ကသာမြို့ စည်ပင်ဈေးမီးလောင်မှုဖြစ်ပွါး

မတ်လ ၇ ရက် ၂၀၁၂
ယနေ့ နံနက်စောစောက စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ စည်ပင်ဈေးမှာ မီးလောင်မှု
 ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ 
မနက်(၇)နာရီမှာ မီးညွန့် ကျိုးသွားတယ်ပြီး ဆိုင်ခန်း(၃၀၀)ကျော်နဲ့ အိမ်ခြေ(၁၀)လုံး၊ 
ဘာသာရေးအဆောက်အဦး(၂)လုံး မီးလောင်တဲ့ထဲပါသွားတယ်လို့ ကသာမြို့ ခံတဦးက 
Myanmar News Now ကိုပြောပါတယ်။ 
 မနက်စောစောလူမရှိတဲ့အချိန်မှာ လောင်တာကတကြောင်း ၊
 ဈေးဆိုင်တွေမှာလောင်စာကများတော့ မီးလောင်မှုကို မထိမ်းနိုင်ဘူးလို့ ဆိုပါတယ်။
ကသာမြို့ အနီးတ၀ိုက်က မြို့ တွေကနေ မီးသတ်ကားတွေလာပြီး မီးကြွင်းမီးကျန်တွေကို 
အခုချိန်ထိငြိမ်းသတ်နေဆဲဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးမှုတန်းဖိုးကိုတော့ အခုချိန်မှာမခန့် မှန်နိုင်သေးကြောင်း
 ကသာမြို့ ခံကပြောပါတယ်။
Myanmar News Now
ကသာမြို့ စည်ပင်ဈေးမီးလောင်မှုဖြစ်ပွါး ကသာမြို့ စည်ပင်ဈေးမီးလောင်မှုဖြစ်ပွါး Reviewed by သစ်ထူးလွင် on 11:11 Rating: 5

3 comments:

kyawgyi said...

အောင်မငီးး.....လောင်ပဲလောင်နိုင်လွန်းတယ် ...အရင်လိုပဲ.....ဈေးသစ်ဆောက်ဖို့  ကန်ထရိုက်ယူဖို့ လုပ်နေကြပြီးလား ?

Anonymous said...

လောင်၇င်လဲ လူမ၇ှိတဲ့မနက်စောစောကြီးပဲ

kolatt said...

မီးလောင်တာက ဈေးသစ်လား ဈေးဟောင်းလား....ငါတို့ ကသာ ကတော့ကုန်ပါပီဗျာ...ဘုရား ဘရား ကျွန်တော့် ကောင်မလေး ဆိုင်မပါ ပါစေနဲ့ဗျာ

Powered by Blogger.