၃ မတ်လ ၂၀၁၂ ကော့သောင်း ကော့သောင်းမြို့နယ်
ရွှေပြည်သာရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်အကြားဆောက် လုပ်ထား
သည့်
လုပ်ငန်းရှင် ထိုင်းမြန်မာလူမျိုး ဦးကျော်လွင် ပိုင် သန်းဖြိုးသူ ကုမ္ပဏီမှ ၈ မဂ္ဂါဝက် ကျောက်မီးသွေးသုးံဓါတ် အားပေးစက်ရုံမှ ၉၀ရာခိုင်နုန်း
ဆောက်လုပ်ပြီးစီးပြီး
နောက်လျှပ်စစ်ဖြန့်ဖြူးရန်အတွက်(၁.၃.၂၀၁၂) တွင်ကော့သောင်းမြို့ပေါ်ရပ်ကွက်များမှ
နောက်လျှပ်စစ်ဖြန့်ဖြူးရန်အတွက်(၁.၃.၂၀၁၂) တွင်ကော့သောင်းမြို့ပေါ်ရပ်ကွက်များမှ
မြို့နေပြည်သူများအား လိုက်လံရှင်းလင်းခြင်းအပေါ် စက်ရုံမှာကော့သောင်းမြို့ တွင်းထဲတွင် လည်ပက်ဖြန့်ဖြူးသွားမည့်
အပေါ်မြိုကခံပြည်သူ များက များစွာစိုးရိမ်လျှက်ရှိပါသည်။
ကုမ္ပဏီမှစီမ်ံကိန်းမန်နေဂျာဦးလှမော်ဦးဆောင်သောကုမ္ပဏီတာဝန်ရှိသူများနှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် စာသင် ကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုးံများတွင်
ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် စာသင် ကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုးံများတွင်
ရပ်ကွက်နေပြည်သူများအား လိုက်လံရှင်းပြရာတွင် --
(၁)ကျောက်မီးသွေးလျှက်စစ်ဓါတ်အားပေးတည်ဆောက်ရသည့်အကြောင်းရင်း၊
(၂) စက်ရုံတည် ဆောက်ပုံအဆင့်ဆင့်၊
(၃) ရှင်းလင်းချက်အပေါ်တွင် ပြန်လည်မေးမြန်းသည့် အစီစဉ် တွေရှင်းပြသွားတယ်လို့
ရွှေဇင်ယော်ရပ်ကွက် တွင်တက်ရောက်လေ့လာ သူ ကိုတိုးတိုးက ပြောပါတယ်။
“ ၂၇ ဖေဖေါ်ဝါလထုတ် 7 ဒေးဂျာနယ်ပါ အချက်နှင့်ပက်သက်ပြီး မေးမြန်းသည့်အပေါ်
၎င်းက ဂျာနယ်ပါအကြောင်းရာများက ဗဟုသုတ အတွက်အသုးံချသင့်သလို တချို့သောအကြောင်းအရာတွေ အသုးံမချသင့်ဘူးလို့ပြောတယ်၊ အမှတ်(၂) စက်မှု
ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိမှု ရှိမရှိ နှင့် စက်ရုံမှ ဘေးထွက်ဆိုးကြိုးကြောင့်
မြို့နေပြည်သူများအပေါ် သက်ရောက်မှုအပေါ် တာဝန်ယူမှု ရှိမရှိ မေးမြန်းခြင်း
အပေါ် တာဝန်ယူဖြေဆိုခြင်း မရှိဘူးလို့ကိုတိုးတိုးက ပဲ ဆက်လက် ပြောကြားသွားပါတယ်။

ယင်းမတိုင်ခင် ရွှေပြည်သာရပ်ကွက်
အတွင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်
ကုမ္ပဏီတာဝန်ရှိ သူများမှ လျှပ်စစ် ဖြန့်ဖြူးပေးမည်ဖြစ်သောကြောင့် မီတာတပ်ဆင်လို
သူများ တယူနစ်ကို သုးံစွဲခ ကျပ်ငွေ (၂၀၀) နှင့် မီတာတပ်ဆင်ခ ကျပ်ငွေ (၁၅၀၀၀၀)
ကျပ်ကို အရစ်ကျ ပေးချေနိုင်ကြောင်းနှင့် မီတာယူလိုသူများ ထံမှ လက်မှတ်များ
ကောက်ယူသွားကြောင်း ရပ်ကွက်နေပြည်သူ ဦးသန်းဝင်း ထံမှ သိရှိရပါတယ်။
“ ၂၂.၂.၂၀၁၂ ကတည်းက ရွှေပြည်သာမှ လုပ်သွားတယ့်အပေါ် ကျွန်တော်အနေ
နဲ့သံသယ ဖြစ်မိတယ် ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ သိရသလောက်
လျှက်စစ်ဖြန့်ဖြူးရေးကို ကိုင်ထားတဲ့ အမှတ်(၂) စက်မှုဝန်ကြီးဌာန က ဒီစက်ရုံနဲ့ပက်
သက်ပြီး စက်ရုံပတ်ဝန်းကျင်ရပ်ကွက် အေးရိပ်ငြိမ်နှင့် ရွှေပြည်သာ ရပ်ကွက်
နေပြည်သူတွေရဲ့ လက်ခံမှုရှိမှ ၀န်ကြီးဌာန အနေနဲ့ဖြန့်ဖြူးခွင့်လက်မှတ် ထိုးပေးမယ်
လို့သိထားရတယ် အဲဒီအပေါ်မှာ မလိမ့်တပက် နဲ့ တစ်ယူနစ်ကို (၂၀၀)ကျပ်နဲ့မျှားပြီး
ထောက်ခံလက်မှတ်ယူသွားတာဖြစ်နိုင်တယ်လို့ရွှေပြည် သာရပ်ကွက်နေ

ကိုသန်းဝင်း ” ကပြောပါတယ်။
ကျောက်မီးသွေး စက်ရုံများမှတဆင့် ရေနှင့် လေထုညစ်ညမ်းကာ
ဒေသခံလူထုများအတွက် ကျန်းမာရေး ထိခိုက်မှု များ ဖြစ်ပွားစေနိုင်သလို အရေပြား ရောဂါတွေ နောက်ဆက်တွဲ ဆိုးကျိုးတွေ သစ်ပင်၊သီး ပင်များ သေဆုးံမှုများ နောက်ဆက်တွဲဖြစ်နိုင်တယ်လို ကျောက်မီးသွေး
လျှပ်စစ်ဖြန့်ဖြူးမှုကို ကန့်ကွက်သူ ရွှေဟင်္သာရပ်ကွက်နေ ကိုဖြိုး မှပြောပါတယ်။

ယင်းစက်ရုံသည် ထိုင်းနိုင်ငံ
ပကျော့ဒေသ မှ ဒေသခံများ၏
ကန့်ကွက်မှုကြောင့် စက်ရပ်နား ထားရာမှ သန်းဖြိုးသူကုမ္ပဏီက အမှတ်(၁) လျှက်စစ်စွမ်းအားဝန်ကြီးဌာနတို့အကြား ၂၀၁၀ ပြည့်နှစ် ဇန်နာဝါရီလက နှစ်ဦး
သဘောတူ လက်မှတ်ရေးထိုးကာ ၂၀၁၀ အောက်တိုဘာတွင် စတင်တည်
ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်စမ်းသပ် လည်ပတ်
မည်ဖြစ်ကြောင်း သိရှိရပြီး စက်ရုံအတွက်လိုအပ်သော ကျောက်မီးသွေးကိုစက်ရုံမှမိုင်
(၂၀၀)၀န်းကျင်အကွာတနင်္သာရီတိုင်းဘုတ်ပြင်းမြို့နယ်လေညာသစ်တောကြိုးဝိုင်း
အတွင်းမှ ထုတ်ယူမည်ဖြစ်ပြီး ၄င်းနေရာသည် ထိုင်းနိုင်ငံ ပကျော့ဒေသ နှင့် ကပ်လျှက်ရှိသောနေရာလည်းဖြစ် သည်။

ယခုလက်ရှိအချိန်တွင် မီဒီယာများက ကျောက်မီးသွေးစက်ရုံများအကြောင်း
ရေးသားဖေါ်ပြလာမှုကြောင့် ဒေသခံများသည်ကျောက်မီးသွေးစက်ရုံ၏ ဆိုးကြိုးများကို ပိုမိုသိရှိလာသည်ကတစ်ကြောင်း၊ ယင်းစက်ရုံတွင် အသုးံပြုမည့်စက်သည် ထိုင်နိုင်ငံ ပကျော့တွင် ဒေသခံများက ကန့်ကွက်သည့်ကျောက်မီးသွေးစက်ရုံမှ စက်ကို
ဝယ်ယူလာသည်က တကြောင်း ၊ စက်ရုံမှာ ကော့သောင်းမြို့တွင်းဧရိယာ
အတွင်းလူနေအိမ်ခြေများနှင့် အလွန် နီးကပ်သည်က တကြောင်းတို့ကြောင့်
ကော့သောင်းမြို့နေပြည်သူများက အထူးစိုးရိမ် လျှက်ရှိပါသည်။
ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်
ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့်ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူလမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှားအများအပြား ထွက်လာနိုင်သည့်အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထု
ကိုညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထုနှင့်
မြေထုကိုညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ပြောသည်။

Myanmar News Now
ကျောက်မီးသွေးဓါတ်အားပေး စက်ရုံကြောင့် ပြည်သူများထိတ်လန့်
Reviewed by သစ်ထူးလွင်
on
02:14
Rating:
12 comments:
ကျောက်မီးသွေးကိုမန္တလေးမြို့ သကြားစက်တစ်ခုမှာကိုတိုင်ထိတွေ့ ဖူးတယ်။
အနံ့ ဆိုးထွက်တာမှန်တယ်။အထားအသိုမမှန်ရင်သဘာဝအပူကနေမီးအဖြစ်
ပြောင်းတယ်။စက်ရုံတစ်ခုလည်ပတ်ဖို့ ဆိုရင်တန် ၁၀၀ ၀န်းကျင်လောက်
အသင့် ရှိရတယ်။လဟာပြင်(ဟင်းလင်းပြင်)မှာထားမှအဆင်ပြေမယ်။ရေ
မိုးရေနဲ့ တွေ့ ရင်အပူကနေမီးအဖြစ်ပြောင်းမယ်။မီးညွှန့် မီလျှံမထွက်ဘူး။
အနံ့ ဆိုးအရမ်းခံစားရမယ်။ကျေက်မီးသွေးပုံအတွင်းမီးခိုးခေါင်းတိုင်သဘောမျိုး
သံပိုက်ကိုပတ်ပတ်လည်အပေါက်ဖောက်ပြီးစိုက်ထားသင့် တယ်။
အပူကိုစုပ်တာပေါ့ ။
ပြည်သူတွေရဲ့ ကျန်းမာရေးအန္တရာယ်ကို မျက်ကွယ်ပြုပြီး အမှတ်(၁)လျှပ်စစ်ဝန်ကြီးကတော့ ဘယ်လောက်တောင်များ စားထားဝါးထားပြန်ပါပြီနည်း။
ဗဟုသုတရလို့ ကိုစိုးလွင်ဦးကိုကျေးဇူးတင်ပါတယ်။
သိပ်ပြီးလည်းမကောင်းမပြောကြပါနဲ့။ကိုနာမည်ကြီးအောင် အများပြည်သူ
လိုအပ်ချက်ကို လှစ်လျှူမရှုကြပါနဲ့။အကြောင်းအရာတိုင်းမှာ အကျိုးအပျက်ရှိပါတယ်။ကောင်းတာတွေအများကြီးပါ။ကော့သောင်းမြို့နေပြည်သူလူထုကိုလည်း ထည့်စဉ်းစားပြီးပြောကြပါ။လျှပ်စစ်မီးမှန်ပြီးဈေးသက်သာမှာလည်းရှိပါတယ်။မီးပေးမယ့်ကိစ္စကိုပျက်အောင်မလုပ်ဖို့တောင်းပန်ပါတယ်။မီးမှန်ရင်လူနေမှူတိုးတက်မှာသေချာပါတယ်။စက်မှူလက်မှူလုပ်ငန်းတိုးတက်မှာအမှန်ဘဲ။သေချာစဉ်းစားပြီးပြောကြပါ။
ကော့သောင်းသား
အဲ့လောက်ကြီးလည်းဆိုးကျိုးမဖြစ်ပါဘူး မီးမရမှပိုဆိုးမှာ လုပ်ပလေ့စေပေါ့။ အနောက်ဥရောပ မှာတောင်အခုချိန်ထိ အသုံးပြုနေတာပဲ။ တရုတ်ဆိုဘယ်လိုလုပ်မလည်း။ ဖွင့်ဖြိုးတိုးတက်ချင်ရင်တော့ လုပ်ရမှာပဲ။ ဖွံ့ဖြိုးတိုးတက်မှုတိုင်းမှာ အနည်းနဲ့အများပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုတာရှိတာပဲ။ လုံးဝအရှင်းကြီးပတ်ဝန်းကျင်အပေါ် မသက်ရောက်ပဲ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရရှိရအောင် ကျွန်တော်တို့နိုင်ငံက ဂျပန်လည်း မဟုတ်ဘူး ဂျာမနီလည်းမဟုတ်ဘူးဗျ။ စွတ်ပြီးဝေဖန်မနေကြနဲ့။ ဒါပေမယ့် တစ်ယူနစ် ကို ၂၀၀ ကိုတော့ များနေတယ်ထင်တယ်။
အရင်က ဘတ်25 လည်းသုံးနေရတော့ ကျပ်200 ဆိုဝမ်းသာနေတာပေါ့။
ထပ်လျှော့ပေးရင်ပိုကောင်းတာပေါ့။ကော့သောင်နေပြည်သူတစ်ယောက်အနေနဲ့
ကိုယ့်မြို့ ကိုယ့်ရွှာ ကိုပိုကောင်းစေချင်တာအမှန်ပါ။ဒီမိုက၇က်တစ်ပါတီက သေချာစဉ်းစားပေးပါ။
နာမည်ကြီးအောင် အခြားနည်းလမ်းတွေရှိပါတယ်။တောင်ပန်ပါတယ်။
ကော့သောင်းသားလေး
အရင်က ဘတ်25 လည်းသုံးနေရတယ်။ကျပ်200 ဆိုအရမ်းဝမ်းသာနေပြီ။
ဒီထက်ပိုလျှော့ရင်ကောင်းတာပေါ့။ကော့သောင်းမြို့ ပြည်သူအနေနဲ့ လျှပ်စစ်မီး
ကောင်းလာပြီဈေးသက်သာမယ်ကိစ္စကို ကြိုဆိုပါတယ်။ဒီမိုကရက်တစ်များ
နာမည်ကြီးချင်ရင်အခြားကိစ္စကိုဖွကြပါ။တောင်းပန်ပါတယ်။
ကော့သောင်းမြို့လူနေမှူစရိတ်က ရနောင်းမြို့ထင်တောင်ကြီးပါတယ်။အဲဒီထဲမှာ
လျှပ်စစ်မီးဈေးကြီးတာလည်းပါပါတယ်။ဒီမိုကရက်တစ်များလျှပ်စစ်မီးကိစ္စကိုလက်ရှောင်ပီး တစ်ခြားကိစ္စကိုဖွကြပါရန်တောင်းပန်ပါတယ်။
ကော့သောင်းသား
- ဈေးနုန်းသက်သာတာကို ကြိုဆိုသင့်ပေမယ့်လည်း ဘေးထွက်ဆိုးကြိုးများကိုတော့ မမေ့သင့်ဘူးလို့ထင်ပါတယ်၊ ကျမ်းမာရေးမကောင်းရင် ဘယ်လောက်ကောင်းတယ့် ဟင်းဘဲဖြစ်ပါစေ အရသာတွေ့မှာမဟုတ်ပါဘူး ထမင်းထုတ်ကိုလည်းမြင်ပြီး ဒုတ်ကိုလည်း သတိထားဖို့လိုပါတယ် ဈေးနှုန်းသက်သာသောလည်း အဆိပ်ဖြစ်စေနိုင်တယ့် စားစရာမျိုးကို ကျွန်တော်တို့စားသင့်မစားသင့် စားရန် တိုက်တွန်းသင့် မသင့်ကို ကျင့်ဝတ်အရအများကြီး ထည့်သွင်းစဉ်းစားဖို့လိုပါတယ် ယနေ့အချိန်မှာ စီးပွားရေးသမားများနဲ့ ကိုယ်ကြိုးစီးပွားတစ်ခုတည်းသာ ကြည့်တယ့် အိမ်နီးနားခြင်းနိုင်ငံတွေက ရွေးချယ်ခွင့်နည်းပါးပြီး ဆင်းရဲတယ့် ကျွန်တော်တို့လိုဖွင့်ဖြိုးဆဲ နိုင်ငံတွေ အပေါ်မှာ သူ့တို့အကျိုးစီးပွားတစ်ခုတည်းကြည့်ပြီး ၀ိသမ လောဘဖြင့် လုပ်ဆောင်နေတာကို ကျွန်တော်တို့သတိထားသင့်ပါတယ် သာမှန်စက်ရုံတွေကိုတောင်မှ မြို့တွင်းဧရိယာတွေမှာလည်ပက်ခွင့် မရှိတော့တယ့် အချိန်မျိုးမှာ စစ်အစိုးရလက်ထက်ကတည်း လက်သင့်ရာ စားတော်ခေါ်ပုံစံမျိုးနဲ့ဆောက်လုပ်ခွင့်ပေးခဲ့တယ့် ဒီစက်ရုံကို ပြည်သူ့အစိုရလို့ကြွေးကျော် ထားတယ့်အစိုရအနေနဲ့ မြို့နဲ့အလှမ်းဝေးတယ့် နေရာမျိုးမှာဆောက်ပြီး အဲဒီရဲ့ ဘေးထွက်ဆိုးကျိုးများကိုပါ ကုမ္ပဏီအနေဖြင့် တာဝန်ယူပေးပါက ပိုမိုသင့်တော်လိမ့်မယ်လို့ တောင်းဆိုချင်ပါတယ်။
အေးရိပ်ငြိမ်သား၊ ကော့သောင်းမြို့နယ်
မြန်မာပြည်မာ ကျွှန်တော်တို့မသိဘဲ သုံးစွဲနေတဲ့အဆိပ်တွေအများကြီးပါ။ကျောက်မီးသွေအဆိပ်ထက် အပုံအများကြီးသာတဲ့အဆိပ်တွေပါ။အစားအသောက်။အနေအထိုင်။ဥပမာအိမ်သာ။သတ်မှတ်စည်းကမ်းချက်မညီဘဲဖြစ်သလိုဆောက်ထားတာ။အထူးသဖြင့်အေးရိပ်ငြိမ်ရပ်ကွက်။အဲဒါကျောက်မီးသွေးအဆိပ်ထက်ပိုဆိုးပါတယ်။ကျောကိမီးသွေးမီးစက်ထုတ်လုပ်ပီးထိုင်းကိုရောင်းရင်တော့ ကျွန်တော်လည်းကန့်ကွက်မှာပါ။အခုက ကော့သောင်းမြို့သုံးမှာဆိုလို့ ထောက်ခံတာပါ။ယခုမီးတော့လာပါတယ်။လျှပ်စစ်မီးမငြိမ်လို့ ပျက်စီးဆုံးရှုံးတာတနှစ်တနှစ်မနည်းပါ။မီမှန်ဘီးမီးကောင်းရင်တော့လူနေမှူပုံစံတိုးတက်ကောင်းမွန်လာမာမလွဲဘဲ။
ကျွန်တော်က တော့ကြီးကြီးကျယ်ကျယ် နိုင်ငံတော်အတွက်မပြောချင်ဘူး အနီးဆုံး ငါ့ပတ်ကျင်ကောင်းအောင်။ငါ့ရပ်ကွက်ပြီးတော့။ငါမြို့ နယ် ဒီလောက်ဆိုတော်ပါပီ။အရင်မဆလ။အစိုးရ၀န်ထုပ်များဟာ နိုင်ငံတော်အတွက်ပြောပြောဘီး အလကားလူတွေ။ပါစပ်ကဘုရားရားပြောနေကြဘီးစါးဝါးနေကြတာ။စီးပွါးရေးသမားတွေအားလုံးကိုမကောင်းမြင်လို့မရပါဘူး။စီပွါးရေးသမားတွေ မသမာမှူလုပ်လို့ရအောင်ဝန်ထုပ်တွေက ကာဗာပေးလို့ပါ။ကော့သောင်းရေသောက်ပီး ကော့သောင်းကိုကျေးဇူးကန်းနေလို့ပါ။ခေတ်အဆက်ဆက် ကော့သောင်းမြို့မီးကောင်းအောင်ဘယ်သူမှ ခေါင်းမခံကြလို့ပါ။ပိုက်ဆံသိန်းထောင်ချီ ယူသွားပီး မြို့အတွက်ဘာမမလုပ်သွားဘူး။နောက်ဆုံးကုန်ကုန်ပြောမယ်။ဘုရားရန်ပုံငွေတောင်ယူသွားသေးတာ။ ကျောက်မီးသွေးမီးစက်ကုမ်ပဏီကိုစည်းမျည်စည်းကမ်းနဲ့ လုပ်ခိုင်းသင့်ပါတယ်။ကျောက်မီးသွေးမီးခိုးအဆိပ်ထက် ရပ်ကွက်ထဲက အိမ်သာဆိုးကျိုးက ပိုများမယ်ထင်တယ်။အိမ်သာစည်းကမ်းမရှိဆောက်ထားတာပိုဆိုးပါတယ်။သူများဆီမှာအဆိပ်ဖြစ်တယ်ဆိုတာ မီဂါဝပ်အများကြီးထုတ်တဲ့စက်ရုံတွေပါ။ပီးရေချိုမြစ်တွေနဘေးမှာပါ။အခုလဲစက်ရုံထွက်ရေတွေ စည်းကမ်းမဲ့ မြစ်ချောင်းထဲမစွန့်လွတ်ဖို့ တောင်းဆိုရမှာပါ။မျက်စိမိတ်ပီး စွတ်မအော်ပါနဲ့။
ကော့သောင်းသားတွေ ပြောတာကို လက်ခံပါတယ်။ သူတို့အနေနဲ့မီးရဖို့က အရေးကြိးပါတယ်။ ပတ်ဝန်းကျင်ဆိုးကျိုး ဖြစ်တာကိုတော့ အစိုးရနဲ့ company က သူတွေပေါင်းပြီး သေချာတာဝန်ယူသင့်ပါတယ်။ ကမ္ဘာမှာလဲ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တာဟာ ၄၄% လောက်ကို ရှိပါတယ်။ နိုင်ငံတကာနဲ့ မယှဉ်နိုင်သေးပေမယ့်  အတတ်နိုင်ဆုံးတော့ အန္တရယ်ကင်းအောင် လုပ်ရပါမယ်
ဈေး(၃)ဆလောက်ကွာနေတာ ..... ဘာဖြစ်လဲ သုံးရမှာပေါ့...
ဒီမိုကရက်ကကောင်တွေက ဘာလုပ်ပေးနိုင်လို့လဲ။
ကိုယ်တိုင်လဲ ဘာမှ လုပ်မပေးနိုင်ပဲနဲ့......
လျှောက်ပြောနေတယ်.... လူစိတ်ဝင်စားအောင်....
အလကားကောင်တွေ....
လက်ရှိအနေအထားအရ လုပ်ခွင့်ရသွားဖို့လိုပါတယ် (PTC)မီးစက်ကအနိုင်ကျင့်သာမခံနိုင်တော့ဘူး သေမလားနေမလားဆိုသလိုပေါ့မသေချာတဲ့အရာတစ်ခုကိုကိုယ်လဲနားမလည်ပဲကန့်ကွက်နေတာထက်စာရင်အသက်ရှင်နေသေးတဲ့အချိန်မှာ အဆင်ပြေအသက်ရှူချောင်ချောင်လေးဘ၀ရပ်တည်ခွှင့်လေးရနိုင်တာမို့လို့၊မီးခသက်သာရင်ကိုယ်ပိုင်ရေခဲချောင်းစက်ရုံလေးတစ်ရုံကိုကိုယ့်အရင်းအနှီးနဲ့ကိုယ် လူတိုင်းလုပ်နိုင်မယ်ခေတ်မှီလုပ်ငန်းတွေကိုလုပ်လာနိုင်မယ် ဒီလိုကောင်းကျိုးတွေလဲထည့်တွက်ကြပါအုံး ကန့်ကွက်နေရုံနဲ့မပြီးသေးဘူး ကန့်ကွက်တဲ့နေရာမှာဒီလိုဈေးသက်သာအောင်ဘာကိုအစားထိုးမလဲဆိုတာပါရှာပြီးကန့်ကွက်ကြပါအုံး တော်ကြာမြွေဖာလဲရှုံး သားလဲဆုံးဖြစ်နေမယ်..
Post a Comment