မီးဘေးဒုက္ခကို ကယ်တင်ကြသူများ... ကျွန်တော် မီးဘေးဒုက္ခသည်တွေအတွက် အခုအချိန်ဟာ မျှော်လင့်ချက်တွေမဲ့သလို ဖြစ်နေကြရတဲ့အချိန်ပါ..နှစ်ပေါင်းများစွာ တည်ထောင်ခဲ့ရတဲ့ဘ၀ရပ်တည်ရေးဟာ ရှေ့မှာဘယ်လိုဆက်ပြီးစခန်းသွားရမယ်ဆိုတာ မသိတဲ့အချိန်.... မီးလောင်တဲ့ ကသာမြို့ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးသာအေးနဲ့ (ကသာသားဖြစ်တဲ့)စည်ပင်သာယာတိုင်းဒေသကြီးဝန်ကြီးတို့ရောက်လာပါတယ်၊ဦးသာအေးဆိုတာ အရင် ကျွန်တော်တို့စစ်ကိုင်းတိုင်းရဲ့တိုင်းမှူး၊တယကဥက္ကဌကနေ ဒီတိုင်းဒေသကြီးမှာပဲ ၀န်ကြီးချုပ်ဖြစ်လာတဲ့ပုဂ္ဂိုလ်၊ သူက မီးဘေးဒုက္ခသည်တွေကိုလေးထပ်ကျောင်းဝန်းက မီးဘေး ဒုက္ခသည်စခန်းမှာ ခေါ်ပြီးတွေ့ဆုံပါတယ်၊ အဲဒီမှာ သူပြောတာတွေက စိတ်ဝင်စားစရာပါ၊ ကသာမြို့ဟာ ခရိုင်မြို့ဖြစ်ပေမယ့် မီးသတ်ကားတွေဟာ အဆင့်မမှီတဲ့အကြောင်းပြောပါတယ်၊ဘာကြောင့်မှန်း
မသိပါဘူး၊ဒုက္ခသည်တွေက လက်ခုတ်ဝိုင်းတီးကြပါတယ်၊ ခုမှ သိသွားတော့တယ်ဆိုတဲ့
အနေနဲ့လား၊နောက်ကို ကသာခရိုင်မီးသတ်တပ်ဖွဲ့ကြီးကို တိုးတက်အောင်လုပ်ပေးတော့မှာပဲဆိုတဲ့
အတွေးနဲ့ တီးတာလားတော့ မသိဘူးပေါ့ဗျာ၊အဲဒီမှာ သူဆက်ပြောတာက ဈေးကို
ကံထရိုက်နဲ့ဆောက်ရင် ဘယ်လို.မြို့ကနေ ငွေကောက်ပြီးဆောက်ရင် ဘယ်လို
ဆိုတာတွေပါ၊ ပြီးတော့ ဈေးသည်တွေကို ဘာလိုလဲပြောပါဆိုတော့ ဈေးသည်တစ်ဦးက
ထပြီးပြောရှာပါတယ်.. “သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ဈေးဆိုင်မှာသာပုံထားတာဖြစ်လို့ ဘသပျက်သွားပြီး ရှုင်းနှီးငွေမရှိတော့လို့ ငွေတိုးနည်းနည်း(ဘဏ်တိုးလောက်ပေါ့)ချေးပေးပါ”တဲ့၊ အဲဒီမှာ ဦးသာအေးပြောသွားတာက အားရစရာပါ၊ရပါတယ် ၊စီစဉ်ပေးမယ်၊ ဒါပေမယ့် အလကားတော့ချေးလို့ မရဘူး၊၁၀၀ကို ၂ကျပ်ခွဲ တော့ အတိုးပေးရမယ်တဲ့ ခင်ဗျား.၊
|
10 comments:
၇င်ထဲမှာ ဗလာဖြစ်သွားတယ်ဗျာ။ ။
ကောင်းလိုက်တဲ့စာ
မှတ်သားထိုက်တဲ့ စကား
တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်ဗျာ... ပူပြင်းတဲ့ရာသီ ရောက်လာပီ ဆိုတော့ မီးသတိပြုကြပါ... အမှိုက်ကစ လောင်တတ်တာမို့ အိမ်တွင်း အိမ်ပြင် သန့်ရှင်းစေချင်တာ.. ဆိုတဲ့ မီးသတိပြုသီချင်းနဲ့ သတိပေးလိုက်ပါတယ်..
ဦးသာဌေးဆိုတာ Original Group ကမဟုတ်လားခင်ဗျ
နေပြည်တော်တည်ဆောက်ရေးက ကုပ္မဏီပိုင်ရှင်တွေ တွေက ဒိရာထူးတွေ ကို ဘယ်လို့ အကြောင့်ကြောင့် ရနေ ကြတာလဲဗျ
ငွေဘဲသိတွေ လူ တွေ အခွင့်အရေးကို အမြဲချောင်းနေ တဲ လူတွေ
တိုင်းပြည်အတွက် နစ်နာ လှပါတယ်
ကျွန်တော်တစ်ကိုယ်တည်သဘောအတိုင်းပြောရရင်မြန်မာပြည်အတွက်မျှော်လင့်ချက်ကြီးကြီးမထားကြပါနဲ
အဖတ်ဆယ်မရတော့တဲ့ တိုင်းပြည်ဖြစ်နေပါပြိ
အရမ်းပဲ ခံစားလိုက်ရတယ်
လူတွေအလုပ်လက်မဲ့ဖြစ်ကုန်ပြီ
အော် လောကဒဏ်ကပြင်းထန်လိုက်တာ
ကသာမြို့ မှ ဖုံးသတင်းအရ အောက်ပါအတိုင်းသိရပါတယ်။
ကသာမှာမီးသတ်ကားက(၂)စီးရှိပါတယ် ။ မီးလောင်တော့  မီးသတ်ကား(၁)စီးက မီးသတ်ဖို့ရောက်လာတော့ ရေတော့ပါပြီးပိုက်မပါဘူးတဲ့။ နောက်(၁)စီးရောက်လာတော့ ပိုက်ပါပြီးရေမပါဘူးတဲ့ ။ဖြစ်ရပ်မှန်ရင်တော့ အလွန် (အလွန်)၀မ်းနည်းစရာကောင်ပါတယ်။ နေ့ချင်းညချင်း ။မျက်စိ တစ်မှိတ် လျှပ်တစ်ပျက် အတွင်း သူဌေးဘ၀ မှ နေစရာမရှိလို့ ဘုန်းကြီးကျောင်းမှာ သွားကပ်နေရတဲ့ သူတွေတစ်ပုံကြီးဘဲတဲ့ ။ ဦးသာအေးကြီးကလည်း ဆဲလိုက်တာ မိုးမွှန်နေတာဘဲတဲ့ ။ တရားမရကြသေးဘူးနော်။ မတရားချမ်းသာတဲ့သူတွေ သိကြားသာသနာခေတ်ကြီးထဲမှာ ရန်သူမျိုး(၅)ပါးနဲ့ ကုန်လိမ့်မယ်ဆိုတာ တရားပြနေပြီလေ။ သတိထားကြပါလို့ / တရားသံဝေဂရကြပါလို့ မေတ္တာရပ်ခံပါတယ်။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ ။
ကသာမီးမလောင်ခင်က မီးဘေးကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်တာ ကသာ ဈေးရှေ့ မှာလို့ပြောတယ်။ အမှိုက်တွေပုံပြီး ပြေးလွှား ဇာတ်တိုက်လေ့ကျင့်ကြတယ် တဲ့။
ဇမ္ဗူဒီပါ လင်္ကျာတောင်ကျွန်း နမိတ်ထွန်းတဲ့။
မတရားလုပ်ကြသူများ သံဝေဂရကြပါ။ ။ ဘ၀မကူးဘူးနော်။ ချက်ချင်းအကျိုးပေးသွားကြလိမ့်မယ်။ သတိသာထားကြတော့ ဟေ့။ ။
ခေတ်မှီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးဖြစ်ရင်
ကာတွန်းကို ဒေါ်လာနဲ့ ပေးမှာတဲ့ ကိုဂျူရေ ။
မကြာမှီလာမည် မျှော်
ဒေါင်းရိုးသား
မီးသတ်ကား မကောင်းဘူး၊ ရေမပါဘူး၊ မီးသတ်ပိုက်မပါဘူးလို့ပြောနေကြတဲ့သူတွေကို တစ်ခုလောက်တော့ပြောချင်တယ်၊ အဲဒီဟာတွေမပါဘူးလို့ပြောရအောင် ပေါက်ဖေါ်ကြီးတို့ အဲဒီမီးသတ်စခန်းကို ဘယ်နှစ်ခါများရောက်ဖူးကြပါသလဲ၊ ဘာတွေများကူညီပေးခဲ့ဖူးပါသလဲ၊ အဓိက တရားခံကတော့ ငါ့မြို့၊ငါ့ရွာ၊ ငါ့ရပ်ကွက်၊ ငါ့အိမ်၊ ငါ့ဆိုင်မီးမလောင်စေရဘူးဆိုတဲ့ ခံယူချက်လူတိုင်းမှာ ရှိနေရင် ယခုလိုအဖြစ်မျိုးတွေဖြစ်လာမှာမဟုတ်ဘူးလို့ ပေါက်ဖေါ်ကြီးတို့ကို အကြံပြုချင်ပါတယ်။
ကသာကိုမပြောပါနဲ့အုံး မန္တလေးဗောဓိကုန်းနားက အောက်ဇဘူကျော်တိုက်ခန်းမီးလောင်တုန်းက ကြုံဘူးပါတယ်၊ မီးသတ်ကားတွေကတော့ ရောက်လာပါရဲ့ တိုက်က ၄ ထပ်တိုက်ဖြစ်နေတော့ လှမ်းပက်လို့မရဖြစ်နေတယ်၊ နောက်ဆုံးကျမှ မီးသတ်ကရိန်းကား ရောက်လာလို့တော်သေးတယ်၊ ဒီလိုမန္တလေးမှာတောင်မှ ဒီလိုကားမျိုးက အားလုံးပေါင်း ၃ စီးလောက်ပဲရှိတာဆိုတော့ မီးလောင်ရင်နိုင်အောင် ငြိမ်းနိုင်ပါ့မလား။ တိုင်းပြည်တိုးတက်ဖို့ထက် ဆုပ်ရုပ်ဖို့ကများနေတယ်၊ ဒါ့ကြောင့်အဆင့်မြင့်မီးသတ်တပ်ဖွဲ့ကို အမြန်ဆုံးဖွဲ့ပေးစေချင်ပါတယ်ခင်ဗျာ။
လောင်စာဆီတွေမတရားသိုလှောင်ရောင်းချသူတွေ၊ ကွမ်းယာဆိုင်ထက်ပေါတဲ့ ဓါတ်ဆီရောင်းချနေသူတွေ
အသိတရားရကြပါတော့ဗျာ။
Post a Comment