နေပြည်တော်တိုင်း
မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ်ထောင်ထားတဲ့ အိမ်ပိုင်ရှင်ကို လျှပ်စစ်မီးမပေးဘဲ
ချန်လှပ် ထားတယ်လို့ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက
ပြောပါတယ်။
“နေပြည်တော်တိုင်းက
ပုဗ္ဗသီရိမြို့နယ် မှာ အောင်ချမ်းသာ ရပ်ကွက်ပါ။ အဲဒီနေရာက ငွေ ၂
သိန်းခွဲပေးရင် လျှပ်စစ်မီးရတယ်။ တရပ်ကွက်လုံး ရတယ်။ ဦးကြည်ဆိုတဲ့
လူတယောက်က မရဘူး။ ဘာကြောင့်မရလဲ ဆိုတော့ သူ့အိမ်မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ်
ရှိနေ တယ်။ နေပြည်တော် ကောင်စီဝင် တဦးရဲ့ အမိန့်အရ မပေးတာလို့ ရာအိမ်မှူးတွေ
က ပြောတယ်” လို့  ပြောပါတယ်။
သည်တွေ
့ရှိချက်ကို မတ်လ ၂၂ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ထဲမှာ
ထည့်သွင်းထားတယ် လို့  သူက ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ၁ ပတ်၊ ၁၀
ရက်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ပါတီက တွေ့ရှိ ထားချက်တွေကို
အများပြည်သူသိအောင် ဆက်လက် ထုတ်ပြန်ပေး သွားမယ်လို့ သူက ပြောပါတယ်။
မတ် ၁၆ရက်မှာ
မဲစာရင်းတွေ ကွာဟနေတဲ့ အကြောင်းနဲ့ မတ် ၁၉ရက် မှာ ရွေးကောက်ပွဲ ဥပဒေ
ချိုးဖောက်တဲ့ ကိစ္စရပ်တွေ အကြောင်း အန်အယ်လ်ဒီ အောင်နိုင်ရေးကော်မတီက
သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီဗွီဘီ
နေပြည်တော်မှာ အန်အယ်လ်ဒီထောက်ခံသူ မီးမရ
Reviewed by သစ်ထူးလွင်
on
06:06
Rating:
12 comments:
မင်းတို့လဲရှုံးမှာသိလို့ သွေးရူး သွေးတန်းတွေလျှောက်လုပ်မနေဲ့..မင်းတို့ပြောတော့ ပြည်သူအတွက်ဆို သူတို့လဲ ပြည်သူပဲလေ ...စိတ်လေတယ် မရခင်ကတောင် ဒီလိုဆို ရပြီးရင် ပိုဆိုးမဲ့သဘောမှာရှိတယ်...သံသရာ ဆိုတာ ကြောက်ဖို့တော်တော်ကောင်းတာနော်...ညအိပ်ယာဝင်တိုင်းစဉ်းစားကြည့်ငါသေရင်ဘယ်ရောက်မှာလဲ ငါ ပြည်သူတွေအတွက်ဘာကောင်းတာတွေလုပ်ပေးခဲ့ပြီလဲ ကြောက်ဖို့ တကယ်ကောင်းတာနော် မင်းတို့လုပ်၇က်တွေအမြန်ဆုံးပြုပြင်ဖို့ အချိန်မှီသေးတယ်နော်.........
စိတ်ပျက်ဖွယ်အကောင်းဆုံးလုပ်ရပ်တစ်ခုပါ နိုင်ငံတကာကများကြားရင် ခင်ဗျားတို့မရှက်ပေမဲ့ ကျနော်တို့လို့ သူများနိုင်ငံမှာရောက်နေတဲ့သူတွေအဖို့အရှက်ရစရာချည်းပါပဲ ကြံ့ဖွတ်လုပ်ရပ်တွေရပ်ပါတော့ဗျာ....ဒီပါတီသာ အာဏာဆက်ပြီးရနေရင်တော့ တို့နိုင်ငံအတွက်တော့ ရင်းလေးပြီးရင် မောရင်းပါပဲ....
ဟဟ သမတကြီးဦးသိန်စိန်ကတော့ပြောတာပဲ
လွပ်လပ်ပြီးတ၇ားမျှတတဲ့ေ၇ွးကောက်ပွဲဖြစ်၇မယ်လို့
သူကိုတိုင်ေ၇ာလွတ်လပ်ခွင့်၇ှိ၇ဲ့လားမသိဘူး၊သူပြော
နေတာတွေနဲ့အောက်ခြေမှာဖြစ်နေတာတွေကတခြား
စီပဲ။
သူရဲကောင်းတို့ရဲ့နှလုံးသား ခြသေ့င်္ံဆိုတာ မြက်မစား။
ခြသေ့င်္ံဆိုတာ ရဲစွမ်းသတ္တိရှိတယ်။ ခွန်အားရှိတယ်။
အရေခြုံ ခြသေ့င်္ံတွေကတော့ ဝံပုလွေလို ကောက်ကျစ်တယ်။ ယုတ်မာတယ်။
သူတို့ဟာ တောဘုရင်တွေ မဟုတ်တော့ဘဲ မိစ္ဆာကောင်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြပြီ။
လူယုတ်မာတို့ ကျင့်သုံးပုံဖြစ်ပါတယ် ။
လွပ်လပ်ပြီးတ၇ားမျှတတဲ့ေ၇ွးကောက်ပွဲ လို့ဘယ်လိုပဲပြောပြော သူတို့အကျင့်
နဲ့ စာရိတ္တ ကပေါ်လာဘီလေ .. သူတို့ဘာတွေဘယ်လိုပြောပြော ဘယ်လို့လုပ်လုပ် မယုံပါဗျာ.. လူကြားကောင်းအောင်(ဟုတ်ပါဘူး)
နိုင်ငံတကာကလူတွေ ကြားကောင်းသိကောင်းမြင်ကောင်းအောင် လုပ်နေတာတွေ လေ.. ဒါပေမယ်ပြည်သူတွေလဲတဖြည်းဖြည်းနဲ့ သူတို့ရဲ့လုပ်ရပ်တွေကိုသိနေပါဘီ..ဆင်သေကိုဆိတ်သားရေနဲ့ဖုံးနိုင်ရင်ဖုံးထားကြပေါ့ဗျာ ...
သမ္မတကြီးရဲ့ရိုးသားမှုနဲ့၊စိတ်ဓါတ်ကိုယုံပါတယ်။
သမ္မတကြီးက...သူ့ကိုယ်သူ...ကတိပေးတာပါ။
ကျန်တာတွေက...ကန်းဆွေ(သန်းရွှေ)...ကတိပေးမှရမယ်။
ကန်းဆွေ...ဆင်းသွားတာတောင်...ပြည်သူတွေကိုဒုက္ခပေးသွားသေးတယ်။
ဟုတ်ပမလားမောင်ကာလုရယ် ဒီလိုဆိုရင် တနိုင်ငံလုံးဘာလို့ အမှောင်မချတာလဲ
ကလေးအလုပ်တွေလုပ်နေကြပါ့လား၊ ရှက်ဖူးလားသိပါဘူးကွာ။
ရှက်တတ်ရင် လဲသေလို့ရတယ်နော်
ခုထိကို အရှက်မရှိသေးဘူး
မီးတို့ရေတို့ဆိုတာ
နင်တို့ကိုယ်ပိုင်ပစ္စည်းတွေလား။
ပြည်သူပိုင်ပစ္စည်းကိုအလဲသုံးစားလုပ်ကြတယ်။
နင်တို့အတွက်ဥပဒေမရှိဘူးနော်။
သိပ်ကိုမျှတသန့်ရှင်းတဲ့အစိုးရပဲ...
ထွီး..
ဒီမိုကရေစီ မဟုတ်ဘူး
မြန်မာကေ၇စီ ကြီး
သာစည်လည်းမီးတနေ.12နာရီလောက်ပျက်တယ်
Post a Comment