စင်္ကာပူကုမ္ပဏီတခုက ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရန်ကမ်းလှမ်းထား


ဒေါပုံမြစ်ဝတွင် နစ်မြုပ် လျက်ရှိသော ဓမ္မစေတီခေါင်း လောင်းကြီးကို ပြန်လည်ဆယ်ယူ နိုင်ရန် စင်္ကာပူကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ ကမ်းလှမ်းထား ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာ နမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။
အဆိုပါ စင်္ကာပူနိုင်ငံမှ ကုမ္ပဏီ၏အမည်မှာ  SD Mark International LLP ကုမ္ပဏီဖြစ် သည်။ ၄င်းကုမ္ပဏီက ဓမ္မစေတီ ခေါင်းလောင်းကြီးကို အမေရိကန် ဒေါ်လာ (၁၀)သန်းခန့်ကုန်ကျခံ ကာ သင်္ဘောများဖြင့် ငှားရမ်းရှာ ဖွေ၇န် ကမ်းလှမ်းထားခြင်းဖြစ် သည်။
““ဓမ္မစေတီ ခေါင်းလောင်း ကြီးကို ဆယ်ယူဖို့အတွက် ကမ်း လှမ်းခဲ့တဲ့ အထဲမှာ စင်္ကာပူကုမ္ပ ဏီက အမေရိကန်ဒေါ်လာ(၁၀) သန်းခန့် ကုန်ကျခံပြီး ရှာငွေဖို့ ကမ်းလှမ်းထားပါတယ်၊ ဒီလိုရှာ ဖွေတဲ့နေရာမှာ နည်းပညာ၊အ တတ်ပညာ၊ ပညာရှင်အား၊ လို အပ်တဲ့ပစ္စည်းကိရိယာတွေစုံလင်မှ သာ ဆောင်ရွက်နိုင်မှာဖြစ်တာ ကြောင့် ကမ်းလှမ်းထားတဲ့ ကုမ္ပ ဏီတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်””ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ဓမ္မစေတီစေတီခေါင်းလောင်း ကြီးကို ဆယ်ယူရန်အတွက်သြ စတေးလျနိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ၂၀၁၀ခုနှစ်တွင် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
မေဇင်ကို (Hot News)
စင်္ကာပူကုမ္ပဏီတခုက ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရန်ကမ်းလှမ်းထား စင်္ကာပူကုမ္ပဏီတခုက ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရန်ကမ်းလှမ်းထား Reviewed by သစ်ထူးလွင် on 14:53 Rating: 5

10 comments:

chusinmye said...

ဓမ္မစေတီ သမိုင်းအထာက်ထားအရ .....
ငဇင်းကာသည် ဓမ္မစေတီမင်းကြီးလှူခဲ့သော ခေါင်းလောင်းကြီးကိုသန်လျင်မြို့သို့သယ်ဆောင်ရန် ရွှေတိဂုံ
စေတီတော်၏ အရှေ့မြောက်ဘက် ရွှေ့ထားခဲ့ကြောင်း ၊ ယင်းခေါင်းလောင်းကြီးသည် အလေးချိုန် ၁၈၀၀၀၀ ပိသာရှိကြောင်း အမြင့် ၁၂ တောင် အဝအကျယ် ၁၈ တောင်ရှိသည်။
ဓမ္မစေတီမင်းကြီးသည်အမှန်တကယ်ပင် ကြေးပိသာ၁၈၀၀၀၀ရှိသော ခေါင်းလောင်းကြီးကိုသွန်းလုပ်ပြီး ရွှေတိဂုံစေတီတော်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟူသော အချက် နှင့် ယင်းခေါင်းလောင်းကြီးကို ငဇင်းကာသည် သယ်ယူသွားခဲ့ရာ ဒေါပုံမြစ်ဝ၌ ရေတွင်းသို့ကျ၍ ပျောက်ဆုံးသွားခဲ့သည်ဟူသော အချက်နှစ်ချက်မှာ ယုံမှားသံသယ မရှိနိုင်သော အချက်နှစ် ရပ်ဖြစ် လက်ခံနိုင်သော အထောက်အထားများဖြစ်ပါသည် ။
ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရပါက ကမ္ဘာ အကြီးဆုံးခေါင်းလောင်းအဖြစ် နိုင်ငံတကာတွင်
ပေါ်လွင် ထင်ရှားပါမည်။ ခေါင်းလောင်းကြီးကို မြန်မာ နိုင်ငံရှိ သမိုင်းသုတေသီများ ရှေ့ဟောင်းသုတေသီ များများက တော်တော် ကြိုးစားပြီး ရှာကြပါတယ် ၊ ခေါင်းလောင်းကြီးကို ရေငုတ်ပြီးရှာဖွေတွေ့ရှိခဲ့ပါတယ် သို့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆယ်ယူလိုမရခဲ့ပါဘူး ခင်ဗျာ၊
ဓမ္မစေတီခေါင်းလောင်း ကြေးသတ္တုအလေးချိန် ပိသာ ၁၈၀၀၀၀ ပေါ်မူတည်၍ ခေါင်းလောင်းအရွယ်အစားကို တွက်ချက်ခြင်း........
မသွန်းလောင်းမှီ ကြေးသတ္တုအလေးချိန် = ၁၈၀၀၀၀ ပိသာ
ကြေးသတ္တုတစ်တန်ရှိ ခန့်မန်းခြေပိသာ = ၆၀၀ ပိသာ
ကြေးသတ္တု၏ တန်ချိန် (၁၈၀၀၀၀ / ၆၀၀) = ၃၀၀ တန်
သွန်းလောင်းရာတွင် လေလွင့်ပျောက်ဆုံးမူ = ၁၅ %
အမှန်တကယ်ခေါင်းလောင်းတွင် ကျန်ရှိမည့် အလေးချိန် ( အစိတ်အပိုင်းငယ်များအပါအဝင်)
၃၀၀ * ၈၅ % = ၂၅၅ တန်

ခေါင်းလောင်းအစိတ်အပိုင်းများ
ခေါင်းလောင်းဂွချိတ် ၊ သပ် ( သို့ ) ချိတ်တန်း ၊ ခေါင်းလောင်း ၊
ခွချိတ်နှင့် တန်းအတွက် ခန့်မှန်းအလေးချိန်မှာ ခေါင်းလောင်းအလေးချိန်၏ ၁၀ % ဖြစ်၏ ၊
ကြေးသတ္တု၏ သိပ်သည်းဆ ၁ ကုပဗေ = ၅၅၆ ပေါင် ခေါင်းလောင်းအလေးချိန် ၂၂၉ . ၅ တန်၏ ဒြန်ထု (၂၂၉ . ၅ * ၂၂၄၀ ) / ၅၅၆ = ၉၄၂ .၆ ကုဗပေ
ခေါင်းလောင်းဆလင်ဒါ ထုတည် ၁၂ ပေ (အချင်း) * ၁.၅ ပေ = ၃.၁၄ * ၁၂ * ၁၂ / ၄ *၁.၅ =၁၆၉.၆ ကူဗပေ
မျက်ကွင်း၏ ခန့်မှန်းထုထည် = ရ၀ ကုဗပေ
ဆလင်ဒါ၏ ဟောင်းလောင်းပေါက်အတွင်းသား ထုထည် ၉၂၄.၆ - ၁၆၉.၅၆ - ၇၀ = ၆၈၅.၀၄ ကုဗပေ
ဆလင်ဒါကြေးသတ္တု၏ အပြည့်ထုထည် ၁၂ ပေ(အချင်း) * ၁၃.၅ ပေ = ၃.၁၄ *၁၂*၁၂ /၄ *၁၃.၅ =၁၅၂၆.၀၄ ကုဗပေ
အဓိကထုထည် = ၁၅၂၆.၀၄ - ၆၈၄.၅၄ = ၈၄၁ ကုဗပေ
အဓိကအချင်း = ၈၄၁*၄ / ၁၃.၅ *၃.၁၄ = ၈.၉ ပေ
ဓမ္မစေတီခေါင်းလောင်းတော်ကြီးသည် ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်က ရွှေတိဂုံရင်ပြင်တော်ပေးသို့ ဓမ္မစေတီမင်းက တင်လှူပူဇော်ခဲ့ပြီး သက္ကရာဇ် ၉၄၇ ခုနှစ် တန်ဆောင်မှန်းလပြည့်နေ့ မွန်းတည့် ၁၂ နာရီ ပေါ်တီဂီနယ်ချဲ့ ဒီဘရစ် (ခေါ်) ငဇင်ကာက မတရား ဖြုတ်ယူပြီး သင်္ဘောနှစ်စီးဖြင့် တင်ဆောင်ခဲ့ရာ ရန်ကုန် နှင့် သံလျင်မြို့ကြား ပဲခူးမြစ် ရန်ကုန်မြစ် နှင့် ပုဇွန်တောင်ချောင်းဝဟူသော မြစ်သုံးဆိုင်အေ၇ာက် တွင် ၄င်းသင်္ဘော နှစ်စီးတိမ်းမှောက်ကာ ခေါင်းလောင်းကြီးလည်း နစ်မြုပ်ခဲ့ သဖြင့် ဓမ္မစေတီခေါင်းလောင်းတော်ကြီး ရေအောက်စံပျော်သက်မှာ နှစ်ပေါင်း ၄၂၆ ခုနှစ် တိတိရှိနေပြီးဖြစ်ကြောင်းသိရပါသည်။

Cho said...

အဲလို အကုန်ခံဆယ်ပေးပြီးရင် မြန်မာပြည်ကရော ဘာပြန်ပေးရမှာတဲ့လဲ..

ewhainnshwe said...

ဒီခေါင်းလောင်းကြီးက သမိုင်းတန်ဖိုး ဘယ်လောက်တောင်ကြီး မားလဲမသိဘူး။ နိုင်ငံခြားသားတွေ အတော်စိတ်ဝင်စားကြတယ်။ အကြိမ်ကြိမ်လည်း ကြိုးစားခဲ့ကြတယ်။ ဘယ်မင်းလက်ထက်မှ ပေါ်တော်မူလာမလဲမသိဘူး ... စိတ်ဝင်စားဖို့တော့ ကောင်းသား

naingoo said...

ပြန်၇ခဲ့၇င်ဘယ်သူပိုင်မှာလဲ....?
ဘယ်လောက်ပြန်ပေး၇မှာလဲ....?
ဘာတွက်ကြောင်သူတိုကဆယ်ယူပေး၇တာလဲ..?

win said...

ရေအဆုံး ကုန်းတ၀က် ဆိုတော့ ကုန်းပေါ်ရောက်ရင် တ၀က်ပေါ့ (ထင်တာနော်)

win said...

ရေအဆုံး ကုန်းတ၀က် ဆိုတော့ ကုန်းပေါ်ရောက်ရင် တ၀က်ပေါ့ (ထင်တာနော်)

icecoolcandy@gmail.com said...

ခေါင်းလောင်ကြီးကို သွန်းလောင်တုန်းက ဘုရင်ပုဏးတွေက ဘုရင်ကိုဒီခေါင်းလောင်းကြီးဟာ ရေမှာသာစံမယ်လို့လျှောက်ထားတာကိုလက်မခံဘဲနဲ့ သွန်းလုပ်ခဲ့တယ်လို့ ရာဇ၀င်မှာကြားဖူးပါတယ်၊ အမှန်လည်းလက်ရှိမှာ တကယ်ဖြစ်လာခဲ့ပါတယ်။
ရာဇ၀င်မှာမြန်မာနိုင်ငံကို အုပ်ချုပ်မဲ့မင်းကောင်း မင်းမြတ်သာလျှင် ဒီခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူနိုင်မယ်လို့ကြားဖူးပါသည်၊
အရင်အစိုးရလက်ထက် ဗိုလ်ချုပ်ခင်ညွန့် ခေါင်းလောင်းကြီးကို ကြိုးစားဆယ်ယူခဲ့ဖူးပါသည်။ နောက် ဆုံးပေါ် စက်အသစ်ကြီးတွေနဲ့ ဆယ်ယူခဲ့တာပါ၊ ဒီခေါင်းလောင်းကြီးထက် ၃ဆလောက်လေးတာကိုတောင်နိုင်တဲ့ စက်တွေ စတီးကြိုးကြီးတွေနဲ့ ဆယ်ယူဖို့ကြိုးစားခဲ့တာပါ၊ ဂျပန်စတီးကြိုးတွေသာ ပျက်ထွက်ကုန်ပါတယ်၊ ခေါင်းလောင်းကြီးက လုပ်တောင်မလုပ်ခဲ့ပါဘူး။ နောက်ဆုံး ၅ရက်မြောက်ရက်မှာ အိမ်မက်အရလက်လျှော့ခဲ့ရတယ်လို့ ကြားသိရပါတယ်။

Jonathan Tan @ Hein said...

အဲ့ဒီ Company ကို စင်္ကာပူ company များမှတ်ပုံတင်ဌာနမှာရှာကြည့်တော့ အလုပ်လုပ်နေဆဲ Company တစ်ခုအနေနဲ့တော့ တွေ့ရပေမယ့် ဘာ activity တွေလုပ်နေတယ်ဆိုတာတော့ ရှာမတွေ့ပါဖူး။ ငွေ ၁၀ သန်းလောက်
ကို သုံးပြီးလုပ်နိုင်တဲ့ company အဆင့်တော့မဟုတ်တာပြောနိုင်ပါတယ်။
ဖြစ်နိုင်တာကတော့ တခြား ကျောထောက်နောက်ခံ company အကြီးကြီးတစ်
ခုကနေ လုပ်ခိုင်းလို့ပွဲစားလုပ်တာတော့ဖြစ်နိုင်ပါတယ်။ company ရုံးလိပ်စာ
ကလဲ လူနေထိုင်ရာ အိမ်သို့မဟုတ် အဆောက်အအုံတစ်ခုပါ။

nicholas said...

ရွာသား
1.ရေမှာသာ စံ ရင် လဲရပါတယ် ။ သွန်းချိန်မှာ မိကျောင်းနက္ခတ် မိခဲ့ တယ်ဆိုပါတယ် ။ ကမ္ဘာ ခေါင်းလောင်းကြီးတွေလဲ ထိုးမရပါဘူး ။ရုရှမှာ ဒီအတိုင်းချထားတာပါ ။အကြီးဆုံးထဲ က ချိတ်ထားပြီးထိုးယင်မြည်တာ ကမ္ဘာမှာ မင်းကွန်းခေါင်းလောင်းကြီးပါ ပဲ တဲ့ ။ အခုလဲ ရွှေတိဂုံဘုရားလှူခဲ့တာဆိုတော့ သံပုံချိုင့် မှာဖြစ်ဖြစ် သွေးဆေးကန်နေရာဖြစ်ဖြစ် မူလကုသိုလ်ကောင်းမှုနဲ့ လှူ ခဲ့တဲ့နေရာကနေ လဲနီး နီးမှာ ။
ရေအောက်ကမ္ဘာလို လုပ်မှန်ကာပြထားယင် မြင်ရတဲ့ ပြည်သူအများလဲရှေးက ပြုခဲ့ကြတဲ့ အလှူအတွက် ကုသိုလ်ပွား ။
တိုင်းပြည်အတွက် မှာ ကမ္ဘာအကြီးဆုံးခေါင်းလောင်းရယ်လို့  သက်သေပြ ။ဂုဏ်ယူစရာလည်းဖြစ် ။
tourism အတွက်လဲကောင်း ။ယဉ်ကျေးမှုအမွေအနှစ်တခုလဲရှိလာ ။ အဲဒီတော့...............?????
2.တခါက ဂရိဘက်မှာ ရှေးက ရုပ်တုကြီးတခုရဲ့  လက်သီးရယ်ပါ လို့ ရေထဲကတွေ့ တဲ့ကျောက်တုံးတတုံးကို
ကြေညာမိပြီးမှ မှားပါတယ်ဖြစ်ခဲ့တယ် ။ ဒီလောက်တောင်တိုင်းပြည်ရဲ့ယဉ်ကျေးမှုအမွေအနှစ်အတွက် စိတ်အားထက်သန်ကြတယ် ။အခုဒီ အမွေအနှစ်ကြီးကတော့ သေချာပေါက်ရှိနေတာ ကလဲ သိနေရက်နဲ့  မြို့ နဲ့ ကလဲ နီးနီးမှာ ။ ဒါပေမဲ့အခုထိ မဖေါ်ထုတ်နှိင်သေးတာကို က ရင်ထဲမှာ မချင့်မရဲဖြစ်ရတယ် ။
3.ဆယ်ယူတာက စုစုပေါင်း ခန့် မှန်း တန် 300 သာသာ ပါ ။ ကမ်းလွန်ရေနံ လုပ်ငန်းသုံးမှာ တန် 500-3000 လောက် ကရိန်းသဘောင်္တွေသုံးနေကျ ဆိုတော့ သိပ်မပူရပါ ။ရေကလဲအနက်ကြီးမဟုတ်ပါ ။ တခုကအကြာကြီးရေထဲမှာရှိခဲ့တာကြောင့် ဆွေးနှိင်လို့ ဂရုတစိုက်လုပ်ရမှာပါ။ကြားဘူးတာကပြင်သစ်နည်းပညာကလုပ်နိုင်တယ်ဆိုပါတယ် ။
4.s'pore မှာ မိတ်ဆွေတယောက်ပြောတာသူသိတဲ့ဆယ်သူများက ဆယ်ဘို့ ကိုအခွင့်အရေးအဖြစ် စက်မှုမြေ သို့  မဟုတ် အစိုးရဆီ က တခုခုပြန်ုရ ချင်
ပါသတဲ့ ။ငွေရယ်လို့ မဟုတ်ပါ ။
5.ပြောရ၇င်တော့.............ဒို့ ခေတ်ရောက်မှ ညံ့တော့မှာ လား.......မြစ်ဝကျွန်းပေါ်သား သမ္မတကြီး ခင်ဗျား ။

welcome said...

( ရာဇ၀င်မှာမြန်မာနိုင်ငံကို အုပ်ချုပ်မဲ့မင်းကောင်း မင်းမြတ်သာလျှင် ဒီခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူနိုင်မယ်လို့ကြားဖူးပါသည်၊
အရင်အစိုးရလက်ထက် ဗိုလ်ချုပ်ခင်ညွန့် ခေါင်းလောင်းကြီးကို ကြိုးစားဆယ်ယူခဲ့ဖူးပါသည်။ နောက် ဆုံးပေါ် စက်အသစ်ကြီးတွေနဲ့ ဆယ်ယူခဲ့တာပါ၊ ဒီခေါင်းလောင်းကြီးထက် ၃ဆလောက်လေးတာကိုတောင်နိုင်တဲ့ စက်တွေ စတီးကြိုးကြီးတွေနဲ့ ဆယ်ယူဖို့ကြိုးစားခဲ့တာပါ၊ ဂျပန်စတီးကြိုးတွေသာ ပျက်ထွက်ကုန်ပါတယ်၊ ခေါင်းလောင်းကြီးက လုပ်တောင်မလုပ်ခဲ့ပါဘူး။ နောက်ဆုံး ၅ရက်မြောက်ရက်မှာ အိမ်မက်အရလက်လျှော့ခဲ့ရတယ်လို့ ကြားသိရပါတယ်။)
ဒီဟာကို ကျွန်တော် နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်.. ခေါင်းလောင်းဆယ်ခဲ့တာက ကိုယ်ကျိုးအသုံးပြုချင်လို့ပါ။ အခုထိ သက်ရှိထင်ရှားရှိနေတဲ့ ဦးခင်ညွန့် ကောင်းကောင်းသိပါတယ်။ လွယ်မယ်ထင်လို့ လုပ်ကြည့်ကြတာပါ။ နိုင်ငံခြားက ရေငုတ်သမားတွေ ငှားပြီး ရှာဖွေကြတာပါ။ တွေ့တာတော့တွေ့ပါတယ်။ ခေါင်းလောင်းက တစ်စောင်းလေးမြုပ်နေတာလို့ ဆိုပါတယ်။ ဒီခေါင်းလောင်းကို သင်္ဘော နှစ်စီးပါ ကရိန်းနဲ့ မပါတယ် ရခါနီးလေးမှာ စတီးကြိုးပြတ်ကျသွားတာပါ။ သင်္ဘောနှစ်စီးလဲ နစ်မြုတ်မလိုစောင်းသွားခဲ့တယ်။ နိုင်ငံခြားကရေငုတ်သမားတွေလည်း ချက်ချင်းပြန်သွားပါတယ်။ ကျွန်တော်သိတာပြောပြရင် ခေတ်ဟောင်းသမားလို့ပြောမှာစိုးလို့ သိသူများ၇ှိပါက ရေးကြစေလိုပါတယ်။

Powered by Blogger.