သီလရှင်တပါး သံဃနာယကဥက္ကဌဘုန်းကြီးကျောင်းတွင် တန်ခိုးဖြင့် ဆေးကုသခြင်းကို ကြံ့ခိုင်ရေးပါတီဝင်များပါဝင်

ဧရာဝတီတိုင်း ပုသိမ်မြို့ ၊  နိဂြောဓာလမ်း၊သံဃနာယက ဥက္ကဌကြီးရဲ့  ညောင်ပင်သာကျောင်းတိုက်မှာ
(8.3.2012) မှ (11.3.2012) နေ့ထိ
ပြုလုပ်တဲ့ (သာသနာတော်စည်ပင်ထွန်းကားပြန့်ပွားရေးရည်ရွယ်တဲ့) မယ်သီလရှင်ဆရာလေးဆိုသူရဲ့ ဆေးကုသပွဲကို တိုင်းဒေသကြီးဝန်ကြီးတွေတက်ရောက် ဆေးကုသ ခံယူခဲ့ပါတယ်။

 ထိုပွဲမှာ ကုသိုလ်ယူဆောင်ရွက်ပေးကြတာက ကြံ့ဖွံ့ပါတီဝင်တွေပါ.. သူတို့က "ရေမန်း"
 ရောင်းပေးတယ်၊ စာရွက်ကလေးတွေဝေပေးတယ်.. စာရွက်ဆိုတာကလည်း လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မှာအရွေးခံမယ့် ကြံ့ဖွံ့က ပုဂ္ဂိုလ်ရဲ့မဲဆွယ်ကြောင်း 
စာရွက်တွေ... ဒါတွေထားပါတော့...
ကျွန်တော်သိချင်တာက ဆရာလေးရဲ့ရေမန်း စွမ်း/မစွမ်းမဟုတ်ပါဘူး...
- ရွေးကောက်ပွဲမှာ ဘာသာ/သာသနာ ခုတုံးလုပ်လို့ရတယ်လား? ...
- တိုင်းအဆင့်သံဃာ့ အကြီးအကဲက ဗုဒ္ဓမြတ်စွာတားမြစ်တဲ့ သာသနာဝန်းကျင်ကပုဂ္ဂိုလ်တွေ ဆေးမကုသရဆိုတာကိုဆန့်ကျင်ပြီး  ဗုဒ္ဓမြတ်စွာဟောတဲ့တရားတွေကို ပြန်ဟောတဲ့ ဓမ္မကထိက ဆရာတော်တွေကိုကျတော့
တရားဓမ္မဟောပြောခွင့် ပိတ်တာ  ဖြစ်သင့်သလား?...(မဟန ၄၇ပါးက မမြင်တာလား/မသိ
ချင်ယောင်ဆောင်သလား မသိ)
- ၂၂၇ သွယ်သောသိက္ခာပုဒ်တွေနဲ့ပြည့်စုံပါတယ်ဆိုတဲ့ ဆရာတော်တွေက သီလရှင်ရဲ့ အတို့(သူကကုရင်တို့ပြီးကုတယ်ပြောတယ်)
ခံလိုက်ပြီး အားကိုးတကြီးဖြစ်နေသင့်သလား?...(ဒါဆို ကျွန်တော်တို့ သီလရှင်သရဏံ
ဂစ္ဆ္တာမိလို့ထည့်မဆိုရတော့မယ်ထင်ရဲ... တကယ်သိက္ခာရှိသော သီလရှင်ဆရာကြီး။ 
ဆရာလေးများကို မဆိုလိုပါ)
-လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကတည်းက ဗုဒ္ဓမြတ်စွာက ဟောခဲ့တယ် နာမကျန်းရင်
 ဗောဇ္ဇင်သုတ် ရွတ်ပြီးခန္ဓာကို ရှု/မြင်အောင်ကြည့်ပါ ဆိုတာက မလေးစားတော့တာလား၊ ၀ဋ်ရှိရင်ခံရမယ်ဆိုတာကို နားမလည်တာလား၊ မမြဲသောအနတ္တ၀ါဒကို လစ်လျှူရှုတာလား .... ? ကျွန်တော်မတွေးတတ်တော့ပါ...
ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ ငယ်ငယ်ကတည်းကသာမာန်
ဘာသာရေးအသိပဲရှိပါတယ်... နောက်ပိုင်းမှ ဗုဒ္ဓဘာသာအကြောင်း အခြေခံကစဟောပြောညွှန်ပြတဲ့ဆရာတော်တွေကြောင့် နည်းနည်းပဲသိလာရပါတယ်...
 ဒါပေမယ့် ကျွန်တော် အခု ရေမန်းကိစ္စကို သိပ်မကြိုက်ပါဘူး... ဆရာလေးက သူဘာသာ လာရောက်ကုသတယ်ဆိုရင် ဘာမှမပြောချင်ပါဘူး... အခုက တိုင်းအဆင့်ဆရာတော်က ပင့်လို့လာရတာတွေ/ ပါတီနိုင်ငံရေးရောထွေးလာတာတွေ ...စသည်ဖြင့်ပေါ့...
ကျွန်တော်ဖတ်ဘူးတယ် အိန္ဒိယမှာ သာသနာကွယ်ခြင်းအစက ပျောက်စေကိုယ်တော်တွေ များလာလို့ သာသနာအတုအယောင်တွေ များလာလို့ ဖြစ်တယ်ဆိုတာ... ဒီအတိုင်းဆို မြန်မာပြည်သာသနာအတွက်(ကြီးကြီးကျယ်ကျယ်ပြောရရင် )ရင်လေးမိပါတယ်
အဲ့ဒါနဲ့ပဲ ပုသိမ်က တရားဟောဓမ္မကထိက ဆရာတော်တစ်ပါးဆီကို ဆက်သွယ်..ရင်ဖွင့်တဲ့အခါမှာ ဆရာတော်ကပြောပါတယ် "'ဒကာတို့ ဒီလိုစိတ်ရှိတာ ၀မ်းသာပါတယ်တဲ့၊ သစ်ပင်မှန်တိုင်းရေလောင်းတာ ကောင်းရဲ့လား စဉ်းစားကြည့်ပေါ့" တဲ့... ဒီလိုပါပဲ...ပုသိမ်က ကျောင်းထိုင် ဆရာတော်တွေခမျာ.. ဥက္ကဌကြီးကလုပ်တာမို့ပြောမရ...ဗုဒ္ဓဘာသာဝင်အစစ် ပြည်သူတွေခမျာ အစိုးရကခွင့်ပြုတာမို့ ပြောမရဖြစ်နေပါတယ်... ကြားထဲက ရေသန့်ဘူးကတော့ရောင်းကောင်းလိုက်တာမှ..လွန်ပါလေရော
ဟုတ်ကဲ့ပါ...
-မနက်တိုင်း မြန်မာ့အသံကလွှင့်တဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ရေမန်းထက် တန်ခိုးကြီးတဲ့ ရေမန်း ကျွန်တော်တို့ ပုသိမ်မှာ တစ်ဘူးကို ၅၀၀ ကျပ်နဲ့ ၀ယ်နိုင်ပါတယ်....
-ကြားကတော့ ကြံ့ဖွံ့ပ်ါတီက အမြတ်ယူသွားတာပေါ့....
သာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်နေတယ်ဆိုတာ တကယ်လား... မဟန (၄၇) ပါးသောဆရာတော်များကိုမေးပါရစေ...
ကြားဖြတ်ရွေးကောက်ပွဲမှ တရားမျှတစွာ မဲဆွယ်ကြရဲ့လား ရွေးကောက်ပွဲကော်မရှင်ကိုမေးပါရစေ....
 နောင်မျိုးဆက်တွေ နိုင်ငံရေးနှလုံးသွင်း... ဘာသာရေးနှလုံးသွင်းမှန်ကြစေဖို့...

(10.3.2012) နေ့မှာ  ထိုသီလရှင်ဆိုသူမှာ  နောက်ဆုံးနေ့ကုသပြီး  ဧရာဝတီတိုင်းဒေသကြီးသံဃာ့နာယက ဥက္ကဌဆရာတော်နှင့်  ရေသန့်ဘူးအမြတ်ခွဲရာမှ စကားများရာ  ည (၁၀း၀၀) နာရီခန့်တွင်  သူတော်ကောင်းဆရာလေးဆိုသူ  စိတ်ဆိုးပြီး  ကျောင်းမှ ပြန်သွားကြောင်း  ကြားသိရပါသည်။



ပုသိမ်မြို့ သံဃနာယကဥက္ကဌကျောင်းမှာ သီလရှင်တစ်ပါး တန်းခိုးနှင့်ဆေးကုသနေပုံ
ပုသိမ်မြို့ ခံတဦးရေးသားပေးပို့ လာတာပါ။
Myanmar News Now

သီလရှင်တပါး သံဃနာယကဥက္ကဌဘုန်းကြီးကျောင်းတွင် တန်ခိုးဖြင့် ဆေးကုသခြင်းကို ကြံ့ခိုင်ရေးပါတီဝင်များပါဝင် သီလရှင်တပါး သံဃနာယကဥက္ကဌဘုန်းကြီးကျောင်းတွင် တန်ခိုးဖြင့် ဆေးကုသခြင်းကို ကြံ့ခိုင်ရေးပါတီဝင်များပါဝင် Reviewed by သစ်ထူးလွင် on 16:05 Rating: 5

56 comments:

Unknown said...

အော်.....ဒုက္ခကြီးလှပါလားကွယ်.......ဆေးရုံတွေတောင်ပိတ်ရတော့ မယ်ထင်ပါရဲ့....
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

zay said...

ဖြစ်ကြပြန်ပြိံ......

123456 said...

ဘာသာအတွက် ၊ နိုင်ငံအတွက် ဒီလိုဆောင်းပါးတွေသတင်းတွေ ကိုဓါတ်ပုံနှင့်တကွ ဖေါ်ပြပေးတာ ကိုကြိုဆိုပါတယ်။

su said...

ရဟန်းတော်တွေမှာ အာဇီဝပါရိသုဒ္ဓိသီလ ဆိုတာ ရှိပါတယ်။ ဗေဒင်ဟောခြင်း၊ ယတြာပေးခြင်း၊ ဆေးကုခြင်း စတဲ့ (ကုလဒူသက အနေသန နည်း) မလျော်ကန်တဲ့နည်းနဲ့ ပစ္စည်းလေးပါးကို မရှာကောင်းပါဘူး။ ခက်နေတာက အဲလိုဘုန်းကြီးတွေဟာ သာသနာတော်ရဲ့ တာဝန်ရှိအဖွဲ့အစည်းတွေမှာ ထိပ်ဆုံးက နေရာယူနေကြတာပါပဲ။ သာသနာတော်ရဲ့အခြေအနေ အဲလောက်ဆို သဘောပေါက်ကြပါတော့။

Myanmar said...

ကြံ့ဖွတ်တွေေ၇ာဂါတက်နေပီ။ ။

ချစ်ဖူး said...

အရောင်လေးတွေ လှတယ်နော်

Unknown said...

ဒါဆိုရင်တော့ တို့ဗုဒ္ဒဘာသာဝင်တွေ ကြည်ညိုကိုးကွယ်စရာတစ်ပါတိုးသွားပြီပေါ့နော်.....အနန္တော အနန္တခြောက်ပါး ဒါမှမဟုတ်ရင် သံဃာကိုဖြုတ်ပြီးတော့ သီလရှင်ကိုပဲ အစားထိုးပြီး ကိုးကွယ်ရတော့မှာပေါ့ ဟုတ်ဘူးလား....တို့ကိုးကွယ်နေတဲ့ သံဃာတော်အကြီးအကဲတွေတောင်မှ သီလရှင်ကို ယုံကြည်ကိုးကွယ်နေတယ်ဆိုရင်တော့ တို့ဘာသာဝင်တွေ ယုံကြည် ကိုးကွယ်နေကြတာ မှန်ကန်ရဲ့လားဆိုတာ ပြန်လည်ပြီးတော့ စဉ်းစားသင့်နေကြပြီနော်......။ တို့ကိုးကွယ်နေကြတဲ့ ရဟန်းသံဃာတော်ကြီးတွေတောင် သူတို့ထက် သစ္စာ သီလ သမာဓိ နဲ့ ပြည့်စုံလို့ ဘုန်းတန်ခိုးကြီးနေတဲ့ ဆရာလေးကို အသိအမှတ်ပြုပြီးတော့ ကိုးကွယ်နေကြပြီလေ.......၊၊

naywinaung said...

ကိုသစ်ထူးလွင် တင်ထားတဲ့ အချိန်ကလွဲနေပြီခင်ဗျ

(8.4.2012) မှ (11.4.2012)

မိုးယံ said...

အော်...ငါတို့ ပုသိမ်က ဘုန်းကြီးတွေက လယ်တီတို့ မြောင်းမြတို့ စာသင်တိုက်ကြီးတွေမှာ...အပင်ပန်းအဆင်းရဲခံပြီး စာသင်ကြ စာတက် စာအံကြနဲ့..ဟောလိုက်တဲ့ တရားတွေလဲ သောက်သောက်လဲ...နာမည်ကျော် ဓမ္မကတိက တွေလည်းလာပြီးဟောပါရဲ့...မိုးကုတ်ဓမ္မာရုံဆိုတာကြီးလည်း...ရွှေမုဌော ဘုရားခြေရင်းတွင်ရှိပါလျှက်...သာသနာ့ဗိမ္မာန်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း အိုးးးးးးပြောရင်မကုန်နိုင် ဒါတောင် ပုသိမ်သူ ပုသိမ်သားတွေ ဓမ္မနဲ့ဝေးချက်...လက်လန်တယ်ကွယ်..။

ဂွကြီး said...

လာပြန်ပြီရှုတ်ရှက်ခက်နေတာဘဲ :(

saw 00 said...

ကြံ့ ဖွတ်တွေ တော့ ရူး ကုန်ပြီ ထင်တယ် ၊ အကြံ ကုန်လို့ အောက်လမ်း နည်းတွေပါ သုံး နေကြပြီ ၊ ဂယောင် ဂတန်း တွေ နဲ့ စိတ်ထင်ရာတွေ လျှောက်လုပ်နေကြတာ၊ အရှက်အကြောက် တွေ လဲ မရှိကြတော့ပါလား

Moe Moe said...

" ဧရာဝတီတိုင်း ပုသိမ်မြို့ ၊ နိဂြောဓာလမ်း၊သံဃနာယက ဥက္ကဌကြီးရဲ့  ညောင်ပင်သာကျောင်းတိုက်မှာ
(8.4.2012) မှ (11.4.2012) နေ့ထိ ပြုလုပ်တဲ့ (သာသနာတော်စည်ပင်ထွန်းကားပြန့်ပွားရေးရည်ရွယ်တဲ့) မယ်သီလရှင်ဆရာလေးဆိုသူရဲ့ ဆေးကုသပွဲကို တိုင်းဒေသကြီးဝန်ကြီးတွေတက်ရောက် ဆေးကုသ ခံယူခဲ့ပါတယ်။" Date ကမှားနေတယ်လေ.. လေးလ ပိုင်းကမရောက်သေးဘူ..
သေသေချာချာလည်းလုပ်ပါအုံး...

iban said...

တိုင်းဒေသကြီးအဆင့် သံဃာမဟာနာယကဥက္ကဌက.. ၀ိနည်းသာသနာစည်းကမ်းနဲ့ လုံးဝ(လုံးဝ)..လုံးဝ.. မညီညွတ်တဲ့ ဒီလို ကိစ္စတွေကို မကန့်ကွက်တဲ့အပြင် သူကိုယ်တိုင်က တက်ကြွစွာ ပါဝင်နေတာကတော့ တကယ်ကို အံ့သြမိတယ်ဗျာ။(ဓာတ်ပုံထဲက ကားရှေ့မှန်မှာ တိုင်းဥက္ကဌလို့ ပါတယ်)။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့(မဟန)က.. ထေရ၀ါဒ တရားအစစ်အမှန်တွေဟောပြီး၊ ပရဟိတတွေကို အားတက်သရော လုပ်ကြတဲ့ ဓမ္မကထိကတွေကိုတော့ အမှားသေးသေးတွေ့ရင် ပုံကြီးချဲ့အရေးယူ၊ တရားဟောခွင့်ပိတ်ပင်တာတွေလုပ်ပြီး ဒါမျိုးတွေကိုတော့ နိုင်ငံတလံတလျား တရားဝင်ပုံစံ ခွင့်ပြုနေတာဟာ အင်မတန် အရုပ်ဆိုးလွန်းပါတယ်။ ဒါဟာတကယ့် အဓမ္မ၀ါဒ၊ ဓမ္မံအန္တရာယ်စစ်စစ်ပါ။ ဒါဟာ သာသနာကွယ်ကြောင်း အစစ်အမှန်ပါ။ ဘုန်းဘုန်းတို့ အသိဆုံးပါ။ သာသနာကွယ်မဲ့ လုပ်ရပ်ကိုတောင် ခွဲခြားမသိ.. စောင့်စည်းနိုင်ခြင်းမရှိတဲ့ ဘုန်းကြီးကို တိုင်းဒေသကြီးအဆင့် သံဃမဟာနာယကဥက္ကဌ ခန့်ထားတာဟာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီလို အဓမ္မ၀ါဒီ ဘုန်းကြီးတွေကု သာသနာမှာ အကြီးအကဲနေရာပေးထားခြင်းဟာ သာသနာဆုပ်ယုတ်ပျက်စီးမယ့် လက္ခဏာအစစ်ပါ။
ဒီလိုပြောရတာလည်း အင်မတန် အကုသိုလ်များပါတယ်။ မဟနရဲ့ နေရာတော်တော်များများမှာ အဓမ္မ၀ါဒီဘုန်းကြီးတွေ နေရာရ ပါဝင်နေပေမယ့် သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ တကယ့်မဟာထေရ်ဆရာတော် ဘုရားကြီးတွေလည်း ပါ.. ပါတယ်။ ဒါကြောင့် အားလုံးသိမ်းကြုံးပြီး မကောင်းဘူးလို့ လုံးဝမဆိုလိုပါဘူး။ ဒါပေမယ့် ဒီလိုအဖွဲ့အစည်းဆိုတာ သာသနာကို တကယ် စောင့်လျှောက်မယ့် ဖြူစင်သန့်ရှင်းပြီး ၀ိနည်းကို အသက်သမျှ လေးစားလိုက်နာတဲ့ ဆရာတော်တွေနဲ့သာ ဖွဲ့စည်းထားတာပဲ ဖြစ်သင့်ပါတယ်။ ဒီလိုအတိုင်းသာ ဆက်သွားနေရင် နောက်မျိုးဆက်တစ်ဆက် နှစ်၂၀လောက်အတွင်း သာသနာအမှန်တကယ် ကွယ်ပျောက်နိုင်ပါတယ်။ အခုလက်ရှိ အစ္စလာမ်ဘာသာ ရာနှုန်းပြည်လောက် ကြီးစိုးတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် စတဲ့နိုင်ငံတွေဟာ တစ်ချိန်က ဗုဒ္စဘာသာတွေရာနှုန်းပြည့် ကြီးစိုးခဲ့တဲ့ ဒေသတွေပါ။ ဒီလိုမျိုး ဓာတ်၊ ဆေး၊ လာဘ်လာဘ၊ ဘိုးတော်၊ နတ်၊ တန်ခိုး၊ ဗေဒင်စတဲ့ အဓမ္မဘုန်းကြီးတွေနဲ့.. အလားတူဖြစ်စဉ်မျိုးတွေကြောင့် အဲဒီဒေသတွေမှာ သာသနာ အပြီးတိုင်ကွယ်ပျောက်ခဲ့ရတာပါ။ ဒါတွေဟာ ထင်ရှားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေပါ။ ဒီနေ့အခါမှာ.. မြန်မာနိုင်ငံလည်း ဒါမျိုးမဖြစ်ဘူးလို့ ပြောလို့မရနိုင်တော့ပါဘူး။ အရေးပါအရာရောက်တဲ့ နေရာတွေမှာရှိတဲ့ သံဃာ့မဟာနာယက ဘုန်းကြီးတွေရဲ့ နှလုံးသားမှာတောင် စစ်မှန်တဲ့သာသနာ မကိန်းအောင်းတော့ဘူးဆိုရင် သူတို့ကို ကိုးကွယ်ဆည်းကပ်ကြသူတွေကို ဘယ်လိုလုပ် စစ်မှန်တဲ့ သာသနာကို မျိုးစေ့ချမလဲ..။ အခုလည်း သူတို့ရဲ့ လာဘ်လာဘ ပေါများမှုကို အားကျပြီး လမ်းမှားလိုက်မယ့် သံဃာပျိုတွေဘယ်နှစ်ပါး ဖြစ်နေပြီလည်းမသိနိုင်ပါ။ ဒါဟာ အပြုအမူအားဖြင့် လမ်းမှားရောက်အောင် တွန်းပို့လုပ်ကိုင်ခြင်းပါပဲ။ သာသနာကို ဖျက်စီးခြင်းပါပဲ။
နောက်တစ်ခုက ဘုန်းကြီးတွေ သူတို့ရဲ့ရင်ထဲက ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ပြသတာ နိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ အခု ဘုန်းကြီးကမှ နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် စွက်ဖက်ပါဝင် လုပ်ကိုင်နေတာပါ။ နှစ်ပေါင်း ၂၆၀၀ တိုင် မပြောင်းမပြင်ပဲ တည်တံ့ခဲ့တဲ့.. အလွန်တရာ ပြီးပြည့်စုံတဲ့ မြတ်ဘုရားရဲ့ ၀ိနည်းဥဒေတွေကို ကျော်လွန်ပြီး အစိုးရအဖွဲ့ရဲ့ အလိုကို လိုက်ပြီး လမ်းညွှန်သလို လိုက်နာဆောင်ရွက်ကြတဲ့ ဒီလိုမျိုး သံဃာ့နာယက ဘုန်းကြီးတွေကသာ နိုင်ငံရေးလုပ်နေတြာ ဖစ်တယ်ဆိုတာ ရှင်းလင်းစွာ ခွဲခြားသိမြင်စေချင်ပါတယ်။ မြတ်ဘုရားဥပဒေတော်ကြီးရဲ့ အထက်မှာ ဘယ်လူမျိုးရဲ့ ဥပဒေမှ မတည်ရှိကောင်းပါဘူး။ တည်ရှိခဲ့ရင် ၀ိနည်းသာသနာ ကွယ်ပျောက်ခြင်းပါပဲ။

ဘုန်းဘုန်းတို့ဘုရား..
တပည့်တော်.. သာသနာအရေးအတွက် တကယ့်အရေးကြီးလွန်းတဲ့ ကိစ္စမို့ တင်ပြရခြင်းဖြစ်ပါတယ်ဘုရား။ သူတော်ကောင်း ဘုန်းဘုန်းတို့ကို ပြစ်မှားမိတာများ.. မတင့်သင့်တာများ ပါနေရင် တပည့်တော်ကို ခွင့်လွှတ်ပါရန်.. ခြေတော်ဦးခိုက် ရိုကျိုးတောင်းပန်.. လျှောက်ထားအပ်ပါတယ်ဘုရား..

thethnin said...

သာသနာဖျက် တွေ မဖြစ်ကြပါနဲ့တော့

သစ္စာ said...

စစ်အုပ်စုအကြိုတ်ပေါ့ ဒီလိုတန်ခိုးနဲ့သာဆေးကုလို့ရမယ်ဆိုရင်
ကျမ္မာရေးအတွက် နိုင်ငံတော်ဘက်ဂျက် တိုးချပေးစရာမလိုတော့ဘူးဆိုပြီးပေါ့......
သြော် အဲဒါ မြန်မာ ကွ....။

မြတ်နိုး said...

သာသနာဘယ်အချိန်မှာကွယ်ပါသလဲ?
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမတော်မူခဲ့သော တရားဒေသနာတော်တို့ကို လိုက်နာကျင့်သုံးမည့်သူ မရှိလျှင် သာသနာ အပြီးတိုင်ကွယ်ပါမည်။ ဒါကြောင့် အားလုံးပဲ စစ်မှန်တဲ့ သာသနာတော် ရှိခိုက်မှာ မဂ်ဖိုလ်ဆိုက်အောင် ဝိပဿနာဘာဝနာကိုသာ မမေ့မလျော့ မပေါ့မဆ ကြိုးစားအားထုတ် ကြပါတော့ လို့နှိုးဆော်လိုက်ရပါတယ်။
ဥုံဖွဆရာများ....ကိုဝေဝေးကရှောင်နိုင်ကြပါစေ။

မြတ်နိုး said...

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကတည်းက ဗုဒ္ဓမြတ်စွာက ဟောခဲ့တယ် နာမကျန်းရင်
ဗောဇ္ဇင်သုတ် ရွတ်ပြီးခန္ဓာကို ရှု/မြင်အောင်ကြည့်ပါ ဆိုတာက မလေးစားတော့တာလား၊ ၀ဋ်ရှိရင်ခံရမယ်ဆိုတာကို နားမလည်တာလား၊ မမြဲသောအနတ္တ၀ါဒကို လစ်လျှူရှုတာလား .... ? ကျွန်တော်မတွေးတတ်တော့ပါ...

မြတ်နိုး said...

ရေးမန်းကိစ္စကို လုံးဝဆန့်ကျင်ပါတယ်။
ဥုံဖွဆရာများအားလုံး လိမ်စားချင်ရင်လိမ်စားကြပါ။
သာသနာတော်ကိုတော့ခုတုံးမလုပ်ပါနဲ့။
ဒယ်အိုးနော်..ဒယ်အိုး(သိပ်ကြောက်စရာကောင်းတယ်)

မြတ်နိုး said...

ကံ ကံ၏အကျိုးဖြစ်တဲ့
ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမည်။
မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမည်။
ဆိုတာကို အကြွင်းမယ့်ယုံကြည်ရင် ရေမန်းမလိုပါဘူးဗျာ။
ဥစ္စာပစ္စည်းပေါများချင်ရင် ဒါနများများလုပ်ပါ။
အသက်ရှည်အနာမဲ့ကြောင်းကတော့ သီလလုံအောင်ထိန်းပါ။
သံသရာကလွတ်ဖို့တော့ ဝိပဿနာ ဘာဝနာကို မမေ့မလျော့ မပေါ့ဆသော သတိတရားဖြင့် ကြိုးစားအားထုတ်ပါ။
ဘာဥုံဖွမှမပါဘူးဟေ့။

မြတ်နိုး said...

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘာရေမန်းမှမတိုက်ဖူးဘူးနော်။
ဒင်းက ဘုရားထက်စွမ်းနေလို့လား။
ဒီလိုအမုန်းခံပြီးပြောနေတာဟာ သတ္တဝါအများ လမ်းမှားမရောက်စေချင်တဲ့ စေတာနာပါ။
ဗုဒ္ဓမြတ်စွာသာသာနာ ရောင်ြါနေထက် လင်းစေသော်ဝ်။
ဗုဒ္ဓမြတ်စွာသာသာနာ ရောင်ြါနေထက် လင်းစေသော်ဝ်။
ဗုဒ္ဓမြတ်စွာသာသာနာ ရောင်ြါနေထက် လင်းစေသော်ဝ်။

innthar said...

စိတ်ပျက်စရာဘဲ။

Anonymous said...

No NO NOOOOOOOOOOOOxxxxxxxxxxxxxxxx

kaung.san3333 said...

ခေါင်း မရှိတဲ့သူတွေ ဓါတ်ပုံထဲမှာတော်တော် များတယ်
အော် လူတွေ လူတွေ လူတွေ။

kaung.san3333 said...

အော်လူတွေ အော်လူတွေ

မောင်သစ္စာ said...

ဆရာလေးရဲ့ ရေမန်းကိစ္စမှာ တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော်က ၀င်ပါနေတာတို့ ကြံ့ဖွံ့တွေက ပါတီအတွက် ၀င်လုံးနေကြတာတို့ကို လုံးဝ သဘောမတူပါ။
ဆရာလေးရဲ့ ရေမန်းနဲ့ ပတ်သက်လို့ ဝေဖန်နေကြသူတွေကိုတော့ နည်းနည်းလောက် ပြောချင်ပါတယ်။
ဒီလိုကိစ္စမျိုးကို ဝေဖန်တဲ့နေရာမှာ ဆရာလေးရဲ့ ရေမန်းကြောင့် ရောဂါဝေဒနာသည်တွေ ရောဂါဝေဒနာပျောက်ကင်းမှု ရှိ/မရှိ လူနာတွေနဲ့ တွေ့ဆုံမေးမြန်းပြီးမှ ဝေဖန်ကြရင် ကောင်းမွန်တဲ့ ဝေဖန်ချက် ဖြစ်ပါလိမ့်မယ်။
ကျနော် ဆရာလေး ရေမန်းနဲ့ ကုသနေတာကို ရိုက်ထားတဲ့ ဗွီဒီယိုခွေ သုံးခွေလောက် ကြည့်ရဖူးတယ်။ မွေးရာပါ စကားမပြောနိုင်တဲ့ ကလေးတွေ စကားပြန်ပြောလာနိုင်တယ်-လို့လဲ သိရဖူးတယ်။ ဟုတ်/မဟုတ်တော့ ယနေ့အထိ မဆုံးဖြတ်နိုင်သေးပါ။ လူနာတွေ အများကြီး ၀ိုင်းအုံနေကြတာက ဒီတစ်နေရာတည်းမဟုတ်၊ တခြားနေရာတွေမှာလဲ ဒီလိုပဲ ဆိုတော့ စဉ်းစားစရာနဲ့ ဆက်လက်လေ့လာစရာတွေတော့ လိုမယ်ထင်တယ်။
လောကမှာ ကျနော်တို့ မျက်စိနဲ့ မမြင်နိုင်သေးတဲ့ အကြောင်းတရားတွေ များစွာရှိနေသေးတယ်-ဆိုတာကိုတော့ သတိပြုထားသင့်ပါတယ်။ အချို့သော ရောဂါဝေဒနာတွေကို ရွှေရင်ကျော် စတဲ့ ဂိုဏ်းဆရာတွေ ကုသပေးလိုက်လို့ ပျောက်ကင်းသွားကြတာမျိုးတွေကိုလဲ ကျနော်တို့ မျက်စိရှေ့မှာ မြင်တွေ့ခဲ့ရဖူးပါတယ်။
ကျနော်အနေနဲ့ ရတနာသုံးပါးကလွဲလို့ အဲဒါတွေကို ကိုးကွယ်ဆည်းကပ်တာမျိုးတွေ မလုပ်ပါ။ သို့သော် မစော်ကား မပြစ်မှားပါ။ ကိုယ်တိုင်လေ့လာပြီးမှ လိမ်ညာနေတာလား အမှန်အကန်လား-ဆိုတာ ဆုံးဖြတ်နိုင်မှာဖြစ်လို့ ကိုယ်တိုင်ကလဲ လေ့လာဖို့ရန် စိတ်အားထက်သန်မှု မရှိသေးတဲ့အတွက် စော်ကားရာရောက်မယ့် စကားမျိုး မပြောဖြစ်အောင်တော့ နှုတ်ကို စောင့်စည်းပါတယ်။
ဝေဖန်သူတွေအနေနဲ့ ဘဘဦးသုခရေးသွားတဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ထဲက “စိတ်” ဆိုတဲ့ ၀တ္ထုတိုကလေးကိုလဲ ဖတ်ကြည့်ကြစေချင်ပါတယ်။

taneo said...

what is all that ....?
it's all suck.........

villager said...

How to say, real buddhist monks are never do like this. The Sayadaw is not suitable chief of Sanga committee. How to reform it? Take care!

ဖိုးတောက် said...

တကယ်စွမ်းရင် HIV နဲ့ ကင်ဆာရောဂါတွေလည်း ပျောက်ရမှာပေါ့...
ကိုသစ်ထူးရေ.. ထေရ၀ါဒစစ်စစ် ဘုန်းတော်ကြီးတွေ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ သတင်းရရင်လည်း တင်ပေးဦးနော်...

nyotoo said...

တွေးစရာတွေးတောအများကြီးပါ တချိုရောဂါတွေ ပျောက်အောင်ကုနိုင်မလားတော့ မသိပါဘူး၊ ဖြစ်သင့်တာက လူထွက်ပြီးဆေးကုသင့်တာပါ။

brave heart said...

ဆေးကုချင်ရင် သီလရှင်မဝတ်နဲ့ ဘုန်းကြီးမဝတ်နဲ့...သာသနာကို ခုတုံးမလုပ်ပါနဲ့...သာသနာညိုးနွမ်းသွားပါလိမ့်မယ်....စိတ်ပျက်စရာပဲ...

မြတ်နိုး said...

မောင်သစ္စာရေ
လောကမှာ ကံ ကံ၏အကျိုးပါပဲကွယ်။
သီလရှင်မမ ကုတဲ့ချိန်နဲ့ လူနာရဲ့ ဝဋ်ကြွေး ကုန်ချိန် တိုက်ဆိုင်တာလဲ ဖြစ်နိုင်သလို စကားမပြောတတ်ချင်ယောင်ဆောင်ထားတဲ့ သူတို့လူလဲ ဖြစ်နိုင်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရေးမန်းတိုက်ပြီး ဆေးမကုခဲ့သလို ဝေဒနာဖြစ်ရင် ဗောဇ`ဇင်ဂသုတ်တော်ရွတ်ပြီး ဝေဒနာကို မပြတ်ရှုဖို့သာညွှန်ါကြားထားပါတယ်။
ဟချလောင်း နဲ့ ဥုံဖွတွေကို လိုက်နေသမျှတော့ မဂ်ဖိုလ် နဲ့ဝေးနေမှာပါ။
လောကကြီးမှာ ထူးတယ်ဆိုတာ မရှိပါဘူးဗျာ။
ကံ ကံ၏အကျိုး ပါပဲ။
ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်။
မကောင်းတာလုပ်ရင်မကောင်းကျိုးပေးတယ်။
လောကကြီးမှာအောကာင်းအကျိုးလွတ်တယ်ဆိုတာဘယ်မှာမှမရှိပါဘူး။
သတ္တဝါအများ "ဥုံဖွ..ဟချလောင်းတွေရဲ့ လက်မှအမြန်လွတ်ကြပါစေ"။

မြတ်နိုး said...

ရေးမန်းကိစ္စကို လုံးဝဆန့်ကျင်ပါတယ်။
ဥုံဖွဆရာများအားလုံး လိမ်စားချင်ရင်လိမ်စားကြပါ။
သာသနာတော်ကိုတော့ခုတုံးမလုပ်ပါနဲ့။
ဒယ်အိုးနော်..ဒယ်အိုး(သိပ်ကြောက်စရာကောင်းတယ်)

မြတ်နိုး said...

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘာရေမန်းမှမတိုက်ဖူးဘူးနော်။
ဒင်းက ဘုရားထက်စွမ်းနေလို့လား။
ဒီလိုအမုန်းခံပြီးပြောနေတာဟာ သတ္တဝါအများ လမ်းမှားမရောက်စေချင်တဲ့ စေတာနာပါ။
ဗုဒ္ဓမြတ်စွာသာသာနာ ရောင်ဝါနေထက် လင်းစေသော်ဝ်။
ဗုဒ္ဓမြတ်စွာသာသာနာ ရောင်ဝါနေထက် လင်းစေသော်ဝ်။
ဗုဒ္ဓမြတ်စွာသာသာနာ ရောင်ဝါနေထက် လင်းစေသော်ဝ်။

မြတ်နိုး said...

ကံ ကံ၏အကျိုးဖြစ်တဲ့
ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမည်။
မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမည်။
ဆိုတာကို အကြွင်းမယ့်ယုံကြည်ရင် ရေမန်းမလိုပါဘူးဗျာ။
ဥစ္စာပစ္စည်းပေါများချင်ရင် ဒါနများများလုပ်ပါ။
အသက်ရှည်အနာမဲ့ကြောင်းကတော့ သီလလုံအောင်ထိန်းပါ။
သံသရာကလွတ်ဖို့တော့ ဝိပဿနာ ဘာဝနာကို မမေ့မလျော့ မပေါ့ဆသော သတိတရားဖြင့် ကြိုးစားအားထုတ်ပါ။
ဘာဥုံဖွမှမပါဘူးဟေ့။

Gunner Star said...

တော်တော် မိုက်ရိုင်းပါသည်၊ ထို ကဲ့သို့ post ကို တင်သောသူနှင့် ပြစ်တင် ဝေဖန်ကြသူများ၊ သင့်တို့ ဘာသာ ပြန်စီစစ် သင့်ပါသည်၊ လူမှ ဟုတ်ပလေစွ၊ သင်တို့ တစုံတရာ ဖြစ်ပွားချိန်တွင် သိလာမည် ဟု ကျွန်ုပ် ယူဆလေသည်၊ သတ္တ၀ါတွေ များ တော်တော် ခက်ပါသည်၊

kizuna77 said...

လူတွေ လူတွေ ယုံပါလို့ ပြောစရာမလို ပဲ၊ လက်နှစ်ချောင်းထောင်ပြတာနဲ့  တန်းယုန်တော့တာပဲ။
မိမိကိုယ်က သမာဓိ မမြဲမြံသရွှေ့  ပြောတိုင်း တန်းယုံ နေကြအုန်းမှာပဲ။

vimpire said...

ငါတို့မြတ်စွာဘုရား သနားပါတယ်... ဒီသီလရှင်နဲ့တွေ့မသွားလိုက်ရဘူး....
တွေ့လိုက်ရင် ပရိနိဗ္ဗာန် စံချင်မှစံရမှာ....

ဒါနဲ့ စကားမစပ် ၄၇ ပါး ဆရာတော်ကြီးများ.... ငြိမ်ချက်သားကောင်းနေပါလား....

NayLinhtet said...

ဒါဆို ဒီဆရာလေး ကနေမကောင်းမဖြစ်တော့ဘူး ပေါ...မနာ တော့ ဘူးပေါ့..ထူးဆန်းပါပေ့...ဟတ်ဟတ်... ရေမန်းသောက်. အပေါ့များများသွားတာပေါ့... ရေသန့်ဘူးများများရောင်းကောင်းတာပေါ့..
(တို့ ဗုဒ္ဓက တော့ ကိုယ်ခန္ဓာ မကျန်းမာရင် ရေမန်းသောက်လို့ မှာခဲ့ပါဘူး)

zero said...

Vimpire or vampire
ဝိနည်းနဲ့မညီတဲ့ သံဃာတော်တွေကို ဝေဖန်နိုင်ပါတယ်။ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ မြတ်စွာဘုရားကိုဟာသလိုလို ဘာလိုလိုမလုပ်ပါနဲ့လားဗျာ။

thu said...

၄၇ ပါးဆရာတော်ကြီးတွေ လည်းသွားကုနေမှာပေါ့.ခိခိ

iban said...

မောင်သစ္စာရေ...
အခုကိစ္စက ရောဂါပျောက်တာတွေ၊ မပျောက်တာတွေကို ပြောနေတာမဟုတ်ပါဘူး.. ၀ိနည်းစည်းကမ်းနဲ့ မညီညွတ်တဲ့ကိစ္စကို ထောက်ပြနေကြတာပါ။ ခင်ဗျားပြောတဲ့ ရွှေရင်ကျော်၊ ဘာဂိုဏ်း..ညာဂိုဏ်းဆိုတာတွေဟာ သူတို့ဘာသာ သီးခြားလုပ်တဲ့ကိစ္စတွေပါ။ သာသနာရေးနဲ့ မရောရပါဘူး၊ မြတ်စွာဘုရားက သံဃာတော်တွေကို မိမိမှာရှိတဲ့ လောကီတန်ခိုးတွေကိုတောင် ထုတ်ဖော်ပြသခွင့်မပေးခဲ့ပါဘူး၊ ဆေး၊ ဗေဒင်၊ ဘိုးတော်.. စတာတွေကို သံဃာတော်တွေ လုံးဝမလုပ်ရဘူးလို့ ၀ိနည်းမှာ အသေအချာပြဌာန်းထားတာ။ ဘယ်အချိန်မှာ၊ ဘာကြောင့်ပြဌာန်းရတယ်..ဆိုတာ ရှင်းပြနေရာမဟုတ်လို့မရှင်းတော့ဘူး။ အဓိက ကတော့ သာသနာအရှည်တည်တံ့ဖို့နဲ့.. မကွယ်ပျောက်ဖို့ပဲ..။
အခုဟာက တကယ်ပျောက်တာတွေ၊ မပျောက်တာတွေကို ဘာဆိုဘာမှ အပြောလိုဘူး။ တကယ်ပျောက်အောင် ကုသနိုင်တယ်ဆိုရင်လည်း သာသနာရေးကို ခုတုံးမလုပ်ဖို့.. တိုင်းအဆင့်မဟနဥက္ကဌ ကိုယ်တိုင်က ၀ိနည်းလေးစားလိုက်နာမှု မရှိပဲ တက်ကြွစွာ ပါဝင်နေမှုတွေကို ပြောနေကြတာပါ။
ခင်ဗျားအနေနဲ့ ကွန်မန့်တွေရဲ့ ဆိုလိုချက်ကို အသေအချာ နားလည်ဟန်မရှိဘူးလို့မြင်တယ်။ သာသနာကွယ်တယ်ဆိုတာကို ပုံပြင်တစ်ပုဒ်လို့ ထင်နေတယ်။ ၀ိနည်းစည်းကမ်းဆိုတာကို သာသနာရေးဦးစီးက ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေလို့ ထင်နေတယ်။ ခပ်ရှင်းရှင်းပြောရရင် ခင်ဗျား သာသနာရေးနဲ့ ပတ်သက်ပြီး ခင်ဗျားရင်ဘတ်ထဲမှာ ဘာမှမရှိဘူးဆိုတာ အသေအချာ ပြောနိုင်တယ်။ ဒါလည်း ကောင်းပါတယ်။ ရှင်းတာပေါ့။

အေးမြသီတာ said...

ပြောမယ်ဆိုလည်းပြောစရာကဖြစ်နေတော့တာကိုး..
ဖွားသီလ အတို့ကောင်းလို့ ၄၇ ငြိမ်နေတာဖြစ်မှာပေါ့..
သံဃအရေးဦးစားပေးပြီး အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး
မိမိသံဃာကောင်းတွေကိုစောင့်ရှောက်ရမှာ ဥသျှောင်
တွေရဲ့တာဝန်ပိုင်းပါ၊ ခုတော့တိုင်းနာယက ဆရာတော်
ကြီးကိုယ်တိုင်ပါနေတယ်ဆိုတော့ ပြောကြရေးကြတာ
ဒကာတွေရဲ့အလွန်မဟုတ်တော့ပါဘူး..၊ဘာသာ။သာသနာကို
ဦးစွာဖျက်မှာ ဘုရားသားတွေလို့ ဖတ်မိခဲ့ဖူးပါတယ်..၊
တိုင်း သံဃနာယက ၀ိနည်းစရ ရုံးတွေမှာလည်း ၀ိနည်းစရ
အဓိကရုဏ်းတွေဖြေရှင်း ပေးနေတဲ့ ဆရာတော်သမားတော်တွေ
ကလည်း အောက်ရှေ့ဘတ်စာရေး ရဟန်းကအစ အမှုသည်တွေအပေါ်
အနိမ့်ဆုံး လက်တော့ကွန်ပြူတာလေးလောက် လာဒ်ထိုးမှ
အမှုတွဲတင်ပေးတာတို့ ဘာတို့ဆိုတာကြားနေရတာမသင့်လျှော်ပါဘူး..၊
အထက်ဝိနည်းစရ ဆုံးဖြတ်ပေးမဲ့ ၀ိနည်းဓိုရ်ဆရာတော်တွေဆို ဘယ်လောက် လာဒ်လာဘ ထိုးပြီးကန်တော့ရမလည်းဆိုတာမတွေးဝံ့ပါ..။
လူလိုပြောရရင်တရားရုံး က အောက်ခြေကအစလာဒ်ထိုးရတာ
ရှေ့နေ တရားသူကြီးအဆုံး ဆိုသလို လာဒ်များရာ ဘက်လိုက်ပြီး
အနိုင်ပေးနေကြတာ ရဟန်းတော်တွေမှဟုတ်ပါရဲ့လားလို့တောင်
အတွေးဝင်မိပါတယ်..၊ဒါကြောင့်လည်းငါ့သာသနာ၊ငါ့သားရဟန်းတွေပဲဖျက်မှာလို့ မြတ်ဘုရားကဟောခဲ့လေသလား...၊ ရဟန်းတော်တွေ
နိုင်ငံရေးထဲမှာ ခြုံထားတဲ့သင်္ကန်းကြီးတစ်ကားကားနဲ့ အကြည်ညို
ပျက်အောင်ဝင်မပါသင့်ပါဘူး..ဆေးကုသတဲ့ ပါစိပ်အာပတ်ကို ဒေသနာ
ကြားရင်ကြေနိုင်ပေမဲ့ ..နိုင်ငံရေးပါတီတွေရဲ့အသုံးချခံ ခုတုံးအလုပ်
ခံရတာမျိုး..ပါတီနိုင်ငံရေးတွေမှာ ကိုယ်တိုင်ဝင်ပါနေကြတာမျိုးတွေကတော့
သာသနာဘာသာမှာ ပြင်မရနိုင်တဲ့ ဒေသနာကြားလို့မကြေနိုင်တဲ့ အပြစ်
တွေပါပဲ ၊ ကိုယ့်ဘာသာ ကိုယ့်သာသနာဝန်ကိုတမ်းဆောင်နေကြတဲ့ သာသနာ ထိန်းရဟန်းတော်တွေကို အားပါးတရကြည်ညိုချင်ပါတယ်..
ဒါကြောင့် နိုင်ငံရေးပါတီတွေနဲ့လွတ်လွတ်ကင်းကင်းသန့်သန့်ရှင်း သီတင်းသုံတော်မူကြဖို့ တိုက်တွန်းလျှောက်ထားချင်ပါတယ် အရှင်သူမြတ်တို့ဘုရား..။

minlatt said...

I like your post "iban" that is truth.

တာပေတူး said...

Gunner Star said...

တော်တော်မိုက်ရိုင်းပါသည် ဆိုတာ ဘယ်အချက်ကိုကြည့်ပြီးပြောတာပါလဲ..
ဗုဒ္ဓဘာသာသာသနာကို ဗုဒ္ဓဘာသာဝင်တွေမှမစောင့်ရှောက်ရင် ဘယ်သူလာပြီး စောင့်ရှောက်မှာလဲ... သာသနာမကွယ်ပြောက်သွားဖို့အရေးက ဗုဒ္ဓဘာသာဝင်တိုင်းရဲ့တာဝန်ပဲလေ.. ကိုယ်တတ်နိုင်တဲ့ဘက်က ကာကွယ်ရမှာပဲ.. ဒီလို post တင်မှဒီလိုသိခွင့်ရကြမှာ ဒါမှကာကွယ်လို့ရမှာလေ.. ဒါကြီးကိုအမှန်လို့ထင်နေကြတဲ့လူတွေကိုလမ်းမှားရောက်ကုန်မှာစိုးလို့ ဂရုဏာနဲ့ ပြောနေကြတာ.. စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ့လူတွေနဲ့ သာသနာကိုခုတုန်းလုပ်တဲ့လူတွေနဲ့ တို့ဗုဒ္ဓသာသနာအတွက် တော်တော်ရင်လေးစရာပဲ...

marga said...

အော်တို့လူမျိုးတွေလဲ အလိမ်ပေါင်းစုံကိုခံနေရတာပဲ လူတွေကလဲ အုံဖွ ဆိုတာကို အရမ်းကြီးယုံနေကြတာပါပဲ မဟန-၄၇ ပါးက တရားဟောဆရာတော်တွေကျ ပိတ်တယ် ခုလို လူတွေဆီကနေ လိမ်လည်ပြီးငွေယူတာကျတော့ အရေးမယူတော့ဘူးလား ဘာလို့လဲ အာဏာရ ပါတီပါနေလို့လား မဟန-၄၇ ပါး ထဲက ထုတ်ခံရမှာဆိုးနေလို့လား အမှန်တရားဘက်ကရပ်တည်ပေးကြပါလား ဆရာတော်ကြိးများခင်ဗျား။ရဟန်းတော်တွေမှာ အာသဝေါတွေကုန်နေသလောက်ရှိနေကြပြီလို့ လူတွေကယုံကြည် ကိုးကွယ်ကြတာပါ။တကယ်တော့ မဟန-၄၇ ပါးဆရာတော်တွေဟာ နေရာကို မတ်ပြီး အစိုးရ လုပ်တာတွေ လိုက်လုပ်နေသလိုပါပဲ။အော်တိုင်း ဥက္ကဋ္ဌ ဆရာတော်ကလုပ်နေမှတော့ ကျန်တဲ့ ကျောင်းထိုင်ဆရာတော်တွေလဲ စိတ်မကောင်းစွားပဲကြည့်နေရမှာပေါ့။သွားပြောရင် ကျောင်းတိုက်က နှင်နေဦးမယ်လေ။သာသနာတော် သန့်ရှင်းပါစေဗျာ

မောင်သစ္စာ said...

iban ဆိုသူရေ-
ကျွန်တော်ပြောတဲ့အထဲမှာ “တိုင်းသံဃနာယကဥက္ကဋ္ဌ ၀င်ပါနေတာ၊ ကြံ့ဖွံ့ ၀င်ရှုပ်နေတာကို သဘောမတူဘူး၊ ဆရာလေးရေမန်းကိစ္စကတော့ ရောဂါတကယ်ပျောက်/မပျောက်ဆက်လေ့လာဖို့ လိုတယ်၊ ဒါမျိုးကို အဆိုးမြင်သဘောနဲ့ လွန်လွန်ကျွံကျွံ မဝေဖန်သင့်ဘူး” ဆိုတာလောက်ပဲ ပြောတာ။
ဝေဖန်သူတွေအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု တစ်ခုမှ မလုပ်ခဲ့ဘူး။
ခင်ဗျားကတော့ ကျွန်တော်အပေါ်မှာ တိုက်ရိုက်ဝေဖန်တဲ့အပြင်၊ ခင်ဗျားပြောတဲ့-“ခင်ဗျားအနေနဲ့ ကွန်မန့်တွေရဲ့ ဆိုလိုချက်ကို အသေအချာ နားလည်ဟန်မရှိဘူးလို့မြင်တယ်။ သာသနာကွယ်တယ်ဆိုတာကို ပုံပြင်တစ်ပုဒ်လို့ ထင်နေတယ်။ ၀ိနည်းစည်းကမ်းဆိုတာကို သာသနာရေးဦးစီးက ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေလို့ ထင်နေတယ်။ ခပ်ရှင်းရှင်းပြောရရင် ခင်ဗျား သာသနာရေးနဲ့ ပတ်သက်ပြီး ခင်ဗျားရင်ဘတ်ထဲမှာ ဘာမှမရှိဘူးဆိုတာ အသေအချာ ပြောနိုင်တယ်။”
ဆိုတဲ့ စကားကတော့ ဝေဖန်မှုဘောင်ကို ကျော်ပြီး ပုဂ္ဂိုလ်ရေးကိုပါ တိုက်ခိုက်ရာရောက်မနေဘူးလား။
ဒါဟာ ဘောလုံးစကားနဲ့ပြောရင် ဘောလုံးကို မကန်ဘဲ လူကို လိုက်ကန်ရာရောက်တဲ့အတွက် ဒီလိုလူမျိုးဟာ လူ့စည်းဝိုင်းထဲက အမြန်ဆုံး ဆွဲထုတ်ရမယ့် လူမျိုး ဖြစ်တယ်-လို့ ပြောရင် မလွန်ဘူး ထင်ပါတယ်နော်။
ကိုမြတ်နိုးရေ-
မြတ်စွာဘုရားက ရောဂါဝေဒနာဖြစ်တဲ့အခါမျိုးမှာ- ဗောဇ္ဈင်တရားကို ပွားများဖို့ တစ်ခုတည်းကိုသာ ဟောခဲ့တာ မဟုတ်ပါဘူး။ နမူနာလေးထုတ်ပြမယ်-
“တရံရောအခါ ရဟန်းတစ်ပါးကို မြွေကိုက်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ “ရဟန်းတို့၊ ကျင်ကြီး ကျင်ငယ် ပြာ မြေညက် ဟူသော ဆေးကြီးလေးပါးတို့ကို ပေးစိမ့်သောငှာ ခွင့်ပြု၏” ဟု မိန့်တော်မူ၏။”
“တရံရောအခါ ရဟန်းတစ်ပါးအား အိမ်ရှင်မ ပေးသော ပီယဆေးကြောင့် အနာဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ “ရဟန်းတို့ ထွန်းသွား၌ ကပ်သော မြေကို ဖျော်၍ သောက်စိမ့်သောငှာ ခွင့်ပြု၏” ဟု မိန့်တော်မူ၏။
ဒီလိုအကြောင်းအရာမျိုးတွေ ၀ိနည်း မဟာဝါ ဘေသဇ္ဇက္ခန္ဓက မြန်မာပြန်မှာ အများကြီးပါဗျာ။ ဖတ်ကြည့်ပါ။ ဆဋ္ဌမူ မြန်မာပြန်ဖတ်နိုင်သလို အင်္ဂလိပ်လို ဖတ်မယ်ဆိုရင်လည်း P.T.S က ထုတ်တဲ့ I.B. Horner ရဲ့ အင်္ဂလိပ်ဘာသာပြန်လဲ ရှိပါတယ်။ ပါဠိတတ်မှ မဟုတ်ပါဘူး။ ဖတ်လို့ ရနိုင်ပါတယ်။
ကိုမြတ်နိုး ပြောသလိုသာ ဆို၊ မြတ်စွာဘုရားက မြွေကိုက်ခံရတဲ့ ရဟန်းကို ဗောဇ္ဈင်တရားဘဲ ရှုပွားခိုင်းမှပေါ့။ အခု အဲဒီလို မဟုတ်ပါလား။
ကိုမြတ်နိုးရေ-
မြတ်စွာဘုရားက သတ္တ၀ါတွေရဲ့ အနေအထားကို သိတော်မူတဲ့ ဥာဏ်တော်မြတ်ကြီးနဲ့ သူ့အနာနဲ့ သူ့ဆေး သင့်အောင် ပေးတော်မူခဲ့တာပါ။ လူနာရဲ့ အခြေအနေကို မသိဘဲ ဘာဖြစ်ဖြစ် ဆေးတစ်မျိုးတည်းကိုသာ ပေးနေတဲ့ ဆေးသမားလိုမျိုး မဟုတ်ဘူး ဆိုတာကိုတော့ သတိပြုပါခင်ဗျား။
ပြောလက်စနဲ့ ဆက်ပြောလိုက်ဦးမယ်။ ခုခေတ် သီလရှင် ဆိုတာမျိုးဟာ ဗုဒ္ဓလက်ထက်တော်က ရှိခဲ့ဘူးတာ မဟုတ်တော့ သီလရှင် နဲ့ ပတ်သက်ပြီး သိက္ခာပုဒ်ပညတ်ထားတာတွေလဲ မရှိပါဘူး။ ဒါပေမဲ့ ခုခေတ် သီလရှင်တွေဟာ ရှစ်ပါးသီလကို ခံယူဆောက်တည်ကြပြီး ပရိယတ် ပဋိပတ်ကို ကျင့်သုံးကြပါတယ်။ ဒီလိုမျိုး သီလရှင်အတွက် သတ်သတ်မှတ်မှတ် ပညတ်ထားတဲ့ ၀ိနည်းသိက္ခာပုဒ် မရှိတဲ့ အတွက် သီလရှင် ရေမန်းမန်းနေတာ၊ ဆေးကုနေတာကို ဘယ်ဝိနည်းနဲ့ မညီဘူး-လို့ စွပ်စွဲကြမှာလဲ။

တြိရတနာ said...

အင်းအင်း သင်းတို့တွေမိုးကြိုး ပစ်ခံရမှာမကြောက်ကြဘူးလား။အော်မှာထားရအုံးမယ် မိုးကြိုးပစ်ရင် မိုးကြိုးသွားရဖို့ မြေကြီးဘယ်နေရာမှာ ပူနေလဲ မြေပေါ်သစ်ပင်လေးတွေသေသွားတဲ့နေရာလေး သေချာမှတ်ထားနော်။အဲဒါ ကြံ့ဖွတ်တွေလဲမသိစေနဲ့အုံး လာလုနေရင် ဒုက္ခ။ခုတော့ လေမိုးကြိုးတွေပစ်နေတော့ မိုးကြိုးသွားမရပါဘဲ ကြိုကြားကြိုကြား အဆဲခံနေရတယ်။ဘင်္ဂလားကလဲ ကမ္ဘာ့ခုံရုံးသွား သူလဲ အချိုးကြရသင့်တယ်ဆို နိုင်ငံတော်ရှေ့နေချုပ်ကလဲ ဘင်္ဂလားနဲ့တဝက်လာခွဲအုံးမယ် ရှူးတိတ်တိတ် ။အသာကြည့်ထားလိုက် ဓမ္မစေတီခေါင်းလောင်းလာတူးမဲ့ ကုမ္မဏီနဲ့ ဆက်သွယ်ထားလိုက်မယ် တခါတည်း ပရောဂျက်ဆွဲလာခဲ့ဖို့။သမ္မတကို အိပ်ပိပ်ပေးစာပို့ထားလိုက်အုံး နောက် သစ်ထူးလွင်မှာကွန့်မင့်တွေတက်လာအုံးမယ် ကိုသစ်ကိုလဲမနစ်နာစေရပါဘူး အဲဒါလေးထိန်းထားလိုက်ပါ မှာလိုက်အုံးနော ဘက်စုံ ထောင့်စုံ တွေးထားမှ။အရေးထဲ တစ်ပြားမှ ပေးမစားနဲ့မီဒီယာတွေကို ပလီပလာဆို ဒုက္ခ ၊ ဟုတ်ပ ဆရာတော်ခေါ်ပြီး အခါတော်လည်းယူရမှာနော ၊ ကြာပေါ်တို့ ဇာတ်ငှာဖို့လုပ်ထားဟေ့ အောင်ပွဲတနေ့ စီမံကိန်း အဲဒါမိုးကြိုးသွား တူးဖော်ရေးပေါ့။ ပုံ (ပုသိမ်ရေမန်း)

မြတ်နိုး said...

ကိုသစ္စာရေ.......
ကျွန်တော်ပြောချင်တာကိုသစ္စာပြောတဲ့ထဲက"ဆရာလေးရဲ့ ရေမန်းကြောင့် ရောဂါဝေဒနာသည်တွေ ရောဂါဝေဒနာပျောက်ကင်းမှု ရှိ/မရှိ လူနာတွေနဲ့ တွေ့ဆုံမေးမြန်းပြီးမှ ဝေဖန်ကြရင် ကောင်းမွန်တဲ့ ဝေဖန်ချက် ဖြစ်ပါလိမ့်မယ်။
ကျနော် ဆရာလေး ရေမန်းနဲ့ ကုသနေတာကို ရိုက်ထားတဲ့ ဗွီဒီယိုခွေ သုံးခွေလောက် ကြည့်ရဖူးတယ်။ မွေးရာပါ စကားမပြောနိုင်တဲ့ ကလေးတွေ စကားပြန်ပြောလာနိုင်တယ်-လို့လဲ သိရဖူးတယ်။ "
ဆိုတဲ့အချက်မှာပါ။
ခေတ်ဆေးပညာအရကြည့်ရင်တော့ရေတခွက်ကစကားမပြောနိုင်တဲ့ကလေးကို ပြန်ပြောနိုင်စေတယ်ဆိုတာ သုတေသနသေချာလုပ်ဖို့လိုအပ်သလို
ဘာသာရေးရှုထောင့်ကကြည့်ရင်တော့ သီလရှင်မမ ကုတဲ့ချိန်နဲ့ လူနာရဲ့ ဝဋ်ကြွေး ကုန်ချိန် တိုက်ဆိုင်တာလဲ ဖြစ်နိုင်ပါတယ်။
ဒီဘဝမှာစကားမြေ့ပာနိုင်တဲ့သူ ဆိုတာ ဘဝတခုခုမှာ ပြုခဲ့ဖူးတဲ့ အကုသိုလ်ဝဋ်ကြွေးက ဒီဘဝမှာလာပြီးအကျိုးပေးတာပါ။
သီလရှင်မမ ကုတဲ့ချိန်နဲ့ လူနာရဲ့ ဝဋ်ကြွေး ကုန်ချိန် တိုက်ဆိုင်သွားတာလဲဖြစ်နိုင်ပါတယ်။

မြတ်နိုး said...

ကိုသစ္စာရေ.........
အကိုပြောသလို
“တရံရောအခါ ရဟန်းတစ်ပါးကို မြွေကိုက်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ “ရဟန်းတို့၊ ကျင်ကြီး ကျင်ငယ် ပြာ မြေညက် ဟူသော ဆေးကြီးလေးပါးတို့ကို ပေးစိမ့်သောငှာ ခွင့်ပြု၏” ဟု မိန့်တော်မူ၏။” ဆိုတဲ့တရားထဲမှာက ကျင်ကြီး ကျင်ငယ် ပြာ မြေညက်ဆိုတဲ့ဆေးကြီး၎ပါးမှာ သူတို့ရဲ့ ဓါတ်သဘောတွေပါပါတယ်။
hydrogen 2 လုံးနဲ့ oxygen 1 လုံးပေါင်းထားတဲ့ သီလ၇ှင် ရေမန်းနဲ့တော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတဲ့ ဓါတ်သဘော၎ပါးနဲ့တော့မနှိုင်းသင့်ဘူးထင်တယ်။

မြတ်နိုး said...

နောက်တခုက ဝိနည်းနဲ့မညီဘူးဆိုတာက သီလရှင်မမ ကိုပြောနေကြတာမဟုတ်ဘူးနော်။

kyawswar (ကဝမြေ) said...

သာသနာတော် အတွက် တကယ်ဝမ်းနည်းစရာ မြင်ကွင်းတစ်ခုပါ၊
သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ဘုရားကိုမေးချင်ပါတယ်
ဘယ်လိုအရည်ချင်းမျိုးနဲ့ သံဃာအဖွဲ့စည်းရဲ့ အကြီးမှုးဖြစ်နေရတာလဲ..ဘုရား။

iban said...

ကိုသစ္စာ ကျွန်တော် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သလို ဖြစ်သွားတာ မှန်ပါတယ်။ အဲဒါကို အနူးညွတ်တောင်းပန်ပါတယ်။ ကျွန်တော်မှားသွားတယ်။
ကျွန်တော့်အမှားကို ထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ခင်ဗျားလုပ်ရပ်မှန်ပါတယ်။

အဲဒီစာရေးတုန်းက ခင်ဗျားကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်သလို ဖြစ်နေတဲ့ စာကြောင်းတွေ ဖြုတ်မလို့ပဲ.. ခလုပ်မှားနှိပ်မိလို့ မဖြုတ်လိုက်ရဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ရေးမိတာတွေအတွက် ခင်ဗျားကို တောင်းပန်ပါတယ်။

အခု ၀ိနည်းမညီဆိုတာ သီလရှင်ကို ပြောတာမဟုတ်ပါဘူး။ ဘုန်းကြီးကို ပြောတာပါ။ အဲဒီလို ရောထွေးရှုမြင်တာကို အပြစ်တင်ချင်တာ။

မောင်သစ္စာ said...

ကိုiban နဲ့ ကိုမြတ်နိုးခင်ဗျား-
ပြန်လည်ဆွေးနွေးပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အခု ကျနော် ထပ်ပြီး ဆွေးနွေးချင်တာက- အခုကိစ္စမှာ လိုရင်းပြောရရင် သီလရှင်ဆရာလေးက ရေမန်းနဲ့ ဆေးကုတယ်။ ဒါကို တိုင်းသံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးက ဆေးကုသမှုခံယူတယ်။ ဒီလိုပဲ ထားလိုက်ပါတော့ဗျာ။ ဒီလိုလုပ်ကြတဲ့အတွက် သီလရှင်ဆရာလေးအပေါ် ၀ိနည်းတရားတော်အရ အပြစ်ရှိပါတယ်လို့ စွပ်စွဲဖို့ မဖြစ်နိုင်တာကိုတော့ ခင်ဗျားတို့ရော ကျွန်တော်ရော လက်ခံလို့ ရမယ် ထင်ပါတယ်။
တိုင်းသံဃဥက္ကဋ္ဌကြီးက သီလရှင်ရေမန်းနဲ့ ဆေးကုခံတဲ့ ကိစ္စကိုရော ခင်ဗျားတို့ ဘယ်လိုမြင်လဲ။ ကျနော် ခင်ဗျားတို့ အမြင်လေးကို သိချင်တယ်ဗျာ။ ၀ိနည်းတရားတော်အရ ဘယ်လို အာပတ်မျိုးသင့်တယ်၊ ဘယ်သိက္ခာပုဒ်နဲ့ ငြိစွန်းတယ်-ဆိုတာကို ဖြစ်နိုင်ရင် ၀ိနည်းပါဠိတော် မြန်မာပြန်ကို ကိုးကားပြီး ပြောပြစေချင်ပါတယ်။
ကျနော့်အမြင်ကို ပြောရရင်တော့ ကျွန်တော် ၀ိနည်း မြန်မာပြန်တွေအားလုံးကို ဖတ်ဖူးပါတယ်။ ဖတ်ဖူးတာက အဘ သခင်ထိန်ဝင်း စာအုပ်တစ်အုပ်မှာ ရေးထားတာလေးကို ဖတ်ပြီး သဘောကျလို့ ဖတ်ဖြစ်သွားတာ။ သူရေးတာက ပိဋကတ်သုံးပုံ မြန်မာပြန်တွေကို အရင်ဆုံး ဖတ်ကြည့်ပါတယ်တဲ့။ ဖတ်ကြည့်ပြီး လက်ခံနိုင်တော့မှဘဲ သရဏဂုံကို ခိုင်ခိုင်မာမာဆောက်တည်လိုက်ပါတယ်တဲ့။ စကားလုံးအတိအကျတော့ မဟုတ်ဘူးဗျာ။ အဲဒါလေးကို သဘောကျလို့။ ကဲ အဲဒါထားပါတော့။
ကျွန်တော်ပြောချင်တာက- ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ၀ိနည်းတရားတော်တွေအရ တိုင်းဥက္ကဋ္ဌကြီးမှာ အပြစ်ရှိတယ်-လို့ စွပ်စွဲလို့ မရနိုင်တာပါဘဲ။ ကျွန်တော်ပြောတာ မှားနေရင် ထောက်ပြကြပါ။
တိုင်းသံဃဥက္ကဋ္ဌကြီး ရဲ့ အခု လုပ်ဆောင်ချက်အပေါ် ကျွန်တော် လုံးဝ သဘောမတူဘူး-လို့ ပြောခဲ့တာက ၀ိနည်းကြောင်းအရ အပြစ်ရှိလို့ ပြောတာ မဟုတ်ဘူး။ ဘိုးတော်တွေ ဘွားတော်တွေ ဓာတ်တွေ နတ်တွေအပေါ်မှာဘဲ စွဲစွဲမြဲမြဲ ဖြစ်နေကြတဲ့ တချို့သော ဗုဒ္ဓဘာသာဝင်တွေ နားလည်မှု လွဲသွားနိုင်လို့ သဘောမတူတာသာ ဖြစ်ပါတယ်ဗျာ။ အခုလိုမျိုး သူကိုယ်တိုင်က ဒီလိုကိစ္စမျိုးအပေါ် ဦးစီးဦးဆောင်လုပ်နေတဲ့ အခါကျတော့ ဗုဒ္ဓတရားတော်တွေနဲ့ ပတ်သက်ပြီး အသိအမြင်အားနည်းသေးတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် သူ့ကဏ္ဍနဲ့ သူ ကဏ္ဍခွဲပြီး နားမလည်ဘဲ အစွန်းတစ်ဖက်ရောက်သွားတာမျိုးတွေ ဖြစ်သွားနိုင်တယ် ထင်လို့ လုံးဝသဘောမတူဘူး-လို့ ပြောလိုက်တာပါဗျာ။
ခင်ဗျားတို့ အမြင်လေးတွေလေး ဖတ်ပါရစေဦး။

60P said...

ဟားဟား..ဒီသတင်းကြောင့်ဘာမသိညာမသိပဲဟိုဘုန်းကြီးစော်ကား..ဒီဘုန်းကြီးပြစ်မှားနဲ့သာသနာပိုင်ဆရာတော်တွေလည်းအနေရ..နိုင်ငံရေးလုပ်တဲ့ဆရာတော်တွေကိုတရားဟောဖို့ပိတ်ပင်တယ်ဆိုပီးဆရာတော်ကြီးတွေကိုလည်းစော်ကား..ကွန်းမင့်ရေးတဲ့သူတွေတယ်လည်းတက်နိုင်ကြပါလားနော်..ကောင်းရော..ဟားဟားလူတွေလူတွေဒီထဲမှာကွန်ပြူတာဆိုင်လာလာပြီးချက်တင်လုပ်တဲ့..ဘောဘုံးပွဲလောင်းတဲ့ကိုယ်တော်တွေလည်းပါမယ်ထင်တယ်..ကိုယ်တတ်ကိုယ်သိလုပ်နေကြပါလား...ပုကိုယ်စွဲလည်းပါတာပဲ...အော်ဘာမဆိုင်ညာမဆိုင်လူတွေလူတွေအလိုလိုနေရင်းငရဲရှာနေကြပါလား...

lukaung said...

တန်ခိုးဖန်ဆင်းခြင်းအလုပ်ဆိုတာ ငါဘုရားရှင်ရဲ့သာသနာတော်မှာ သင့်လျော်သောအရာမဟုတ်လို့ မလုပ်ပါလေနဲ့။ တန်ခိုးဖန်ဆင်းခြင်းဆိုတာ ပမာအားဖြင့် မျက်လှည့်နဲ့တူပါတယ်။ ရဟန်းတော်တွေအနေနဲ့ တန်ခိုးဖန် ဆင်းခြင်းကို ဦးစားပေးလုပ်ကိုင်လာခဲ့ရင် ငါဘုရားရှင်ရဲ့သာသနာတော်ဟာ ညိုးနွမ်းပျက်စီးပါလိမ့်မည်။
ငါဘုရားရှင်ရဲ့သာသနာဆိုတာ တရားဓမမကို ကျင့်ကြံခြင်းနဲ့တည်ဆောက် ထားတာပါ။ တန်ခိုးဖန်ဆင်းခြင်းနဲ့ တည်ဆောက်ထားတဲ့ သာသနာတော် မဟုတ်ပါဘူး။ ကြာရင် လူအပေါင်း၊ ဒကာ၊ ဒကာမအပေါင်းရဲ့ အထင်လွဲ အမြင်လွဲမှုတွေ ဖြစ်လာပါလိမ့်မည်။ တရားဓမမ အပေါ်မှာ ယုံကြည်မှု အားနည်းလာလိမ့်မည်။ နောင်သာသနာတော် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် အနတရာယ်အကြီးမားဆုံးဖြစ်တဲ့ တန်ခိုးဖန်ဆင်းခြင်းကို ခွင်မပြုဘူးချစ်သား...လို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက တန်ခိုးအရာမှာ ဧတဒဂ်ရသည့် အရှင်မဟာမောဂဂလာန်ကိုယ်တော်မြတ်ကြီး ကိုဆိုဆုံးမထားတာရှိပါတယ်။ ''ပါရာဇီကဏ်အရှင်အဌကထာ" ဝေရဥစာကဏ္ဍ

မြတ်နိုး said...

ကိုသစ္စာ........
ကျွန်တော့်ရဲ့အမြင်ကတော့ ရိုးရိုးပါပဲ။ ကျွန်တော်ရေးတဲ့ကွန်မန့်တွေမှာ သီလရှင်က တန်းခိုးနဲ့ဆေးကုတယ် ဆိုတဲ့အချက်ကိုသာ သဘောမတွေ့တာပါ။
ဘာလို့လဲဆိုတော့ ဘာသာရေးအသိအားနည်းတဲ့သူတွေမှာ ဒီသီလရှင်ရဲ့ တန်ခိုးဆိုတဲ့အပေါ်မှာ ယုံကြည်မှုလွန်ကဲစွာနစ်မြောပြီး ရတနာမြတ်သုံးပါးကို မေ့လျော့ ပေါ့ဆမိတဲ့အဖြစ်တွေ မဖြစ်စေချင်တဲ့ စေတနာပါအကို။
အဓိကပြောချင်တဲ့အချက်ကတော့ ဘာသာရေးအသိအားနည်းသူတွေမှာ "တန်ဖိုးမဖြတ်နိုင်သောရတနာတော်မြတ်သုံးပါ" ရှိနေပါလျက်
ပစ္စည်းဥစ္စာပေါများကြောင်း ဒါန ရှိနေပါလျက်၊
အသက်ရှည်အနာမဲ့ကြောင်း သီလရှိနေပါလျက်၊
သံသရာမှလွတ်ကြောင်း ဝိပဿနာဘာဝနာ ပွားမှားအားထုတ်နိုင်နေပါလျက်နဲ့ တန်ခိုးရှင်နောက်လိုက်ရင်း တန်ခိုးအောက်မှာ လမ်းဆုံးတဲ့အဖြစ်တွေမဖြစ်စေချင်တဲ့ စေတနာပါအကို။
သာသနာတွင်းကာလမှာက သံသရာလွတ်ကြောင်းကို မမေ့မလျော့ မပေါ့ဆသော သတိနဲ့ ကြိုးစားအားထုတ်နိုင်တဲ့အခွင့်ရေးတွေရှိနေပါလျက် ထူးတာလိုက်ရင်း တန်ခိုးနောက်လိုက်ရင်း လမ်းဆုံးသွားတဲ့အဖြစ်တွေ မဖြစ်စေချင်ပါဘူးအကို။
ဖြစ်နိုင်ရင် လူသားတွေအားလုံး သောတာပန်တည်ပြီး အားလုံးကို ဒယ်အိုးသိမ်းစေချင်တာ ကျွန်တော့်ရဲ့ မှန်ကန်တဲ့စေတနာပါအကို။
ဒါပေမယ့် လောကမှာကံ ကံ၏အကျိုးပါပဲ။
သောတာပန်တည် စေချင်တာကတော့ ကျွန်တော်ရဲ့ စေတနာပါ။
ဒါပေမယ့်လည်း သောတာပန်တည်ဖို့ ဒိဌိနဲ့ ဝီစိကိစ္ဆာ ပြုတ်ဖို့ဆိုတာက ကိုယ်တိုင် ကြိုးစားအားထုတ်ရမှာပါအကို။
ဒီလောက်ဆိုရင် ကျွန်တော်ရဲ့သဘောထားကို အကို သဘောပေါက်လိမ့်မယ် ထင်ပါတယ်။
ဒီလိုစကားတွေပြောတာက ကျွန်တော်ဆရာလုပ်တာမဟုတ်ပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း သံသရာကလွတ်အောင်ရုန်းနေရတဲ့ ဒုက္ခသည်တဦး ဖြစ်နေတော့ ဒုက္ခသည်ချင်း ကိုယ်ချင်းစာတဲ့သဘောပါအကို။ တခြားသဘောတွေ မပါပါဘူး။
ကျေးဇူးတင်ပါတယ်။

Powered by Blogger.