မော်ဒန်ဂျာနယ်အမှု ကျေအေးရန် နှစ်ဖက်သဘောတူ

အပတ်စဉ်ထုတ် မော်ဒန်ဂျာနယ်အား မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာက အသရေ ဖျက်မှုဖြင့် တရားစွဲထားသည့် အမှုကို ကျေအေးရန် နှစ်ဖက်သဘောတူ လိုက်ကြောင်း သတင်းရရှိသည်။
အမှားပြင်ဆင်ချက် ထည့်သွင်းပေးထားသော ယနေ့ထုတ် မော်ဒန်ဂျာနယ်
အထက်မြန်မာပြည် တာဝန်ခံ အယ်ဒီတာ ဦးကျော်ရင်မြင့်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်၊ ဆောက်လုပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးကျော်လင်းတို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် အမှုကျေအေးရန် နှစ်ဖက်သဘောတူညီခဲ့ခြင်း ဖြစ်သည်။
“သူတို့ဖက်ကလည်း မီဒီယာတွေနဲ့ အဆင်ပြေချင်တာဆိုတော့ ကျေအေးတဲ့လမ်းကြောင်းကို ရွေးချယ်ပါတယ်။ ကျနော်တို့ဖက်ကလည်း တိုင်းပြည်ကရှေ့ကို သွားနေချိန်မှာ တဦးနဲ့တဦး သူ့ဖက်ကိုယ့်ဖက် လျှော့ပြီးတော့ ကျေအေးပြီးတော့ သွားကြတာ ကောင်းတယ်လို့ မြင်တဲ့အတွက်ကြောင့် ကျေအေးဖို့ သဘောတူခဲ့ပါတယ်” ဟု ဦးကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။
ယမန်နှစ် နိုဝင်ဘာလ ၄ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြခဲ့သော “လမ်းလွှဲလေးတော့ ကောင်းစေချင်” သတင်းဆောင်းပါးတွင် မြို့နယ်အင်ဂျင်နီယာက တံတားဖြတ်သန်းခ ကောက်ခိုင်းသည်ဟု ယာဉ်မောင်းတဦးကို ကိုးကား၍ သတင်းထောက် မသက်စုအောင်က ထည့်သွင်းရေးသားခဲ့သည်။
ထို့ကြောင့် သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီက မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဝေလျှံနှင့် သတင်းထောက် မသက်စုအောင်တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သပိတ်ကျင်း တရားရုံးက ဆင့်ခေါ်သောကြောင့် အယ်ဒီတာနှင့် သတင်းထောက်တို့ ယခုလ ၆ ရက်နေ့က သပိတ်ကျင်းသို့ ပထမဆုံးသွားရောက်ပြီး အာမခံယူကာ ပြန်လာခဲ့ကြသည်။
အမှုကျေအေးရန် ညှိုနှိုင်းပြီးနောက် နေပြည်တော်ရှိ ဆောက်လုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်လင်းက မော်ဒန်ဂျာနယ်ကို တရားစွဲဆိုထားသူ အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီအား အမှုပိတ်သိမ်းပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
မော်ဒန်ကလည်း တရားစွဲခံရသည်အထိ ဖြစ်စေခဲ့သော ယင်းသတင်းဆောင်းပါးနှင့် ပတ်သက်၍ ယနေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် ၃၀၂၊ စာမျက်နှာ ၂ တွင် အမှားပြင်ဆင်ချက် ထည့်သွင်းဖော်ပြပေးခဲ့သည်။
အမှားပြင်ဆင်ချက်၌ တံတားကြေး ကောက်ခံရန် မြို့နယ်အင်ဂျင်နီယာက ခန့်အပ်ထားခြင်း မရှိကြောင်းနှင့် ငွေကြေးကောက်ခံ ခြင်းလည်း မရှိပါကြောင်း ပြင်ဆင်ဖတ်ရှုပေးရန်ဟူ၍ ရေးသားထားသည်။
ယနေ့ အမှုရုံးချိန်းရှိသည့်အတွက် မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်နှင့် ရှေ့နေများ သပိတ်ကျင်းသို့ သွားရောက်ခဲ့ကြသည်။
“ဒီနေ့ရုံးချိန်းက ကျေအေးဖို့အတွက် ဦးတည်ပြီး လုပ်ကြမှာပါ။ သက်ဆိုင်ရာ မြို့နယ်အင်ဂျင်နီယာကလည်း ကျေအေးဖို့ ဆောင်ရွက်ပေးမယ့် အနေအထားမှာ ရှိပါတယ်” ဟု ဦးကျော်ရင်မြင့်က ပြောသည်။
မော်ဒန်ဂျာနယ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အမှုကို နှစ်ဖက်သဘောတူညီချက်အရ ကျေအေးလိုက်ပြီ ဖြစ်သော်လည်း ပြည်တွင်း အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်နှင့် သတ္တုတွင်း ၀န်ကြီးဌာနတို့မှာ အမှုမှာမူ စတင်ရင်ဆိုင်နေပြီ ဖြစ်သည်။
သတ္တုတွင်း ၀န်ကြီးဌာနအား ငွေကြေးအလွဲသုံးစား ပြုလုပ်သည်ဟု ရေးသားသဖြင့် The Voice Weekly ဂျာနယ်အား အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည့်အမှုကို ယမန်နေ့က ရန်ကုန်တိုင်း ဒဂုံမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ကြားနာခဲ့ကြောင်း၊ ဒဂုံတရားရုံးက လာမည့် ဧပြီလ ၄ ရက်နေ့တွင် ထိုအမှုအား ဒုတိယအကြိမ် ကြားနာရန် ချိန်းဆိုထားကြောင်း သိရသည်။
ဧရာဝတီ
မော်ဒန်ဂျာနယ်အမှု ကျေအေးရန် နှစ်ဖက်သဘောတူ မော်ဒန်ဂျာနယ်အမှု ကျေအေးရန် နှစ်ဖက်သဘောတူ Reviewed by သစ်ထူးလွင် on 17:25 Rating: 5

14 comments:

တောင်သာသား said...

ကိုယ့်ဘက်ကတကယ်မှန်ရင်..အလျှော့မပေးသင့်ဘူး.. မီဒီယာသိက္ခာကျတယ်...သတင်းကိုလည်း..မှန်မှန်ကန်ကန်ဖြစ်အောင်..ယူသင့်တယ်

Toe Toe said...

မီဒီယာတွေမှန်လို့တော့နောက်မဆုတ်ကြနဲ့၊ဒါပေမဲ့ဒါကိုသင်ခန်းစာယုပြီး နောင်
ထည့်မဲ့သတင်းတွေကိုသေချာအတည်ပြုဘို့တော့လိုမယ်၊ဖွတဲ့သတင်းမျိုးတော့မ
ထည့်တာကောင်းပါတယ်။အများအတွက်အကျိုးရှိမဲ့သတင်းမျိုးပေါ့ဗျာ။အင်တာ
နက်တင်တာအကြောင်းမဟုတ်ဘူး။ဂျာနယ်ကျတော့ မသေချာရင်တာဝန်ရှိတယ်။
အားပေးလျှက်ပါ။

Anonymous said...

Ko Thit,....

How about the Voice?? any new news??

if any, let me get detail...

never give up the Voice, we all stand with you..

ကိုကိုကြီး said...

သတင်းမီဒီယာသမားများကိုတောင်းဆိုပါရစေ...။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှပညာသားပါစွာ..လူကြီးဆန်စွာ..ညှိနှိုင်းမှုများကို ကျေနပ်ပြီး..။ နောက်မတွန့်သွားပါနဲ့ခင်ဗျာ..။ သူတို့ရဲ့အလိမ္မာသုံးပြီး အရှည်မျှော်တွေး ပြီး..။ပြေလည်မှုယူလိုက်တာနဲ့..။ ကျေနပ်ပြီး..ပြည်သူ့ဘဏ္ဍာငွေပစ္စည်း များလိမ်ညာမှုများကို မဖော်ထုတ်ဘဲမနေပါနဲ့ခင်ဗျာ...။ သတင်းမီဒီယာ သမားအစစ် ဆိုတာပြည်သူတွေရဲ့ဘက်တော်သားပါ...။ လူကြီးတွေက ပြောဆိုဆက်ဆံမှု ပုဂ္ဂိုလ်ရေးအားနာမှုများကို သနားငဲ့ညှာ ခင်မင်ပြီး..ပြည်သူ့သစ္စာခံ သတင်းမီဒီယာသမားတွေ ပြည်သူတွေကို သစ္စာမဖောက်ပါနဲ့လို့တောင်းဆိုပါရစေ...။ ရေးစရာရှိတာကို ရဲ့ဝံ့စွာ ထုတ်ဖော်ပြသပေးပါ..။ ဒါမှ ပြည်သူတွေအသိပညာကြွယ်ပြီး ဗဟုသုတတိုးမှာပါ...။ အဲဒါမှ လူကြီးတွေ ခေါင်းပုံဖြတ်.. ပြည်သူ့ဘဏ္ဍာတွေ ခိုးယူနေတယ်ဆိုတာသိရမှာပါ..။ ၀န်ထမ်းတွေလည်း..မခိုးရဲ့ဘဲအလုပ် လုပ်လာမှာပါ..။ လက်ရှိရရှိနေတဲ့ဝန်ထမ်းရာထူးနဲ့.. ရရှိထားတဲ့ပစ္စည်းပိုင်ဆိုင်မှုတွေကို နှစ် (၂၀)လောက်အတွင်းမှာ အရမ်း ကြီးထွားလာတဲ့ဝန်ထမ်းတွေအများကြီးဘဲ..။ ဒါတွေဟာ ဘာကြောင့်လဲ? ဘယ်လိုဝင်တာလဲ? ရရှိလစာထက်အလွန်များပြားပါတယ်..။ မြန်မာလူ လူမျိုးတွေဟာ လက်တုန့်ပြန့်တဲ့လူတွေမဟုတ်လို့..ဒီအတိုင်းကြည့်နေ တာပါ..။ သူကံနဲ့သူဘဲဆိုပြီး မနာလိုဣသမစ္ဆိယ သိပ်မရှိကြပါဘူး..။ ဒါပေမဲ့..အခုပြောင်းလဲပြီးသွားမှ ထက်လုပ်နေမှာကို အရမ်းစိုးရိမ် ပါတယ်..။ ကျွန်တော်တို့ပြည်သူ တွေဟာသတင်းမီဒီယာသမားတွေကို သစ္စာရှိစွာလစဉ်လတိုင်းပိုက်ဆံတွေပေးပြီး..သတင်းတွေဝယ်ဖတ်နေတာပါ...တစ်လကို မရှိတဲ့ ကြားက..ဂျာနယ်ဖိုး(7500/)ဖိုးလောက်ဝယ်ဖတ်ရ ပါတယ်...။ ဒီမျက်နှာကိုထောက်ပြီး တာဝန်ကျေပေးပါလို့လည်းတောင်း ဆိုပါရစေ..။ ယခုမော်ဒန်ဂျာနယ်ဖြစ်စဉ်ကို မီဒီယာနှင့်ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ဆောင်ရွက်မှုကို သံသယမရှိပါ..။ ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှုပပျောက်အောင်ဆောင်ရွက်ခြင်းဖြစ်၍ သဘောကျပါသည်။ ထောက်ခံပါသည်။ သို့သော် ဒီထက်မက လျှို့ဝှက်ထားသော မမှန်မကန် ငွေကြေးသုံးစွဲထားမှုများ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် (75%) လောက်ကိုရှိနေပါတယ်...။ ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာ..ပြည်သူ့အကျိုးသက်ရောက်မှု အရှုံးအမြတ်ကို.. ချက်ချင်းလက်ငင်း တွက်ချက်မရနိုင်ပါ...။ သို့သော်...လုပ်ငန်းများကိုမပြောလိုပါ... အကျိုးပြုလုပ်ငန်းများဖြစ်ပါသော်လည်း လုပ်ငန်းအကြောင်းပြပြီးတင်ပြ တောင်းယူတဲ့... ဈေးနှုန်းများဟာ... အဆမတန်များပြားပါတယ်...။ အဲဒါကို ကော်မရှင်..ပါဆန်းနစ်များကို အဆန်မတန်များပြားအောင်ယူပြီး ခွင့်ပြုပေးနေတဲ့..၀န်ကြီး မှ အစ... အဖွဲ့အစည်းတစ်ခုလုံးမှရှိတဲ့.. ၀န်ထမ်းတွေအကုန်လုံး... ခံစားနေပါတယ်.. အကုန်လုံးမခံစားနေရင်တောင်ခင်ဗျာ.. ၀န်ထမ်း (100)ဦးမှာ (92)ဦး ခံစားနေပါတယ်...။ ဒါတွေကို ပြည်သူတွေ သိသင့်ပါတယ်...။ အင်းပြောရင်းနဲ့ဗျာ...ဒီဈေးနှုန်းတွေကို စစ်စစ်ဆေးရေးအဖွဲ့တွေကလည်း အတွင်းစစ် အပြင်စစ်ဆိုတဲ့...ဆောက်လုပ်ရေးစစ်ဆေးရေးတွေ...မြို့နယ်စာရင်းစစ်ဌာနတွေဟာလည်း.. အကျိုးအမြတ် ကို ခွဲဝေယူကြပြီး ခေါင်းညိတ်လက်ခံနေတဲ့...ဌာန(၃)ခုနီးပါးလောက်ကို ပေါင်းပြီး...ကြိတ်စားနေတဲ့ဌာနကြီးပါခင် ဗျာ...။ သိတော့သိတယ်ဗျာ...သေချာစွာဘာသာမပြန်တတ်ဘူးဗျာ...။ ဆောက်လုပ်ရေးမှာ...လုပ်ငန်းအရှုံး အမြတ်ဆိုတာ..ရှိပါတယ်..။ အင်္ဂလိပ်ခေတ်ထဲက.. ဆောက်လုပ်ရေး LAW ဟာအရမ်းကို..ကောင်းပါတယ် အင်ဂျင်နီယာတစ်ယောက်ကို ကာကွယ်နိုင်တဲ့ .LAW တွေရှိပါတယ်..။ ဒါပေမဲ့..ဈေးနှုန်းကတော့ ထင်ရှားစွာ ပေါ်လွင်နေပါတယ်...။ ဒေသပေါက်ဈေးဆိုတာတွေကို...ကန့်သတ်ဖို့...မှန်ကန်တဲ့အဖွဲ့တွေလိုနေပါပြီ...။ အင်္ဂလိပ်ခေတ်ကဆောက်လုပ်ရေး LAW တွေကလည်း...အခုခေတ်နဲ့ဆိုအိုဟောင်းနေပါပြီ...။ အဲဒီ LAW တွေမှာအင်ဂျင်နီယာတစ်ယောက် ယခုခတ်လိုကားစီးတိုက်ဆောက်နိုင်အောင်တော့..မကာကွယ်ထားပါဘူး..။အဆင်ပြေပြီးအတတ်ပညာရှင်တစ်ယောက်အနေနဲ့နေနိုင်အောင်တော့..ပါဆန်နစ်တွေပေးပါတယ်..။ အောက်အပိုဒ်က အဆက်ပါ....

ကိုကိုကြီး said...

အထက်အပိုဒ် ၏ အဆက်ပါ (၁)
အခုတော့ ၀န်ကြီးဌာနတစ်ခုလုံး.. လုပ်ငန်းတစ်ခုပေါ်မှာ Estimate တင်ရင် သန်း (100) ဆိုပါဆို..။ အဆင့်ဆင့် ဖြတ်လိုက် နောက်ဆုံးလုပ်ရတဲ့ SAE လက်ထဲရောက်ရင်.. သန်း (60)လောက်ဘဲရှိပါတော့တယ်...။ ဒါကို SAE ကလည်း. သန်း(60)ထဲကနေစာရင်းစစ်ပေး..လူကြီးဧည့်ခံ..အခြားကုန်ကျစရိတ်တွေ ကိုယ်ပိုင်အိတ်ထဲထဲ့... စားသောက်ဆိုင်ကောင်မလေးတွေဆီမှာကုန်နဲ့..တကယ်အကျိုးပြု လုပ်ငန်းပေါ်ကိုရောက်တာ သန်း(40)သန်းလောက်ဘဲရောက်ပါတယ်..။ အခုလိုများ...ကိစ္စတွေအများကြီးပါဘဲခင်ဗျာ..။ ၀န်ကြီးကတော့ ဘယ်လိုပါဆန်းနစ်ဖြတ်လဲမသိပါ...သိသလောက်တော့ လုပ်ငန်းတစ်ခုမှာအဆင့်ဆင့် (20%) အနည်းဆုံးလို့သိရ ပါတယ်... ဆောက်လုပ်ရေးဟာ ငွေဖြုန်းတဲ့..ဌာနပါ..။ ပြည်သူ့ အကျိုးပြုဌာနလည်းဖြစ်ပါတယ်..။ ဒါပေမဲ့..ဖြုန်းတာတွေဟာ အမှန်အကျိုးပြုတာတွေနဲ့ အလေအလွင့်အရမ်းများတဲ့ဌာနလည်းဖြစ်ပါတယ်..။ ဗိုလ်ချုပ်စောထွန်း တုန်းကဆို.. ဦးသန်းရွှေ သူငယ်ချင်းဖြစ်နေတာနဲ့...အရာအားလုံးဝန်ကြီးဌာနတစ်ခုလုံး ရွှေခေတ်ဖြစ်ခဲ့ပါတယ်...။ အဲဒီအရှိန်တွေက လည်းအခုအချိန်ထိရှိနေပါသေးတယ်...။အင်ဂျင်နီယာထီးတွေရော မတွေရော..ရုံးမှာရှိတဲ့ ၀န်ထမ်းတွေ စာပေး စာယူတောင်..မိုက်ကိုင်ပြီး...ကာရာအိုကေဆိုတတ်နေပါပြီ...။ ဘယ်ဌာနမှ ဆောက်လုပ်ရေး ၀န်ကြီးဌာန လောက် ကာရာအိုကေမဆိုတတ်ပါဘူး... အခု ဦးခင်မောင်မြင့် လက်ထက်မှာ နည်းနည်း တော်သွားတာပါ...။ ဒါပေမဲ့..ဦးခင်မောင်မြင့် ရော ဌာနကြီးတစ်ခုလုံးရော... စားတော့စားနေကြတယ်ဗျာ..။ ပြည်သူ့ပိုက်ဆံတွေကို စာရင်းမျိုးစုံပြ...တကယ်တန်တာ (3) ကျပ် ... ဈေးနှုန်းထဲမှာ (၁၀) ကျပ် ဖြစ်ပြီး စားနေ ကြတာပါ...။ ဒါတွေကို ပြည်သူသိအောင်...ရေးသားဖို့...မီဒီယာတွေရဲ့တာဝန်ဖြစ်တယ်ဆိုတာ..ကို ထပ်ဆင့် တောင်းဆိုသတိပေးပါရစေ...။ ။ ဆောက်လုပ်ရေးဌာနဟာ..အခုချိန်ထိ ရပ်တည်နေတယ်ဆိုတာ... အသံသိတ်မထွက်ဘူးဆိုတာ... ဆောက်လုပ်ရေးအင်ဂျင်နီယာများဟာ...ဆရာတပည့်စွဲရှိတယ်..။ ဆရာအခြေအနေကောင်း ရင်တပည့်ကိုမပစ်ထားဘူး...။ စေတနာထက်သန်ပါတယ်..။ အားလုံးဝေစားမျှစား အရမ်းကောင်းပါတယ် ... ။ ဒီလိုစေတနာကောင်းတယ်ဆိုတာကလည်း...သူတို့ကလည်းမတန်တဆဈေး တွေ ရနေလို့ပါဘဲခင်ဗျာ...။ ဒါတွေကိုဖော်ထုတ်ပေးပါ...။ မီဒီယာ ဂျာနယ် သတင်းသမားများ...ပြည်သူ့ကို တာဝန် ကျေပေးပါ...။ နှာနှပ်ပြီးကျေအေးပေးလိုက်တာနဲ့...နောက်ကိစ်စတွေကို မဖော်ထုတ်ရင်..ပြည်သူကိုကျေးဇူး မသိတတ်ရာရောက်ပါတယ်လို့...။ ဆောက်လုပ်ရေးဌာနမှ မဟုတ်ပါဘူးခင်ဗျာ...။ ဌာနတိုင်းပါဘဲ... ဆလရ ဟာ..ညီညွတ်အားကောင်းနေလို့...မထွက်လာသေးတာပါ...။ အခုတောင်...တစ်လောက ဦးခင်မောင်မြင့် ကိစ်စကို သစ်ထူးလွင် မှာတင်ပါတယ်...။ ဒါကလည်း အဆင်မပြေတဲ့အင်ဂျင်နီယာက တင်တာက... သူလည်း ပြည်သူ့ဘဏ္ဍာကို ယူထားဘူးပါတယ်...။ အရင်းဆုံး...စာရင်းစစ်ဌာနမှ ၀န်ကြီးကအစ..ဌာနတစ်ခုလုံး... ဖြုတ်လိုက်ပါ...။ တကယ်စစ်မဲ့...စာရင်းစစ်ဌာန၀န်ထမ်းများကို ခန့်ပေးပါ...။ အခုလည်း ဆောက်လုပ်ရေး ၀န်ကြီးက အရှည်ကိုမျှော်တွေးပြီး... ဒီအမှုကို သူ့တို့ဘက်က မှန်သည့်တိုင်အောင်... အင်ဂျင်နီယာဒေါ်နွဲ့နွဲ့ရီ မှန် သည့်တိုင်အောင် .. ကြေအေးပေးတာပါ...။ ဒေါ်နွဲ့နွဲ့ရီမှာရော တနိုင်ငံလုံးမှာရှိတဲ့အင်ဂျင်နီယာဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတွေ လက်ရှိလုပ်နေတဲ့အလုပ်တွေနဲ့ ပတ်သက်လို့ အပြစ်တွေရှိပါတယ်...။ ဒါတွေကို ဖော်ထုတ်မှာစိုးလို့... ရှင်းရှင်းပြောရရင်... အမှိုက်ကစ ပြဿဒ်မီးလောင်မှာ စိုးလို့ပါ...။ ပညာတတ် ဌာနဖြစ်တဲ့အတွက်...လွန်ကျူးစွာမပြောချင်ပါ... အကျင့်ပျက်နေတာဘဲခတ်ပါတယ်ခင်ဗျာ...။ အင်ဂျင်နီယာအားလုံးနီးပါး အပျော်မိန်းကလေးတွေ ရှိနေတတ်ပါတယ်...။ (100) မှာ (80) ဟာ အဲဒီလို မိန်းကလေးတွေနဲ့ပါ...။ ဒါကိုလည်း သည်းခံပါတယ်... တစ်ဖက်တစ်လမ်းက..မြန်မာနိုင်ငံကအမျိုးသမီးတွေကို စောင့်ရှောက်နေပါလားလို့။ ပညာတတ်...အကျင့် ပျက်တွေဖြစ်နေကြပါပြီ...။
မီဒီယာများတာဝန်ကျေပေးကြပါ... ပြည်သူ့မျက်နှာကိုကြည့်ပေးပါ...။ ဆောက်လုပ်ရေးက ဘယ်လိုဘဲ.. ချိုသာ စွာပြောဆိုပါစေ...။ မဟုတ်တာလုပ်ဖို့...ချိုသာနေတယ်ဆိုတာကို...သိထားကြပါခင်ဗျာ..။

Chit San Maung said...

ဖြောင့်မှန်တဲ့၊ အဂတိမလိုက်စားတဲ့၊ အရည်အချင်းရှိတဲ့၊ အာဏာပိုင်တွေရဲ့စွတ်ဖက်မှုကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ရှိလာရင် သူခိုးကလူဟစ်တဲ့အမှုတွေ ပျောက်သွားမှာပါ..။
လောလောဆယ်တော့...

ko ko tin said...

ကိုကိုကြီးပြောတာကို အပြည့်အ၀ထောက်ခံပါတယ်

Anonymous said...

မော်ဒန်လည်း သတင်းတင်လို့ရောင်းအားတက်ပြီး မြတ်
ကျေအေးဖို့ ဆောက်လုပ်ရေးက ပေးရင်လည်းမြတ်
ကောသလမင်းရဲ့ မျက်နှာ ၂-ခုရှိသောမြင်းလားတော့ မသိဘူး။
သတင်းကို သူတို့စစ်ခဲ့တာ ပုံနှိပ်ခဲ့တာနော်။ နဲနဲလွဲနေသလားလို့

အညတရ said...

ကိုကိုကြီးပြောတာ အပြည့်အ၀ထောက်ခံပါတယ် အခု ဆောက်လုပ်ရေးခေတ်နည်းနည်းမှိန်နေတာက စစ်အင်ဂျင်နီယာတပ်တွေဝင်လာလို့ပါအခုတော့သူတို့ အချင်းချင်းခွက်လုနေကြပါပြီ လုပ်ငန်း၇ဲ့ ၄၀ ရာခိုင်းနှုန်းလုပ်တယ်ဆိုတာလည်း မှန်ပါတယ် ဟုတ်တယ်မဟုတ်ဘူးတော့ ဆောက်လုပ်ရေးနဲ့GE တပ်တွေအသိဆုံးပါ ငြိမ်နေတယ်ဆိုတာအလကားမဟုတ်ပါဘူး ကောင်းလို့ငြိမ်ခံနေတာပါ အင်တာနက်သုံးတဲ့ GTI ကျောင်းဆင်းတွေအများကြီးပါ ခင်ဗျာတို့လုပ်ခဲ့တဲ့ ဆိုဒ်တွေ မှာ ကိုကိုကြီးပြောတာ ကျွန်တော်ပြောတာမဟုတ်ဘူးလို့ဘယ်သူငြင်းမလဲ ...............

အညတရ said...

ကိုကိုကြိးပြောတာကိုအပြည့်အ၀ထောက်ခံတယ် ဆောက်လုပ်ရေးနဲ့ GE နဲ့ ကအခုတော့ ဝေစားမျှစားလုပ်နေတာပါ လုပ်ငန်းကုန်ကျငွေရဲ့ ၄၀ ရာခိုင်နှုန်းပဲလုပ်တယ် ဆိုတာလည်းများတောင်များနေသေးပါတယ် ဒါကြောင့် အခုခေတ်မှာ GE နဲ့ ဆောက်လုပ်ရေး စားခွက်လုရတာလည်းအမောပါပဲ အခုအင်တာနက်သုံးတဲ့ လူတွေထဲမှာ အဲလိုဆိုဒ်တွေမှာလုပ်တဲ့သူတွေ ပိုများတယ်ဆိုတာသိပါတယ် ပြောလေ မဟုတ်ဘူးလို့ ...........

Maunglusoe said...

ဒိလို့ ဖွ လိုက် ကြေအေးလိုက် ဆို တော့ အဲ ဒိ သတင်းက အမှားလား
ကြေအေးလိုက်တာ က အကြောင်းမ၇ှိပေမယ်
သတင်းနောက်ဆက်တွဲ အကျိုးကဘာရှိလဲ
ဂျာနယ်တွေအခြေမခိုင်သေးဘူး

ကျော်ထိုက် said...

မော်ဒန် ဂျာနယ် ခင်ဗျား...ကျွန်တော်တို့ ပြည်သူတွေ က ယုံကြည်လို့ ၀ယ်ဖတ်နေတာ....ခင်ဗျားတို့ က ခုတမျိုး တော်ကြာ တမျိုးမလုပ်ပါနဲ့...ကြောက် ရင် အားကစားသတင်းဂျာနယ် သာ ထုတ် လိုက်တော့ .........

တောသားကြီး said...

တကယ်တော့ဗျာ အရာရှိဆိုတာ မခိုးတာမရှိသလောက်ပါဘဲ။ ဟိဟိ စောရီးနော် မှန်တွားလိုရှိရင်။

ှဆရာရဲ၏စာမျက်နှာများ said...

မီဒီယာသည် လုပ်စားကိုင်စား မီဒီညာမဖြစ်စေရေး ဝိုင်းဝန်းကျိုးစားရမည် ဖြစ်ပါသည်။

Powered by Blogger.