တိုင်းပြည်၏ အပြောင်းအလဲ တိုးတက်မှုအရာအားလုံး အတွက် ပြည်သူတစ်ဦးချင်းစီ၏ မဲတစ်မဲက အရေးကြီးကြောင်း ရွေးကောက်ပွဲ ပညာပေးခရီးတွင် လိုက်ပါမည့် ချစ်သုဝေက ပြောသည်။ စတိတ်ရှိုးတွေဆက်တိုက် သီဆိုဖို့ရှိတဲ့ ၄င်းအနေဖြင့်မတ်လ ၁၁ ရက်တွင် မြို့လေးမြို့ကို ပညာပေး အနေနဲ့သွားမှာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်လည်းပါဝင်သလို ပြဇာတ်ပါ ကမည်ဖြစ်ကြောင်း သိရသည်။ ”အစ်မတို့ မြန်မာနိုင်ငံမှာနေတဲ့ လူတွေအားလုံးက မြို့နေလူတန်း စားထက် ကျေးရွာမှာနေတဲ့လူက များတယ်။ မြို့မှာနေတဲ့ အစ်မတို့တောင် သိပ်မသိကြဘူး။ တကယ့်ရွေးကောက်ပွဲရဲ့ အနှစ်သာရကို မသိကြတာ များတယ်။ ဗဟုသုတမှာ တအား အားနည်းကြတယ်။ အဲဒီအတွက် ပညာပေးဖို့လိုအပ်တယ်။ ပြည်သူတွေအတွက် အရေးကြီးတဲ့နေ့၊ ပြည်သူတွေနိုင်တဲ့နေ့၊ ကိုယ်ဘယ်သူ့ကို ထောက်ခံချင်ချင်၊ ကိုယ့်ဆန္ဒအမှန်တွေကို ထောက်ခံတာပဲဖြစ်သင့်တယ်”ဟု ၄င်းက ပြောသည်။ ၄င်းအနေဖြင့် ပညာပေး အစီအစဉ်ဆိုပါက ကျန်းမာရေးနှင့် သက်ဆိုင်ပါကလည်း သွားမည်ဖြစ်ပြီး နိုင်ငံမှာ ပညာတတ်မှ၊ အသိ တရားရှိမှဦးဆောင်နိုင်မှာဖြစ်ကြောင်း၊ ယခု ဦးဆောင်နိုင်သည့် ဖွံ့ဖြိုးပြီး နိုင်ငံများအားလုံးမှာ ပညာနှင့်ဦးဆောင်ပြီး နှစ်အနည်းငယ်အတွင်း တိုးတက် သွားကြခြင်းဖြစ်သည့် အတွက် ကိုယ့်နိုင်ငံက မသိသေးသော လူများကို ကိုယ်တတ်သလောက် ပညာတွေဖြန့်ဝေရန် လိုအပ် ကြောင်း ၄င်းကဆိုသည်။ အဆိုပါ အနုပညာရှင် များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မသွားရေက်နိုင်သော ဒေသများသို့ ရွေးကောက်ပွဲ ပညာပေးဖျော် ဖြေရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်တွင် ပြင်ဦးလွင်၊ ၁၂ ရက်တွင် စစ်ကိုင်း၊ ၁၃ ရက်တွင် ပုလဲနှင့် ၁၄ ရက်နေ့တွင် ပခုက္ကူ မြို့များတွင် ဖျော်ဖြေမည်ဟု သိရသည်။
ခိုင်ဝေလွင် (ပေါ်ပြူလာ)
ခိုင်ဝေလွင် (ပေါ်ပြူလာ)
တိုင်းပြည် ပြောင်းလဲတိုးတက်ရေး အတွက် မဲတစ်ပြားအရေးကြီးကြောင်း ချစ်သုဝေ ပညာပေးမည်
Reviewed by သစ်ထူးလွင်
on
13:42
Rating:

7 comments:
Dear Little and Cute Girl,
We are very appreciated and very proud of you that you are going to participate to educate and to give knowledge how very important to vote this bi-election.
We wish, you will be more successful in your career.
Best wishes,
”အစ်မတို့ မြန်မာနိုင်ငံမှာနေတဲ့ လူတွေအားလုံးက မြို့နေလူတန်း စားထက် ကျေးရွာမှာနေတဲ့လူက များတယ်။ မြို့မှာနေတဲ့ အစ်မတို့တောင် သိပ်မသိကြဘူး။ တကယ့်ရွေးကောက်ပွဲရဲ့ အနှစ်သာရကို မသိကြတာ များတယ်။ ဗဟုသုတမှာ တအား အားနည်းကြတယ်။ အဲဒီအတွက် ပညာပေးဖို့လိုအပ်တယ်။ ပြည်သူတွေအတွက် အရေးကြီးတဲ့နေ့၊ ပြည်သူတွေနိုင်တဲ့နေ့၊ ကိုယ်ဘယ်သူ့ကို ထောက်ခံချင်ချင်၊ ကိုယ့်ဆန္ဒအမှန်တွေကို ထောက်ခံတာပဲဖြစ်သင့်တယ်”ဟု ပြောတဲ့ ချစ်သုဝေရေ... နယ်တွေကိုရောက်ရင်လဲ နယ်မြေလူထုကို နောက်တစ်ခုထပ်ပြီးပြောပြပေးပါအုံး... အခုမတ်လ ၁၄ ရက်မှာ မြန်မာပိုင်ကျွန်းကို ကုလားတွေကို ပေးလိုက်ရပီလို့လေ... အဲဒါတွေကိုလဲ အော်ဖားမီဒီယာတွေက မသိလိုက်ဘူးတဲ့ဗျာ... မြစ်ကြီးနား မြစ်ဆုံကိစ္စတုံးက ပြောလိုက်ကြတာ ရေးလိုက်တာ ဘာတဲ့ ပြည်သူ့အသံတဲ့... အခုကျတော့ ဘာအသံမှကို မကြားရသေးဘူး... တကယ် ရင်နာစရာကောင်းတယ်.. ပြည်တွင်းပြည်ပ မြန်မာမီဒီယာတွေ...
oh she is lil girl,,, a Doc,,,:)
she is not only cute but,,, brave,,
i love her alot,,,,
myochit..ကုလတရားရုံးကဆုံးဖြတ်တာလေ၊မကျေနပ်ရင်ချပေါ့ကွ၊မင်းကောင်တွေကပြည်သူကိုပဲဗိုလ်ကျရဲ၊သတ်ရဲတာပါ။ကြေးမုံတို့မြန်မာ့အမှောင်တို့မှာအရင်ထည့်ခိုင်းလေ။
တကယ်လို့များ စစ်တပ်ပြန်အုပ်ချုပ်ရင် ဒီလိုပြောရဲတဲ့ သတ္တိရှိမယ်ဆိုရင်တော့ လေးစားမယ်ဗျာ။ အခုတော့ အနုပညာသမားတွေထဲကဆို ထောင်ကျခံပြီး နိင်ငံ့အတွက်လုပ်နေတဲ့ ကိုဇာဂနာကိုပဲ လေးစားတယ်။
a ဆိုတဲ့ အကောင်ရေ.. ၁၆-၃-၂၀၁၂ ရက်နေ့ထုတ် သတင်းစာတွေ ကို ရှာဖတ်ကြည့်လိုက်အုံးဟ.. ပြီးမှ ဝေဖန်တော့..
ပုဂံစစ်သည်..အခုစစ်တပ်အုပ်ချုပ်နေတာပဲလေသိန်းစိန်တောင်ဘာလုပ်ရဲလို့လဲတိုင်းရင်းသားဒေတတွေကိုသွားကြည့်၊ဖွဲ့စည်းပုံအခြေခံကိုလေ့လာ၊ကြိုက်တဲ့အချိန်အာဏာကိုပြန်ယူနိုင်တယ်တဲ့။ဘာမှမလုပ်တဲ့ကောင်ကလုပ်နေတဲ့သူတွေကိုအာမချောင်နဲ့၊လုပ်တဲ့သူတစ်ယောက်တိုးလာလဲပြည်သူအတွက်အားပဲ။
Post a Comment