ပုဂ္ဂလိက ကြိုးဖုန်း ပြည်ပခေါ်နှုန်းထား လျှော့ ချ

ကြိုးဖုန်းများ ပြည်ပ ဖုန်းခေါ်ခနှုန်းထားကို စတင် လျှော့ချပေးလိုက် ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
''မတ်လ၁ရက်နေ့ကစပြီး လျှော့ချ ပေးလိုက်တာပါ။ လျှော့ချ ပေးတဲ့ အပိုင်းမှာ ခေါ်ဆိုတဲ့ နိုင်ငံ အလိုက် နှုန်းထားတွေ ချထားပေး ပါတယ်။ ဘယ်နိုင်ငံ ဖုန်းခေါ်ခေါ် အရင်နှုန်းထား ထက် လျှော့ချ ထား ပါတယ်''ဟု ၄င်းက ပြောသည်။
ယင်းသို့ ပြည်ပ ဖုန်းခေါ်ခများ လျှော့ချပေးရာတွင် ပုဂ္ဂလိက ဖုန်း ခေါ်ဆိုနှုန်းထား သာ လျှော့ချပေးခဲ့ ပြီး အစိုးရ ဌာနများမှ ဖုန်းခေါ်ဆိုခ နှုန်းထားများကို လျှော့ချခဲ့ခြင်း မရှိ ဘဲ ယခင် ကောက်ခံသည့် နှုန်းထား ထက်ပင် တိုးမြှင့်လိုက်သည်ဟု ၄င်း ကပြောသည်။ အာဆီယံနိုင်ငံ များသို့ ခေါ်ဆိုခ နှုန်းထားမှာ ယခင် တစ်မိနစ် လျှင် ၁ ဒသမ ၄ ဒေါ်လာအား ယခု ၁ ဒသမ ၂ ဒေါ်လာ သို့လည်း ကောင်း၊ နောက်တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၁၈ ဒေါ်လာ အား ယခု ဝ ဒသမ ၁၂ ဒေါ်လာသို့ လည်းကောင်း၊ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်း ရှိ နိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ ယခင် တစ်မိနစ်လျှင် ၂ ဒသမ ၂၅ ဒေါ်လာ အား ယခု ၁ ဒသမ ၄ ဒေါ်လာ သို့ လည်းကောင်း၊ နောက် တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၁၉ ဒေါ်လာ အား ဝ ဒသမ ၁၄ ဒေါ်လာ သို့ လည်းကောင်း၊ အာရှတိုက် အလယ်ပိုင်း ခေါ်ဆိုခမှာ တစ်မိနစ် ၂ ဒသမ ၉ ဒေါ်လာ အား ၁ ဒသမ ၈ ဒေါ်လာသို့ လည်းကောင်း၊ နောက်တိုး ၆ စက္ကန့်လျှင် ဝ ဒသမ၂၉ ဒေါ်လာမှ ဝ ဒသမ ၁၈ ဒေါ်လာ သို့လည်းကောင်း၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိ က ခေါ်ဆိုခနှုန်းမှာ တစ်မိနစ်လျှင် ၄ ဒသမ ၅ ဒေါ်လာအား ၂ ဒသမ ၄ ဒေါ်လာသို့ လည်းကောင်း၊ နောက် တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၄၅ ဒေါ်လာ အား ဝ ဒသမ ၂၄ ဒေါ်လာ သို့လည်းကောင်း လျှော့ချ ပေးခဲ့ပြီး ဂြိုဟ်တု ဆက်ကြောင်းမှ တစ်ဆင့် ဖုန်းခေါ်ဆို ခ နှုန်းများမှာမူ ယခင် နှုန်းအတိုင်း လျှော့ချခဲ့ခြင်း မရှိ ကြောင်း ဆက်သွယ်ရေးမှ သိရသည်။


ပေါ်ပြူလာဂျာနယ်
ပုဂ္ဂလိက ကြိုးဖုန်း ပြည်ပခေါ်နှုန်းထား လျှော့ ချ ပုဂ္ဂလိက ကြိုးဖုန်း ပြည်ပခေါ်နှုန်းထား လျှော့ ချ Reviewed by သစ်ထူးလွင် on 17:22 Rating: 5

4 comments:

Shwe Mg said...

အခုလိုပြည်သူတွေအတွက် ဈေးနူန်းတွေလျှော့ချပေးတာကိုတော့ ကြိုဆိုပါတယ်ဗျာ...5000ဖုန်း ဆာလောင်နေတဲ့ပြည်သူကို ပျားရည်နဲ့ဝမ်းချတာတော့ မဟုတ်ပါဘူးနော်.......

pyaponthu said...

မလေးရှားမှ -အင်ဒိုနီးရှား သို့ဝ.၁၁ ဒေါ်လာ-ဘင်္ဂလား သို့ဝ.၀၇ဒေါ်လာ-ဖိလစ်ပိုင်သို့ဝ.၂၃ ဒေါ်လာ-ြ မန်မာ သို့ဝ.၄၂ဒေါ်လာ- အိန္ဒိယ သို့
ဝ.၀၆ဒေါ်လာ-ဗီယက်နန် သို့ဝ.၁၀ဒေါ်လာ-ကမ္ဘောဒီးယား သို့ ၀.၁၅ ဒေါ်လာ- ပါကစ္စတန် သို့ဝ.၁၁ဒေါ်လာ-နီပေါ သို့ ၀.၂၀ဒေါ်လာ-တရုတ် သို့ ၀.၀၅ဒေါ်လာ....အဲ့ဒါ ကိုကြည့်ရင် မြန်မာ နိုင်ငံက တခြားနိုင်ငံနဲ့ယှဉ်ရင်တောင် အများဆုံး ဖြစ်နေတာ နိုင်ငံတိုးတက်မှု့နဲ့လဲဆိုင်တယ်။ဒါတောင်မလေးရှားက တိုးတက်ဆဲနိုင်ငံအဆင့်ဘဲရှိသေးတယ်။ဒါကြောင့်မြန်မာ ပြည်အကုန်ပြောင်းလဲသင့်ပြီး။စိတ်ဓာတ်လေးတွေပါပြောင်းလဲသင့်ပြီး။လဒ်ပေး လဒ်ယူ




စစ်မုန်းသူ said...

ဩော် ... အနီးဆုံး အာဆီယံခေါ်တာတောင် တစ်မိနစ်ကို ၁.၄ ကနေ ၁.၂ ဆိုတော့ တော်တော်လေးဈေးကြသွားတာဘဲ ။ ပြားနှစ်ဆယ်ကြီးများတောင် ။ သူများနိုင်ငံ ( ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒယ ကနိုင်ငံချားထွက် အလုပ်လုပ်သူတွေ ) ကကောင်တွေ ပြည်ပမှာ ဈေးပေါပေါနဲ့ ကိုယ်နိုင်ငံကမိသားစုတွေကို စိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာ စိတ်အေးလက်အေး မိနစ်တွေအများကြီးပြောနိုင်တာကိုကြတော့ မလေ့လာဘဲ ကိုယ့်စီးပွားရေးနဲ့ကိုယ် တွက်ခြေကိုက်နေသော ဆက်သွယ်ရေးအား ဟိုလိုပြောရရင် " ဘော " ပဲ ။ ပြည်ပခေါ်ဆိုကဒ် စကာင်္ပူဒေါ်လာ ၈.၅၀ ဖြင့် မိနစ်တစ်ထောင်အတွက် အိန္ဒယ ၊ ဘင်္ဂလားဒေ့ရှ် ။ မြန်မာပြည် ၂၃ မိနစ် အတွက် စကာင်္ပူဒေါ်လာ ၈.၅၀ ။ အဲဒီလိုဘာကြောင့်ကွာဟရသလဲလို့ မလေ့လာဘဲေ-ာက်တလွဲတွေလုပ်နေသော ဆက်သွယ်ရေးအား အထက်ပါအတိုင်းပါဘဲ ။

ချစ်ဖူး said...

ဆက်သွယ်ရေးက သိပ်တော့ မဟုတ်သေးဘူး။ ကို ဆိုဘာပြောတာ မှန်တယ်။

Powered by Blogger.