ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်
ဒေါ်အောင်ဆန်းစုကြည် တံတားဦးမှာ အမှာစကားပြောကြားနေစဉ် (ဓါတ်ပုံ-Eleven) |
လွတ်လပ်ရေးရတာ
အနှစ် ၆၀ ကျော်ပြီ။ ဒီနှစ်ပေါင်း ၆၀ အတွင်းမှာ ကျွန်မတို့နိုင်ငံဟာ
အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံ အဆင့်ကနေ အောက်ဆုံးအဆင့်ကို
ရောက်သွားခဲ့တယ်။ အဲဒီလိုရောက်သွားခဲ့တာ ဘာဖြစ်လို့လဲဆိုတော့
အုပ်ချုပ်မှုစနစ်မမှန်လို့ လို့ပဲပြောရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊
ဒီပြည်သူတွေဟာ ဒီပြည်သူတွေပဲ။ နိုင်ငံကလည်း မပြောင်းသွားဘူး။ ပြည်သူတွေလည်း
မပြောင်းသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ တိုတိုပြောရမယ်ဆိုရင်
ဒီမိုကရေစီအုပ်ချုပ်မှုစနစ်က ချုပ်ငြိမ်းသွားတယ်။ ဒီမိုကရေစီအစား
အာဏာရှင်စနစ်တက်လာတယ်။ အဲ့ဒီအာဏာရှင်စနစ်ရဲ့အောက်မှာ
ကျွန်မတို့နိုင်ငံဟာချွတ်ခြုံကျ တော့တာပဲ။ အရင်တုန်းက ကျွန်မတို့ကို လုံးဝမမှီနိုင်တဲ့နိုင်ငံတွေက၊ ကျွန်မတို့ကို စံနမူနာအဖြစ်ထားရတဲ့နိုင်ငံတွေက ရှေ့တန်းရောက်သွားတယ်။ အခု စင်္ကာပူဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံလို့မြင်ကြ တယ်။ မြန်မာလူမျိုးတော်တော်များများဟာ
ပညာတတ်လို့ရှိရင် စင်္ကာပူသွားပြီး အလုပ်လုပ်ချင်ကြတယ်။
တော်ရုံတန်ရုံပညာတတ်ရုံနဲ့လည်း ဟိုကလက်မခံဘူး။ စင်္ကာပူဆိုတာ
ကျွန်မတို့နောက်မှ လွတ်လပ်ရေးရတာ။ သူတို့လွတ်လပ်ရေးရစဉ်က
ဝန်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယုက အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို
မီစေရမယ်ဆိုတဲ့ကြုံးဝါးသံနဲ့တက် လာတာ။
အခု ကျွန်မတို့အနေနဲ့ အနှစ် ၂၀ အတွင်း စင်္ကာပူကို မီစေရမယ်ဆိုတဲ့ ကတိတောင်
ပေးရဲရဲ့လားစဉ်းစားနေရတယ်။ ဒါပေမယ့် ကျွန်မတို့ကြိုးစားရမှာပဲ။
ဒီလိုအောင်မြင်မှုတွေရဖို့ဆိုတာလူတွေ ညီညွတ်ဖို့လိုတယ်။ လူတွေစဉ်းစဉ်းစားစားလုပ်ဖို့လို တယ်။
တဒင်္ဂအတွက်ပဲ စဉ်းစားလို့မရဘူး။ အတိတ်ကနေပြီတော့ ရုန်းထွက်ဖို့လိုတယ်။
ပစ္စုပ္ပန်ကနေ အနာဂါတ်ကို မျက်နှာမူပြီးတော့ လိုချင်တဲ့နိုင်ငံတစ်ခုတည်ဆောက် ဖို့ ကြိုးစားရမယ်။ ဒီနေရာမှာ ပြည်သူတိုင်းပြည်သူတိုင်း တာဝန်ရှိတယ်။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
မြန်မာနိုင်ငံဟာ
သယံဇာတပေါကြွယ်မှုကြောင့် အဓိကအားဖြင့် ပြောရမယ်ဆိုရင် သဘာဝဓာတ်ငွေ့တွေ
ထွက်တယ်။ ရေနံထွက်တယ်။ အဲဒီက၀င်တဲ့ဝင်ငွေအများကြီးဟာ
ပြည်သူတွေကောင်းကျိုးအတွက် မသုံးဘဲ တခြားကိစ္စတွေအတွက် သုံးလိုက်လို့
ကျွန်မတို့နိုင်ငံဆင်းရဲနေတာလို့ 
ပြောရလိမ့်မယ်။ ဒီတော့ လွှတ်တော်အတွင်းမှာ ဘာလုပ်နိုင်လဲဆိုတာပြောရရင်
ဒီလိုကိစ္စတွေကို မေးခွန်းထုတ်နိုင်တယ်။ ဒီသဘာဝဓာတ်ငွေ့တွေက၊
သဘာဝသယံဇာတပစ္စည်းတွေက ဘာတွေ ဘယ်လောက် ၀င်ငွေရှိသလဲ။
ဒီဝင်ငွေတွေကို ဘာအတွက် သုံးခဲ့သလဲ။ ဒီလိုသုံးခြင်းအားဖြင့် ပြည်သူတွေကို
ဘယ်လိုအကျိုးပြုသလဲ။ ဒီလိုမေး ခွန်းတွေ မေးပိုင်ခွင့်ရှိတယ်။
အစိုးရဆိုတာလည်း ဖြေရမယ်။ အစိုးရအနေနဲ့ ဒါကို ကျေနပ်လောက်အောင်
မဖြေနိုင်ဘူးဆိုရင် ပြည်သူလူထုကသိပြီပေါ့။ ဒီအစိုးရအနေနဲ့
ကိုယ့်ရဲ့အကျိုးစီးပွားကိုဆောင် နိုင်မယ့်
အစိုးရ ဟုတ်မဟုတ်ဆိုတာ သိပြီပေါ့။ ဒါကြောင့် အဲဒီလိုနည်းတွေနဲ့
ပြည်သူလူထုဟာ အစိုးရကို ထိန်းချုပ်ထားတယ်။ အစိုးရအနေနဲ့
မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ပြည်သူ့ရဲ့အကျိုးအတွက်ဘယ်လောက်လုပ်နိုင်သလဲဆိုတာပေါ်လာလိမ့်မယ်။ နည်းနည်းလေးပဲလုပ်နိုင်တယ်ဆိုရင်တော့
နောင်ရွေးကောက်ပွဲမှာ ဒီအစိုးရနဲ့ပတ်သက် တဲ့အဖွဲ့အစည်းတွေကို
မဲထပ်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲလို မဲထပ်ပေးမယ်ဆိုရင်လည်း
ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ ရောက်ပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံဟာ
ချမ်းသာပါလျက်နဲ့ သဘာဝသယံဇာတပစ္စည်းကျိန်စာသင့်နေတ ယ် ပြောရမှာပဲ။ ဘာလို့ကျိန်စာသင့်နေလဲလို့ပြောရ လဲဆိုတော့
ပညာရှင်တွေက သုံးသပ်တယ်။ ကိုယ်မရှာဘဲရတဲ့ဝင်ငွေကို အားကိုးတဲ့အစိုးရဟာ
ပြည်သူတွေကို ဂရုမစိုက်ဘူးတဲ့။ အခုစင်္ကာပူနိုင်ငံဟာ
ကျွန်းနိုင်ငံသေးသေးလေးပဲ။ ဘာသယံဇာတပစ္စည်းမှလည်းမရှိဘူး။ ကံကောင်းတာက
စင်္ကာပူမှာ ပထမဦးဆုံး တက်လာတဲ့ခေါင်းဆောင်တွေဟာ ပညာရှိတွေဖြစ်တယ်။
ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ရှိတဲ့ပြည်သူက သယံဇာတပဲဆိုတာ သူတို့သိတယ်။
ဒီတော့ ပြည်သူတွေကို အလေးထားရမယ်။ ပြည်သူတွေရဲ့အရည်အချင်းတွေ
တက်လာအောင်လုပ်ရမယ်။ ပြည်သူတွေကိုအားကိုးမှ သူတို့နိုင်ငံတိုးတက်လာမယ်ဆိုတာ
နိုင်ငံခေါင်းဆောင်တွေက သဘောပေါက်တယ်။ ဒီဟာကိုအလေးထားပြီး လုပ်သွားတာ။
ပြည်သူတွေရဲ့စွမ်းအား၊ ပြည်သူတွေရဲ့အင်အားကို အခြေခံပြီးလုပ်သွားတဲ့အတွက်
တိုးတက်သွားတာဖြစ်ပါတယ်။ သယံဇာတကြွယ်ဝတဲ့ ကျွန်မတို့နိုင်ငံမှာတော့
ပြည်သူတွေကို အားကိုးဖို့မလိုဘူးလေ။ သဘာဝဓာတ်ငွေ့ကို အားကိုးနေတာကိုး။
ဒီတော့ပြည်သူတွေက တန်ဖိုးကျသွားတာပေါ့။ သဘာဝဓာတ်ငွေ့တို့ဘာတို့ဆိုတာ
တစ်ချိန်ချိန်မှာကုန်သွားမှာပါ။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
Eleven
ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်
Reviewed by သစ်ထူးလွင်
on
16:12
Rating: 5
6 comments:
အရမ်းကိုနက်ရှိုင်းတဲ့စကားတွေပဲ။
ပြည်ဆီပြည်နှစ်တွေစားပြီး အဆီအစ်နေတဲ့ အခွက်ကြီးနဲ့ အသက်မပါတဲ့လေသံထွက်ပြီးမိုက်ကရိုဖုန်း နောက်မှာ စာရွက်ကြီးဖတ်နေတဲ့ မြင်ကွင်းနဲ့တော့...(အင်း)နှိုင်းစရာ စကားလုံးမရှိအောင် အကွာကြီးကွာပါ့ဗျား..။
ကောင်းလိုက်တဲ့ စကားလေးတွေ တန်ဖိုးထားရမည်စကားတွေ ဘဲ
There so beautiful speak Ah May Suu.Very very great speak for ever.
ကောင်းလိုက်တဲ့စကားတွေ အဆီအနှစ်နဲ့ အမှန်တရားတွေချည်းပဲ ။. ချီးဘရိန်း အာဏာရှင်တွေနဲ့ကွာပါ့။. ချီးဘရိန်းတွေကတော့ လူထုကိုနှိပ်စက် အနှိင်ကျင့် လှညိ့ကွက်မျိုးစုံနဲ့
အမှန်တကယ် တော့ ပြည်သူ လည်း မချမ်းသာဘူး တိုင်းပြည်လည်း မချမ်းသာပါဘူး ၊ နေပြည်တော်နဲ့ နေပြည်တော်အဖွဲ့သားတွေဘဲ ချမ်းသာတာပါ
Post a Comment