မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။
RFA
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုပ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။
စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရပ်ဆိုင်းလိုက်ပါတယ်။
သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အနည်းဆုံး ၂ဝ၁၅ ခုနှစ်အထိ ရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။

တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌက ပြောဆိုရာမှာ... စိုးရိမ်စရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ မြစ်ဆုံစီမံကိန်း စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အခြေစိုက် International Rivers “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ရဲ့ အဆိုအရ မြစ်ဆုံစီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်စွမ်းအင် ပမာဏ မက်ဂါဝပ် ၆ ထောင်ရဲ့ ၉ဝ ရာနှုန်းဟာ တရုတ်ပြည်အတွက် ဖြစ်ပြီး ဒီအတွက် တရုတ်က ၇ဝ ရာခိုင်နှုန်း အမြတ်ထွက်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
RFA
မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော Reviewed by သစ်ထူးလွင် on 21:02 Rating: 5

19 comments:

ko htoo said...

တရုတ်တွေ ပါးစပ်နားရောက်ပြီးသား လွတ်ကျမလိုဖြစ်နေလို့ အိနြေ္ဒတောင် မဆည်နိုင်အောင်ပါလား။ သူတို့သိအောင်ပြောကြပါဗျာ၊ အဲဒါခိုးရာပါပစ္စည်းဆိုတာ။ လက်ညိုးထိုးရောင်းသွားတဲ့ ငတက်ပြားကြီးတွေကို အရေးယူနိုင်တဲ့အချိန်ကျရင် သူခိုးလက်ခံလည်း အမှုတွဲဆိုတာ သိအောင်လို့ပါ။

Htat Aung said...

မြစ်ဆုံကိစ္စကို ပြန်လည်မလာနဲ့ ပြောစရာစကားတခွန်းပဲရှိတယ် မြန်မာလူမျိုးဆိုတာ ကမ္ဘာပေါ်မှာရှိနေသမျှ မင်းတို့ဘယ်တော့မှ မရစေရဘူး လုပ်တဲ့သူက တရားခံပဲသာမှတ်

pyaponthu said...

တရုတ်နဲ့ပက်သက်တဲ့ စီမံကိန်းများအားလုံးကို လုံးဝ လုံးဝ ကန့်ကွက်ပါတယ်။သူတို့ဘယ်လောက်ယုတ်မာ သလဲဆိုတာ မြန်မာ အစိုးရ ခုထိမသိသေးဘူးလား။တရုတ်ပြည်ဟာ ခုတောင် မီးတွေထိန်လင်းနေတာဘဲ။မြန်မာ ပြည်က လျှပ်စစ်တွေကို သူတို့က တခြားတိုင်းပြည်ကို အမြတ်တင်ပြီးရောင်းစားး အုံးမယ်။ကျွန်းသစ်၊ကျောက်စိမ်းယူလို့ဝ ပြီး မြန်မာ ပြည်က ပစ္စည်းတွေနဲ့တရုတ်ချမ်းသာသွားတာ မြန်မာ အစိုးရပိုင်းလူကြီးတွေ မသိယောင်ဆောင်နေသလား။မြန်မာ ပြည်သားအရေးကိုဦးစားပေးပါအုံး။တခါလေပြည်သူတွေကိုကြည့်ပါအုံး။တရုတ်မျက်နှာဘဲမကြည့်ပါနဲ့

myochit said...

ပြည်သူကို မလိမ့်တပတ် မလုပ်ပါနဲ့ အရေခြုံ အစိုးရရေ၊ မြစ်စုံကို ပြန်စရင် ဒင်းတို့တွေ ဘာဖြစ်သွားမယ်ထင်လဲ။ တရုတ်ကတော့ မြန်မာကို အမြဲယုတ်ဘို့ ကြံစည်နေတယ်။ ဒို့ပြည်ဒို့မြေကို သူတို့မြေများ ထင်နေလား မသိဘူး။ တရုတ်နဲ့ ပတ်သက် ဆက်နွှယ်ချင်းကို လုံးဝ ကန့်ကွက်ရှုတ်ချတယ်။ တိုင်းတပါးသားဆို ဖင်တုန်အောင်ကြောက်ပြီး ကိုယ်ပြည်သူ ကိုယ့်လူမျိုးကျတော့ ဘယ်လိုနှိပ်ကွပ်မယ် ဘယ်လိုနိုင်ကျင့်လိုက်မယ် ဆိုတာဘဲ သိတဲ့ အစိုးရရေ ရှက်သတ်ရင် အားလုံးသေသင့်ပြီ။ ဒင်းတို့နဲ့ လူပြည်မှာ လာဆုံရတာတော့ ကံဆိုးမိုးမှောင် ကျတာပါဘဲ။ မိုးကောင်းတုန်းရွာထား ဒို့အလှည့်ရောက်ရင် မိုးကြိုးပါ ပစ်ချလိုက်မယ်။ မသိတာ မဟုတ်ဘူး၊ မသိချင်ယောင်ဆောင်နေတာ ဒင်းတို့လုပ်ရပ်တွေအားလုံး....

shweminthar said...

လူပါးဝတဲ့ ခွေးတယုတ်တွေ..ကျုပ်တို့တိုင်းပြည်က အကြီးကဲတွေဘာလုပ်ကြမလဲဆိုတာ စောင့်ကြည့်ရတာပေါ့...သိသိကြီးနဲ့ တော့ လုံးဝ လျှော့ပေးလို့မရဘူး..ဒီ စီမံကိန်းလုံးဝရပ်ဆိုင်းသွားတာပဲလိုချင်တာ.....ဒီတိုင်းပြည်တွက်ဘာမှ မခံစားရပဲ..သူတို့တိုင်းပြည်ကောင်းစားရေးအတွက်....ဒီက သဘာဝပတ်ဝန်းကျင်တွေပျက်စီးခံရမှာ............ဆက်ပြီးတိုက်ပွဲဝင်ကြစီု့...
ဒီခွေးတယုတ်တွေ..ရော ..သူ့အပေါင်းပါတွေကိုရော.....အပြီးသတ်ရှင်းကြစို့။
ဒီတယုတ်တွေကို ဘာစီမံကိန်းမှမပေးတာကောင်းဆုံးပါ..သူတို့တွကိအရင်ကြည့်ပြီး မှ မဆိုစလောက်လေး..ပြန်ပေးတာကို ကျုပ်တို့ ငြိမ်ခံနေကြမလား။ခုသူပြောတဲ့စကားက ကျုပ်တို့ ပြည်သူတွေ၇ဲ့စကားသံတွေ...ဆန္ဒတွေကို သော်ကားတာ..ဂရုစိုက်စရာမလိုဘူးဆိုတဲ့လေသံပဲ.....အမြန်ဆုံးရအောင်ဆက်လုပ်မယ်ဆိုတာ.....ကျုပ်တို့ပြည်သူပြည်သားတွေကို လုံးဝဂရုမစိုက်တဲ့စကားပဲ.........တွေ့ကြပြီပေါ့ ခွေးတယုတ်တို့ရယ်

zzmyoe said...

လုံးဝ လုံးဝ ပါဘဲ တရုတ်ကြီးရေ...စိတ်ကူးယဉ်မနေပါနဲ့ နောက်တစ်နိုင်ငံ လိုက်ရှာ ပါတော့နော်.....

Unknown said...

The people of Burma can’t even stand the sight of you China plunderers on our land. There is no way we’d let you do as you please in our country again when all that’s on your dirty yellow minds is about exploiting our people and leeching on our land.. So stop all your plans in Burma you pseudo-commies. Your actions are worse than that of all the most horrible capitalists in the world put together. Why not put that exploding rodent –like population of yours to good use by having some of your people on hamster wheels to produce some domestic electricity instead of being such a plague to other countries like Burma which are already in terrible states because of ruthless tyrants you China plunderers have been supporting. We want no China plunderers on our land, period.

seazinyaw said...

မြစ်ဆုံပြန်စတာနဲ. တို.ပြည်သားတွေတိုက်ပွဲဝင်ကြမယ်။ တရုတ်ဆိုတာကောင်းတဲ့ကောင်တွေမဟုတ်ဘူး သူတို.အတွက်ဘဲကြည်.တာ။ မြန်မာပြည်ကလူယုတ်မာတွေက ပိုဆိုးသေးတယ်

မောင်မျိုးချစ် said...

ဒါမျိုး ဒီတရုတ်စုတ်တွေပြောရဲတာ သက်ဆိုင်ရာ ဗမာအာဏာပိုင်တွေ (တရုတ်သွေးပါတဲ့ တင်အောင်မြင့်ဦးအပါအ၀င်) တရုတ်ကို ဖင်သွားခံလို့ ပြောရဲတာ ...

The Burma Wildlife Ranger said...

မြစ်ဆုံ စီမံကိန်း ပြန်စမယ်ဆိုတာ...ဧရာဝတီချစ်တဲ့ငါတို့ရဲ့ တိုက်ပွဲခေါ်သံဘဲ...
ဧရာဝတီ...ရာဇ၀င်များရဲ့ သတို့သမီး...
ဒါ ငါတို့ရဲ့ အမိမြေ...

The Burma Wildlife Ranger said...

ဓါးသွေးထားကြ...အားမွေးထားကြဟေ့...

အမြင်သစ် said...

ဟိုဘက်က မတင်ဝါ၀ါခိုင်ရဲ့ ပို့(စ်) လေး ဖတ်ရင်းနဲ့ ရင်ထဲမှာ
မကောင်းဖြစ်ရင်း တရုတ်တွေရဲ့ မြန်မာတွေကိုအနိုင်ကျင့်မှုတွေ အပေါ်တသီတတန်းကြီးစဉ်းစားနေမိပါတယ်။
အဲဒီ ပို့(စ်) ကနေ ပြန်ထွက်လိုက်တော့ ဘွားကနဲ တွေ့လိုက်ရတာက
(မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော)
ဆိုတဲ့ အသစ်ရောက်နေတဲ့ပို့(စ်)ပါ။ အဲဒီမှာတင် စိတ်ထဲမှာဖြစ်
ပေါ်လာတဲ့ အတိတ်ကအဖြစ်အပျက်လေးတွေကို ချရေးမိလိုက်တာပါ.....................................................
စင်္ကာပူ၊မလေးရှား၊ယိုးဒယား
အစရှိတဲ့ မြန်မာအလုပ်သမား အများစုရှိတဲ့ တိုင်းပြည်တွေမှာ
အလုပ်ရှင် တော်တော်များများက တရုတ်တွေပါ။ အလုပ်သမား
တွေကို ဇတ်ခွဲ၊နှိမ့်ချ၊အနိုင်ကျင့် ဆက်ဆံတာလည်း တရုတ်
သူုဌေး တွေပါဘဲ။မတင်ဝါ၀ါခိုင်လို အဖြစ်အပျက်မျိုးတွေက
အထက်ကဖော်ပြခဲ့တဲ့ နိုင်ငံတွေမှာ မြန်မာအလုပ်သမားတွေ
လူမသိသူမသိခံနေရတာ ဒုနဲ့ဒေး ပါ။အနောက်နိုင်ငံတွေမှာ
ရောက်နေကြတဲ့ အာရှသားချင်း အတူတူတောင်မှ အနောက်နိုင်
ငံသားတွေက နှိမ်ချ မဆက်ဆံပေမယ့် တရုတ်တွေကတော့
မြန်မာတွေဆိုရင် ခွဲခြား နှိမ်ချ ဆက်ဆံတတ်ကြပါတယ်။
နိုင်ငံရပ်ခြားက အတွေ့အကြုံလေး တစ်ခုပြောပြချင်ပါတယ်။
တရုတ်တန်းဆိုတာ နိုင်ငံတော်တော်များများမှာ ရှိပါတယ်။
အစားအသောက်၊ အ၀တ်အစား၊လူသုံးကုန်ပစ္စည်း စတဲ့
အရောင်းဆိုင်တွေရှိသလို Barbecue ဆိုင်တွေ ဘီယာဆိုင်တွေ
တန်းစီနေတဲ့ညဈေးတန်းလေးတစ်ခုပါ။ ရန်ကုန်ကတရုတ်
တန်းနဲ့သိပ်မကွာပါဘူး။ဒါပေမဲ့ ဒီမှာကတော့ Massage တွေ၊
ဇိမ်ခံခန်းတွေ ကိုလမ်းဘေးမှာ ပေါ်ပေါ်ထင်ထင်တွေ့ရတာဘဲ
ကွာတာပါ။ သူငယ်ချင်းတယောက်နဲ့ လမ်းလျှောက်ရင်း စား
သောက်ဆိုင်တစ်ဆိုင်မှာထိုင်မိပါတယ်၊ အဲဒီနိုင်ငံသားတွေကို
ကောင်ကောင်းမွန်မွန်ဆက်ဆံသလောက်၊ကျွန်တော်တို့ကိုတော့
မြန်မာမှန်းသိတဲ့အခါ ကောင်းကောင်းမွန်မွန် မဆက်ဆံပါဘူး၊
အစားအသောက်ချတာတောင် ဆောင့်ကြီးအောင့်ကြီးနဲ့ပါ။
တော်တော်လေးစိတ်ထဲမှာဖု ခဲ့ရပါတယ်။........
နောက် မြန်မာအလုပ်သမားတွေအများစုရှိတဲ့ အာရှနိုင်ငံ
တစ်ခုမှာတော့ အလုပ်သမားအေးဂျင့် သူဌေးက တရုတ်ပါ၊
စက်ရုံမန်နေဂျာကလည်း တရုတ်ပါ။ အေးဂျင့်က ခန့်ထားတဲ့
supervisor ကလည်းတရုတ်ပါ။ အဲဒီမှာ မြန်မာအလုပ်သမား
တရာကျော်လောက်ရှိပါတယ်။ တနေ့ မြန်မာအလုပ်သမားလေး
တစ်ယောက်နေမကောင်းဖြစ်တော့ အလုပ်မဆင်းနိုင်ပါဘူး။
ခွင့်တင်ဖို့လည်းသူက ပျက်ကွက်ခဲ့ပါတယ်။ အဲဒီမှာ စောစောက
အေးဂျင့်တရုတ်က လာပြီး ဖျားနေတဲ့အလုပ်သမားကို ဆေးခန်း
ပို့ရမဲ့အစား တံမျက်စည်းရိုးနဲ့ ရိုက်လိုက်လို့ အလုပ်သမားလေး
မှာ ထပ်ပြီးလက်ကျိုးသွားရရှာပါတယ်။ သူတို့ရဲ့ပြောပြချက်အရ
ဒီနိုင်ငံကမြန်မာအလုပ်သမားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က
ဒီလိုအနိုင်ကျင့်ခံနေကြရတာတဲ့။အနိုင်ကျင့်တဲ့ သူဌေးတွေက
တရုတ်တွေပါဘဲ။ ဘယ်မှလည်းတိုင်လို့တန်းလို့မရပါဘူး၊
သံရူံးဆိုတာကလည်း ပတ်(စ)ပို့ ကိစ္စတွေ၊ သက်တမ်းတိုးတဲ့
ကိစ္စတွေမှာ ဂွင်ရိုက်တာကလွဲပြီး ဘာမှ အားကိုးလို့မရပါဘူးတဲ့။
ပြောချင်တာက ပြည်ပတိုင်းပြည်တွေမှာ တရုတ်တွေဟာ မြန်မာ
တွေကို အနိုင်ကျင့်နှိပ်စက်ချင်ကြတယ်ဆိုတဲ့ အချက်ကိုပါ။

အမြင်သစ် said...

ပြည်တွင်းမှာကတော့ ထူးထူးထွေထွေပြောနေစရာ လိုမယ်မ
ထင်ပါဘူး။ ဒါပေမဲ့ အတွေ့အကြုံလေတစ်ခုတော့ ထပ်ပြောချင်
ပါသေးတယ်။ ခေါင်သီတဲ့ နယ်မြို့လေးတစ်ခုမှာပါ။ သူငယ်ချင်း
တစ်ယောက်က အဲဒီမြို့ရဲ့ ( အဲဒီခေတ်အခေါ်) ခယက ဥက္ကဌ
ဗိုလ်မှုးရဲ့ လက်စွဲ ၀န်ထမ်းတစ်ယောက်ဖြစ်နေပါတယ်။
အဲဒီနယ်မှာ အဲဒီအချိန်က ရေနံတွေ ဒလဟော ထွက်လို့နေပါ
တယ်။ သူငယ်ချင်းက ခယက ကြီးရဲ့လက်စွဲဆိုတော့ ရေနံ
လုပ်ကွက်တွေကို မြေပုံလေးပေါ်မှာ ဘောပင်လေးနဲ့ ခြစ်ပြီး
ဘယ်သူ့ကိုဘယ်နေရာ၊ဘယ်သူ့ကို ဘယ်နေရာ ချထားပေးရ
ပါတယ်၊ ကျွန်တော်တောင် သူငယ်ချင်းရဲ့ ပါဝါကိုကြည့်ပြီး
အတော်အံ့အားသင့်ရပါတယ်။ နောက် ပိုပြီး အံ့အား သင့်ရတာ
ကအဲဒီ လက်တွင်းလုပ်ကွက်တွေကို ပြန်ပြီး လက်ဝါးကြီး အုပ်
နေတာက ဘယ်သူတွေများလဲဆိုတော့ ကိုရွှေတရုတ်တွေပါဘဲ။
ယူနန်တရုတ်တွေလို့ဆိုပါတယ်။ ဘယ်ကနေဘယ်လိုမြန်မာ
ပြည်ထဲကိုဝင်လာ ပြီးတော့ ဒီလိုခေါင်သီတဲ့ဒေသတွေကို ဘယ်
လိုရောက်နေကြသလဲ ကျွန်တော်တော်တော်အံ့အားသင့်ရပါ
တယ်။မြန်မာစကားတလုံးမှ မတတ် ၊လူပုံစံတွေကလည်း
စုတ်ပြတ်သတ်။ ဒါပေမယ့် မြန်မာပိုက်ဆံကိုတော့ ရေလိုသုံးနေ
ကြလေရဲ့ဗျား ။သူငယ်ချင်းကိုလည်း သူတို့က ဘယ်လို ပြုစု
ရမယ်ဆိုတာကောင်းကောင်းသိပါတယ်။ တရုတ်ဆိုင်ကယ်
တွေဆိုတာ တောကြီးတောင်ကြီးထဲမှာ ဘယ်လိုသယ်လာတယ်
မသိ များမှများ၊ တည သူငယ်ချင်းကို ပြုစုတဲ့ဝိုင်းမှာ သူငယ်ချင်း
ကခေါ်လို့ ကျွန်တော်ရောက်သွားပါတယ်။ အဲဒီမှာ ကိုရွှေတရုတ်
တစ်ယောက်က သူငယ်ချင်းကို အင်္ဂလိပ်လို မတောက်တခေါက်
နဲ့ မေးပါတယ်။ သူတို့ရဲ့လုပ်ကွက်တွေက တွင်းတွေမှာ Gas တွေပါထွက်နေတယ်တဲ့၊ အဲဒါတွေပါ ဒို့နဲ့ဆိုင်တယ်နော်တဲ့၊
ဒို့ယူလို့ရတယ်မလားတဲ့၊ နယ်ခံတွေရဲ့ပြောပြချက်အရ ဒီတရုတ်
တွေမှာ စက်ပစ္စည်းတွေလဲ အစုံ ပါတယ်တဲ့ ကျွန်းတွေဘာတွေ
လည်း ခိုးခုတ်ပြီး ပါကေးတုံးတွေကို တောထဲမှာတင် တုံးပြီး
တော့ သူတို့ တရုတ်ပြည်ကိုသယ်ကြသတဲ့၊ ဘယ်လိုလမ်း
ကြောင်းရှင်းပြီးသယ်ကြလည်းတော့မသိဘူးတဲ့ ဗျား၊.......
ကောင်းလေစွ ကောင်းလေစွလို့ ကျွန်တော်မြည်တမ်းမိပါတယ်၊
ဒီအတိုင်းဆိုရင် မြန်မာပြည်ထဲမှာ ဒီတရုတ်တွေ မရောက်တဲ့
နေရာ မရှိသလောက်ဖြစ်နေပြီ။ ဒို့မြန်မာပြည်ရဲ့ သယံဇာတ
တွေလည်း တရားဝင်တမျိုး၊ မ၀င်တမျိုး၊ တရုတ်ကြီးကတမျိုး၊
တရုတ်လေးတွေကတမျိုးနဲ့ တပြည်လုံးအနှံ့ ကဲ့ ယူနေလိုက်
ကြတာ ကုန်သလောက်ဖြစ်နေပြီပေါ့လို့ အတွေးရှည်ကြီးတွေး
နေတုန်းမှာ ဘဲ ၊ ဟော...လာပြန်ပြီ... မြစ်ဆုံစီမံကိန်း တဲ့........
ဆက်ပြီးမတွေးချင်တော့ပါ၊ အတွေးရှည်ကြီးတွေနဲ့ သက်ပြင်း
ချချနေရတာလည်း အခါခါ .. .... ဒါတွေဟာ ဘာကြောင့်လဲ ၊
ဘယ်သူတွေကြောင့်လဲ ၊.....( တွေးရင်းတွေးရင်း မေးခွန်းလေး
တွေပေါ်လာ ၊ စဉ်းစားပြီးကျွန်တော့်ရဲ့ မေးခွန်းလေးဖြေပါ) ဆို
တဲ့ ဟေမာနေ၀င်း သီချင်းစာသားလေးကို ဆိုညည်းမိကြောင်း..

သုခ said...

မြန်မာနိုင်ငံ အတွင်း ရောက်နေပြီး မြန်မာနိုင်င့သားဖြစ်နေသော တရုတ်လူမျိုး
များ အမိပြန်မာနိုင်ငံကို ချစ်ရင် မြစ်ဆုံ ဆည်ကို ဆက်မလုပ်အောင် တားပေးရန် လေးစား တိုက်တွန်းအပ်ပါသည်။
အေးချမ်းနေထိုင်လိုပါက အထက်ပါ ဆည်ကို မဆက်ဘို့ ဆောင်ရွက်ဘကပါ။
မြန်မာပြည်သူများနဲ့ မပူးပေါင်းလျှင် ၁၉၆၇ အရေးအခင်း လိုပြန်ဖြစ်သွားမယ်

kk said...

မြစ်ဆုံပြန်စဖို့ ဆို ဘယ်လိုမှာလက်မခံသလို ငြိမ်နေမှာလဲ မဟုတ်ဘူး...အစိုးရ အနေနဲ့ တရုတ်ကြီးကိုပြောလိုက်ပါ
ဒီကိစ္စ မစဉ်းစားပါနဲ့တော့လို့ ...။

Violin Angle said...

ဒို့မြေကိုလာမထိနဲ့ တရုတ်တွေ ဒို့မြေအတွက်ဆို အသက်ပါပေးရဲတယ် နိုင်ငံတော်အာဏာပိုင်များရှင့် မြန်မာပြည်သူတွေကိုတစ်ချက်လောက်တော့ငဲ့ကြည့်ပေးပါ မြန်မာမြေကိုတစ်ချက်လောက်ငဲ့ကြည့်ပေးပါ မြန်မာပြည်ရဲ့သယံဇာတတွေလည်းကုန်သလောက်နီးပါးဖြစ်နေပါပြီ ဒီဧရာဝတီကိုလေးတော့ ချမ်းသာပေးကြပါ

Anonymous said...

NO...No...No...We, Our Myanamr not allowed Or Agreed to build the Dam and any plan related with Our Rivers..."Shit Chinese Companies"...Only Our Country has the Good Water Resource in South East Asia...They want to ruin, they want to destroy, they want to occupy Our Country...(now,most of goods are China Made in Myanmar...Not Qualified Goods...
They have not good mind on us, Our Myanmar...

MyoMinAung said...

ဒီတစ်ခါဆို တိုက်ပွဲဝင်တော.မှာနော်..........မင်းတို.တရုတ်သံရုံးကို အကောင်းတိုင်းမြင်ခြင်တယ်ဆို.........မင်းတို.တွေနားတော.နော်

khaingkhaing said...

လာပြန်ပြီနောက်တစ်ခါ

Powered by Blogger.