|
၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံတခုအားတွေ့ မြင်ရစဉ် |
ကြားဖြတ်ရွေးကောက် ပွဲနေ့တွင်မဲရုံတွင်းသို့ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စား လှယ်လောင်း၏ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စား လှယ်များနှင့် မဲရုံအကူကိုယ် စားလှယ်များ မဲရုံတွင်းသို့ ဗွီဒီယိုကင် မရာ၊ ကင်မရာ၊ ဟမ်းဖုန်း ကင်မရာများ ဖြင့်မှတ်တမ်း ဓါတ်ပုံရိုက်ကူး ရန်ယူ ဆောင်ခွင့်မရှိ ကြောင်းမတ် (၁၄)ရက် စွဲဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကထုတ်ပြန်ခဲ့ခြင်းကြောင့်မဲရုံ အပြည့်မဲရုံကိုယ်စားလှယ်မထားနိုင် သူများအတွက် ဥပဒေ နှင့် မကိုက်ညီ သည့် ကိစ0x081စရပ်များပေါ်ပေါက်လာပါက သက် သေပြရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။''ကျွန်တော်တို့ပါတီကို ဒီနေ့(၁၉ရက်နေ့) ပဲရောက်တယ်။အရင် တုန်းကတော့ ကြားရတာတော့ ကင်မရာတွေဘာ တွေယူခွင့်ရှိတယ် ဆိုပြီကြား နေရတယ်။ဒီနေ့ရုံးကို ပြည်ထောင်စု ကော်မရှင် ကစာရောက်မှပဲ ဘာကင်မရာ မှယူဆောင်ခွင့် မရှိဘူး ဆိုတာသိရတယ်။ မဲရုံတွင်းမှာ မသမာမှု တစ်စုံတစ်ခု ဖြစ်ခဲ့ရင် ကျွန်တော်တို့အရင်အတွေ့အကြုံအရ သက်သေတွေရဖို့ အလွန်ခက် ခဲခဲ့တယ်။ တစ်စုံတစ်ရာ ပြဿနာဖြစ် ခဲ့ရင် သက်သေ အဖြစ်မှတ်တမ်း ယူနိုင်မှ ခိုင်လုံတဲ့ သက်သေပြနိုင် မှာပေါ့။ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း မဲရုံကိုယ်စား လှယ်တွေမထား နိုင်ခဲ့တော့ အခက်အခဲဖြစ်ကြတယ်။ ဒီတစ်ခေါက်တော့ တက်နိုင် သလောက် မဲရုံ ကိုယ်စားလှယ် အပြည့်ထား နိုင်ဖို့ကြိုးစား သွားမယ်''ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ မှ ဒေါက်တာဝင်းနိုင်ကဆိုသည်။အဆိုပါ အမိန့်ကြော်ငြာ စာမှာ-ရွေးကောက်ပွဲ ဥပဒေ-၄၈(ခ) (၆)အရ ကိုယ်စားလှယ်လောင်း များ၊ ကိုယ်စားလှယ်လောင်း၏ကိုယ်စား လှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် မဲရုံအကူကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ လှိျု့ဝှက် ဆန္ဒမဲ ပေးရာတွင် အနှောင့်အယှက် မဖြစ်စေ ရန်အတွက် မဲရုံတွင်းသို့ ဗွီဒိယိုကင်မ ရာ ၊ ကင်မရာ၊ ဟန်းဖုန်းကင်မရာများကို ယူဆောင်ခွင့်မရှိကြောင်း နိုင်ငံရေး ပါတီများသို့ အကြောင်းကြား စာများပေး ပို့လာကြောင်းသိရသည်။''နိုင်ငံရေး ပါတီတွေကို တော့ပို့ထားပြီးပါပြီ ။ မဲရုံတွင်းကို တရားဝင် ဝင်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်လောင်း၊ ကိုယ်စားလှယ်လောင်း ၏ကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ် နှင့် မဲရုံ အကူကိုယ်စားလှယ်တွေက မဲပေးတဲ့နေ့ မှာ မဲရုံအတွင်းကို ကင်မရာ၊ဗွီဒီယိုကင် မရာ၊ ဟမ်းဖုန်းကင် မရာတွေ ယူဆောင် ခွင့်မပြုပါဘူး။ အကယ်၍ ပြဿနာတစ် စုံတစ်ရာရှိခဲ့ရင် သက်သေအဖြစ်ပါတီ မဲရုံကိုယ်စားလှယ် အချင်းချင်းနဲ့ မဲဆန္ဒ ရှင်တွေ ကို သက်သေလုပ် သွားလို့ရ ပါတယ်''ဟုရန်ကုန်တိုင်း ဒေသကြီးကော် မရှင်အဖွဲ့ခွဲဥက္ကဌဦးကိုကိုကဆိုသည်။
ရန်ကုန်တိုင်းမ်
14 comments:
ညစ်ချင်သလောက် ညစ်
အမေစုဘက်မှာ တကမ္ဘာလုံးရှိတယ်....
CAMERA ဆိုတာ Handphone မှာမှ ပါတာမဟုတ်ဘူး
Ballpen တို့ Gaslighter တွေမှာလဲပါတယ်လေ ငတုံးတွေရဲ့
မင်းတို့လောက်တော့ ပြည်သူက
ပျင်းတောင်ပျင်းသေးတယ်
ညစ်ချင်သလောက် ညစ်
စိတ်မညစ်
What is the problem of camera ?You all make sure not to support dirty plan.What are you doing?Are you deaf,mute and blind?Why didnot take action for different kinds of cheating?WHY? WHY? WHY?If you are not fair we will curse you to death.
မဲ မသမာ မှု လုပ်မှာ သေခြာနေပြီ ၊ မဲပေးမဲ့ သူကို အကြောင်းပြတာ ၊ အမှန်က သူတို့ လိမ် တာ လူသိမှာစိုးလို့ ။
ဟဈေးကွက်ထဲမှာစပိုင်ကင်မယာတွေအများကြီး ပေါမှပေါ....နလပိန်းတုန်းတွေလူလည်ကျတာတော့မခံနဲ့ ဟေ့....
မြန်မာ ပြည်သူ အများ အထူး သိစေအပ်ပါသည်ခင်ဗျား ၊ ဒီလောက်ကောက်ကျစ်ယုတ်မာတဲ့ သူတွေ ထောက်ခံ နေရင်တော့ ထောက်ခံတဲ့သူဟာ လုံးဝ ဦးနှောက် မရှိတဲ့ သူ ဖြစ် ရင်ဖြစ် ဒါမှမဟုတ် သူလဲ ကောက်ကျစ်တဲ့ လူမိုက်ဘဲ ဖြစ်မယ်။
ဒါမှဖွတ်တို့ အားရါးရ ညစ်နိုင်မှာလေ
ညစ်မှ အရှက်ပြေမှာ
နိုင်ဖို့တော့ မစဉ်းစားနဲ့
အာလုံးဝိုင်းဝန်းလို့ညစ်ပတ်ရင် မရှိမဲ့ ရှိမဲ့ အာဏာ ကို
အတင်းတွယ်ဖက်နေရတဲ့ ဘဝလေးတွေ ရှက်သင့်ပါပီ
Spy Cam လေးတွေသွင်းသွားဗျို့
ကိုယ့်ဘက်ကမှန်ကန်ရိုးသားရင်ဘာမျှကန်.သက်နေစရာအကြောင်းမရှိပါဘူး ...
အရင်တစ်ခါမဲပေးတုန်းကလဲ ဘောပင်ကိုကိုယ့်ဘောပင်နဲ့ ကိုယ်မခြစ်ရဘူးတဲ့ သူ့ဘောပင်နဲ့ခြစ်ရမယ်ဆိုပြီး ကြံ့ဖွတ်အဖွဲ့ဝင်တစ်ဦးက ဇွတ်ပြောတာနဲ့ ကိုယ့်ဟာဘေးထားပြီး သူ့ဟာနဲ့ခြစ်ခဲ့ရတယ်။ အဲ့ဒါဘာလို့လဲသိဘူးနော်.....
ဒါဟာ မရိုးသားကြောင်းပြနေတာပဲ တကယ်အမှန်အကန်လုပ်ချင်တယ်ဆို ဗီဒီယိုရိုက်ကူးရေး ပါဝင်ခွင့်ပေးရမယ် စိတ်ပျက်စရာကောင်းပါတယ် မြန်မာပြည်ကြီးတော့ အာဏာရှင်တွေလက်ကလွတ်အောင်မနည်းကြီးလုပ်ရအုံးမယ်။
အပေါ်က ကိုဒသရေ ခင်ဗျားကိုဘယ်သူမှရိုက်မစစ်ရဘဲ ဘယ်လိုဟာတွေကို သတိထားရှာဖွေရမယ် ဆိုတာသင်များပေးနေသလားလို့ သံသယဖြစ်မိတယ်။ ကိုသိရင်လဲ ငြိမ်ငြိမ်နေပါ၊လျှောက်မဖွပါနဲ့ လို့ ပြောချင်တယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးကိုကိုခင်ဗျား....................လစ်ဗျားက....ဂဒါဖီလို လုပ်ရမှာလား.......ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ဖြစ်ဖို့ရာအတွက် ဗွီဒီယို ကင်မရာတွေကို ရိုက်ခွင့်ပြုမှာလား.....ဒီ နှစ်ခုထဲက တစ်ခုခုကို ရွေးပါ။
မှတ်ချက်။ ။ ၁၀ရက် ၁၁ရက်သာ ကျန်ပါတော့သည်။......................
မြန်မာ အစိုးရသန်းရွှေမှ အစလူညစ်တွေပါ။
ကင်မရာတွေယူခွင့်မပေးဘူးဆိုကတည်းက အမှန်တွေပေါ်မှာဆိုးလို.ပဲ့ပေါ့သေတွင်းထဲအထိလိုက်ယုတ်မာမဲ့အကောင်တွေ။
Post a Comment