ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မေတ္တာရပ်ခံ သဘောထားဖော်ထုတ်မှုဖြစ်ပွား



အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ယနေ့ နံနက် ၁၁ နာရီ ကျော်ခန့်က မအူပင်မြို့ခံ လူငယ် ၄၀ နီးပါးက မေတ္တာရပ်ခံသဘောထားဖော်ထုတ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ ကြ ကြောင်းသိရသည်။
မအူပင်မြို့ခံပြည်သူအများ၏ ဆန္ဒသဘောထားအား ကိုယ်စားပြု၍ ယင်းလူငယ် ၄၀ ခန့်သည် မအူပင် မြို့မှရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ ကားသုံးစီးဖြင့် လာရောက် ခဲ့ခြင်းဖြစ်ပြီး မိမိတို့မေတ္တာရပ်ခံလိုသည့်ကိစ္စရပ်ကိုပြောကြားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
  မေတ္တာရပ်ခံတောင်း ဆိုသည့် အဓိကအကြောင်းရင်းမှာဒေါ်အောင်ဆန်
စုကြည်အား မအူပင်မြို့သို့ လာရောက်စေလိုခြင်းကိစ္စ ရပ် ဖြစ် ကြောင်းသိရသည်။
“ အမေ့အနေနဲ့ အခုအချိန်မှာ ခရီးတွေထွက်ရလို့ ပင်ပန်းနေတယ်ဆိုတာသိပါတယ်သို့ပင
သို့ငြားသော်လည်း ကျွန်တော်တို့မအူပင်မြို့သူမြို့သားတွေက အမေ့ကိုခဏလောက်ဖြစ်ဖြစ်
လာစေချင်တယ်။ ကျွန် တော်တို့လူငယ်တွေကလည်း အမေ့ကိုကြိုချင်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အမေ့ကိုလာပြီး မေတ္တာရပ်ခံ တာပါ ” ဟုဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံရှေ့
လာရောက်ခဲ့သည့် မအူပင်မြို့ခံလူငယ်တစ်ဦးဖြစ်သည့် ကို စည်သူ ကပြောသည်။
ဒေသတွင်း အခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့သို့အောင်နိုင်ရေး
ခရီးစဉ် လာရောက်စေလိုခြင်းဖြစ်ကြောင်းသိရသည်ယင်းကိစ္စရပ်နှင့်ပတ်သက်၍
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအနီးကပ်တာဝန်ယူ ထားသည့် ကိုကျော်ဆန်းအား ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းကြည့်ရာ လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ခရီးစဉ်ပြည့်နေသောကြောင့် မအူပင်သို့ သွားရောက်ရန်မှာမဖြစ်နိုင်သေးကြောင်း
ပြောကြားခဲ့သည်။ယင်းကိစ္စရပ်အားပြေလည်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
ဖြေရှင်းလျှက်ရှိကြောင်းသိရသည်။
ပေါ်ပြူလာဂျာနယ်
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မေတ္တာရပ်ခံ သဘောထားဖော်ထုတ်မှုဖြစ်ပွား ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မေတ္တာရပ်ခံ သဘောထားဖော်ထုတ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:30 Rating: 5

19 comments:

joseph said...

လေးစားပါတယ်ဗျာ။

shwe man thar said...

we want to invite Ngar Min Swe and U Tin Yee to come Mandalay. We can promise them to screw up their loosing heads and fill with shits.

Myanmar said...

သူငယ်ချင်းတို့၇ာ မင်းတို့လုပ်၇ပ် မှန်ကန်ပါတယ်။ ကြံ့ဖွတ် အဖျားတက်နေမှာလဲစိုး၇တယ်။

COBRA said...

မအူပင်သားတွေ ရဲ.မျိုးချစ်စိတ်ဓါတ်ပြင်းပြမှုကတော.ထိပ်တန်းပါဘဲလားဗျာ။လေးစားစရာဘဲ ။

tat said...

အားကျတယ်..ဂုဏ်ယူတယ်ဗျာ

အမေစုကို ချစ်တဲ့သား said...

မအူပင်က ပြည်သူလူထူကို လေးစားပါတယ်
အချိန်အားရင်း အမေစု လာမယ်လို့ ယုံကြည်ပါတယ်

han moe said...

ကျွန်တော်တို့က ၄ရက်လောက်ကြိုပြီး လှတ်မှတ်တွေထိုးပြီးစာတင်ထားပြီးသားပါ အဲဒီစာကအမေ့ဆီမရောက်တာပဲလား ဘာဖြစ်လို့မှန်းမသိရပဲ ဘာမှအကြောင်းမပြန်လို့ ကျွန်တော်တို့လူငယ်တွေတိုင်ပင်ပြီး လူကိုယ်တိုင်တက်သွားကြတာပါ “အမေ့ရဲ့အားဟာ ပြည်သူဖြစ်သလို ကျွန်တော်တို့ရဲ့အားဟာလဲ အမေပါပဲ....” အဲဒါလေးကိုသိစေချင်တာပါ ကျွန်တော်တို့ဆီမှာ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် နဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် တို့ကလူအား ငွေအား အာဏာသုံးပြီး အသားကုန်စည်းရုံးနေတာကို ခံတိုက်နေကြရတာပါ အမေလာမယ်ဆိုလို့မျှော်လင့်အားတင်းနေကြရတာ အခုလိုဖေါ်ပြပေးတဲ့ စတုတ္ထမဏ္ဍိုင်တွေကိုလဲကျေးဇူးတင်ပါတယ်ဗျာ

Bravo said...

ဟဲ့-ဟဲ့ မအူပင်သားတွေ။ အမေစုပဲလား။ ကြံ့ဖွတ်ကိုရောမခေါ်ဘူးလား။ တော်ကြာ မအူပင်မြို့ ပစ်မှတ်ဖြစ်နေမယ်နော်။ သူတို့က အရပ်ဝတ်ဝတ်ထားတဲ့ ယူနီဖေါင်းဝတ်တွေဆိုပေမဲ့ တကယ်တော့ အတွင်းမှာ ထမီဝတ်ထားတာ။ တော်ကြာ မအူပင်သားတွေဒုက္ခရောက်နေမယ်နော်။

Leo said...

ချစ်စရာကောင်းလိုက်တဲ့ မအူပင်သားတွေ။ လေးစားပါတယ်ဗျာ။

min yar zar said...

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မအူပင်ကို သွားပြီးပြီထင်တယ်.....

Thazin said...

မအူပင်မြို့ခံ လူထုနှင့် သဘောထားဖော်ထုတ် သောလူငယ်များအား လေးစားပါသည်။ ကောင်းလေစွ ... ကောင်းလေစွ..... ကောင်းလေစွ .... ကောင်းသောအလုပ်တွင် ပါဝင်ခြင်းသည် မင်္ဂလာဖြစ်ပါသည် ။

Thazin said...

lu gyi min ရေ ဦးသိန်းအောင် က သစ်တောဝန်ကြီးကလာတာလေ။တိုင်းဝန်ကြီးလုပ်ဖို့မဲဆွယ်ဖို့ ကျောင်းတွေဆောက် တော့ ဦးတေဇက အလှူငွေထည့်တာလေ ။ ငွေအင်အား အာဏာအင်အား ပြမှာပေါ့

marga said...

လေးစားပါတယ်ဗျာ မအူပင်သားတွေကို
အကြောင်းအမျိုးမျိုးကြောင့် အမေစု မရောက်ဖြစ်ရင်လဲ နားလည်ပေးနိုင်ကြမှာပါ အမေစု ကို ချစ်ကြတာပဲလေ။
အမေစုကတကယ်တော့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကို
ချစ်နေတာပါပဲ။အမေ မလာနိုင်လဲ အမေ့ ကို အားပေးနေမယ်ထင်ပါတယ်။

Toe Gyi said...

အောင်တောင်း မင်းက မဲလိုချင်လို့ ကားနဲ့တိုက်သတ် နေတဲ့ အချိန်မှာ မဲပေးချင်လို့ မဲလာယူဘို့ လာခေါ်နေတဲ့ မအူပင်က ပြည်သူတွေကို ကြည့် စမ်း မင်းတို့ ကို့ကိုယ်ကို ရှက်သင့်ပြီနော်။

david soegyi said...

ဟေး ဟေး ဒါမှ မအူပင် သားကွ

Mr.President(saint) said...

congradulation for yours , buddy;
Keep forward moving;

ko ko Toke said...

ဦးသိန်းညွန့် နှင့် ဥိးသိန်းအောင် မဲဆွယ်နေတာ စည်ပင်သာယာရဲ့ငွေ တနည်းအားဖြင့် ပြည်သူလူထုရဲ့ အခွန် အခ ငွေကြေးတွေနဲ့ သူတို့အာဏာရဖို့မဲဆွယ်နေတာ သိနေတဲ့ လူငယ်တွေ ဒီလိုလုပ်တာကောင်းတယ်
အခုလောက်ဆို ဦးသိန်းညွန့်ကြီး ပြာယာခတ်နေပြီ
မကြာခင် မအူပင်ကိုလာလိမ့် မယ် ကြည့်ထားပါ..

maubin thar said...

လာလိမ့် မဟုတ်ဘူးဗျ လာလိုက်တာမှ မျက်စိကိုနောက်နေတာပဲ ဒီကြားထဲပြောလိုက်သေး ဒီခွပ်ဒေါင်းအလံတွေတမြို့လုံး တွေ့နေရတာ အဘစိတ်မချမ်းသာဘူးဆိုပဲဗျ ဘုရား....ဘုရား မူးလိုက်တာ လို့ညည်းမသွားတာကံကောင်း

ko ko Toke said...

ဒီဦးသိန်းညွန့်ကြီးက အသက် ၆၄ နှစ်ကျော်နေပြီ တရားမကျသေးဘူးဗျ
သူ့မှာက စားမယ့်သောက်မယ့် သူဆိုလို့ သားသမီးက မရှိ..
မွေးစားသမီလေးတွေတော့ ရှိတာပေါ့ဗျာ ဒါတွေကို အိမ်က ဒေါ်ကြီးခိုင်မသိအောင် ရွှေကြာပင်မှာမြေကွက်ကလေးပေးလိုက်..စာသောက်ဆိုင်လေး မ တည်ပေးလိုက်နဲ့ ဒါမှ အသက်ရှည်မှာလေ
ရာထူးသက်ရှည်မှ မအူပင်ကိုလာပြီးတော့ သူငွေတွေနဲ့ လမ်းခင်းပေးသလိုလုပ်.....ရိုးနေပါပြီ အဘ ရာ....ဟာဟာဟားဟား

Powered by Blogger.