သနပ္ပင်မြို့ ဒေသခံအချို့ ၏ မဲပေးလိုသူ

ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ် မဲဆန္ဒနယ်တွင် မဲပေးမည့် လူဦးရေစုစုပေါင်း ကိုးသောင်းကျော်ရှိပြီး အဆိုပါ ဒေသခံများမှ အချို့ကဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျော့ကျရေးလုပ်ငန်းများအား ဆောင်ရွက်ပေးမည့် သူကို မျှော်လင့်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ အဆိုပါဒေသတွင် လယ်သမားနှင့် လက်လုပ်လက်စားလူတန်းစားများ အများဆုံးနေထိုင်ကြသည်ပြီး သနပ္ပင်မြို့ခံတောင်သူများအနေဖြင့် ဒေသတွင်း ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်ငန်းများအား လက်တွေ့ကောင်အထည်ဖော်ဆောင်ပေးနိုင်မည့် နိုင်ငံရေးပါတီက ကိုယ်စားလှယ်များ အား မျှော်လင့်စောင့်စားလျက်ရှိကြောင်း ဒေသခံတောင်သူလယ်သမား ဦးအောင်ညွှန့်က ပြောသည်။ ` `ကျွန်တော်တို့ကတော့ လယ်သမားကိစ္စတွေနဲ့ ဒေသခံတွေရဲ့ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကနေ တိုးတက်လာအောင် လုပ်ပေးမဲ့ သူမျိုးကို လိုချင်တယ်၊ အဲဒီလို သေချာအောင် လုပ်ပေးမယ်ဆိုရင်တော့ ဘယ်ပါတီမဆို မဲထည့်ပါမယ်`ဟု အဆိုပါ ဦးအောင်ညွှန့်က ပြောသည်။ ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ် မဲဆန္ဒနယ်တွင် မဲပေးမည့် လူဦးရေစုစုပေါင်း ကိုးသောင်းကျော်ရှိပြီး မဲရုံစုစုပေါင်း (၈၉) ရုံရှိမည်ဖြစ်သည်။ သနပ္ပင်မြို့နယ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးမြင့်ဦ၊ပြည်ထောင့်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ဒေါက်တာစိန်ထူးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးသန်းလှိုင်တို့က လစ်လပ် ပြည်သူ့လွှတ်တော်တစ်နေရာစာအတွက်ကြားဖြတ်ရွှေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရွှေးချယ်ခံကြမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက လယ်သမားများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ကျ ရေးလုပ်ငန်းများ နှင့်လက်လုပ်လက်စားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် စေရေးကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သနပ္ပင်မြှိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦးဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးသန်းလှိုင်က ပြောသည်။ “ကျတော်တို့ အနေနဲ့ တကယ်သာလုပ်ပေးမယ်ဆိုရင်တော့ ၀မ်းသာရမှာပေါ့ ဒါပေမယ့် အရင်အတိုင်းဆိုရင်တော့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး တကယ်ပဲလယ်သမားတွေအတွက် လုပ်ပေးမယ် ဆိုရင်တော့ ကျေးဇူးအများကြီးတင်မှာပါ”ဟု ဒေသခံ လယ်သမားတစ်ဦးတဦးက ပြောသည်။ သနပ္ပင်မြှို့နယ်အတွက်မဲစာရင်းများအားမတ်လ(၂၄)ရက်နေ့မှသာအတည်ပြုထုတ်ပြန်နိုင်မည်ဖြစ်သေား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ "မဲစာရင်းအရေအတွက်ကိုတော့ အတိအကျမထုတ်ပြန်ရသေးပါဘူး၊ ၂၄ ရက်နေကျမှ အတိအကျသိရှိရနိုင်မှာပါ '' သနပ္ပင်မြှို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးက ကိုအောင်နိုင်မိုးကပြောသည်။
 ဥာဏ်ဥာဏ်(မြစ်မခ-ပဲခူးတိုင်း)
သနပ္ပင်မြို့ ဒေသခံအချို့ ၏ မဲပေးလိုသူ သနပ္ပင်မြို့ ဒေသခံအချို့ ၏ မဲပေးလိုသူ Reviewed by သစ်ထူးလွင် on 15:59 Rating: 5

2 comments:

Toe Gyi said...

ကျနော် သနပ္ပင်သားစစ်စစ် တစ်ယောက်ပါ ကျနော်တို့ မြို့သား တွေဟာ အရိုးခံတွေများပါတယ်။ ဘယ်ခေတ်အခါ ကမှ ဘယ်လူကြီးမှ စိတ်ဝင်စားခြင်းမခံခဲ့ရ ပါဘူး။ ကို့မြို့ ကိုယ် ဂုဏ်တင် ပြောရ ရင် အလောင်အစား ပေါပါတယ် မြို့နယ်ပိုင် ကျေရွာများက ကျယ်ဝန်ပါတယ်။ မြို့ပေါ် (၆) ရပ်ကွက် ပြောပသလောက်မကျယ်ပါဘူး ။ လက်လုပ်လက်စား၊ လယ်သမားများပါတယ်။ ရိုးသားကြပါတယ်၊ မဟုတ်ရင်မခံတတ် ပါဘူး၊ ကျနော် မှတ်မိသလောက်တော့ မြို့ကိုရောက်တဲ့ မ၀တ ဥက္ကဌ၊ ရဲမြို့နယ်မှူး၊ များဟာ၊ ဖဲဝိုင်းမဖမ်းနဲ့၊ 1/2 /3 မဖမ်းနဲ့ အနည်း ဆုံးတော့ ကားဝယ်နိုင်အောင် ပံ့ပိုးကြပါတယ်။ ဖမ်းလို့ကတော့ ဘယ်အချိန် အိပ်ယာလိပ်သွား မှန်တောင် မသိလိုက်ရပါဘူး။

Toe Gyi said...

အမေစု ရောက်မှ စာကြည့်တိုက်ဖွင့်၊ စာပေဟာ လူ့ဘ၀တိုးတက် ဘို့အတွက် အလင်းရောင်ဆိုတာ အမေစုက မီးမောင်းထိုးပြ ခဲ့တာပါ။ လာသမျှ လူကြီးများကတော့ ရသမျှ ဝါးပြီး ထသွား တာများပါတယ်။

Powered by Blogger.