ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း စည်းရုံးရေးခရီးစဉ် ဖျက်သိမ်း

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေများကြောင့် မတ်လ ၂၇ ၊ ၂၈ ရက်များတွင် သွားရောက်မည့် မကွေး ခရီးစဉ်အား ဖျက်သိမ်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က
 ကြေညာချက်ထုတ်ပြန်တယ်။

မြန်မာနိုင်ငံ ဒေသ အနှံ့အပြားသို့ မဲဆွယ်စည်းရုံးရေး ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်
သည် ယမန်နေ့ မြိတ်ကျွန်းစု စည်းရုံးရေး ခရီးစဉ်၌ သွေးပေါင်များ ကျဆင်းခြင်း ၊ အပူရှိန်ဒါဏ်
ခံစားရခြင်းနှင့် မရက်မနား ခရီးသွားမှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ ဆက်တိုက် ကြုံတွေ့နေရ
သဖြင့် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက မဖြစ်မနေ အနားယူရန် အကြံပေးသဖြင့်
ယခုကဲ့သို့ မကွေး ခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး ၊ မကွေး၊ နက်မောက်၊ တောင်တွင်းကြီး အစရှိသော
 ဒေသများမှ ပြည်သူလူထုကို တောင်းပန်ထားကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားပါတယ်။

အာဏာပိုင်များသတ်မှတ်ပေးသည့် သွားလာရခက်ခဲ့သည့် သာသနာပိုင်နယ်မြေ ဘုန်းကြီးကျောင်းဘေးမှကွင်း
မကွေးတိုင်း အာဏာပိုင်အဖွဲ့စည်းမှလည်း ပြည်သူလူထုသွားလို့မလွယ်ကူအောင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာရှိ ဟောပြောပွဲပြုလုပ်မည့် ကွင်းကိုချပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နှင့် လူထုတွေ့ ဆုံဖို့ အသုံးပြုခွင့်ပေးတဲ့ ဦးမြင့် ပိုင်ယာမြေ
အဆိုပါ ကွင်းအခက်အခဲကို  ဒဟတ်ကန်ကျေးရွာနေ ဦးမြင့်မှနေပြီး သူပိုင်ဆိုင်သောယာမြေ
8.75ဧကကွင်းကို ပြည်သူလူထုနှ
င့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံဖို့ ခွင့်ပြုလိုက်ပါတယ်။
အသုံးပြုခွင့်ပေးလိုက်တဲ့ မြေနေရာမှာ မကွေးမြို့သို့ ရေနံချောင်းဘက်မှအ၀င်
မိုင်တိုင်အမှတ် ၃၃၅/၂ အနီး ကားလမ်းမဘေးနေရာတွင်ကျင်းပမည်ြ
ဖစ်ပါသည်။
 
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း စည်းရုံးရေးခရီးစဉ် ဖျက်သိမ်း ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း စည်းရုံးရေးခရီးစဉ် ဖျက်သိမ်း Reviewed by သစ်ထူးလွင် on 15:35 Rating: 5

9 comments:

royalrose said...

အမေ အတွက် စိုးရိမ် မိပါတယ်အမေ
စတ်မကောင်းတာက တောကြောင်တွေလက်ခမောင်းခတ်တော့မယ်အမေ
အမေနေကောင်းအောင်ကြိုးစားပါ အမေနောက်က ကျွန်တော်တို့ရှိတယ်အမေ
မကွေးက အမေနိုင်ပြီးသား ပါ ကျွန်တော်တို့ကျိုးစားထားတယ်အမေ
မကွေးတိုင်းကအားခဲထားတဲ့လူထုအတွက် စိတ်မကောင်းပါဘူးအမေ

sean said...

အမေ ကျန်းမာမှ ပြည်သာယာမှာပါ
အမေကို ဂရုစိုက်ကြပါ..
ခေတ္တ အနား ယူသင့်ပါတယ်အမေ...
အမေ စေတနာကိုနားလည် သော အားဖြင့် NLD ကို မဲ ထည့်ကြပါ

shwe man thar said...

Ko Thit,
Please help this message to reach to A MAy Suu,or any concerned person of NLD..if you can,..please do today...

Dear A May,...

1/please release a video or voice massage , even a short note, which address to Magaway people..

2/we can deliver with CD copy or we can play that CD with loud speakers on cars and take that all around Magway and other nearby areas,..

Take care A May, weather is getting hotter .. sure that we all get along with you for 1st April..

With Love,
A Son of yours from Upper Myanmar

royalrose said...

အာဏာပိုင်များရဲ့နှေက်ယှက်မှုကြောင့် အမေနေမကောင်းဖြစ်တာကို သားတို့ထပ်တူထပ်မျှ ခံစားရပါတယ် အမေ မကွေးကိုမလာဖြစ်လဲ မကွေးလှုထုက စိတ်မဆိုးပါဘူးအမေ
အမေကျမ်းမာရေးဂရုဆိုက်ပါ
အမေမရှိရင် တိုင်းပြည်က မဖြစ်ဘူးအမေ
ခွေးဘီလူးတွေဝိုင်းနေတာ
သားတို့မကွေးက nld ကိုပဲမဲပေးမှာပါ
အမေကျမ်းမာပါစေ
အမေနေမြန်မြန်ကောင်းပါစေလို့ NLD လူငယ်အဖွဲ့က
ဆုတောင်းပါတယ်အမေ
အမေကိုချစ်သော.....မကွေး ပါရမီသွေး လူငယ်အဖွဲ့

tkm said...

အမေမကွေးကိုကျန်းမာရေးအခြေနေအရ
မလာနိုင်တာကို..မကွေးသားတယောက်အနေနဲ့
နားလည်ပေးပါတယ်အမေ....အမေကျန်းမာရေးကောင်းပါစေ....

အောင်ရဲမိုး said...

အမေကျန်းမာအောင် သာနေပါ အမေ အမေ တိုင်းပြည် ကိုဘယ်လောက်ချစ်ဘယ်လောက် အနစ်နာခံလည်းဆိုတာ ကမ္ဘာ ကအားလုံးသိပြီးသား ပါ အမြဲတမ်းလည်း အမှန် တရား ကသာအောင်နိုင်မှာအခုတော့ အမေ အနားကောင်းကောင်းယူလိုက် ပါဦး အမေကျန်းမာ မှ သားတို့ နိုင်ငံကောင်း စားလာမှာပါ ..အမေကို မေတ္တာ ပို့ ပေးပါတယ်...

Unknown said...

အမေ့ ကို အကောင်းဆုံးစောင့်ရှောက်ပေးပါ။အမေဘယ်သွားသွား ကျန်းမာရေးအစီအမံတွေကို အလေးအနက်ထားပြီးဦးစားပေးလုပ်ပေးပါ။ဆေ၀ါးနဲ့ အရေးပေါ် စက်ပစ္စည်းတွေကို ဆောင်ထားပေးပါ။လိုအပ်ရင် အရေးပေါ်လူနာတင်ကား (ပစ္စည်းစုံ) တစ်စီးကို အမေဘယ်သွားသွား လိုက်သွားပေးပါ ခင်ဗျာ။

anyartharlay said...

အမေ
ကျန်းမာရေးကိုဂရုစိုက်ပါ။

agepo said...

magway thar myar
do not worry.we must do.tomorrow we will go to mya tha lun pagoda.so join me(par ra mi thawe).

Powered by Blogger.