တပ်မတော်၏ အမိန့်အောက်တွင်
ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့်
၁၃၇၃ ခုနှစ်၊ တပေါင်းလဆုတ်
၈ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မတ်လ
( ၁၅ ) ရက် )
မိတ္ထီလာ မြို့နယ်သီးကုန်းကျေးရွာအုပ်စု
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၆/၃)အရှေ့ဘက် ပေ (၁၅၀၀)ကျော်ခန့်အကွာ
ကျောက်ပန်းတောင်း မိတ္ထီလာလမ်း၏ မြောက်ဘက် နေရာတွင် ဖွင့်လှစ်ထားသော ဦးမင်းသူပိုင်ဆိုင်သည့်
ဆုံပွိုင့် ထမင်းဆိုင်အား လမ်းဖွင့်လှစ်ရန် ဟုအကြောင်းပြကာ တပ်မတော် ၉၆၇ GE တပ်မှဗိုလ်မှူး
အောင်နိုင်ဝင်း၏ အမိန့်ဖြင့်လက်အောက်မှ တပ်မတော်သား များက (၂၈.၁၂.၂၀၁၀) ရက်နေ့ည (၁၁)
နာရီ (၁၅) မိနစ်တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။
မီးလောင်နေစဉ် ဘူဒိုဇာ (ဘက်ဖိုး) ကားကြီးဖြင့်
ဖျက်ဆီးခဲ့သည်။ ဆိုင်အတွင်း၌ အလုပ်သမားနှစ်ဦး အိပ်နေသည်ကို သိသိနှင့် တပ်မတော်သားများမှ
မီးရှို့ဖျက်ဆီးခဲ့သည်။
အလုပ်သမားနှစ်ဦးသည် အသက်ဘေးမှ လွတ်မြောက်အောင် ရုန်းကန်ထွက်ပြေးခဲ့ရသည်။
မီးရှို့နေစဉ်တွင် တပ်မတော်သားများနှင့်အတူ မယက-ရရက အဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။
မီးလောင်ဖျက်ဆီးနေမှူ့ မြင်ကွင်းကို တပ်မတော်အရာရှိများနှင့် မယက-ရရက များက ၀မ်းသာရယ်မောစွာ
ကြည့်ရှု့ နေကြသည်။ ဖျက်ဆီးပြီးနောက် ဆိုင်ဖျက်ဆီးခွင့်ကို သိရှိကြောင်း အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခဲ့ပါသည်။
ဗိုလ်မှူးအောင်နိုင်ဝင်း (လမ်းပိုင်းတာဝန်ခံ) ၊ ဒုအရာခံဗိုလ် ဆန်းဝင်း ၊ တပ်ကြပ် စိုးဝင်းဌေး
တို့ကို ဆိုင်ရှင်မှ အသနားခံစာတင်ချိန်တွင် တပ်ကြပ်စိုးဝင်းဌေးအား ဆိုင်ဖျက်ဆီး မီးရှို့သူအားမေးသော်
တပ်ကြပ်စိုးဝင်းဌေးမှ ဗိုလ်မှူးအောင်နိုင်ဝင်း ၏ ကားကိုလက်ညှိုးထိုးပြ ခဲ့ပါသည်။ အသနားခံစာ
ကိုလည်း တပ်ကြပ်စိုးဝင်းဌေးထံသို့ တစ်ဆင့်တင်ခဲ့ရသည်။
သင်္ကြန်ပြီးချိန်တွင် တပ်ကြပ်စိုးဝင်းဌေးမှ
ငါ့ကိုကြောက်ရဲ့လားဟု မေးမြန်းခဲ့ပါသည်။ ဆိုင်ဖျက်ဆီးခံရပြီး နောက်ပိုင်း ဆိုင်တွင်းပစ္စည်းများ
တစ်ခုမှပြန်လည်မရရှိခဲ့ပါ ဆုံးရှုံးပျက်စီးခဲ့ပါသည်။ ၎င်းဆိုင်ကို ဖျက်ဆီးမီးရှို့ခြင်း
မခံရမီ လေးလအကြာမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
ထိုဆိုင်တည်ရှိစဉ်ကာလက တပ်မှလာရောက်သည့်
ပုဂ္ဂိုလ်များကို အခမဲ့ကျွေးမွေးပြုစုခဲ့ရပြီး ဗိုလ်မှူးနိုင်အောင်ဝင်း၏ လက်အောက်တပ်ဖွဲ့ဝင်
(၆၀) မှ (၉၀) ဦးခန့်ကိုလည်း မကြာခဏ ကျွေးမွေးပြုစုခဲ့ရပါသည်။ မီးလောင်တိုက် အသွင်းခံရ
သည့်မြေကို တပ်မတော်သားများမှ ကျွန်းပင်များစိုက်ခဲ့ပျိုးပြီး မြေနေရာကို သိမ်းဆည်းထားခဲ့သည်။
ယခုထိုမြေကွက်မှ
ကျွန်းပင်များရှင်သန်ကြီးထွား မှုကိုမတွေ့ရပေ။၎င်းအဖြစ်အပျက်မှာ မိတ္ထီလာမြို့တွင် သတင်း
ကြီးခဲ့သော်လည်း မီးရှို့ ဖျက်ဆီးသူများကို အရေး ယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင်
ဆုံးရှုံးနစ်နာမှု့ကြေးကိုလည်း ဆိုင်ရှင်များမှ မရရှိခဲ့ပါ။
မှတ်ချက်။ ။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ
အဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးထံမှ ပေးပို့လာသောသတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေဆပ်ကော်မတီ
(၁၅.၃.၂၀၁၂)
ဖျက်ဆီးခြင်းမခံရမီက
တွေ့မြင်ရသော ဆုံပွိုင့် စားသောက်ဆိုင်
|
ဖျက်ဆီးခြင်းခံရပြီးနောက်
ပြာပုံဖြစ်သွားသော ဆုံပွိုင့်
|
ဆိုင်ကိုလာရောက်ဖျက်ဆီးသွားသော
ဘူဒိုဇာ ကားကြီး၏ ချိန်းသွားခြေရာများ
|
ဆိုင်ရှင်မှ
အသနားခံတင်စာမူရင်း
|
ဆုံပွိုင့် စားသောက်ဆိုင်အား မီးရှို့ဖျက်ဆီးခံရမှု
Reviewed by သစ်ထူးလွင်
on
22:34
Rating:
13 comments:
အဲဒီစစ်ခွေးတွေ ဘယ်တော့မှ ပြည်သူ့မေတ္တာကို မရနိုင်တော့ဘူး
ခွေးစိတ်မှ မကုန်နိုင်တော့တာ
ကြားရတာ ကျက်သရေကိုမရှိဘူး
အင်း..နေပြည်တော်လမ်းကိုဖောက်ခဲ့တဲ့ဂျီအီးတပ်ကစစ်ခွေးတွေ..ဘယ် လောက်ချမ်းသာလည်းသိချင်ရင်..အဲဒီလမ်းဖောက်ခဲ့တဲ့ဒေသဆိုင်ရာ.နေ့ စား အလုပ်သမားလေးတွေကိုမေးကြပါ..ပိုက်ဆံကိုပီနံအိတ်နဲ့ .စည်းကမ်းမရှိသုံး ချင်တိုင်းသုံးဖြုံးချင်တိုင်းဖြုံးနဲ့ ..နောက်ဆုံး..အရပ်ဘက်ကိုရာထူးကြီးကြီးနဲ့ ပြောင်းသွားကြပါပြီ..ဒီကွင့်မင့်ကိုမကျေနပ်ရင်..အဲဒီအင်ဂျင်နီယာစစ်ခွေးတွေ ရာထူးနဲ့ တကွပိုင်ဆိုင်မှု့ ကိုပြန်ရှာပြီးကိုသစ်ဆီကိုသတင်းပေးပါ့မယ်.. ၀ဉ်ဆိုတာနောက်ဘ၀ထိမနေပါဘူး...
စစ်ယူနီဖေါင်းဝတ်ထားရင် လုပ်ချင်တာ ဥပဒေမဲ့လုပ်နိုင်တဲ့ လိုင်စင်ရသလိုလား။ အဲဒီလို ငါးခုံးမတွေကြောင့် သမတကြီးချစ်ခဲ့တဲ့ တပ်မတော်ကို အကျည်းတန်၊ရုပ်ဆိုစေတယ်။ အဲဒီစက်ချေးတွေကို ရှာဖွေပြီး လွှင့်ပြစ်ပါ။
အော် ပြည်သူချစ်တဲ့ ပြည်သူ့ တပ်မတော် မဟုတ်တော့ပါလားနော် . . . ဟို အရင်တစ်ချိန်တစ်ခါကပေါ့ တပ်မတော်နေ့ ကို ရောက်တော့မယ်ဆိုရင် မနက် အစောကြီး တော်လှန်ရေးပန်းခြံမှာ အောင်စံပါယ်ပန်းကုံးတွေစွပ်ဖို့ အတွက် စံပယ်ပန်းဖူးတွေ ညထဲက ၀ယ်ပြီး တစ်ညလုံးမအိပ်ပဲ ကိုယ်တိုင်သီကြ အပင်ပန်းခံပြီး သွားခဲ့ကြတဲ့ ပြည်သူတွေ အခုတော့  . . . အခုတော့ ပန်းခွေ စွပ်ဖို့ ပဲ စောင့်ရတော့မလိုပါပဲ . . .ပြည်သူ နဲ့ တပ်မတော်ကို သွေးခွဲ လိုက်တာ ဘယ်သူလဲ . . .
တပ်မတော်၏ကောင်းမြတ်သောအစဉ်အလာ
ကိုထိမ်းသိမ်းနေကြတာပါ။
ဒီလိုအမျိုးယုတ်တွေရှိလို့တပ်မတော်ဆိုရင်အော့နှလုံးနာတာ..
တို့အဖ..တည်ထောင်ခဲ့တဲ့တပ်မတော်မှာ..ဘယ်လိုခွေးတွေပါနေ
ပါလိမ့်..ပညာမဲ့လက်နက်အာဏာနဲ့အနိင်ကျင့်တဲ့ကောင်တွေ..
အရှင်လတ်လတ်မြေမြိုပါစေ...
မင်းမဲ့တိုင်းပြည်လိုပဲ
တပ်မတော်သာအမိ
တပ်မတော်သာအဖဆိုတာဒါလား။
ဗိုလ်ချုပ်တည်ထောင်တဲ့တပ်မတော်ကြီး
အရုပ်ဆိုးအကျည်းတန်နေပါပြီ။
တဗိုလ်ကျတဗိုလ်တက်စနစ်ဆိုးနဲ့အကျင့်ဆိုးတွေ
စစ်..ဆိုတာကိုမကြားချင်တော့ဘူး။
စစ်မြေပြင်ထက်ဆိုးတဲ့
ရက်စက်ယုတ်မာမှုတွေက....အော့...
ကုန်ဆုံးသွားတဲ့အချိန်ကာလ
အမေစုလက်ထဲအာဏာရှိမယ်ဆိုရင်
ငါတို့တွေလူဖြစ်ကျိုးနပ်ပြီ။
ခုတော့ငါတို့လူဖြစ်ရတာအကျိုးမရှိလိုက်တာ..
ငါတို့ပြည်သူတွေစိတ်ဆင်းရဲသလို
နင်တို့စစ်အာဏာရှင်တွေပျော်နိုင်ပါစေ။
နင်တို့ကိုပြည်သူတွေမုန်းတီးတယ်။
နင်တို့ကိုမဲမပေးခဲ့ပါဘူး။
နင်တို့ပြိုင်ပွဲမှာပြိုင်ဘက်မရှိ
ဘယ်လိုကြောင့်နိုင်သလဲ..
အမေစုပါတီမပါလို့
ငါတို့ပြည်သူတွေမဲသွားမထည့်ကြပါ။
ဝန်ထမ်းတွေလည်းသူတို့ဆန္ဒအတိုင်းထည့်ပိုင်ခွင့်
မရကြပါ။ဝန်ထမ်းတိုင်းရဲ့မဲအားလုံးက
ထောက်ခံမဲပဲဖြစ်ရမယ်ဆိုပြီး
အားလုံးကိုယ်စားထောက်ခံမဲရယူခဲ့ကြတယ်။
col.t.dက၀န်ထမ်းတွေကိုလည်း
ထောက်ခံမဲပဲဖြစ်ရမယ်။ကန့်ကွက်ရင်
အလုပ်ကရပ်ဆဲမယ်ဆိုတဲ့အမိန့်တွေနဲ့
အနိုင်ရပါတယ်ဆိုပြီးဟစ်ကြွေးနေကြတာ
နင်တို့ခေတ်ပဲလေနင်တို့သဘောနင်တို့နိုင်ငံပေါ့။
ငါတို့သဘောမပါတဲ့ရွေးကောက်ပွဲကြီးအောင်မြင်
သွားတာငါတို့ကရီနေယုံကလွဲပြီးဘာတက်နိုင်ခဲ့လို့လဲ။
အခုလည်းငါတို့ပြည်သူတွေအသဲကြားကမဲတပြားက
အမေစုတယောက်တည်းပဲ။သူတယောက်က
အားလုံးကိုထိန်းချုပ်နိုင်တယ်။
မျှတတယ်..ဖြူစင်တယ်..ကိုယ်ချင်းစာတရား
လက်ကိုင်ထားတယ်။
နင်တို့ရဲကလုပ်ဆောင်ချက်တွေမှားနေတာကိုလည်း
စေတနာထားပြီးပြုပြင်မွန်းမံပေးနိုင်သူပါ။
ငါတို့ထည့်မှာN.L.Dှဆိုတာလည်း
သိထားကြပါ။
ဒါမှအမေစုရှုံးတယ်ဆိုရင်ရိုးရှင်းမှုမဟုတ်ဘူးဆိုတာ
အားလုံးသဘောပေါက်တယ်။
ငါတို့ပြည်သူတွေရဲ့စိတ်ချမ်းသာမှုကိုမဖျက်စီးကြပါနဲ့လို့
တောင်းပန်ပါတယ
နင်တို့အုပ်စုနဲ့အတူတပ်မတော်ကိုလည်းရွံ့မုန်းနေမိပြီ။
GE ကကောင်တေချမ်းသာလား မချမ်းသာလားဆိုတာ နေပြည်တော်ကနေခိုးပြီး အသက်ကြီးမှ အဆိုတော်လုပ်နေတဲ့ နေရဲမာန်ကြီးကိုဘဲကြည့်လေ....ဘယ်လောက်ဖြုန်းနေလဲဆိုတာကို...
့်တော် တော်လည်းယုတ်မာရက်စက်တဲ့ စစ်ခွေးများပါလား။
နိုင်အောင်ဝင်းဆိုတဲ့ ကောင်က2007တုန်းကအရာခံဗိုလ်ရဲ့ သနားမှုနဲ့ ဂျစ်ကားလေးစီနိုင်တဲ့ ခပ်ပဲ့ ပဲ့ နားမလည်တဲ့ နားထင်သွေးရောက်ကောင်လေ...နောက်ပိုင်းတစ်နှစ်လည်းကြာရော..ဂျစ်ကားလည်းမောင်းတတ်သွားရော...အဲဒီကားပြန်ပေးလိုက်တယ်..800 တန်ကားလေးကောက်ဝယ်လိုက်တယ်..အဲဒါဘယ်ကလဲသိလား..အဲဒီတုန်းက..အစေခံစိုးဝင်းဆိုတဲ့ ကောင်ကဖန်ပေးတာလေ..ဆီတွေဆိုပြောမနေနဲ့ အောတိုက်....စက်ပစ္စည်းဆိုလည်းနားမလည်ပါးမလည်နဲ့ နေရာအနှံ့ သုံးတယ်...ဘယ်မလဲQCဆိုတဲ့ ငနဲ များကလည်း.....တစ်ဆိုဒ်ဝင်ရင်200,000လောက်အနည်းဆုံးရတာဆိုတော့ ...အင်းမြင်ယောင်တာကြည့် တော့ ဗျို့ ..အဲဒီတုန်းကသူ တို့ နဲ့ 2လလောက်နေဖူးတယ်လေ။။ကြောက်လွန်းလို့ ဗျာ..လုပ်ချက်တွေကသိတာလွန်းတယ်....သူတို့ အကြောင်းအကုန်သိတယ်...နားမလည်ပဲဆရာကြီးလုပ်ပြီးဖိဟောက်တယ်......စစ်မိန့် ကွ။ဒါစစ်တပ်ကွဆိုပြီး........တော့ လေ....လုပ်စားသွားတာခုထိစားမကုန်သောက်မကုနပါပဲ........တော်ပြီ..ဒီအကြောင်းတွေပြောနေလည်းပြီးတော့ မှာမဟုတ်ဘူး..KTV ကိုလစာပေးပြီးဝင်တာအဲဒီ967ဂျီအီးပဲရှိတယ်ဗျာ...ထောနေလိုက်တာများ...ရမ်းကန်းလုပ်တဲ့ လမ်းတွေ..တံတားတွေ..ခုသွားကြည့် ..ကျိုးတဲ့ နေရာကကျိုးနေပြီ..လှိုင်းတွန့် တဲ့ လမ်းကတွန့် နေပြီ..မိုးတွင်းမှာလေ..အောင်မလေးကွန်ကရိလောင်းတာတဲ့ သိလား...ဘယ်မှာကွန်ပက်ရှိတော့ မလဲ.အဲဒီမြေကြီးက..ကြူစီဆိုတဲ့ ဆရာကြီးတွေကတော့ ..ရုံးပေါ်မှာအသီးသီးနေရာယူပြီး....အထက်ကပြောတဲ့ ဆုံပွိုင့် က....ဟိုက်ကော်မရှင်တို့ ..ဒန်းဖိုက်တို့ ဆိုတာတွေနဲ့ နှပ်နေတာလေ......ခုတော့ စိုးဝင်းဌေးကော..နိုင်အောင်ဝင်ကောအဲဒီလမ်းကငွေတွေနဲ့ ..ဟိုနေ့ ကအလှူလုပ်တယ်ဆိုလား..ကြားမိသေးတယ်..တော်ပြီဒီကောင်တွေအကြောင်းတွေပြောရတာ...နိုင်ငံအတွက်ရင်နာလွန်းလို့ ..အဲဒီ967လုပ်ရပ်တွေေ၇းရင်တော့ ကုန်နိုင်မှာမဟုတ်တော့ ဘူး..............
တပ်မတော်နဲ့ ပြည်သူကိုသွေးကွဲအောင်ခေါင်းဆောင်မှုတွေပေးခဲ့တဲ့ နေ၀င်း နဲ့ သန်းရွှေ တို့ရဲ့ ယုတ်မာရက်စက်မှုတွေကြောင့် တပ်မတော်သားတွေဟာလဲ အခုလို ပြည်သူလူထုရဲ့အပေါ် ယုတ်မာ ရက်စက်နေရတာကို နှစ်ခြိုက်နေကြတာပေါ့......လက်နက်မဲ့တဲ့ပြည်သူလူထုရဲ့အပေါ်သာ အနိုင်ကျင့်ရက်စက်နိုင်တာပါ တရုတ်နဲ့ ဘဂ်`လားကိုတော့ မော်တောင်မှမကြည့်ရဲပါဘူး ရေပိုင်နက်ပြဿနာကိုပဲကြည့်လေ ဘဂ`်လားရေတပ်လဲလာရော ထွက်ပြေးလိုက်တာ တန်းနေတာပဲ...ဟားဟားဟား .....ရယ်စရာသိပ်ကောင်းတာပဲနော်...ဘာတဲ့ ကိုယ့်မြေ ကိုယ့်ရေကို တစ်လက္မတောင် မကြူးကျော်နဲ့ တုန့်ပြန်မယ်တို့ရဲဘော်တဲ့....ရယ်ရတယ်နော် ......အခုဘဂ်လားကလဲ ရေမိုင် ၂၀၀ လောက်ယူသွားပြီ.....တရုတ်ကလဲ နိုင်ငံတွင်းကိုဝင်ပြီးတော့ ပြည်သူလူထုပိုင်နေထိုင်နေတဲ့ ရွာတွေ လယ်ယာမြေတွေကို အတင်းအဓမ္မရွှေ့ခိုင်းပြီးတော့ နေရာယူပိုင်ဆိုင်နေကြပြိလေ....နိုင်ငံကိုဝင်သိမ်းနေကြပြိလေ...ဘယ်မှာလဲ တစ်လက္မတောင်ကြူးကျော်မခံပဲ တုန့်ပြန်မယ်တို့ရဲဘော် ဆိုတာတွေ ဘယ်ချောင်ကပ်ပြီးတော့ ကြောက်ချေးပန်းနေကြတာလဲ ?......သိပ်သနားစရာကောင်းလိုက်တဲ့ မြန်မာပြည်သူတွေ ဘယ်သူ့ကိုအားကိုးလို့ ကိုးရမှန်းမသိ အုပ်ချုပ်နေတဲ့ တပ်မတော်ကလဲ တရုတ်ရဲ့ သြဇာခံ တရုတ်ရဲ့အမိန့်ကိုပဲ နာခံနေရတော့ ရှေ့ဆက်ပြီး ဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာ စောင့်သာကြည့်ကြပေတော့ ။ ရဲရဲတောက်တပ်မတော်နော် လက်နက်မဲ့တဲ့ပြည်သူတွေကို သတ်ရြဲဖတ်ရဲတဲ့နေရာမှာတော့ ကမ္ဘာမှာပြိုင်ဆံရှားပဲနော်.....တရုတ်နဲ့ ကုလားဆိုရင်တော့ မြင်တာနဲ့တင် တုန့်ပြန်ဖို့ဆိုတာဝေးရော ကြောက်ချေးတွေ သေးတွေပန်းနေကြပြီလေ..အဲဒါ နေ၀င်းတပ်မတော် သန်းရွှေရဲ့ တပ်မတော်ကွ.....။ ။
မှန်နေ၇င်သမတကြီးပေါ်ပေါ်ထင်ထင်အေ၇းယူပေးပါ။ ဘာကြောင်.ပြော ၇သလဲဆိုတော.အာဏာ၇ှင်နိုင်ငံတွေမှာ (ဥပမာ-တရုတ်၊အီ၇န်၊မြောက်ကိုး၇ီးယား) ဘယ်တော.မှ လက်ကိုင်ဒုတ် အဖွဲ.အစည်း (စစ်တပ်၊ ရဲ ၊ စွမ်းအားရှင် စသည်)ကိုအရေးယူတာမရှိ သလောက်ပါ။ လက်ရှိ သမတကြီး ဦးသိန်းစိန် လက်ထက်မှာလည်းဒီလိုဘဲ ဖြစ်နေတာ ဘာကိုပြနေသလဲဆိုတာပြည်သူအားလုံး သိသင်.ပါတယ်။ အနှစ်သာ၇ပါတဲ.ပြောင်းလဲမှုဆီ စတင်မရွေ.သေးပါ ။
Post a Comment