ယနေ့ (၁၈.၃.၂၀၁၂) နံနက် ၁၀ နာရီခွဲက သိန္နီမြို့၊ ကျောင်းဆိုင်ကျောင်းတိုက်ရှေ့တွင် သိန္နီလူထုအား ကားပေါ်မှ မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၇ နာရီကျော်တွင် လားရှိုးမြို့မှ သိန္နီမြို့သို့ စတင်ထွက်ခွာ ခဲ့ပြီး ကျောင်းဆိုင်ကျောင်းတိုက်သို့ ၀င်ရောက်၍ ဆရာတော်ကြီးအား ၀င်ရောက်ဖူးမြော်ကာ တရားနာယူခဲ့သည်။ ထို့နောက် ကျောင်းတိုက်ရှေ့မှ လူထုအား မိန့်ခွန်းပြောကြားပြီး ယခင် သိန္နီမြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဟောင်းဖြစ်ပြီး ယခု လားရှိုးအကျဉ်းထောင်တွင် ထောင်ဒဏ်၁၀ နှစ်ကျခံနေရသည့် ဦးစိုင်းအောင်လှနေအိမ်သို့ ၀င်ရောက်ကာ ဇနီးဖြစ်သူ ဒေါ်မြဟန်နှင့် သားဖြစ်သူစိုင်းဆိုင်လှိုင်းတို့နှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။ ယခု လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
|
1 comment:
That's the desire of people and voice of people!
Post a Comment