တာဝန်မဲ့သူနှင့် တာဝန်သိသူ

ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေစဉ်
၂၅.၃.၂၀၁၂ ရက်၊ တနင်္ဂနွေ နေ့ က၊ ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်း အနီးတွင် အသက်(၈)နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင်ပြန်လည်စွန့် ပစ်ထားစဉ် ဥပေက္ခာမပြုနိုင်သော လမ်းသွား လမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့်တာဝန်မှာ ပြည်သူ့ ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ့ ဝင်များတွင်တာဝန်ရှိပါလျှက်၎င်းတို့ ၏ တာဝန်မသိမှု ကြောင့် ကယ်သူမဲ့နေသောကလေးငယ်မှာ လမ်းသွားလမ်းလာများ၏ ကြင်နာမှုကြောင့်သာမဟုတ်ပါလျှင် အခြေအနေဆိုးနှင့် ရင်ဆိုင်ရရန်သာရှိပါသည်။
သို့ ဖြစ်ပါသောကြာင့် တာဝန်ရှိသူက တာဝန်မဲ့ပြီး၊ တာဝန်မရှိသူက တာဝန်သိနေရသော ရဲ တပ်ဖွဲ့ ဝင်အချို့ ၏ ဆိုးရွား ယုတ်မာသော စိတ်ထားအား အများပြည်သူ သိရှိနိုင်ရေးအတွက် အသိပေးဖေါ်ပြ လိုက်ရပါသည်။

မျက်မြင်တွေရှိခဲ့ရသူ ပြည်သူတဦးရေးသားပေးပို့ ထားတာဖြစ်ပါတယ်။

Myanmar News Now
တာဝန်မဲ့သူနှင့် တာဝန်သိသူ တာဝန်မဲ့သူနှင့် တာဝန်သိသူ Reviewed by သစ်ထူးလွင် on 14:53 Rating: 5

28 comments:

ဇော်ကြီး said...

လူမဆန်တဲ့ကောင်တွေ

nanda said...

ဒါလားကွ ကူညီပါရစေဆိုတဲ့ ရဲတပ်ဖွဲ့။အားကိုးရလောက်ပါပေတယ်။
ပြည်သူ့ ရဲမဟုတ် ပြည်သူ့ သရဲ...

thant said...

သူတောင်းစား....ဗဟန်းရဲစခန်းကကောင်တွေ

Naing Lin said...

ပြောလိုက်ချင်ဘူး...လစာကျတော့ မစားလောက်လို့တဲ့ အလုပ်ကျတော့
လက်ကြောတင်းအောင်မလုပ်ပဲနဲ့...တော်တော်မကောင်းတဲ့ကောင်တွေ
ဒီကောင်တွေမြန်မြန်သေမှတိုင်းပြည်ကတိုးတတ်မှာ ဒါမှမဟုတ်စိတ်ဓာတ်တွေ
ပြောင်းပစ်မှ ကိုက်မှာ လုပ်ပါအုံး...သမ္မတကြီးရယ်

Chit Tha Mie said...

အိုး အံ့သြစရာဘဲ။ ကူညီပါရစေဆို၊ အပြောနဲ့အလုပ်တခြားစီဘဲ

WinMyint said...

Mr.president,pls take action those kind of issues happened under ur government.

Ko Htet said...

ကိုသိန်း ပဲပြောပြော နေတာလေ။
ဘာတဲ့ Clean Government ဆို ပြည်သူ့လစာ ယူပြီး ဆောက်သုံးမကျတဲ့ကောင်တွေ။
အေး မလုပ်နိုင်ရင် ဆောက်ပေါက် မဟနဲ့။

Shwe Mg said...

မြန်မာနိုင်ငံမှာ အဲ့အဖွဲ့အစည်း မရှိလည်း ဖြစ်တယ် ဘာမှသုံးလို့မရတဲ့ဟာကို...ဂွင်တစ်ခုတည်းလိုက်ချောင်းနေတဲ့ မြန်မာနိုင်ငံရဲ့စိတ်ဓာတ်အယိုယွင်းဆုံး...အစိုးရ၀န်ထမ်းက ရဲပဲ...သူတို့အတွက်စားပေါက်ပဲ လိုက်ချောင်းနေတယ်...ဒီကောင်တွေမရှိတာမှကောင်းသေးတယ်..ဒီကောင်တွေကအမှုမရှိရင်...အမှုလိုက်ရှာ...ဆေးခြောက်ရောင်းတဲ့လူက မရောင်းတော့ပါဘူးပြောတာကို...ရဲကအရင်းနှီးထုတ်ပေးပြီး...ပြန်ရောင်းခိုင်းတယ်တဲ့...ဒီလိုကောင်တွေ ဒီမိုကရေစီ စနစ်မှာ မရှိသင့်တော့ဘူး...အောက်တန်းကျတဲ့စိတ်ဓာတ်တွေနဲ့...ပြည်သူကဘယ်လိုယုံစားမလဲ...

မြန်မာ့မြေ said...

ကူညီပါရစေ ဆောင်ပုဒ် ကို သက်သေပြလိုက်သလား
ပြည်သူကျွေးနေတဲ့ ထမင်းကို စားပြီး ပြည်သူကို ခွေးလိုပြန်ကိုက်လိုက်တာပေါ့
ခွေးတောင် ထမင်းကျွေးတဲ့သခင်ကို မှတ်မိတယ်
ဒင်းတို့က မမှတ်မိတော့ ၄င်း အကောင်ထက်ကို ဥာဏ်မိရှိတာနေမယ်
မင်းကို ကလေးကို မင်းတို့ဘယ်လိုနေမလဲ
ကိုယ်ချင်းစာစမ်းပါ

meerket said...

မြင်ရတာ ကြားရတာ ဖတ်ရတာ ရင်ထဲမှာ တော်တော့်ကို မကောင်းဘူး ကိုယ့်သွေးသားလေး သာ ဆိုရင် ဘယ်လိုများ နေမှာပါလိမ့်
သြော် ရက်စက်ကြပါပေ့

Sunmoon said...

Police should be trained specially to understand the police job.
Not via ex-military guys who dose not understand police job and use to be uncivilized manner.

ပြည်ချစ်သား said...

ဒါလားကွ ကူညီပါရစေဆို
တဲ့...ရဲတပ်ဖွဲ့။အားကိုးရလောက်ပါပေတယ်နော်...

Aung Soe Oo said...

သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာဟိုးရှင်ဘုရင်လယ်ထက်ကတည်းကရဲဆိုတဲ့ကောင်တွေမရှိပါဘူး တိုင်းပြည်ကိုကာကွယ်ဖို့ဖွဲ့စည်းထားတဲ့တပ်မတော်ဆိုတာဘဲရှိပါတယ်(ယခုခောတ်တိုင်းပြည်ကိုကျွန်ဇာတ်သွင်းနေတဲ့စစ်အစိုးရမဟုတ်ပါ)နယ်ချဲ့လက်ထက်မှာပြည်သူကိုညင်းပန်းနှိပ်စက်ဖို့ဖွဲ့စည်းထားတဲ့ POLICE= ပုလိပ်ကနေဆင်းသက်လာတာဆိုတော့ စိတ်ဓာတ်တွေကအစ အကျင့်စရိုက်တွေဘယ်လာပြီးကောင်းတော့မှာလဲမိဘပြည်သူများခင်ဗျား မြန်မာစကားပုံတခုရှိတယ်လေ ဘာတဲ့ မျိုးစေ့မနှန်ပင်မသန် တဲ့......ဘယ်လိုပ်ပြီးလူ့အသိတရားရှိမှာလဲဗျာ...ပြည်သူတွေရဲ့အိတ်ထဲကပိုက်ဆံကိုဘယ်လိုတောင်းစားဖို့ဘဲစိတ်ဝင်စားနေတဲ့အောက်တန်းစားတွေဘဲဖြစ်မှာပေါ့ဗျာ..

Anonymous said...

မိုက်၇ိုင်းလိုက်တဲ့၇ဲဟာ သူ့ကလေးဆို ဘယ်လိုနေမလဲ သားသမီးချင်းကိုယ်ချင်းမစာ

Weik Zar said...

ပြည်သူဝန်ထမ်းတွေ ဖြစ်ပြီးတော့
တာဝန်သိတတ်မှု့တွေ၊အကြင်နာတရားတွေ
ခေါင်းပါးလှချည်လားဗျာ။အော် သူတို့အကုန်လုံး
ဖျက်ဆီးလိုက်ကြပြီလားဗျာ။

ပုဂံစစ်သည် said...

ကူညီပါရစေ ဆိုတဲ့ဆောင်ပုဒ်က ဘာကိုပြောတာလဲ၊ ပိုက်ဆံရှိတဲ့သူကိုပြောတာလား၊ အာဏာရှိတဲ့သူကိုပြောတာလား၊ ဆောင်ပုဒ်ကသိပ်မရှင်းဘူးဖြစ်နေတယ်။

sean said...

ရက်စက်သော ဘောလီဘော ရဲ များလား...

ကျော်ထိုက် said...

ဒါဟာ မြန်မာပြည် ကော ဟုတ်ရဲ့လား......ဒီမြင်ကွင်း မျိုး ဘယ်တုံးကမှ မမြင်ခဲ့ဖူးဘူး...........သူတောင်းစား တွေ လက်ထက်မှ မြင်ရတော့တယ်..တောက်

တောင်သာသား said...

ဟာကွာ.....

Lawyer said...

မန္တလေး လမ်း(၃၀)မှာ "ရဲမေတ္တာ"ဆေးခန်းဆိုပြီး အရင်တုန်းကဖွင့်သေးတယ် စဉ်းစားကြည့်ဗျာ ရဲပါဆို မေတ္တာရှိပါ့မလား?

တောသားကြီး said...

ကိုလိုနီစနစ်ကရခဲ့ ကျွန်စိတ်ဓာက်နဲ့ ပလိပ်ဆိုတာ ဒါဘဲဖြစ်မယ်။ သူတို့အရာရှိကိုတောင် ရဲမင်းကြီးတဲ့။ ပြီးတော့ သူများ မသထာရေစာ စားနေရတယ်။

175ivan said...

ငါတို့မြန်မာပြည်မှာ လူတစ်ယောက်အသက်က ဒီလောက်တောင်တန်ဖိုးမဲ့နေပီလားကွာ။ မြင်နေကြားနေရတာ စိတ်ထဲမကောင်းလိုက်တာ ။ဒါအဖြေမရှိတဲ့ ပြဿနာမဟုတ်ဘူး။ဝိုင်းစဉ်းစားကြစို့ .......

aung aung said...

'ရဲ' ဆိုတာကို ကျနော် နဲနဲလေး ပြောပြချင်ပါတယ်ခင်ဗျာ
ရကောက်နဲ့နောက်တိုးပစ် တို့ပေါင်းစပ်မှ ရဲ ဆိုတာ ဖြစ်လာရတာပါ
အဲဒါလေးကို ထပ်ပြီး သရုပ် ခွဲပြချင်ပါတယ်
ရကောက် ဆိုတာက ရသလောက်ကောက်တာကို ဆိုလိုပြီး
အဲဒီ ရသလောက်ကောက်ပြီးလို့ မတင်းတိမ်သေးပါဘူး
အဲဒါကြောင့် နောက်တိုးပြီးပစ်လိုက်ပါသေးတယ်ခင်ဗျာ
အဲဒါကြောင့် ရသလောက်ကောက်ပြီး နောက်ပစ်လိုက်တာကို ရဲ လို့ ခေါ်ပါတယ်ခင်ဗျာ .......
သဘောကျရင် လက်ခုပ်သံလေး ကြားပါရစေနော် ....
ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း ......

Anonymous said...

လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်နဲ့ဘဲသက်ဆိုင်ပါတယ်. အဖွဲ့စည်းတစ်ခုလုံးနဲ့ မသက်ဆိုင်ပါ။နေရာတိုင်း အဖွဲ့စည်းတိုင်းမှာ ကောင်းတဲ့သူတွေရှိသလို ဆိုး
တဲ့သူတွေလည်း ရှိနိုင်ပါတယ်။

tin said...

100% right, I live in Bahan .

khayae min said...

may I know how to help that Kid.

lwannaymie said...

သူတို့(ကူညီပါရစေ)ဆိုတာ...(တစ်လုံး၊နှစ်လုံး၊သုံးလုံး)ဖမ်းဖို့အရေး...ပိုက်ဆံရတယ်လေ။
ဒါမျိုးပိုက်ဆံမရတဲ့ဟာ...စိတ်မဝင်စားဘူး။
(မှတ်ချက်-ကောင်းသောရဲများမပါ)။

su said...

ကောင်းတဲ့ ရဲ ရှိသေးလို့လား။ တို့တော့ တွေ့ဘူးဖူး။ ပိုက်ဆံရ ပိုက်ဆံယူ၊ လူရ လူကိုတောင် နှမချင်းမစာမနာ ယူနေတဲ့ ရဲ တွေပဲ တေ့ဘူးတယ်။

Powered by Blogger.