ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခေတ္တအနားယူနေ

အောင်ပင်လယ်ကွင်းမှာ ယခုမြင်ကွင်းပါ (ဓါတ်ပုံ-The Voice)
ဓါတ်ပုံ - Reuters
ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခေတ္တအနားယူနေကာ ဦးဝင်းတင်က ဟောပြောနေကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပင်လယ်ကွင်းစင်မြင့်ထက်တွင
် " ဒီလောက်များတဲ့ပရိသတ်ကို ၁၉၈၈နောက်ပိုင်းတစ်ခါမှ မမြင်ဖူးဘူး။ ရာသီဥတုအေးအေးထဲမှာ မန္တလေးသားတွေက နွေးနွေးထွေးထွေးကြိုဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု မန္တလေးမြို့ခံများကို ယခုပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ၀င်ရောက်ယှဉ်ပြိုင်ရသည့်အကြောင်းအရင်း၊ တရားဥပဒေစိုးမိုးရေးအကြောင်း၊ မန္တလေးသည် နိုင်ငံရေးအတွက် အရေးကြီးသော မြို့ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ကြီးတံခွန်မြို့နယ် သိပ္ပံလမ်းနှင့် ၅၆လမ်းပေါ်တွင် ရောက်ရှိနေပြီး လမ်းနှစ်ဖက်ပြည့်ကျပ်သည်အထိ မန္တလေးမြို့ခံများ၏ လာရောက်ကြိုဆိုကြမှုကြောင့် အောင်ပင်လယ်ကွင်းသို့ မူလစီစဉ်ထားသည့် အချိန်ထက် နောက်ကျပြီးမှသာ လာရောက်နိုင်မည်ဖြစ်ကြောင်း၊ ပွဲစီစဉ်သူများထံမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပင်လယ်ကွင်းတွင် ဟောပြောပြီးပါက မန္တလေးတောင်ခြေရှိ နိုဗိုတယ်ဟိုတယ်တွင် အနားယူမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်ကိုင်းနှင့် တံတားဦးသို့ သွားရောက်မည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်၏မန္တလေးနိုင်ငံရေးစည်းရုံးရေးခရီးစဉ်တွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ လိုက်ပါနေကြကြောင်း သတင်းထောက်က သတင်းပေးပို့သည်။ကျောင်းသားအင်အား ၁၀၀ နီးပါးပါကြောင်း သိရသည်။


 ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ်ကွင်းအတွင်းသို့ ၀င်ရောက်နေစဉ် မိုးများ ရွာသွန်းနေပြီး စတင်ရွာသွန်းစဉ်ထက် မိုးရွာသွန်းမှု လျော့နည်းသွားကြောင်း၊ ယခုကဲ့သို့ ရုတ်တရက်မိုးရွာသွန်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် အောင်ပင်လယ်အတွင်းမှ ဟောပြောပွဲစင်မြင့်ကို ...... လုပ်ထားကြောင်း The Voice Weekly သတင်းထောက်များက သတင်းပေးပို့သည်။ ယခုအခါ အောင်ပင်လယ်ကွင်းအပြည့် မန္တလေးမြို့ခံများ ရောက်ရှိနေသည့်အပြင် ကွင်းအပြင်လမ်းတွင်ပါ လူများလျှံကျနေကြောင်း၊ နောက်ဆုံးရရှိသော သတင်းများအရ ယနေ့မွန်းလွဲ ၁ နာရီခွဲတိတိတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစတင်ပြောကြားနေပြီး တာလပတ်များ မိုးထားပေးကြောင်း၊ ကွင်းအတွင်း ပရိုဂျက်များလည်း ထောင်ထားပေးကြောင်း သတင်းပေးပို့သည်။

 The Voice Weekly
ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခေတ္တအနားယူနေ ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခေတ္တအနားယူနေ Reviewed by သစ်ထူးလွင် on 13:54 Rating: 5

44 comments:

tharzaw said...

အမေစုနေမကောင်းဘူးဆိုလို့ စိတ်ပူတယ်ဗျာ။
မန်းသားတွေကိုလည်း အလေးပြုတယ်ဗျို့။

kk said...

သစ်ထူးလွင်ကို ကျေးဇူး တင်ပါတယ်..

Anonymous said...

အမေ တခုခု မဖြစ်ပါနဲ့။ ကျနော်တို့နိုင်ငံအတွက် အားကိုးစ၇ာ အမေပဲ၇ှိပါတယ်။ အမေ ကျန်းမာပါစေ အမေ)))))))))))))))))))

minmaung said...

we are praying for our people leader to good health.

nomart2006.blogspot.com said...

ကိုသစ်ထူးလွင်ကို ကျေးဇူးအထူးတင်ပါသည်

su said...

ဒီလူအုပ်ကြီးဟာ အာဏာနဲ့ ဆင့်ခေါ်လို့ လာကြတာမဟုတ်ဘူး။ အမေ့ကို ချစ်ခင် ကြည်ညို လေးစားတဲ့ မေတ္တာစိတ်နဲ့ လာကြတာဆိုတာ ကြံ့ဖွံ့တွေ သဘောပေါက်တယ်ဆိုရင် မင်းတို့လုပ်ရပ်တွေ သိပ်ရှက်စရာကောင်းတယ်နော်။ မင်းတို့က လူတွေကို အနိုင်ကျင့်တဲ့ အတတ်လောက်ပဲတတ်တာ၊ မေတ္တာတရားကို နားလည်သူတွေ မဟုတ်ဘူး။ ကွာပါ့ကွာ။

အမြင်သစ် said...

အမေစုကျန်းမာပါစေဗျာ. ပြည်သူတွေ ပို့သတဲ့ မေတ္တာကြောင့်
အသက်လည်းရာကျော်ရှည်ပါစေ။

dingyi said...

အော် အမေစု အမေစု
အမေက ပြည်သူကို ချစ်တယ် ပြည်သူကို အားကိုးလေးစားတယ်
ပြည်သူကလဲ အမေ့ကိုချစ်တယ် အားကိုးလေးစားတယ်
ပြည်သူ့အတွက် အလုပ်တွေ အများကြီးလုပ်ပေးရဦးမှာမို့ အမေ့ကျန်းမာရေးလဲ
ဂရုစိုက်ပေးပါဦးအမေရယ်..

Cells 3 said...

တို့ မန်းတလေးကွ အဝေးရောက်နေလို့ မပါဝင်လိုက်ရဘူး အမေစုကို အဝေးကပဲ လှမ်းကြိုဆိုလိုက်ပါတယ် အမေစု နေကောင်းကျန်းမာပါစေ

mr.high flyer said...

အမေစုကိုယှဉ်ဝံ့သူယှဉ်ကြစမ်း
အမေစုကိုယှဉ်ဝံ့သူယှဉ်ကြစမ်း
အမေစုကိုယှဉ်ဝံ့သူယှဉ်ကြစမ်း
အမေစုကိုယှဉ်ဝံ့သူယှဉ်ကြစမ်း

Myanmar said...

အမေသည် ငါတို့တိုင်းပြည်၇ဲ့ "၇တနာ" ဖြစ်တယ်။
အမေသည် ငါတို့တိုင်းပြည်၇ဲ့ "အာဇာနည်" ဖြစ်တယ်။ ။

lin lin said...

စစ်တပ်က ဒီလိုပြောတယ်။တပ်မတော်သာ အမိ၊တပ်မတော်သာ အဖ၊၊
အမေစုကတော့ ဒီလိုပြောတယ်။ပြည်သူသာအမိ၊ပြည်သူသာအဖ။
ပြည်သူအားလုံးချစ်တဲ့အမေစု ကျန်းမာပါစေ။
အတတ်ကောင်း နိမိတ်ကောင်းဆောင်တဲ့
အောင်ပင်လယ် သတင်းအတွက် သစ်ထူးလွင် ကို
ကျေးဇူးတင်ပါသည်။

Anonymous said...

မန္တလေးသားတွေကိုဒီလိုမြင်ရတာဝမ်းသာမျက်ရည်တောင်ဝဲမိတယ်....

purewhite said...

အမိန့်မပါ
အာဏာမ၇ှိ
ပကတိဖြူစင်
အိုမိခင်
အမေလာရာလမ်း
ပန်းခင်းလမ်းပမာ
ဖြောင့်ဖြူးစေကြောင်း
ဆုမွန်တောင်းပြီး
ဂုဏ်ယူဝင့်ကြွား
စိတ်လှုပ်ရှားစွာ
ကြိုဆိုလျှက်လေ
အိုအမေ

innthar said...

မန်းသားလေးစားသွားပြီး။တကယ်ချစ်တဲ့ပြည်သူတွေပါ။အမေနဲ့အတူခရီးဆက်မယ်

myan pyae thu said...

A may,

Long live A May Su!
Take care your health, too.

gawleee said...

မန္တလေးသား/ မန္တလေးသူ /ဖုန်းကြီး/ အဖိုး/ အဖွား / ဗုစု့ ခရု့ပါမကျန်အကုန်လေးစားတယ်ဗျာ.အင်မတန်ကိုဂုဏ်ယူတယ်..ဒါမှ ဒို့မန္တလေးကွ

phayoung2009@gmail.com said...

အမေ ကျန်းမာရေးကို ဂရုစိုက်ပါ အမေရယ်...
အမေ နေမကောင်းဘူးဆိုတဲ့သတင်းတက်လာတော့ အရမ်းပဲ ၀မ်းနည်း စိတ်မကောင်းဖြစ်ရပါတယ် ...
အဲံ့အချိန်မှာ စိတ်မကောင်းဖြစ်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေက အမေ့အတွက်ရော သမီးတို့ ပြည်သူလူထုအတွက်ရောပေါ့ အမေရယ်... အမေ အားတင်းထားပါ.. မြန်မာပြည်ကြီးကို ပြောင်းလဲအောင် လုပ်ပေးပါအုံး အမေရယ် ... အမေချစ်တဲ့ ပြည်သူအတွက် အမေ့ကို ချစ်တဲ့ပြည်သူတွေအတွက်ပေါ့...

စိုးလွင်ဥိး said...

purewhite ရေလေးစားတယ်ကွာ။
သိပ်ကောင်းတဲ့ စာသားပဲ။
လူထုကတော့ အံ့ ချီးမကုန်ဆိုရမှာပဲ။

saung said...

အမေစု ကျန်းမာပါစေ။

saung said...

အမေစု ကျန်းမာပါစေ။

than htay aung said...

Thanks,Ko Thithtoolwin,
I also from Mandalay&88 Old Student,but I am staying away,Today I got tearful.
I love AMAY SU.

Anonymous said...

ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရှာတယ် ဆိုတာ အဲဒါပဲ . . .

yin win said...

မျက်ရည်ကျပြီးငိုမိတယ်..ဒို့မြန်မာတွေ မညံ့ပါဘူးဗျာ..တကယ်ပါ ...

သံလျင်သား said...

မန္တလေးသား နှင့် မန္တလေးသူ ပြည်သူတွေ အားလုံးကို ဂုဏ်ပြုလိုက်တယ်ဗျာ...
ရေထဲ၊လေထဲ၊မိုးထဲမှာ လူထုလှိုင်းကြီး ထသွားတဲ့ အောင်ပင်လယ်လှိုင်း....
အောင်မြင်မှုတွေဆီ ရိုက်ခတ်နိုင်ပါစေ....

မျှော်ရဇ် said...

'' သံမဏိမြင့်မိုရ် ''
အမေဆိုတာ-အရာရာကို အခါခါလဲခွင့် လွှတ်တယ် ၊
အမေဆိုတာ-သမုဒယဆေးဖေါ် သမားတော်လည်း ဖြစ်နိုင်တယ် ၊
အမေဆိုတာ-သမုဒ္ဒရာကို ပြာကျအောင်လဲမီရှို့နိင်တယ် ၊
အမေဆိုတာ-လောကကျောင်းမှာ ခေါင်းလောင်းထိုးနိင်တဲ့
ကျောင်းအုပ်ကြီးလည်း ဖြစ်နိင်တယ် ။
{ OUR LEADER IN STOUT HEART }
{ SHE IS NECESSARY FOR OUR COUNTRY AND MOTHER LAND }
ကိုသစ်ထူးလွင် ကျေးဇူးတင်ပါတယ် ခင်ဗျာ..။ အမေစု နှင့် မန္တလေးသားတွေ အခုလိုတွေခွင့်ရတာ မျက်ရည်တော်လည်မိပါတယ်ဗျာ။ ကျွှန်တော်တို မြန်မာပြည်ကြည် အခုလို အားလုံးပါဝင်ပြီး ပျော်ရွှင်နိင်ကြပါစေလို အဝေမှနေပြီးဆုတောင်းမေတ္တာပိုသလိုက်ပါသည်။

Anonymous said...

ဟိုလူတွေနဲ့တော့ ကွာပါ့
သြော် မေတ္တာ မေတ္တာ
အားလုံး လေးစားတယ်ဗျိုး

Acmv Org said...

မန်းသားလေးစားတယ်ဗျာ။

Anonymous said...

များလိုက်တဲ့ လူတွေ..သတင်းများကိုတင်ပေးတဲ့ ကိုသစ်ထူးလွင်ကိုလဲအထူးကျေးဇူးတင်၏။အမေစုကျန်းမာေ၇းကိုဂရုစိုက်ကြပါ။ဒီမိုကေ၇စီ..လိုလားသူများအတွက်..အောင်မြင်မှုပန်းတိုင်မဝေးတော့ ပါ....အောင်မြင်ပါစေ..အမေ..ကျန်းမာပါစေအမေ။

zaw said...

မန္တလေးသူ မန္တလေးသားတွေဘယ်လောက်ချစ်ကြလည်းဆိုတာကို
ကြည့်လိုက်ပါတော့

ကျော်ထိုက် said...

purewhite ရေ...ကဗျာလေး က သိပ်ကောင်း တာပဲ...အမေ့ အတွက် စပ်ထားတာ..အမေ သာ ဖတ်မိရင် သိပ် ၀မ်းသာမှာပဲ.နောက် အဲ့လိုပဲ စပ်ပါအုံးနော်..ကျွန်တော် ကူးထားလိုက်ပြီ ဒီ ကဗျာလေးကို .. အမေ စိတ် ဧ။် ချမ်းသာခြင်း...ကိုယ် ဧ။် ကျန်းမာ ခြင်း နှင့် အမြဲ ပြည့်စုံ ပါစေလို့ ဆုတောင်းပါတယ်......

အာကာထက် said...

ရဲဘော်သစ်ထူးလွင်(ဗိုလ်သစ်)အဲဒီလိုအချိန်နဲ့တပြေးညီ ပြည်သူအားလုံးအတွက်လိုရာဆန်ဒကိုဖြည့်ပေးတဲ့အတွက်ကျေးဇူးပါ ဒိထက်မက တိုင်းပြည်အကျိုးကိုထမ်းဆောင်နိုင်ပါစေ မော်လမြိုင်နဲ့ မိတ်ထီလာသတင်းကို
ကြားချင်တယ်၊တင်ပေးနိုင်မယ်ထင်ပါတယ် ခင်မင်စွာဖြင့်
လေးစားလျှက်ပါ

aungthapyayhtun said...

မန္တလေး သား/သူ တွေရဲ့စိတ်ဓါတ်ကိုလေးစားပါတယ် မှန်တဲ့ဘက်ကရဲရဲဝင့်ဝင့် ရပ်တည်ပေးကြတာ တစ်ကယ်ကို အားရဝမ်းသာစရာပါ

သက်မောင် said...

ကိုင်း စစ်ကိုင်းသားတို့ရေ တို့ မန်းသားတွေ ကတော့ တာဝန်ကျေပြီမောင်... မင်းတို့ကတော့ ဘယ်လိုလဲ..... တက္ကသိုလ်အဆင့်လုပ်ပေးတဲ့ သူတွေကြတော့ အော်လံတွေနဲ့ ဆုတောင်းကြိုဆိုပြီး... အမေ့အတွက်တော့ တာဝန်မကျေရင် စစ်ကိုင်းသားရာဇ၀င် စာတင်ခံရလိမ့်မယ်ဗျား.....

မမမေ said...

ဝမ်းသာလွန်းလို.မျက်ရည်များတောင်လည်မိတယ်...

David Henry said...

အမေစုကျန်းမာပါစေ ...
မြန်မာနိုင်ငံတော်ကြီး ကြီးပွားတိုးတက်အောင် ဆောင်ကျဉ်းနိုင်ပါစေ ...

Unknown said...

MAY YOU BE WELL AND HAPPY.
MAY YOU BE FREE FROM DANGERS, ANXIETIES, WORRIES AND SUFFERINGS.

siriusblack said...

ကိုသစ်ထူးလွင်ကို အထူးရှယ်ကျေးဇူးအထူးတင်ပါသည်
purewhite စာသားကအရမ်းလန်းတယ်
မန္တလေးသား/ မန္တလေးသူ /ဖုန်းကြီး/ အဖိုး/ အဖွား / ဗုစု့ ခရု့ပါမကျန်အကုန်လေးစားတယ်ဗျာ.ရာဇ၀င် မှာ စာတင် သွားပြီ
ဒို့မန္တလေးကွ!!!!!!

Kandawlay yelay said...

အမေစု အတွက်အရမ်းကို စိုးရိမ်သွားခဲ့မိပါတယ်၊အရာရာအားလုံးကိုပေါ့(အဖဗိုလ်ချုပ် လိုဖြစ်မှာ အရမ်းစိုးရိမ်မိတယ်ဗျာ)အမေ..အမေဟာ သားတို့ဗမာ တမျိုးသားလုံးအတွက် မရှိမဖြစ် နှိုင်းမဲ့ပါ အမေ။ အမေ ထာဝရကျန်မာပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ အန္တရယ်ကင်းပါစေ၊ ရန်သူမျိုးငါးပါး ကင်းဝေးပါစေ။ မန္တလေးမှာ အမေစုကို ကြိုဆိုတဲ့ ရဲဘော်ရဲဘက်များ အားလုံးကို အထူးလေးစား မိပါတယ်၊ မန္တလေး ပြည်သူလူထုကို နမူနာယူပြီး ကျန်တိုင်းနှင့်ပြည်နယ် အားလုံးမှာ ရှိကြတဲ့ ပြည်သူလူထုအားလုံး သတ္တိရှိရှိ စည်းလုံးညီညွတ်ဘို့ အချိန်တန်ပြီ၊ အခုအချိန်ဟာ ကျွန်တော်တို့ အမေစုနဲ့ တိုင်းပြည်အတွက် အလွန်ကိုအရေးကြီးသော အချိန်ကာလဖြစ်တဲ့ အတွက် အထူး. အထူးမှာချင်တာ ကတော့ အမေစုရဲ့လုံခြုံရေးကို အားလုံးက အထူးသတိပြု ကာကွယ်ပေးကြပါ၊ အမေစု ထာဝရ ကျန်မာပြီးဘေးအန္တရယ်ကင်းပါစေဗျာ..။

မျိုးမြန်မာ said...

ပတ္တမြားငမောက်
တို့မန္တလေး ပြန်ရောက်ပြီ့ 

moeoo said...

People power ah may power.Ah may power people power.Yes that my state people love ah may suu.But i'm so sad because i live farfar away that way.My country people love ah may suu right i say no the world people love ah may suu yes.take care your health ah may.Thank so must THL.

iban said...

အံ့သြဖို့ကောင်းလိုက်တာဗျာ.. ဘယ်လိုအာဏာမျိုးနဲမှ ဖိအားပေးဆင့်ခေါ်ထားတာ မဟုတ်တဲ့ လူထုကြီး.. မန္တလေးသူ.. မန္တလေးသားတွေ..လေးစားတယ်.. တကယ်ကို လေးစားတယ်..
အကန့်အသပ် အချုပ်အချယ်တွေကြားထဲမှာ သူတို့ရဲ့ ပကတိဆန္ဒတွေအတိုင်း.. လာရောက်ကြိုဆိုကြတာ.. အံသြ၀မ်းသာတယ်.. ဂုဏ်ယူပါတယ် မန္တလေးရယ်.. မြန်မာနိုင်ငံရဲ့ အမြုတေမြို့မှာ.. နိုင်ငံရဲ့ အမြုတေခေါင်းဆောင်ကို စစ်မှန်တဲ့ ဆန္ဒတွေနဲ့ ကြိုဆိုနေကြတာ.. ကျက်သရေရှိလိုက်တာ.. မျက်ရည်တောင်ကျတယ်ဗျာ.. စကားလုံးရှာလို့မရဘူး.. ၀မ်းသာလို့...

Anonymous said...

ချီးမွန်းစောခြင်း၊ ကဲ့ရဲ့စောခြင်းတို့သည်လည်း
အတ္တများသာ ဖြစ်တော့သည်..အို! မိတ်ဆွေအပေါင်းတို့...

Anonymous said...

Ah may ~ take care off your health.u r all of our mother.PRAY......

Powered by Blogger.