လုပ်အားခ တိုးမြှင့်ရရှိရေး ဆန္ဒပြဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်ရီဖိနပ်စက်ရုံ အလုပ် သမားတွေရဲ့ ကြိုးပမ်းမှုကို အုပ်ချုပ်ရေး အာဏာပိုင်တွေက တားမြစ်မှုအပြီး ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဒဏ်ရာအနည်းငယ် ရသွားပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ကိုယ်တိုင်သွားကြည့်သူ တဦးကို နေ့လည် ၁၂ နာရီမှာ ဆက်သွယ် မေးမြန်းထားပါတယ်။
အခု တိုင်ရီစက်ရုံရှေ့မှာပေါ့။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောပြပါဦး။
“အလုပ်သမားတွေ တောင်းဆိုတဲ့အချက် မပြေလည်တဲ့အတွက် ဆက်ပြီး ဆန္ဒပြဖို့ လုပ်တာကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူးက လာတားတယ်။ လမ်းပေါ်မှာ ဆန္ဒပြတာဟာ ဥပဒေအရ တရားမဝင်ဘူး။ တရားမဝင်တဲ့အတွက် ဆန္ဒပြလို့ မရတဲ့အကြောင်းကို လာပြောတယ်။ အလုပ်သမားတွေက မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အရင်က ညှိခဲ့တာမှာ အဆင်မပြေတဲ့ အခံရှိခဲ့တဲ့ အတွက် သူတို့ ညှိတာကို လက်မခံတော့ဘဲ ခဲတွေနဲ့ပေါက်တာတို့၊ တွန်းထုတ်တာတို့ လုပ်လိုက်တယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးဆိုတဲ့ လူရဲ့ဗိုက်မှာ ပွန်းရှဒဏ်ရာ တခု ရသွားတယ်။ ရဲတွေက အလုပ်သမားတွေနဲ့ ကိုက် ၅၀၊ ၁၀၀ လောက်ကို ပြန်ဆုတ်လိုက်တယ်။ ပြီးတော့ အခြေအနေကို ထိန်းဖို့အတွက်ဆိုပြီး လုံထိန်းတွေကို ခေါ်လိုက်တယ်။ ဒါပေမယ့် နောက်ပိုင်း ဘာမှမဖြစ်တော့ဘဲ မြို့နယ်အလုပ်သမားရုံးနဲ့ ညှိတဲ့အဆင့်လုပ်နေတဲ့အတွက် လုံထိန်းတွေက ပြန်ရုပ်သွားတယ်။ ပြဿနာ အကြီးအကျယ် မတတ်တော့လို့ပေါ့။ ဒါက နောက်ဆုံး အခြေအနေပါ။ ၁၁ နာရီ ၁၅ မိနစ်မှာ လုံထိန်းတွေ ပြန်ရုပ်သွားတာပါ။ သူတို့ရောက်လာတာက ၉ နာရီ ဝန်းကျင် ရောက်လာတာ။ ပြဿနာတတ်တာက ၉ နာရီကျော်မှာ ဖြစ်တာပါ။ အလုပ်သမား အင်အားက ၅၀၀ ကျော်လောက်တော့ ရှိမယ်။”
အခု အလုပ်သမားတွေ ဘယ်ရောက်သွားပါလဲ။
“အခုထိ ဆက်ညှိနေတုန်းပဲ။”
တိုင်ရီအလုပ်သမားတွေက သူတို့ရဲ့ လုပ်အားခနစ်နာမှုနဲ့ ပတ်သက်ပြီး ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးလိုက်တဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး မကျေနပ်တာလား။ ဘယ်လိုဖြစ်တာပါလဲ။
“ဟုတ်ပါတယ်။ ဝါဏိဇ္ဇခုံရုံးက ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့လူတွေက ဆက်ဆန္ဒပြတာ။”
လက်ရှိတည်ဆဲ ဥပဒေအရ ဝါဏိဇ္ဇခုံရုံးကို တတ်ပြီးပြီ ဆိုရင် ဆန္ဒပြခွင့် မရှိတော့ဘူးလို့ ကြားသိရတယ်။ ဒီကိစ္စက ဟုတ်ပါသလား။
“ဥပဒေအရတော့ ဟုတ်ပါတယ်။ အလုပ်သမားတွေဘက်က အခွင့်အရေး အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့လုပ်ပိုင်ခွင့်ထဲမှာ ဆန္ဒပြခွင့်ရှိတယ်လေ။ မရမချင်း ကြိုးစားခွင့်ရှိတယ်။”
ဆန္ဒပြအလုပ်သမားတွေက လုန်ငန်းခွင်မဝင်ဘဲ နေကြတော့ ဝင်ငွေ ဘယ်ကရကြပါလဲ။
“ဒါ အခက်အခဲ ရှိနေပါတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့ပြီးပြီ ဆိုပေမယ့်လည်း ဘဏ္ဍာရေးပိုင်းမှာ တောင့်တင်းမှုလည်း ရှိတာမဟုတ်တော့ အခက်အခဲတော့ ရှိတယ်။ အလုပ်သမားတွေထဲမှာ မိသားစုနဲ့ နေထိုင်တဲ့သူတွေ ပါသလို၊ အဆောင်မှာနေတဲ့ လူတွေလည်း ရှိတော့ ဆန္ဒပြတဲ့ ရက်ကလည်း ကြာလာပြီဆိုတော့ နေရေးထိုင်ရေးလည်း အခက်အခဲရှိတာ သေချာပါတယ်။”
ဒီဗွီဘီ

ဆန္ဒပြရန် ပြင်ဆင်သည့် အလုပ်သမားများနှင့် အာဏာပိုင်များ ရုန်းရင်းဆန်ခတ်ဖြစ်
Reviewed by သစ်ထူးလွင်
on
17:16
Rating:
3 comments:
ပြတ်ပြတ်သားသားရှင်းပါဗျာ..
အခုဟာကမပြတ်မသားနဲ့ .အလုပ်သမားများကိုမှီခိုနေရတဲ့ကလေးတွေ
ဒုက္ခပဲ..အင်း..ဒုက္ခ..ဒုက္ခ.. အလုပ်သမားကိုကိုတို့ .အကြမ်းတော့မဖက်
ကြပါနဲ့ ဗျာ.. အာဏာပိုင်တွေလည်းအကြမ်းမဖက်ပါနဲ့ ..
အဲပုလိမ်များ အကြမ်းမဖက်နဲ့ ဆိုလို့ ဖမ်းပြီး.ကိုယ်ကိုယ်သတ်သေချင်အောင်
တော့..မလုပ်နဲ့ နော့.၀ဉ်လိုက်တတ်တယ်..
ဒါကတော့ ပညာပေးတာပါဘဲ၊ စားစရာမရှိရင် ကြာကြာတောင့်မခံနိုင်ဘူးဆိုတာ သူတို့သိတယ်လေ ဒါကြောင့် ကြာသထက်ကြာအောင် ပြီး ငတ်သထက်ငတ်အောင် လုပ်နေတာပါ။ ဒီစနစ်ဘဲ ဆက်သွားမယ်ဆိုရင်တော့ အမျိုးကောင်းသားတို့ရေ ဓားသွေးပြီး အားမွေးလိုက်ကြပါစို့..။ သူရဲကောင်း တိုင်ရီအလုပ်သမားတို့ရေ ခြောက်လို့ ကြောက်သွားမှာလား? ဟောက်လို့ နောက်ပြန်သွားမှာလား? ဆက်၍ အားတင်းထားကြပါ...
သက်ဆိုင်ရာတွေ ဘာလုပ်နေကြတာလဲ တော်တော်ကြည့်လို့ 
ကောင်းနေတယ်ထင်တယ် ကိုယ်အိုးစားမကွဲတော့ကြည့်ကောင်း
နေကြတယ်ပေါ့လေ
မြန်မြန်ဖြေရှင်ဖို့ နည်းလမ်းမရှိကြတော့ဘူးလာ
စောင့်ကြည့်နေတယ်နော်------------
Post a Comment