ဒေါ်အောင်ဆန်းစုကြည် မြိတ်-ကျွန်းစု ခရီးစဉ်ဓါတ်ပုံများ
တနင်္သာရီတိုင်း  မြိတ်မြို့ ကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၄ ရက်နေ့ 
 နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့  ရောက်ရှိလာပါတယ်။ 
၁၂နာရီ ၂၀မိနစ်ရောက်မှ မြိတ်မြို့ ဆိပ်ငယ်ဘောတံတားမှထွက်ခွာသွားပါပြီဖြစ်
ပါတယ်။
မတ်လ ၂၅ ရက်နေ့မှာတော့  မြိတ်မြို့ ၊ကန်ဖျားမြေနီလမ်းရှိ ဦးစောဂျက်
မြေပြင်တွင်ဟောပြောပွဲလုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။ 
ဓါတ်ပုံ Su per (Facebook) နှင့် မြိတ်မြို့ ခံပြည်သူပြည်သားများ
ဒေါ်အောင်ဆန်းစုကြည် မြိတ်-ကျွန်းစု ခရီးစဉ်ဓါတ်ပုံများ ဒေါ်အောင်ဆန်းစုကြည် မြိတ်-ကျွန်းစု ခရီးစဉ်ဓါတ်ပုံများ Reviewed by သစ်ထူးလွင် on 15:52 Rating: 5
8 comments:
အမေစု said...
အမေစုအားမြိတ်မြို့မှလှိုက်လှဲစွာကြိုဆိုပါတယ်...။
ktd said...
ဘိတ်သား၊ ယုဇနဌေးမြင့်နဲ့ ဂျပန်သင်္ချိုင်းစောင့် လွင်မိုးတို့ ညီအကိုကတော့
သွားရှာပြီ။ ။ ။ ပြည်သူနဲ့ ဝေးရာကို၊ ၊ ၊
ကိုကိုကြီး said...
အမေစုအရမ်းပင်ပန်းနေပါပြီ....။ နားပါ..။ ကိုယ့်အမေလို သဘောထားပြီး ပြောတာပါ..။ အရမ်းကြည်ညိုတယ်...။ စိတ်ဓာတ်ကို လေးစားတယ် ......။
I love NLD said...
ကျက်သရေရှိလိုက်တာအမေရယ်...
Zarni Bwar said...
ကိုကိုကြီးရေ
ကျွန်တော်တို့လည်း အမေ့ကျန်းမာရေးအတွက် စိုးရိမ်တယ်ဗျာ။ ပြည်သူတွေအပေါ်ထားတဲ့ အမေ့စေတနာတွေကတော့ တကယ့်ကို အနှိုင်းမရှိပါပဲဗျာ။ အမေအသက်ရှည်ရုံမက ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ အမေ့ရည်မှန်းချက်တွေ အောင်မြင်မှာ မလွဲပါဘူး။ လုံလောက်တဲ့ အနားယူမှုတော့ လိုတယ်အမေရယ်။
honey said...
စက်လှေမငှားအောင်ချိန်းခြောက်မှုတွေရှိနေတာ
ဒီအစိုးရကပြည်သူကိုဆက်ပြီးလိမ်လည်နေအုံးမယ်ဆိုတဲ့
သာဓကတခုပါပဲ။
တရားဝင်တင်ပြပါကမ္ဘာကို..
လူတွေလည်းမကြောက်ကြပါနဲ့။ဘ၀ကဒီလိုပဲဖြတ်သန်း
ကြတော့မှာလားသိချင်တယ်။
လူလူချင်းမကြောက်ပါနဲ့။
စစ်အာဏာရှင်တွေရဲ့လုပ်ရပ်ကိုအားပေးနေသလိုခံစားရတယ်။
အကြောက်တရားဖြစ်ဖို့ကပြည်သူတွေညီညွတ်ပြီး
ကြောက်စရာမလိုရင်သူတို့ပစ်မှတ်ကဘယ်ထိတော့မှာလဲ။
စစ်အာဏာရှင်သက်ဆိုးရှည်အောင်မတွန်းပိြု့ကပါနဲ့လို့
တောရွာတွေမှာအသိပညာပေးစေချင်တယ်။
အမေစေတနာတွေကိုသစ္စာပြုပါတယ်။
အမေစေတနာမှန်ကန်သောကြောင့်
စစ်အစိုးရမြန်မြန်ကျဆုံးပါစေလို့
ပြည်သူတွေအားလုံးကိုယ်စား
ဆုတောင်းပေးနေပါတယ်။
kothet said...
....ခေါင်ဆောင်းကောင်းပဲ..ဖြစ်ဖြစ်..ဆ၇ာကောင်းပဲဖြစ်ဖြစ်...နေက်လိုက်ေးကာင်းရှိလား...အမေ...အမေ....ပင်ပပ်းလှပါပြီ.......ခိုင်းမစားကြပါနဲ့......သားးးးကြိုးစားနေပါတယ်အမေ.......
Unknown said...
ပဝေသဏီ က ချမှတ်ထားတဲ့ ဥပဒေ လည်းဖြစ်နိုင်တယ်
Powered by Blogger.