမဲဆွယ်စည်းရုံး
သင့်တာ..တစ်ယောက်မှတောင်မပါဘူး..
ရန်ပုံငွေပွဲလုပ်ရင်း နည်းနည်းဘာညာသာတကာပြောပေးရ
မှာလို့ ထင်တယ်။ ကိုလင်းလင်းတစ်ယောက်ကိုတော့ လေးစားပါတယ်။
ဒါက လုပ်ကြံသတင်း တပုဒ်လိုပဲ ထင်ပါတယ်....ကိုလေးဖြူ ဘက်ကလဲ အမြန်ဆုံး ဖြေရှင်းပေးစေလိုပါတယ်....
ုကျတော်ကိုလေး ပရိတ်သတ်ကနေနှုတ်ထွက်တော့မလို့ တော်သေးတာပေါ့
မီဒီယာသတ်လို့သေတာ မသိရင် ထိုင်းငံနိုင်ငံကို နည်းနည်းလောက် လေ့လာလိုက်ပါနော်
အဖြစ်မှန်ဆိုရင်လည်း Envoy ရေ ကိုလေးဖြူကိုမေးထားတဲ့ အသံဖိုင်ရှိရင် အတည်ပြုပေးပါ။
ဟာ!တော်တော်ရှုတ်တဲ့လူတွေပဲ၊ခေါင်းစဉ်ဖတ်လိုက်ရတာ သေများသွားပြီလား
လို့တောင်အောက်မေ့တယ်ဗျာ၊တစ်စက္ကန့်လောက်တောင်မှအသက်ရှုရပ်သွား
သေးတယ်၊Entertainmentဂျာနယ်ကိုချက်ချင်းတရားဆွဲဖို့တောင်းဆိုပါတယ်
လေးဖြူဖြေရှင်းပေးပါ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာလုပ်ခွင့်ရှိတယ်ဆိုတာတော့ သိတယ် ဒါပေမဲ့ ဘယ်လိုလူကိုယုံကြည်သလဲဆိုတာတော့ လိုတယ် ပြည်သူလက်ခံတဲ့ အနုညာရှင်တဥိးဖြစ်နေလို့ စိတ်ဝင်စားနေတာ ဒီအပြောင်းအလဲမှာ မိမိကြိုက်တာကို ချိုးကွေ့နိုင်တယ် အိုင်စီငြိမ်နေတာ ပြည်သူ သိနေတယ် ဘာဖြစ်နေတာလဲဆိုတာကိုပဲ မသိတာ အခုတော့ လမ်းစပေါ်နေတယ် ဂျာနယ်ကလဲ မဟုတ်ရင် ဒီလို လူမျိုးရဲ့သတင်းကို မရေးဘူးထင်တယ် လေးဖြူအနေနဲ့ မဟုတ်ရင် အခုချက်ခြင်း ကြိုက်တဲ့ ဂျာနယ်ကို ဖိတ်လိုက် ချက်ခြင်းလာမယ် လွယ်လွယ်လေးပါ iron cross face book မှာတက်ရှာတယ်မတွေ့်ဘူး
တစ်သက်လုံး ကိုလေးဖြူတို့ကို အားပေးလာတာ ဒီတစ်ခါတော့ သွားပြီ၊ ဂျာနယ်ကလည်း မသေချာပဲ မရးရဲလောက်ဘူး၊ လံကျုတ်ဆိုရင်တော့ ဂျာနယ်ခံရမယ်၊ အမှန်ဆိုရင်တော့ IC ကိုလေးဖြူပိရိတ်သတ်အဖြစ်က အပြီးနုတ်ထွက်ပြီ ရင်ထဲမှာရှိတဲ့ ခင်ဗျားတို့ရဲ့ အနုပညာ ရော့်သီချင်းတွေကို လေးစားတယ် ချစ်တယ်ဆိုတာထက် နိုင်ငံအပေါ်မှာ နှစ်ပေါင်းများစွာခံစားလာရတဲ့ နိုင်ငံရေး ခံစားမှုတွေနဲ့ယှဉ်ရင် ခင်ဗျားတစ်ကယ်လို့ ကြံ့ဖွတ်ဘက်ကဆို ရင် ကျွန်တော်တို့ရဲ့ ရန်သူပဲ ၊ အခုကတူတာတွေတွဲလုပ်ဆိုတာပဲ ရှိတာ အတိတ်ကရော ခုရော သူတို့ကျူးလွန်နေတာတွေ ကျူးလွန်ထားတာတွေ အတွက် ခွင့်မလွှတ်ဘူး သဘောပေါက်
မမိုက်ပါဘူးဗျာ...မဖြစ်နိုင်တာတွေ...ကိုလေးကဒီလိုမဟုတ်ဘူးဗျ..ကျုပ်ကိုလေးအကြောင်းကောင်းကောင်းသိတယ်...ကိုညီလေးတို့လဲဒီအတိုင်းပဲ.... PTL မှာတုန်းက..အိမ်ရှေ့မှာအမူးသမားတယောက်အလွတ်ကြီးလာဆဲတဲ့အချိန်တုန်းက..အဲဒီအမူးသမားကို..ကိုလေးဆွဲဆောင့်တာ..ကျုပ်တို့တွေ Recording Room...ထဲကထွက်လာပြီးမနဲကို ဆွဲထုတ်ရတာလေ..နို့မို့ဆိုဒီအမူးသမားသေသွားမှာပေါ့ဗျ...အဲလိုလေ....
ကိုလေးသတင်းအမှန်သိရင်...အဲဒီလူကိုခုနက..ကျုပ်ပြောသလိုသွားမလုပ်ပါနဲဗျာ..ကိုလေးစိတ်ထိန်တတ်ပါတယ်...ကိုလေးမှာအလုပ်တွေလုပ်စရာအများကြီးမဟုတ်လားဗျ....
လေးဖြူ ရဲ့အမာခံပရိတ်သတ်ပါ။ ဒါပေမယ့်စဉ်းစားစရာတွေရှိပါတယ်။ သူပြောတာမဟုတ်ဘူးဆိုပြီးငြင်းနေပေမယ့်၊ ဂျာနယ်ကရော မဟုတ်တာကိုအဟုတ်လုပ် ပြသနာအတက်ခံပြီးထည့်ပါ့မလား။ ပြီးတော့ခုလိုအချိန် အနုပညာသမားတွေ စည်းစည်းလုံးလုံးနဲ့ ပါဝင်လှုပ်ရှားနေတဲ့အချိန်မှာ IC ဘာလို့ငြိမ်ချက်သားကောင်းနေတာပါလဲ။
သူ့ဟာသူဘယ်သူ့ မဲပေးပေးပါ။ ထုတ်မပြောသင့်တာတော့ သူလဲထမင်းစားနေတဲ့သူဘဲ..
PS.. ကိုသစ်ရေ ဖြစ်နိုင်ရင်တော့ အင်တာဗျူး အသံဖိုင်လေးကိုကြိုးစားရှာဖွေပြီး တင်ပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ လေးဖြူ အတွက်ဆိုသူ့ပရိတ်သတ်က နေပူ၊မိုးရွာမရှောင် ကလေး၊လူကြီးမကျန် ပိုက်ဆံရှိရှိ၊မရှိရှိ ကြိုးစားရှာဖွေပြီး သွားရောက်အားပေးခဲ့ကြတယ်။ အဲ့ဒီလူတွေအတွက် ဒီသတင်းတိကျဖို့ကအရေးကြီးတယ်ထင်လို့ အသံဖိုင်ကိုရှာဖွေပြီးတင်ပေးဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်။
မဟုတ်တာသေချာပါတယ်ဗျာ.......ရဲရဲကြီးအာမခံပါတယ်
နိုင်ငံတိုင်းမှာ ဒီလိုနာမည်ကြီးတဲ.သူတွေရဲ.မဟုတ် သတင်းတွေကို အဟုတ်လုပ်ပြီရေတတ်တာ ခဏခဏတွေ.ဖူးဖတ်ဖူးပါတယ် ဂျာနယ်တွေကလဲဈေးကွက်ဆိုတာကိုကြည်.တာပဲလေ နာမည်မရှိသေးတဲ.ဂျာနယ်တွေများသောအားဖြင်.လုပ်တတ်ပါတယ် သတင်းရေးတဲ.ကောင်းကလဲ Editor ကိုအဟုတ်ပါလိုလိမ်ခြင်းလိမ်မှာပဲလေ အင်တာဗျူလုပ်တယ်ဆိုမှတော. Record ဖိုင်လေတော.ရှိမှာပေါ.နော် အဲဒါအဓိက သက်သေပဲလေ ဟုတ်ဖူးလာ အဲဒီတော.အဖြေက တော.မကြာခင်သိရမှာပါ ဆန်ဒ တွေမဆောကြပါနဲ.ဗျာ..........
အဲဒီ ဆောင်းပါး ဖတ်ပြီး လေးဖြူ သီချင်းအားလုံး Computer HardDiskကနေ Delete လုပ်ပြီးပါပြီ။ လေးဖြူဘက်က မှန်တယ်ဆို၇င်တော့သီချင်းတွေ ပြန်၇ှာထည့်မယ် ။ ဂျာနယ်ဘက်က မှန်တယ်ဆို၇င်တော့ လေးဖြူေ၇ာ ၊ Iron Crossေ၇ာ Bye Bye ပဲ ။
ကိုလေးဖြူဟာ ကြံ့ခိုင်ရေးကိုမဲပေးမယ့် လူစာမျိုးမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။
သွေးပျက်လောက်တဲ့လှိုင်း ဇောင်းထက်တဲ့ကျောက်ခတ် အငြှိုးကြီး မိုးသီးနဲ့ ရိုင်းစိုင်းသောမုန်တိုင်းကြီးတွေ...
ဒီနေ့ထုတ်သတင်းစာမှာ ကိုလေးဖြူ အဲ့ဒီဂျာနယ်ကို ဖြေရှင်းချက် ချက်ခြင်းထုတ်ပေးဖို့၊ တာဝန်ရှိသူတွေ သူ့ဆီလာပြီး အမြန်ဆုံးတောင်းပန်ဖို့ ထည့်ထားတာဖတ်ရပါတယ်။ ကိုလေးဖြူ ရဲ့ ပရိတ်သတ်များ ရှာပြီးဖတ်လိုက်ပါ။ ရှင်းသွားပါလိမ့်မယ်။
ကိုလေးဖြူရဲ့အမာခံပရိတ်သတ်တဦးပါ..ထွက်သမျှသီချင်းတွေကိုဖုန်းထဲမှာအကုန်ထည့်ထားပါတယ်..ဒီသတင်းမှန်ကန်တယ်ဆိုရင်တော့..ဘယ်တော့မှအားမပေးတော့ပါ...
အဲဒီမီဒီယာ အမှားပြင်ဆင်ချက်ဆိုတာ ထွက်လာလိမ့်ဦးမယ်။ မိဒီယာတွေ
ကိုယ့်သိက္ခာကိုယ်ထိန်းသင့်ပါတယ်။ သတင်းဇစ်မြစ်ခိုင်မာတာတွေကိုပဲ
ပြည်သူတွေဆီပေးသင့်ပါတယ်။ သတင်းမှားတစ်ခုရဲ့ဆိုးကျိုးဟာ တိုင်းတာ
လို့မရပါဘူး။
ဒါလုံးဝမဖြစ်နိုင်ဘူးဆိုတာ အစောကြီးကတည်းက သိသားပဲ။
ကိုလေးဖြူ လုံးဝ လုံးဝ မဟုတ်ဘူးဆို တာသိတယ်။ဒါသက်သက် အသရေဖျက်တာပါ။
ရင်မောလိုက်ရတာကိုလေးဖြူရယ်။အမှန်အတိုင်းဖြစ်ပါစေလို့ဆုတောင်းပါတယ်။
ကိုလေးေ၇ ရှင်းလိုက်စမ်းပါဗျာ
ကျွန်တော် ကိုလေးကို ယုံတယ်
လေးဖြူရဲ့ ဗွီစီဒီအခွေတိုင်းမှာ ဒို့တာဝန်အရေးသုံးပါး မပါတာ
သတိထားမိကတည်းက လေးဖြူဟာ Superman တစ်ယောက်ဆို
တာ သိပြီးသားပါ
ကိုလေးဖြူ မြွေချောက်ကိုက်တော့မလို့...။
မပွပွအောင်ဖွတဲ့ဂျာနယ်တွေ....လူတစ်ဖက်သားဂုဏ်သိက္ခာညှိုးအောင်လုပ်တဲ့ဂျာနယ်တွေ ....ဒီလိုနည်းနဲ့တော့ ခြင်ကို အနိုင်ယူလို့မရဘူးဗျ
ရေးတဲ့သူကို တစ်ထောင်ပေးပြီးတော့ ပါးရိုက်သင့်တယ်။
အမှန်တရားကို..ကာယကံရှင်တို့ကိုတိုင်သာ..သိနိုင်ကြပါသည်။ သို့သော်လည်း....လေးဖြူဆိုတာ..အဆင့်ရှိသောရှမ်းလူမျိုးတော့မဟုတ်ပါ.....ကလိမ်ကျစ်.....နိုင်ငံတစ်ကာမှ...သူများအောင်မြင်ပြီးသောသီချင်းများအား.....သူ့မူပိုင်သဖွယ်...သီဆိုနေသော...ကိုယ်ကိုကိုယ်ဟုတ်လှပြီထင်နေသော...ဘ၀င်လေဟပ်အောက်ခြေလွတ်နေသော....အောက်တန်းစားတစ်ယောက်အဖြစ်သာမြင်မိပါသည်...
Envoy ဂျာနယ်က ဖုန်းဆက်ပြီးမေးတာတဲ့ သူတို့ အားထားရလောက်တဲ့ Record မရှိလို့ ကိုလေးဖြူကို သတင်းစာထဲကနေပြန်တောင်းပန်လိုက်တာ တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့က တကယ်ကိုအင်တာဗျူးလုပ်ပါတယ်လို့ပြောထားပါတယ်။ အသံမမဖမ်းထားလို့ သက်သေမပြနိုင်ဘူးလို့ပြောပါတယ်။ နောက်ပြီးဒေါ်စုအတွက် သီချင်းဆိုပေးဖို့ကို ကိုလေးဖြူက ငြင်းခဲ့တယ်။ ဒါလဲ စဉ်းစားစရာပါပဲ။
ဘာပဲပြောပြောကိုလေးဖြူတစ်ယောက်အမှန်ကိုရွေးချယ်နိုင်ပါစေဗျာ။
လေးဖြူရေ...
အမှား နဲ့ အမှန် ဆိုတာ သူများထောက်ပြမှမြင်ရတာ မဟုတ်ဘူး
ကျွန်တော်ကတော့ ခင်ဗျား ကိုကျော်သူနဲ့ အတူ တွဲလုပ်သင့်တယ်ထင်တယ်
ရှင်းနေတာကိုရှုပ်အောင်လုပ်ပြန်ပြီး ဘာတဲ့ "တကယ်လို့ များ ထွက်လာတဲ့ သတင်းသာမှန်ခဲ့လျှင် ထာဝရ မာစတာခွေ အားပေးတဲ့ ပရိတ်သတ် အဖြစ်ဘယ်တော့မှ လက်ခံမည်မဟုတ်ပါ....ဘယ်လောက်ကောင်းတဲ့ သီချင်းဖြစ်ပစေ ဘယ်တော့မှ လက်ခံမည့် ပရိသတ်တယောက်လည်းမဟုတ်ပါလို့ သိစေချင်ပါတယ်ခင်ဗျား" ...ဟင်းးးးးးးး မပါချင်ငါ့အိုးပုတ်ပြန်ပေးဆိုတဲ့ သူငယ်နှပ်စားစိတ်ဓါတ်လေးတွေနဲ့ အောက်တန်းကျလိုက်တာ
ကျွန်တော်သိထားတာ တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီစကားတွေကို ကိုလေးဖြူ အမှန်တကယ်ပြောခဲ့ပါတယ်။ သို့သော် အင်တာဗျူးအနေနဲ့ပြောတာ မဟုတ်ပါဘူး။ မိတ်ဆွေတွေနဲ့ အလွတ်သဘောပြောခဲ့တာပါ။ ဒါက သူ့ရဲ့ right မို့ဘာမှ ၀င်မပြောလိုပေမယ့် ကိုလိုနီခေတ်ကာလက ပြည်သူတွေ သဲသဲလှုပ်အချစ်ခံရတဲ့ ဇာတ်မင်းသားကြီး ဦးဖိုးစိန် ဟာ နယ်ချဲ့အစိုးရအကြိုက်လိုက်ပြီး ပြည်သူတွေကို ဆန့်ကျင်ပြောဆိုခဲ့လို့ ပြည်သူတွေက ဘယ်လိုဒဏ်ခက်ခဲ့တယ်ဆိုတာကို ကိုလေးဖြူနဲ့ IC တစ်ဖွဲ့သားလုံး သိမယ်ထင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ right က ဒီလို အနုပညာရှင်တွေကို အားမပေးကြဖို့ပါ။ သတင်းဂျာနယ်တွေအနေနဲ့လဲ စာနယ်ဇင်းကျင့်ဝတ်တွေကို စောင့်ထိန်ကြစေလိုပါတယ်။
ပါဝါ ၅၄ ကို လေးဖြူ ဆိုခဲ့တုန်းက အန်တီစု အကြောင်း လေသံ တောင် ကျယ်ကျယ် မဟ ရဲ ကြတဲ့ ခေတ်မှာပါ..။
ကိုလေးဖြူကိုယ်တိုင် အဖြူနဲ့ အစိမ်းဝတ်ပြီး မဲပေးကြောင်း ဝန်ခံမှ ယုံပါမည်။
လူတွေစဉ်းစာကြ
Post a Comment