တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံဖြစ်ရမယ်။ တပ်မတော်ဟာ အပေါ်ကစိုးမိုးချင်တဲ့ဆန္ဒတွေမရှိ
ရဘူး။
အရင်ခေတ်ကဆိုရင် တပ်မတောကို ပြည်သူက အင်မတန်ချစ်တယ်။ တပ်မတော်သားတွေက
ပြည်သူကို အားကိုးရတယ်။ ငါတို့ရဲ့ သူရဲကောင်းတွေလာပြီဆိုတဲ့စိတ်နဲ့  ရွာသူရွာသားတွေကအစ ၀ိုင်းအားပေးကြတယ်။ တပ်မတော်သားတွေက ပြည်သူတွေဆီက အဓမ္မယူတယ်ဆိုတာ မရှိဘူး။ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန်
ချစ်ခင်ကြတယ်။ တပ်မတော်ကို လေးစားကြတယ်။ အဲဒီတုန်းက
အမျိုးသမီးလေးတွေဆိုရင် တပ်မတော်သားတွေနဲ့ အိမ်ထောင်ပြုချင်ကြတယ်။
ဗိုလ်ကတော်ဖြစ်ချင်လို့မဟုတ်ဘူး ။
တပ်မတော်သားတွေကို ဖေးမချင်လို့။ ကျွန်မတို့ရဲ့ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ
တင့်တယ်စေချင်တယ်။ ကျွန်မတို့ တပ်မတော်ကို ခေတ်မှီ
တပ်မတော်ကြီးတစ်ခုဖြစ်စေချင်တယ် ။ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ပဲ မိမိတို့ အင်အားတွေကို သုံးရမှာ။ ဒါကြောင့် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်က တပ်မတော်ကို အတိုက်အခံလုပ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်မတို့က ကြိုဆိုပါတယ်။ တပ်မတော်သားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
မဲထည့်ပါလို့ ဆွယ်ပေးကြပါလို့လည်း ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်လူထုအား ယခု ၁၀နာရီ ခွဲတိတိက
ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်တွင် ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်
Reviewed by သစ်ထူးလွင်
on
10:34
Rating:
5 comments:
သဘောအကျဆုံးကတော့ အန်တီစုဘေးက အမြဲ မျက်မှန်အမဲကြီးတပ်လို့ ရပ်နေတဲ့သူကြီးကို သဘောကျတယ် သူ့ ကိုယ်သူ CIA ကလိုလို FBI ကလိုလိုနဲ့.. အန်တီစုကိုစောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ style ကိုတော့ အမှတ်တရာအပြည့်ပေးပါတယ်။
ကိုသစ်ရေ....နေပြည်တော် ဟောပြောပွဲ ရုပ်သံလေးပါ တင်ပေးစေချင်ပါတယ်....တနေရာနဲ့တနေရာ စကာလုံးတွေမတူအောင်
ဟောပြောခဲ့တဲ့ မိန့်းခွန်းတွေကို ကျွန်တော်တို့က အွန်းလိုင်းကနေပဲ ဖတ်ခွင့်ကြည့်ခွင်နားထောင်ခွင့် ပါလို့ပါ။။။။။။
ကိုဇေယျာသော်ရေ-အားတင်းထားနော်.
ဟုတ်ပါတယ်ဗျာ။ ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့မြို့မှာ
ရှေ့တန်းပြန်ရဲဘော်တွေပြန်လာပြီဆိုရင် ရတဲ့ပန်းတွေကိုဆွဲပြီးတော့
လမ်းမကိုထွက်ပြီး ပြေးပြေးကြိုရတာ အမောပါဘဲ။
တချို့ ကဒဏ်ရာတွေရလာလို့ လမ်းမလျှောက်နိုင်တဲ့ ရဲဘော်တွေ
ဆိုရင် တီအီးကားကြီးနဲ့ တင်ပြီး ပြန်ခေါ်လာကြတယ်။ မျက်ရည်များတောင်ဝဲမိပါတယ်။
ဒါပေမယ့် အရွယ်ရလာတော့ အဲဒါတွေ ပျောက်ကွယ်သွားရပါပြီ။
စစ်သားမြင်ရင်ချစ်ခင်စိတ်ကမရှိတော့ပါဘူး။
တချို့စစ်သားတွေ ဘာမှ အပြစ်မရှိဘူးဆိုတာသိပေမယ့်။
အရိပ်မည်းကြီးက သူတို့ကို ချစ်လို့မရတော့လောက်အောင်
ကျွန်တော်တို့ကို လွှမ်းမိုးသွားပါပြီ။ နောက်ပိုင်းတပ်မတော်သား
(တချို့) ကလည်း ပြည်သူတွေကို မချစ်တတ်တော့ပါဘူး။
ကျေးလက်ဒေသတွေမှာဆိုရင် ဘာမမဟုတ်တဲ့ရဲဘော်လေးက
တောင်ပြည်သူတွေကို အနိုင်ကျင့်တတ်လာပါပြီ။ စနစ်တစ်ခုက
တရားခံပါဘဲ .................
မြန်မာ နိုင်ငံအတွက် ကလော မြို့ မှ သူရဲကောင်းတစ်ယောက် ဖွားမြင်လာပြီ လို့ ဆိုရမလား???????
1.March.2012 ဒေါ် အောင်ဆန်းစုကြည် ( NLD ) လူထုမဲဆွယ် စည်းရှုံး ဟောပြောအ ပြီး ရဲဘော် ( တပ်မ ၅၅) ကျော်ဇင်ဝင်း ဟာ ဒေါ် စု အား ၀မ်းပန်းတသာ လက်ဆွဲ နုတ် ဆက် မှု ကို
သဘောထားကြီးစွာ ဖြင့် စစ်အစိုးရ က ရဲဘော် ကျော်ဇင်ဝင်း ကို မနှိပ်စက်ဖို့ တောင်းပန် အပ်ပါတယ် ။
ကလော ချစ် သူ များ ကိုယ်စား ............................
Post a Comment